ကျွန်တော်ကလည်း ဗမာဗုဒ္ဓဘာသာတစ်ယောက် ပဲ။ ကိုယ့်ရဲ့DNA ကို
စစ်ကြည့်မယ်ဆိုရင်တော့ ရှမ်း လည်းပါမယ်၊ မွန်လည်း ပါမယ်၊ ဗမာလည်း ပါတယ်။
ကျွန်တော်တို့ ဗမာ တွေဟာ နတ်ကိုးကွယ်မှုက ရှိတယ်။ နတ်ကိုးကွယ်မှု ဆိုတာက ကွ
ျန်တော်တို့ရဲ့
ရိုးရာ DNA Test ပါ။ ကျွန်တော် မိဘတွေက နတ်ကန်တော့တဲ့ အချိန်ဆိုရင်
အဘိုးက ရှမ်းနတ်ကို ကန်တော့ရတယ်။ ရှမ်းခေါင်းပေါင်းတွေနဲ့ အဘိုးက
သုံးခွဘက်ကပါ။ ရှမ်းသွေးလည်း ပါမယ်။ အမေ့ဘက်ကကျတော့ ကညွတ်တို့
ငါးရံ့နားဖားထိုးလို့ ခေါ်တာပေါ့။ မွန်ပေါ့ကွာ။ အဖေဘက်ကျတော့
ဦးမင်းကျော်တို့ပေါ့။ မြင်းဖြူရှင်လည်း ကိုးကွယ်ရတယ်။ တိုင်းရင်းသားတွေနဲ့
ဘုတ်ပလက်ထဲမှာ ပါတယ်လို့ သဘောပေါ့။ ကိုယ် ကိုယ်တိုင်လည်း တိုင်းရင်းသား
ဖြစ်တယ်။ ဗမာလည်း ဖြစ်တယ်။ ကရင် မွန်လည်း ဖြစ်မယ်ပေါ့။ ရခိုင်ရဲ့
အဓိကပြဿနာကို ကော်မရှင်ဖွဲ့ထားတယ်။ ဒီကော်မရှင်ကို ကျွန်တော်
စိတ်ဝင်စားတယ်။ ဒီကော်မ ရှင်က မှန်မှန်ကန်ကန် သုံးသပ်မယ်၊ ဘက်မလိုက်ဘဲ
တရားဥပဒေအတိုင်း ဖြစ်မယ်လို့ ယုံကြည်တယ်။ အဲဒီအတိုင်းပဲ ရပ်တည်သွားမှာပါ။
ကျွန်တော့်ရဲ့ ပုဂ္ဂိုလ်ရေးအမြင်အရဆိုရင် ဗမ ပြည်ကြီးမှာ မတူခြား နားတဲ့
ဘာသာတွေ၊ မတူခြားနားတဲ့ လူမျိုးတွေ၊ အတူယှဉ်တွဲပြီး ငြိမ်းငြိမ်းချမ်းချမ်း
နေတာက ကျွန်တော့် ရဲ့ အိပ်မက်တစ်ခုပေါ့။ ကရင်လူမျိုးကော ဗမာကော၊
ဗုဒ္ဓဘာသာကော၊ အစ္စလာမ်ကော၊ ခရစ်ယာန်ကော အားလုံး အတူတကွ နေထိုင်သွားတာကို
ကျွန်တော့်ရဲ့ အဖြေတစ်ခုပါပဲ။
ဒါပေမဲ့ တကယ့် ပြဿနာအရင်းခံက ဒီမှာရှိတဲ့လူတွေ ရေရှည် ဘယ်လို ယှဉ်တွဲနေထိုင်နိုင်အောင် ဘယ်လိုကြိုးစားမလဲပေါ့၊ အစ်ကို့ရဲ့ သီးခြားအမြင်ကိုပြောပေးပါ။
တိုင်းရင်းသားအနေနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်မရှိတဲ့ ပြဿနာပဲ။ တိုင်းရင်းသားတွေ သူတို့အခွင့်အရေးကို တောင်းဆိုလာတာ နှစ်ပေါင်းတစ်ထောင်နီးပါးရှိသွားပြီ။ အခု ဗမာဘုရင်အဆက်ဆက်ဖြစ်ခဲ့တဲ့ ပုဂံခေတ် ကုန်းဘောင်ခေတ် စစ်ပွဲတွေကို နိုင်ငံခြားနဲ့ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲထက် တကယ့်တိုင်းရင်းသား အချင်းချင်း တိုက်တဲ့ စစ်ပွဲဖြစ်တယ်။ ဘယ်ခေတ်ပဲ ကြည့်ကြည့် ကျွန်တော် တို့တိုင်းရင်းသားမောင်နှမအချင်းချင်းပဲ ကြည့်ကြပါ။ ဒီစစ်ပွဲကြီးတွေက အဖြေမှန်မရခဲ့ပါဘူး။ တကယ့် အမှန်အဖြေက ဒီမိုကရေစီပဲရှိတယ်။ တိုင်းရင်းသားတွေ ကိုယ့်ဒေသမှာ အုပ်ချုပ်ခွင့်ရှိရမယ်။ သူတို့ရဲ့ သဘာဝ သယံဇာတကို သူတို့ကပဲ စီမံခွင့်ရှိရမယ်။ သူတို့ ယဉ်ကျေးမှုကို သူတို့လေ့လာကျင့်သုံးခွင့် ရှိရမယ်။ ရိုဟင်ဂျာကိစ္စက ဒီလောက်ကြီးထွားလာတာက ရခိုင်ပြည်သူတွေမှာ Empowerment မရှိတာပါ။ ရခိုင် ပြည်ရဲ့သဘာဝရင်းမြစ်အကုန်လုံးကို ရခိုင်ပြည်သူတွေက မခံစားရဘူးဖြစ်နေတယ်။ အဲဟာကျတော့ သဘာဝသံ ယံဇာတ တဖြည်းဖြည်းနဲ့ ရှားပါးလာပြီး လူဦးရေ တိုးလာတဲ့အခါကျတော့ ဟိုတလောက အာဖရိက တောကြီးထဲမှာ မြစ်ကြီးတစ်ခုက ကောလာတယ်။ ကောလာတော့ သားရဲတိရစ္ဆာန် တွေက တဖြည်းဖြည်းနဲ့ ရေရှားပါးလာတော့ သတ်ဖြတ် လာတယ်။ ခြင်္သေ့တွေ၊ ကျားတွေ၊ ခြင်္သေ့ကြီးတွေ၊ မိကျောင်းတွေ၊ မျောက်တွေ အဲ့လိုဖြစ်လာတာပေါ့။ ဒီသဘာဝ ဓာတ်ငွေ့ကို ရခိုင်ကလည်းမခံစားရဘူး၊ ဗမာကလည်း မခံစားရဘူး၊ လယ်ယာမြေလေးကိုပဲ လုပ်လုပ် လယ်ယာ မြေတွေ ဆုံးရှုံးကုန်တယ်၊ စက်ရုံ အလုပ်ရုံ လုပ်တော့ ကုန်ထုတ် လုပ်မှုက ဘာမှမရှိဘူး။ အဲဒီအခါကျတော့ ရခိုင် လူငယ်တွေ ထွက်ပြေး နေရတယ်။ ရန်ကုန်ကို ရောက် လာကြတယ်။ ဘုန်းကြီးဝတ်တဲ့ လူဝတ် နယ်စပ်ကို ထွက်တဲ့လူကထွက်ပေါ့။ နယ်စပ်ထွက်တော့ ယောက်ျား လေးတွေ များတယ်။ မိန်းကလေးတွေ ကျန်ခဲ့တယ်။ အမျိုးတွေ ကျန်ခဲ့ရတယ် Population က ဒီ Population ပြန် ဖြစ်တယ်။ သူတို့က စီးပွားရေး၊ လူမှုရေး ဆုတ်ယုတ် လာတော့ အဓိက ပြဿနာဖြစ်နေတယ်။ တစ်ခါ တစ်ဖက်မှာ ရိုဟင်ဂျာလို့ လည်းပြောတယ်။ ဘင်္ဂါလီလို့လည်းပြောတယ်။ မွတ်စလင်လို့လည်း ပြောတယ်။ အဲဒီနည်းနဲ့ တဖြည်းဖြည်း ဘာသာရေး ဆန့်ကျင်တဲ့အထိ ဖြစ်လာတယ်။ သူတို့က လူမျိုး ဖြစ်သင့်သလား၊ မဖြစ်သင့်ဘူးလား ဆိုတာ နိုင်ငံရေး သမားတွေက ခံစား ချက်နဲ့ပဲဖြစ်ဖြစ်၊ ဘယ်ပါတီကမှ ဆုံးဖြတ်လို့ မရဘူး။ လူတစ်ယောက်က လူမျိုးတစ်မျိုး ဖြစ်သင့်တယ်၊ မဖြစ် သင့်ဘူးဆိုတာ ဘယ်ပါတီကမှ မဆုံးဖြတ်ရဘူး။ Right လွှတ်တော်ကပဲ ဆုံးဖြတ်မှာပါ။ Right ကျွန်တော်ကပဲ ထောက်ခံခံ၊ မထောက်ခံခံ ဘာမှမဖြစ်ဘူး။ တရား လည်းမဝင်ဘူး။ ရိုဟင်ဂျာက သူ့ဘာသာသူ Claim လုပ်တယ်။ သူဘာသာသူ Claim လုပ်တာပဲဖြစ်မယ်။ ကိုယ်လွှတ်တော်က ဆုံးဖြတ်တာ ရှိတာမှမဟုတ်တာ။ အဲဒါကို ဘာလို့ဆဲနေကြတာလဲ။ ဒီမိုကရေစီ ကိုယုံကြည်ရင် ဘယ်လွှတ်တော်ပဲဖြစ်ဖြစ် ဆုံးဖြတ်ချက်ကို လိုက်နာရမှာပဲ။ အခုလူတွေတော်တော် များများက ရိုဟင်ဂျာပဲဖြစ်ဖြစ် မူစလင်ပဲဖြစ်ဖြစ် သူတို့ကဘယ်သူ့ကို အကျယ်ဆုံးဆဲသလဲ။ ဒါကတစ်ကယ်အဖြေမှ မဟုတ်တာ အဓိကအဖြေက တိုင်းရင်းသားဒေသမှာ တစ်ကယ့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိဖို့ပဲ။ ဒီလို ဖြစ်လာရင် တစ်ယောက်နဲ့ တစ်ယောက် ဘာမှဖြစ်မှာ မဟုတ်ဘူး။ ကျွန်တော်နေတဲ့ နယူးယောက်မြို့မှာ ကမ္ဘာက လူမျိုး အစုံရှိတယ်။ ဗမာပြည်က လူမျိုးတောင်မဟုတ်ဘူး။ တစ်ကမ္ဘာလုံးက လူမျိုးတွေပါ ရှိတယ်။ အဲဒါ ဘာဖြစ်လို့ တစ်ယောက်နဲ့တစ်ယောက် သတ်ဖြတ်မှုတွေ၊ တိုက်ခိုက် မှုတွေမဖြစ်လဲဆိုတော့ ဒီမိုကရေစီ ရှိနေလို့ သူတို့ စားသောက်ဖို့အတွက် Resource တွေ အညီအမျှ ဖန်တီးနေလို့ တစ်ယောက်တည်းက အကုန်စားလို့ မရဘူးဆိုတော့ အဆင်ပြေတာပေါ့။ ကျွန်တော့် ဘဝတစ်လျှောက်လုံးမှာ ဘာသာရေး Conflict တွေ၊ လူမျိုးစု Conflict တွေ အများကြီး ကြုံရတယ်။ အသက် ၅ နှစ်ကျော် ကျောင်းစတတ်တဲ့ အရွယ်မှာ တရုတ်-ဗမာအဓိကရုဏ်းလည်း ဖြစ်တယ်။ တချို့တရုတ်တွေကို ကျွန်တော်တို့ မိဘတွေက ကယ်လိုက်တာမျိုး ရှိတယ်။ အခု အမေ့အိမ်သွားလည်ရင်းနဲ့ အဲဒီဦးတရုတ်ကိုလည်း တွေ့ချင်တယ်။ တရုတ်ဗမာအဓိ ကရုဏ်းတုန်းက အမေတို့က အိမ်ဘေးနားက တရုတ်မကြီး မနှင်းဆီကို ကယ်လိုက်တာပါ။ သူက သွေးနုသားနုကြီးနဲ့ပေါ့။ ဗမာတွေက ဖျက်ဆီးလိုက်ကြတာ။ ကျွန်တော့် မိဘ တွေက သိမ်ကြီးဈေးမှာ ဆိုင်ထွက် နေကြတာ။ ၂၇ လမ်းဝရန်တာကနေ ဟိုဘက်အုပ်ကြီး၊ ဒီဘက်အုပ်ကြီး ရိုက်နေတာကို တွေ့ရပါတယ်။ ဒီဟာကြီးကို အဲဒီ အရွယ်ကတည်းက အမှန်တရားလို့ မယူဆ ခဲ့ပါဘူး။ ၈၈ ကြီး ဖြစ်လာတော့ မွတ်ဆလင်ဆန့်ကျင်ရေး လမ်း ကြောင်းကို ဦးနေဝင်းက ဦးတည်ပေးနေတယ်။ ကျွန်တော်တို့က အဲဒီအချိန်မှာ တာဝန်ရှိလာသူဖြစ်လာပြီ။ ကိုဇော်မင်းတို့လည်း ပါတယ်။ ကျွန်တော်တို့ ဗကသက Statement ထုတ်တယ်။ ဗုဒ္ဓဘာသာ မူဆလင် ဘာသာရေးအဓိကရုဏ်းကို လက်မခံနိုင်ဘူး။ နီးစပ်ရာ ကျောင်းသားတွေကို ပြန်ထိန်းယူတယ်။ ကျွန်တော်တို့ တောင်းတဲ့ ဒီမိုကရေစီ ဆက်တောင်းတယ်။ အဲဒါ ကျွန်တော်တို့ ရပ်တည်ချက်ပဲ။ ဒါက ကျွန်တော့်ရဲ့ ဒီမိုကရေစီ လူသားဆိုင်ရာ လူ့အခွင့်အရေးဆိုင်ရာ ငြိမ်းချမ်းရေးအမြင်ပါ။ တစ်ဖက်နဲ့တစ်ဖက်ကို ငြိမ်းငြိမ်း ချမ်းချမ်း ဖြစ်စေချင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ နယူး ယောက်စ်က ဆရာတော်တစ်ပါးရှိတယ်။ သူပြောတာလေး ကောင်းတယ်။ နိုင်ငံတိုင်းက စပါးစိုက်နေကြတာပဲ။ မြန်မာနိုင်ငံမှစိုက်တာမဟုတ်ဘူး။ စပါးစိုက်တာ ဘာထူး ဆန်းလို့လဲ။ ဝါဒဖြန့်တာ များနေတယ်။ မစလ ခေတ်က စပါးစိုက်တာကို ဒါကို မြစိမ်းရောင်စစ်ဆင်ရေးတဲ့၊ နွေရာသီ စပါးစိုက်တော့လည်း ရွှေဝါရောင် စစ်ဆင်ရေး ဆိုပြီး ရိတ်ကြတယ်။ ဟိုဘက်က ခိုးဝင်လာတဲ့ ကာလ က ရှိလာတော့ ဟင်္သာစစ်ဆင်ရေးဆိုပြီး လုပ်ပြန်ရော။ တကယ်က ခိုးဝင်လာရင် ဖမ်းရမှာပဲလေ။ Immigration အရ ရိုဟင်ဂျာမှ မဟုတ်ဘူး၊ တရုတ်၊ အင်္ဂလိပ်၊ ဂျပန် အကုန်လုံး ခိုးဝင်လာရင် ဖမ်းရမှာပဲ။ အခု ထိုင်းထဲကိုသွားရင်လည်း ထိုင်းက ခိုးဝင်လာရင် ဖမ်း မှာပဲ။ အမေရိကန်လည်း မက္ကဆီကိုတွေကို ဖမ်းပြီး ပြန်ပို့တာပဲ။ အမေရိကန်တွေဆို ဖမ်းတာ နည်းတာမျှ မဟုတ်ဘူး။ လက်ထိပ်ခတ်ပြီး ပြန်ပို့တယ်။ အပေါ်ကနေ ဖိထားတာတွေလည်း ရှိတယ်။ ဒါကို တွေ့နေရတယ်။ တစ်ကမ္ဘာလုံးက ဘာမှ မပြောကြဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ နိုင်ငံတစ်နိုင်ငံရဲ့ Soveriegnty မှာ တရား ဥပဒေလုပ်ရတယ်။ သူ့နိုင်ငံထဲ မတရား ခိုးဝင်လာရင် လုပ်ရမှာပဲ။ အဲ့လို မလုပ်ဘဲနဲ့ အမျိုးသား ရေးလို သွားလုပ်တာ ဒီအကျိုးဆက်က သိပ်ကြီးတယ်။ ဒီလို ခိုးဝင်လာရင် လူရှစ်သိန်းလုံး ဖမ်းပြီး ပြန်ပြီး မောင်း ထုတ်လို့ရတယ်။ လူ့အခွင့်အရေးပုံစံနဲ့ အမျိုးသားရေး ပုံစံဆိုရင် တစ်ယောက်မျှ မောင်းထုတ်လို့ မရဘူး။ ဒါကို အစိုးရက သိဖို့လိုတယ်။ Smart ဖြစ်ဖို့လိုတယ်။ လူ့အခွင့်အရေး ကို သွားထိရင် ဒုက္ခရောက်လာမယ်။ ရပ်ပေးခဲ့တယ်၊ ပြောခဲ့တယ်၊ နားမထောင်ကြဘူး၊ အခုတော့ ပုံမှန် Right ထဲကို ပြန်လာရတယ်။ ဒေါ်စု လည်း ပြောလို့ မရဘူး။ ဒါကို 'ဆဲ'နေကြတယ်။ အဓိပ္ပာယ်မရှိတဲ့ ဟာတွေပဲ။ သူက တစ်ကမ္ဘာလုံးရဲ့ အနေအထားကို မြင်နေတာပဲ။ မီဒီယာကိုလည်း အားကိုးပါတယ်။ ဒီသတင်းတွေကို လည်း မှန်မှန် ကန်ကန် အားကိုးပါတယ်။ စတုတ္ထမဏ္ဍိုင်လို့ တင်စား ထားတာ ဒီမဏ္ဍိုင်ကကို Virus ဖြစ်နေတယ်ကွာ။ ကျွန်တော်လည်း အများကြီး ဖြစ်နေတယ်။ ဒါ ဘယ်သူ့ ကို သွားအားကိုးမလဲ။ ကျွန်တော်တို့ မီဒီယာတွေ မရှိတုန်းက ပထမဆုံး သတင်းစာလေး သွားထုတ်ခဲ့တယ်။ မီးချောင်းလေးနဲ့ ဖောက်ပြီး သွားလုပ်ခဲ့တာ။ အာရုဏ်ဦး သတင်းစာလေးပေါ့။ သတင်းစာတွေ အများကြီး ဖြစ်လာပြီး လွတ်လပ်လာပြီ ဆိုတော့မှ အခြားလူမျိုး တစ်မျိုးကို သတ်ဖြတ်ဖို့က Ethically က လက်မခံ နိုင်တာ။ မဲမပေးရင်နေ၊ မထောက်ခံရင်နေ၊ ခေါင်းဆောင် မဖြစ်ရင်နေ၊ ဒါ ကျင့်ဝတ်အရကို ကမ္ဘာကြီးက လက်ခံ မှာ မဟုတ်ဘူး။ ဒါကို ကျွန်တော် ပြောပါရစေ။ ကမ္ဘာ ကြီးမှာ ဗမာတစ်စုတည်း နေတာ မဟုတ်ဘူး။ ပီနန် ဆရာတော်ဘုရားကြီးက ကျွန်တော့်ကို ပြောတယ်။ ဒီကိစ္စတွေဖြစ်တော့ ဆရာတော်ကြီး စိတ်ညစ်တယ်။ နယူးယောက်စ်ကို ကြလာတုန်းက ကျွန်တော် ဆွမ်းကပ် တယ်။ ''မိုးသီးရေ မင်းတို့ဗမာတွေပဲ ရုပ်နဲ့နာမ် ရှိတာ မဟုတ်ဘူးကွ၊ ဘုရားဟောထားတဲ့ လူမျိုးတိုင်း ဘာသာတိုင်းအတွက် ဖြစ်တယ်''လို့ သူပြောတဲ့ စကား လေးတစ်ခု ဖြစ်တယ်။ ရခိုင်က ဒီကိစ္စတစ်ခုလုံးကို ပြန်ချုပ်ရရင် Empowerment မရှိလို့ဘဲ။ ကျွန်တော် ရခိုင် လူမျိုးတွေအတွက် တစ်ခါတစ်လေကျတော့ ခွကျတယ်။ ကနေဒါရောက်တော့ မွန်တွေနဲ့လည်း တွေ့တယ်။ သူတို့ ဘာတွေ ဆုံးရှုံးနေတာလဲဆိုတာ ဘာကို ဆိုလိုချင် တာလဲတောင် မသိကြဘူး။ ဘာလိုချင်တာလဲလို့တောင် မသိကြဘူး။ ရခိုင်ကို ရခိုင်ပဲ အုပ်ချုပ်စေချင်တာ။ ဒါပေမဲ့ သူတို့ ကြားချင်နေတာက ရိုဟင်ဂျာကို ကျယ်ကျယ်ဆဲတာ ကြားချင်နေတာ။ အဲ့ဒါကို ကျွန်တော် တို့ မဆဲနိုင်ဘူး။ ထောက်ခံရင် ထောက်ခံ မထောက်ခံရင် နေ။ ယုံကြည်ချက်နဲ့ ပြောမယ့်ဟာက ရခိုင်ပြည်သူတွေ ကို ရခိုင်နဲ့ အုပ်ချုပ်ခွင့် ပေးပါလို့ ဒီအစိုးရကို ပြောတဲ့ ခေါင်းဆောင်က ကျွန်တော် တစ်ယောက်ပဲ ရှိတယ်။ မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ ဘယ်သူမှ ဒီစကား မပြော ရဲဘူး။ ကရင်ပြည်နယ်ကို ကရင် အုပ်ချုပ်ခွင့် ပေးပါလို့ ကျွန်တော်တစ်ယောက်ပဲ ပြောရဲသေးတယ်။ သမိုင်း တစ်လျှောက်လုံး ပြန်ကြည့်လိုက်ပါ။ ဒီလောက်ဆိုရင် ရှင်းမယ်ထင်တယ်။
နောက်တစ်ချက်က ရခိုင်နဲ့ နယ်စပ်ချင်း ဖြစ်နေတဲ့ ဘင်္ဂလားဒေ့ရှ်လူဦးရေပေါက်ကွဲမှုက ရခိုင်ထဲကို ပြိုဆင်းလာ တာရှိတယ်ပေါ့။ လူ့အခွင့်အရေး ကော်မရှင်က မစ္စတာ ကင်တားနား ရခိုင်အရေးကိုလာကြည့်သွားတယ်။ သူ မပြန် ခင် သတင်းရှင်းလင်းပွဲ တစ်ခုမှာ ဒီနိုင်ငံသားဖြစ်ခွင့် ဥပဒေကို ပြန်လည် စဉ်းစားပေးဖို့ ပြောသွားတာ ရှိတယ်။ ဒီနိုင်ငံခြားသားဖြစ်ခွင့် ဥပဒေအပေါ်မှာ ဘယ်လို မှတ်ချက် ပေးလိုပါသလဲ။(ဆက်ရန်)

Messenger News Journal
No comments:
Post a Comment