menu

Tuesday 3 January 2012

အေးရှားဝေါလ်ဆိပ်ကမ်းသို့ သိန်း ၁၀၀၀ ခန့်တန်ဖိုးရှိစက်ပစ္စည်းများတရားမ၀င်တင်သွင်းလာခြင်း စစ်ဆေးတွေ့ရှိ

အေးရှားဝေါဆိပ်ကမ်းသို့ ကာလတန်ဘိုး ကျပ်သိန်း ၁၀၀၀ ခန့်ရှိ စက်ပစ္စည်းများ တရားမ၀င် တင်သွင်းလာခြင်းကို အလုံရဲစခန်းမှ အမှုဖွင့်အရေးယူလျက်ရှိကြောင်း သိရှိရသည်။

အလုံမြို့နယ်၊ အေးရှားဝေါဆိပ်ကမ်းသို့ စင်ကာပူနိုင်ငံမှ MV KOTATEGAP-587 ဖြင့်ဇူလိုင်လ ၁၈ ရက်နေ့က ရောက်ရှိလာသည့် ကုန်သေတ္တာနှစ်လုံးနှင့် ဇူလိုင်လ ၂၄ ရက်နေ့တွင် MV KOTA-RUKUN V-595 ဖြင့်ရောက်ရှိလာသည့် ကုန်သေတ္တာသုံးလုံးတို့တွင် သွင်းကုန်လိုင်စင်၌ ဖော်ပြထားခြင်းမရှိသည့်
ကုန်ပစ္စည်းများတင်သွင်းလာခြင်းကို စစ်ဆေးတွေ့ရှိထားခြင်း ဖြစ်ကြောင်းလည်း သိရှိရသည်။

အဆိုပါဖြစ်စဉ်တွင် သွင်းကုန်လိုင်စင်၌ RECOND' PARTS FOR MULTI PUPPOSE VEHICLE(LEFT HAND DRIVE) ဟု ကြေညာထားသော်လည်း HAND PARTS FOR MULTI PUPPOSE VEHICLE (RIGHT HAND DRIVE)(၂၀) ယူနစ်နှင့် ယင်း၏ အရန်ပစ္စည်း (SPARE PARTS) များ၊ ကာလတန် ဘိုး ကျပ်သိန်း ၁၀၀၀ ခန့်ရှိ စက်ပစ္စည်းများကို တရားမ၀င်တင်သွင်းလာခြင်းဖြစ်ကြောင်း သိရှိရသည်။
By EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis