menu

Monday 29 October 2012

‘မာမီရှိန်း’ ရုပ်ရှင်ဇာတ်ကား ဒါရိုက်တာနှင့် တည်းဖြတ်တာဝန်ရှိသူတို့အား တရားစွဲဆိုထားခြင်းအမှု ကျေအေး

Photo: ‘မာမီရှိန်း’ ရုပ်ရှင်ဇာတ်ကား ဒါရိုက်တာနှင့် တည်းဖြတ်တာဝန်ရှိသူတို့အား တရားစွဲဆိုထားခြင်းအမှု ကျေအေး  

Monday, 29 October 2012 11:01

‘မာမီရှိန်း’ ရုပ်ရှင်ဇာတ်ကားရုံ တင်ပြသစဉ် အချိန်အတွင်း ခိုးကူးခွေ ထွက်ရှိလာခြင်းကြောင့် တာဝန်ရှိသူများ ဖြစ်သည့် ဒါရိုက်တာနှင့်တည်းဖြတ်ခန်း တာဝန်ရှိသူတို့အား  ဇာတ်ကား ထုတ်လုပ်သူမှ တရားစွဲဆိုထားမှုကို လျော်ကြေးငွေဖြင့် ကျေအေးလိုက်ကြောင်း သိရသည်။

ထိုအမှုနှင့်ပတ်သက်၍ တာဝန်ရှိသူများကို မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး ဖျန်ဖြေရေးအဖွဲ့က အောက်တိုဘာလ ၂၂ ရက်နေ့တွင် ခေါ်ယူညှိနှိုင်းခဲ့ပြီးနောက် အဆိုပါ ရလဒ် ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

“ဒါရိုက်တာကလည်း သူပေါ့လျော့ခဲ့တဲ့အတွက် တောင်းပန်ခဲ့သလို ဖျန်ဖြေရေးအဖွဲ့ဝင်များအဖြစ် ပါဝင် ခဲ့ကြသူတွေကလည်း ဒီလောကသား အချင်းချင်းပြန်ကြည့်ပါဆိုပြီး ကြားဝင် ညှိနှိုင်းပေးလာပါတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ စတင်ဖြစ်ပွားချိန်က အခုထိနှစ်နှစ်ခွဲကာလမှာ ကုန်ကျခဲ့တဲ့တရားစရိတ်အတွက် လျော်ကြေး တောင်းတဲ့အခါ သူတို့ဘက်က ပေးအပ်ခဲ့ပါတယ်။ ဒါကြောင့်ရှေ့နေနဲ့တိုင်ပင်ပြီးတရားရုံးမှာလည်း ကျေအေး ပေးခဲ့ပါတယ်”ဟု ကမ်းထရီးစတား ရုပ်ရှင်ထုတ်လုပ်ရေးမှ ဦးမြအေးက ရှင်းပြခဲ့သည်။

“ဖြစ်စဉ်အစအဆုံးကတော့ မာမီရှိန်းဇာတ်ကား မြို့ပတ်ရုံမှာပြသနေတဲ့အချိန်မှာ ခိုးကူးခွေ ထွက်လာပါတယ်။ အဓိကတာဝန်ရှိသူကို ကျွန်တော်တို့ကြည့်တဲ့အခါ ဒါရိုက်တာ ဦးညီညီထွန်းလွင်နဲ့ တည်းဖြတ်ခန်း တာဝန်ရှိသူတို့ ဖြစ်နေပါတယ်။ ဖြစ်စဉ်က ဒါရိုက်တာက တည်းဖြတ်ခန်း မှာရှိတဲ့ မာမီရှိန်းဇာတ်ကား ကာလာခွေ ကို အိမ်မှာယူကြည့်တယ်။ တကယ်တမ်းကတော့ အဖြူအမည်းခွေပဲ ယူ ကြည့်ခွင့်ရှိတာပါ။ ကာလာခွေယူကြည့်ပြီးတော့ ဘယ်မှာထားမိမှန်းမသိသလို ဘယ်သူ့ကို ပေးမိမှန်းမသိတော့ ဘူးလို့ပြောလာတယ်။ ခိုးကူးခွေအဖြစ် အပြင်ကိုပေါက်သွားတဲ့အခါ ထိန်းသိမ်း ဖို့ပေါ့လျော့တဲ့ ဒါရိုက်တာနဲ့တည်းဖြတ်ခန်း တာဝန်ရှိသူတွေရဲ့တာဝန်ဖြစ်လာတာပေါ့လေ။ ဒါကြောင့် ပန်းဘဲတန်း တရားရုံးမှာ တရားစွဲဆိုခဲ့တာပါ”ဟု ဦးမြအေးက ရှင်းပြသည်။

ကမ်းထရီးစတားရုပ်ရှင် ထုတ်လုပ်ရေးမှ ထုတ်လုပ်သူ ဦးမြအေးသည် ပန်းဘဲတန်းမြို့နယ် တရားရုံးတွင် အောက်တိုဘာလ ၂၅ ရက်နေ့တွင် ကျေအေးခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။  ‘မာမီရှိန်း’ ရုပ်ရှင်ဇာတ်ကားသည် ၂၀၀၉ ခုနှစ် တွင် ရုံတင်ပြသခဲ့ခြင်းဖြစ်ပြီး ပရိသတ်အားပေးမှု များပြားခဲ့သည့် ရုပ်ရှင် ဇာတ်ကားဖြစ်ခဲ့သည်ဟု သိရှိရသည်။

အေးချမ်းမွန်မှ Eleven Media Group တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From : Eleven Media Group
‘မာမီရှိန်း’ ရုပ်ရှင်ဇာတ်ကားရုံ တင်ပြသစဉ် အချိန်အတွင်း ခိုးကူးခွေ ထွက်ရှိလာခြင်းကြောင့် တာဝန်ရှိသူများ ဖြစ်
သည့် ဒါရိုက်တာနှင့်တည်းဖြတ်ခန်း တာဝန်ရှိသူတို့အား ဇာတ်ကား ထုတ်လုပ်သူမှ တရားစွဲဆိုထားမှုကို လျော်ကြေးငွေဖြင့် ကျေအေးလိုက်ကြောင်း သိရသည်။

ထိုအမှုနှင့်ပတ်သက်၍ တာဝန်ရှိသူများကို မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး ဖျန်ဖြေရေးအဖွဲ့က အောက်တိုဘာလ ၂၂ ရက်နေ့တွင် ခေါ်ယူညှိနှိုင်းခဲ့ပြီးနောက် အဆိုပါ ရလဒ် ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

“ဒါရိုက်တာကလည်း သူပေါ့လျော့ခဲ့တဲ့အတွက် တောင်းပန်ခဲ့သလို ဖျန်ဖြေရေးအဖွဲ့ဝင်များအဖြစ် ပါဝင် ခဲ့ကြသူတွေကလည်း ဒီလောကသား အချင်းချင်းပြန်ကြည့်ပါဆိုပြီး ကြားဝင် ညှိနှိုင်းပေးလာပါတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ စတင်ဖြစ်ပွားချိန်က အခုထိနှစ်နှစ်ခွဲကာလမှာ ကုန်ကျခဲ့တဲ့တရားစရိတ်အတွက် လျော်ကြေး တောင်းတဲ့အခါ သူတို့ဘက်က ပေးအပ်ခဲ့ပါတယ်။ ဒါကြောင့်ရှေ့နေနဲ့တိုင်ပင်ပြီးတရားရုံးမှာလည်း ကျေအေး ပေးခဲ့ပါတယ်”ဟု ကမ်းထရီးစတား ရုပ်ရှင်ထုတ်လုပ်ရေးမှ ဦးမြအေးက ရှင်းပြခဲ့သည်။

“ဖြစ်စဉ်အစအဆုံးကတော့ မာမီရှိန်းဇာတ်ကား မြို့ပတ်ရုံမှာပြသနေတဲ့အချိန်မှာ ခိုးကူးခွေ ထွက်လာပါတယ်။ အဓိကတာဝန်ရှိသူကို ကျွန်တော်တို့ကြည့်တဲ့အခါ ဒါရိုက်တာ ဦးညီညီထွန်းလွင်နဲ့ တည်းဖြတ်ခန်း တာဝန်ရှိသူတို့ ဖြစ်နေပါတယ်။ ဖြစ်စဉ်က ဒါရိုက်တာက တည်းဖြတ်ခန်း မှာရှိတဲ့ မာမီရှိန်းဇာတ်ကား ကာလာခွေ ကို အိမ်မှာယူကြည့်တယ်။ တကယ်တမ်းကတော့ အဖြူအမည်းခွေပဲ ယူ ကြည့်ခွင့်ရှိတာပါ။ ကာလာခွေယူကြည့်ပြီးတော့ ဘယ်မှာထားမိမှန်းမသိသလို ဘယ်သူ့ကို ပေးမိမှန်းမသိတော့ ဘူးလို့ပြောလာတယ်။ ခိုးကူးခွေအဖြစ် အပြင်ကိုပေါက်သွားတဲ့အခါ ထိန်းသိမ်း ဖို့ပေါ့လျော့တဲ့ ဒါရိုက်တာနဲ့တည်းဖြတ်ခန်း တာဝန်ရှိသူတွေရဲ့တာဝန်ဖြစ်လာတာပေါ့လေ။ ဒါကြောင့် ပန်းဘဲတန်း တရားရုံးမှာ တရားစွဲဆိုခဲ့တာပါ”ဟု ဦးမြအေးက ရှင်းပြသည်။

ကမ်းထရီးစတားရုပ်ရှင် ထုတ်လုပ်ရေးမှ ထုတ်လုပ်သူ ဦးမြအေးသည် ပန်းဘဲတန်းမြို့နယ် တရားရုံးတွင် အောက်တိုဘာလ ၂၅ ရက်နေ့တွင် ကျေအေးခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။ ‘မာမီရှိန်း’ ရုပ်ရှင်ဇာတ်ကားသည် ၂၀၀၉ ခုနှစ် တွင် ရုံတင်ပြသခဲ့ခြင်းဖြစ်ပြီး ပရိသတ်အားပေးမှု များပြားခဲ့သည့် ရုပ်ရှင် ဇာတ်ကားဖြစ်ခဲ့သည်ဟု သိရှိရသည်။

Eleven Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis