menu

Friday 7 September 2012

ကိုမိုးသီးဇွန်နှင့် တွေ့ဆုံမေးမြန်းခြင်း(၃)

Photo: ကိုမိုးသီးဇွန်နှင့် တွေ့ဆုံမေးမြန်းခြင်း(၃)

ဒီ Issiue ကို Awareness အဖြစ်ဆုံးက မီဒီယာ ရယ် ဒီမိုကရေစီ အင်အားစုတွေ Confuse ဖြစ်နေတယ်။  ကင်တာနား Message ကို Confuse  ဖြစ်နေတာ။ အင်္ဂလိပ်လို နားမလည်တာလား မသိဘူး။ ပြိုဆင်းလာ ရင် တံတိုင်းခတ်ရမယ်။ လက်ရှိတံတိုင်းက သေးတယ်။ ထပ်ခတ်ရမယ်။ ကျွန်တော် သမ္မတဖြစ်ရင်လည်း တံတိုင်းခတ်မှာပဲ။ တရုတ်ပြည်ဘက်လည်း ခတ်ရမယ်။  ဒါက အမျိုးသားလုံခြုံရေး ဖြစ်နေတယ်။ အထဲရောက်ပြီး သား မျိုးဆက် သုံးလေးငါးဆက်ဆိုရင် နိုင်ငံသား ပေးရမယ်။ သူ ဆိုလိုတာက အထဲရောက်ပြီးသား နိုင်ငံ သား သုံးလေးငါးဆက်ဆိုရင် မျိုးဆက် ပေးကို ပေးရ မယ်။ အဲဒီလိုမှ မပေးရင် မြန်မာအစိုးရ ပြဿနာ တက်မယ်။ မြန်မာပြည်သူတွေလည်း ထပ် ပြဿနာ တက်မယ်။ ကျွန်တော် က ကမ္ဘာကို ပတ်ပြီး ထွက်လာတဲ့ သူအနေနဲ့ အကြံပေး တာ။ ဒီကို အကြာကြီးပဲ ရောက်နေတဲ့ တရုတ်တွေရှိ တယ်။ ကျွန်တော့်သူငယ်ချင်း ဦးတရုတ်ကြီးတစ်ဦးရဲ့ သမီးဟာ ပြည်တွင်းစစ်ကြီးကြောင့် ကရင်သူပုန်တစ် ယောက်က တရုတ်ကြီးဆီ ပေးခဲ့တာ။ အမှန်တော့ သူက ကရင် လူမျိုး၊ အသားကလည်း ဖြူတယ်။ တရုတ်ကြီး ကလည်း မွေးစားထားတော့ တရုတ်ဖြစ်နေတာ။ အခု ကျွန်တော့်သူငယ်ချင်းက အခုအထိ နိုင်ငံသား မဟုတ် သေးဘူး။ င်္ွFRC ဖြစ်နေတယ်။ ဒါကို လက်ခံမလား။ သူက နိုင်ငံခြားသား ဖြစ်သင့်လား မဖြစ်သင့်ဘူးလား။ Immigration Law 1982 နဲ့အညီ ပေးလိုက်ပါ။ အခုက မကျင့်သုံးလို့ ပြဿနာ ဖြစ်နေတာ။ ဥပဒေနဲ့ မညီဘူး ဆိုရင် ပြန်မောင်းထုတ်ရမှာပေါ့။ အခု ကျွန်တော်လည်း ဗမာနိုင်ငံသား အမေရိကန်နိုင်ငံသား ဖြစ်နေပြီ။ ဒီဥပဒေနဲ့ မကိုက်ရင် ကျွန်တော့်ကို ပြန်မောင်း ထုတ်ရမယ်။ အခု ကျွန်တော်ဟာ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ဆိုရင် နိုင်ငံခြားသား ဖြစ်ခွင့်မရှိဘူး။ ရွေးကောက်ပွဲ ဝင်လို့ မရဘူး။ ကျွန်တော်လည်း ဗမာနိုင်ငံသား၊ ဗမာပြည်သူ တွေအတွက် တိုက်လာတာ။ ကျွန်တော့်မှာ အခု ဒီအခွင့်အရေး မရှိတော့ဘူး။ ဒီလောက်ဆိုရင် ရှင်းမယ် ထင်တယ်။ ကင်တားနားဆို လိုတာ အဲ့ဒီလို ဆိုလိုတာပါ။ ဂျင်နီဗာ ကွန်ဗင်းရှင်း အတိုင်း ပြောသွားတာပါ။ ဂျင်နီဗာ ကွန်ဗင်းရှင်းမှ တို့ဗမာတွေ မယုံတော့ဘူးဆိုရင် တော် တော်လေး ပြဿနာ ဖြစ်နေပြီ။ တစ်ပြည်လုံးမှားမယ့် အမှားကြီးပေါ့။ ဒါမျိုးက ဂျာမနီနာဇီအောက်မှာ ဂျာမနီ တစ်ပြည်လုံး မှားဖူးတယ်။ အမေရိကန်-ဗီယက်နမ် စစ်ပွဲမှာ အမေရိကန်တွေ မှားသွားဖူးတယ်။ ဒါကို ဘာခေါ်လဲ ဆိုတော့ မက်စ်တစ်ရီးယားလို့ ခေါ်တယ်။ ဒါက အစုလိုက် အပြုံလိုက် ရူးသွားတာ။ အမှန်တရားကို မသိဘဲ ဖြစ်တတ်တယ်။ Information မှ မရတော့တာ။ Education ကလည်း စုတ်ပြတ်နေတယ်။ အဲလိုအနေ အထားမျိုးမှာ အမှန်တရားကို ပြောတာ။ ကင်တားနားက ဂျနီဗာ ကွန်ဗင်းရှင်းအရ ပြောနေတာ။ ဂျနီဗာ ကွန်ဗင်းရှင်း ကို ကုလသမဂ္ဂမှာ အကုန်လုံး လက်မှတ်ရေးထိုးထား တာ။ ဒါမှ လက်မခံဘူးဆိုရင် အလွန်အန္တရာယ်ရှိသွားပြီ။ ဒီဒုက္ခကို တို့လူထုကို အကျမခံနိုင်ဘူး။ ဒါကို အမုန်းခံ ပြီး ပြောရတော့မှာပါ။ Wake up! Burmese! မြန်မာတွေ  နိုးလော့ ထလော့။ ကင်တားနား Message ကို ဘာသာပြန်မမှားဖို့ ပြောချင်တယ်။

NLD ပါတီကလူတွေ ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင် ရောက်အရွေးခံတာ ရှိတယ်။ ၂ဝ၁၅ အလွန်မှာ NLD ရဲ့ နိုင်ငံရေးအခင်းအကျင်းကို အစ်ကို့အနေနဲ့ ဘယ်လို သုံးသပ်ထားသလဲ။ 
 ၂ဝ၁၅ ကတော့ အခုပုံအတိုင်း ရွေးကောက်ပွဲလုပ် ရင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ် နိုင်မှာပဲ။ ကျွန်တော်က နိုင်ငံသားဖြစ်ခွင့်ရရင် NLD ကို မဲပေးမှာပဲ။ ပြည်သူလူထုတွေက လိုလား ထောက်ခံ နေတဲ့ ပါတီတစ်ရပ်ပါပဲ။

ကျွန်တော်တို့ကြားထားတာ ၂ဝဝ၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ အန်တီရွေးကောက်ပွဲမဝင်ခင်ကာလမှာ တချို့ဟာလေးတွေကို အစ်ကို့ဖေ့စ်ဘုတ်ခ်ပေါ်မှာ ဖတ်လိုက်ရတာပေါ့။ အဲဒီတုန်းက ပြင်းပြင်းထန်ထန် ကန့်ကွက်တာ လေးတွေရှိတယ်။ အခုချိန်မှာ အဲဒါကို ဘယ်လိုသုံးသပ်ပါသလဲ။
 နိုင်ငံရေးစံအရ ၂ဝဝ၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ အောက်မှာ ရွေးကောက်ပွဲ မဝင်စေချင်ဘူး။ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲပြီးမှတစ်ပိုင်း၊ နောက် တစ်ပိုင်းက နည်းဗျူဟာပိုင်းပေါ့၊ ၂ဝ၁ဝ ပြည့်နှစ်မှ မဝင်ဘဲနဲ့ ကြားဖြတ်မှ ဘာလို့ရွေးကောက်ပွဲဝင်ရတာလဲ ဆိုတာ Question ဖြစ်နေတယ်။ ဒီလိုမျိုး သေနင်္ဂဗျူဟာ အပိုင်းမှာလည်း ကွဲလွဲမှုရှိတယ်။ ဝင်မယ်ဆိုရင် ၂ဝ၁ဝ တည်းက ဝင်လေ အဲဒါဆိုရင် ၂ နှစ်လောက်ကြိုပြီး ပြုပြင်ပြောင်းလဲရေးလုပ်လို့ရတာပေါ့။ တစ်ခါတလေ NLD ရဲ့ ဆုံးဖြတ်ချက်က (Decision ) Impact သိပ် ကြီးတယ်။ ကျွန်တော်လည်း ခံစားချက်ရှိတာပေါ့။
နောက်တစ်ခု ဝေဖန်ဖူးတာရှိတယ်နော်။ NLD ရဲ့ CEC  ကို ကပ္ပိယတွေလို့ အစ်ကိုဝေဖန်ထားတာ တစ်ခုရှိတယ်။ဘာကြောင့်ပါလဲ။ 
ဟိုးတုန်းကပေါ့။ ကျွန်တော်တို့လည်း ငယ်သေး တယ်။ ငယ်လည်းငယ်သေးတော့ မြင်တဲ့အတိုင်းပဲ ပြော  ကြတယ်။ အသက်ကလည်း ၂၅၊ ၂၆ လောက်ပဲ ရှိသေး တာဆိုတော့ ဒီခေါင်းဆောင်တွေကို ရှေ့ကနေ လူထုအ တွက် ဦးဆောင်သွားချင်တယ်။ Civil Society ကို သွား ချင်တယ်။ တစ်ယောက်တည်းက ဦးဆောင်ပြီး ပုံအပ် လိုက်ရင် တစ်တိုင်းပြည်လုံးဒုက္ခရောက်မှာ စိုးရိမ်တယ်။  ဒါ တိုင်းပြည်အတွက်ပဲ။

အခု ၈၈ မျိုးဆက်ကျောင်းသားတွေ ထောင်ကလွတ်လာ ပြီးကတည်းက ပွင့်လင်းလူ့အဖွဲ့အစည်းဆိုပြီး လှုပ်ရှား နေတယ်။ သူတို့ကို လွှတ်တော်ရဲ့ နိုင်ငံရေးမှာ ပါဝင် စေချင်တဲ့သူတွေလည်းရှိတယ်။ အစ်ကိုသာဆိုရင် ဘယ် လိုဆုံး ဖြတ်မလဲမသိဘူး။
 နိုင်ငံရေးလုပ်မှာပေါ့၊ လွှတ်တော်ထဲရောက်အောင် သွားမှာပေါ့။ တကယ့်အချုပ်အခြာအာဏာက ပါလီမန်ထဲ မှာရှိတာပေါ့။ နိုင်ငံရေးအရ ပြောင်းလဲသွားအောင်လုပ်မှာ ပေါ့။ ကျွန်တော်က ကိုးတန်းလောက်ကတည်းက ပါတီ ထောင်ဖို့ ဆုံးဖြတ်ထားတာ ပေါ်ဦးတို့သိတာပေါ့။ 

အခု ၈၈ ကျောင်းသားတွေ ကိုကိုကြီးတို့၊ ကိုမင်းကိုနိုင် တို့နဲ့ တွေ့ဆုံဆွေးနွေးပြီးပြီလား။ ဘာတွေဆွေးနွေးကြလဲ မသိဘူး။
 လက်ရှိအချိန်ကတော့ အမြင်သိပ်မကွာဘူး။ တွေ့ တယ်၊ ဝမ်းသာတယ်၊ သူတို့နဲ့ စကားပြောရတာကောင်း တယ်။
ကျွန်တော်တို့ နိုင်ငံကို အမေရိကန်နိုင်ငံက ဟိုးအရင်က နဲ့ မတူတော့ဘဲ မြန်မာနိုင်ငံအပေါ် နိုင်ငံရေးအရ ချဉ်းကပ် လာတယ်။ ဆက်ဆံရေးမှာလည်း အရမ်းပြောင်းလဲ တိုးတက်လာတယ်။  ဒီလို တိုးတက်ပြောင်းလဲအောင် ဆွဲဆောင်နိုင်တဲ့ အရာတွေက ဘာတွေလို့ အစ်ကို ရှုမြင်ပါသလဲ။
 အဓိက ကတော့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအပေါ် သူတို့က ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးမှာ ချန်ပီယံလို့ ကြွေးကြော်ထားတာကိုး၊ မြန်မာပြည်ဒီမိုကရေစီလှုပ်ရှား မှုကို ၈၈ ခုနှစ်ကတည်းကဖြစ်လာတာ သူတို့အားပေးလာ တယ်။ ပြဿနာက သူ့မှာလည်း သူ့အကျိုးစီးပွားရှိ တယ်။ အမေရိကန်နိုင်ငံရဲ့Forgein Policy ကို Drive လုပ်နေတာ Energy  ပဲ။ Energy က ရေနံပဲ။ ရေနံဆို တော့ Middle East ပဲ။ အဲဒီပေါ်မှာ အာရုံစိုက်ပြီးနေလာ တာ။ အဲဒီအပေါ်မှာ Impact  မျိုးစုံ ဖြစ်လာတယ်။ အမေရိကန်လည်း Policy မျိုးစုံနဲ့ နာမည်ပျက်လိုက် ကောင်းလိုက်နဲ့ နေလာတယ်။ အမေရိကန်သုံးနေတဲ့ ရေနံ ရဲ့ (၆၄)ရာခိုင်နှုန်းက အရှေ့အလယ်ပိုင်းက သွင်းနေတာ။ သူက အဲဒီနေရာကို အလွတ်မခံနိုင်ဘူး။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ကိစ္စမှာ Model Issue လိုပဲ ဖြစ်နေတယ်။ ပါးစပ်နဲ့ဘဲ ထောက်ခံသလို ဖြစ်နေတယ်။ အဲဒီလိုအနေ အထားပဲ။ အခု အဲလိုအနေအထားက မပိုသေးပါဘူး။ မြန်မာပြည်ကို အကျိုးစီးပွားအတွက်  သူက စိတ်မဝင် စားသေးပါဘူး။ အချို့လည်း သုံးသပ်နေကြတယ်။ တရုတ်ရဲ့ Power ဘယ်လိုဆိုလဲ သုံးသပ်ကြတယ်။ ဒါကို ကျွန်တော် အင်တာဗျူးလုပ်ထားတာ ရှိတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ကျွန်တော့်ဘလော့ခ်မှာ တင်ထားတယ်။ မြန်မာပြည်ကို အမေရိကန်က မဟာ ဗျူဟာကျကျ စိတ်မဝင်စားသေးဘူး။ စိတ်ဝင်စားရင် လစ်ဗျားကို အမေရိကန် ဘယ်လို ဝင်သွားလဲ။ Model Issue ဖြစ်နေလို့ ကြည့်နေတာ။ ဒီဒေသကို အချိန်မရွေး ဝင်လာလို့ ရတယ်။ သူဝင်လာရင် ဘယ်သူမှ မတား ရဲဘူး။ ကြည့်နေတဲ့အတွက် အေးအေးဆေးဆေး စောင့်နေတာ။ သူဝင်လာရင် တရုတ်က မကန့်ကွက် ရဲဘူး။ သူဝင်လာရင် Share ပြီးစားမှာ။ တရုတ်က ဒီလိုအသံထွက်နေတာပဲ ရှိတယ်။ မြန်မာအစိုးအရကော၊ မြောက်ကိုရီးယားကော ဒီအတိုင်း အကြံပေးနေတာ ရှိတယ်။ တရုတ်ကို သူ့လူ၊ အမေရိကန်နဲ့ တည့် အောင်ပေါင်း၊ ဒါ တရုတ်ရဲ့ ပေါ်လစီပဲ။ ဒီမှာလာပြီး Conflict ဖြစ်စရာမလိုဘူး။ ဒါပေမဲ့ လောင်စာတို့ ဂက်စ် တို့ အမေရိကန်လည်း သူဟာနဲ့သူ ရှိတယ်။ တစ်ခု တော့ရှိတယ်။ တရုတ်ကို ကိုင်ချင်လာတဲ့ အချိန်ကျရင် တော့ လောင်စာကို ဒီလမ်းကြောင်းက သွားလို့မရ အောင် မဖြတ်ရဘူးလို့ လုပ်ရင် လုပ်မှာပဲ။ ဒီတော့ မြန်မာက နည်းနည်း အရေးပါလာမယ်ပေါ့။ ဒါပေမဲ့ အဲဒါက မဟာဗျူဟာ ဖြစ်ပြီးသား။ ဒါကို စစ်မတိုက်ဘူး တဲ့လူတွေ ပြောနေတာ။ အမှန်က အမေရိကန်က နေရာ ယူပြီးသား။ ဟိုဘက်က တရုတ်ပြည် ကုန်းတွင်းပိုင်းကို အလွယ်ဆုံးဝင်လို့ အကောင်းဆုံးနေရာ ယူပြီးသား။ ဒါက ကျွန်တော့်ရဲ့ အမြင်ပေါ့။ မြန်မာပြည်က အရေးကြီးတဲ့ နေရာ မဟုတ်ဘူး။ ဒါပေမဲ့ မြန်မာပြည်ကို တိတိကျကျ ဝင်မလာဘူး။ နိုင်ငံရေးအရပဲ လုပ်တယ်။ Saction ကို လုပ်ပေးတယ်။ သူတို့ တောင်းသလောက်ပဲ လိုက် လျောပေးတာ။

အိမ်နီးချင်းနိုင်ငံကို ကြည့်ရင် တရုတ်ရှိတယ်၊ အိန္ဒိယ ရှိတယ်၊ ဘင်္ဂလားဒေ့ရှ်ရှိတယ်၊ လူဦးရေပေါက်ကွဲမှုက တအားများလာတဲ့အခါကျတော့ နောင် ဆယ်နှစ် မြန်မာနိုင်ငံရဲ့ အနာဂတ်ကို ဘာတွေ တွေးထားလဲ။
 ကမ္ဘာကြီး သွားနေတဲ့လမ်းကြောင်းက Multi-culture သွားနေတာ နိုင်ငံတိုင်းမှာ လူမျိုးစုတွေ မတူကွဲ ပြားတဲ့ ဘာသာတရားတွေ ရှိတယ်။ တစ်ယောက်တည်း သွားလို့ မရတော့ဘူး။ နိုင်ငံတိုင်းမှာ မူဆလင်၊ ဗုဒ္ဓ ဘာသာ၊ ခရစ်ယာန် အဲ့လိုပြဿနာတွေ နိုင်ငံတိုင်းမှာ ဖြစ်နေတယ်။ နိုင်ငံသား တစ်ခုတည်း ရပ်တည်လို့ မရတော့ဘူး။ ရှေ့လျှောက် ပိုခက်လာပြီ။ အချို့က ကမ္ဘာကြီးက ရွာလေးတစ်ခု ဖြစ်လာတယ်ဆိုပြီး ဥပမာ ကျွန်တော့်ရဲ့Identity တွေကလည်း Multi-identity ဖြစ်လာပြီ။ ကျွန်တော်ဆိုရင် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်၊ ပါတီခေါင်းဆောင်၊ သူပုန်၊ တောထဲမှာ တိုက်လာတယ်။ အမေရိကန် ရောက်သွားတယ်။ အမေ ရိကန်နိုင်ငံသားဖြစ်လာတယ်။ စသဖြင့် Identity တွေ ပြောင်းလာတယ်။ အမေရိကန်နိုင်ငံသား မြန်မာလူမျိုး အချို့ဆိုလည်း ကနေဒါနိုင်ငံသား ဖြစ်လာတယ်။ ထိုင်း စင်္ကာပူတို့လည်း များလာပြီ။ စင်္ကာပူနိုင်ငံသား ဂျပန် နိုင်ငံသား တစ်ခုတည်းနဲ့ ရပ်တည်လို့ မရတော့ဘူး။ ပညာတစ်ဘာသာတည်းနဲ့ ရပ်တည်လို့ မရတော့ဘူး။ အခု မြန်မာနိုင်ငံသား အမေရိကန်နိုင်ငံသားဖြစ်လည်း Local ကို သူပြန်လာမယ်လုပ်မယ်၊ Co-operation တွေလည်း စီးပွားရေးအရ တက်လာတော့မယ်။ ဒါဆိုရင် ထိုင်းတွေက အဆင်သင့်ဖြစ်နေပြီ။ မြန်မာဒုက္ခသည် ငါးသန်းကို လက်ခံထားတယ်။ တို့က ရိုဟင်ဂျာ ရှစ် သိန်းကို Allergy ဖြစ်နေတယ်။ မြန်မာတစ်ပြည်လုံးကို ပျောက်တော့မလိုလိုပေါ့ကွာ။ ထိုင်းမှာကျတော့ သူတို့က Multi-culture ကို လက်ခံကြတယ်။ Rock, Pop ယဉ်ကျေးမှုကို လက်ခံ တယ်။ သူတို့ရဲ့ ယဉ်ကျေးမှုကိုလည်း သူတို့ထိန်းထား တယ်။ ထိုင်းတွေ ပညာတတ်တဲ့ နှုန်းကလည်း တစ်နှစ် ကို Ph.D Master ကျောင်းသားတွေ တစ်သောင်းကျော် လွှတ် တယ်။ အဖက်ဖက်က Positive ဘက်ကို တက်နေ တယ်။ National income ကလည်း ကောင်းနေတယ်။ ဗမာကဖုန်းသုံးစွဲမှုကလည်း လူတစ်ရာမှာ ငါးလုံးပဲ ဗမာတွေ သုံးနိုင်တယ်။ ထိုင်းက လူတစ်ရာမှာ တစ်ရာ့ ခုနစ် ဆယ်လုံး သုံးနိုင်တယ်။ တို့ ငါးနှစ် ဆယ်နှစ် အတွင်းမှာ ဒီအတိုင်း ထပ်ရွှေ့ရင် ထမီပုဆိုး ကပ်တော့မှာ မဟုတ်ဘူး။ အခု ပြောင်းလဲနေပြီ ပြောတယ်။ ဖုန်းတွေ သုံးနေပြီပြောတယ်။ ရန်ကုန်မြို့လေးပဲ ပြောနေတာ။ ရန်ကုန်မြို့ရဲ့ မိုင်သုံးဆယ် ထွက်လိုက်ရင် လျှပ်စစ် မရှိတော့ဘူး။ ဒါကို သတိထားလို့ အိန္ဒိယသမ္မတ လာ တုန်းက သတိပေးသွားတယ်။ ထိုင်းမှာ ကျွန်တော် မဲကော့မိုင်ဆိုတဲ့ ရွာကလေးမှာနေခဲ့တာ။ မနယ်ပလော ကျသွားတော့ ဗိုလ်ချုပ်မြနဲ့ အတူတူ တပ်တွေ ရွေ့သွား တယ်။ တပ်တွေ ဆုတ်သွားတယ်။ ဘယ်နေရာလဲ ဆိုတော့ မြန်မာပြည်မြေပုံမှာ ဆွဲရင် အမြီးလေး ကွေ့သွားတဲ့ နေရာလေ။ တကယ့်တောနက်ကြီးထဲမှာ ရှိတာ။ မဲဆောက်ကနေ မဲကော့မိုင်ဆိုတဲ့ ရွာလေးနဲ့ တစ်ရာခြောက်ဆယ့်ခုနစ်မိုင်လောက် ဝေးတယ်။ အိမ်တိုင်း လျှပ်စစ်မီးရှိတယ်။ အိမ်တိုင်းမှာ ကားနှစ်စီးရှိတယ်။ အိမ်တိုင်းမှာ ရေခဲသေတ္တာရှိတယ်။ ဒီရပ်ကွက်လေးက Structure နဲ့ ဓနဥစ္စာက ဝင်ဒါမီယာထက် သာတယ်။ ကလေးတွေ အကုန်လုံးက ဟောင်ကောင်အထိ ကျောင်း သွားတက်နေတယ်။ ဆော်ဒီအထိ ကျောင်းသွားတက် နေတယ်။ သူတို့ပြန်လာရင် နိုင်ငံရေးအကြောင်း ကျွန်တော့်တို့ဆီကို လာပြီး မြန်မာပြည်ရဲ့ နိုင်ငံရေး အကြောင်း ဆွေးနွေးတိုင်ပင်တာ ရှိတယ်။ ကျွန်တော်တို့ မြန်မာတွေက နိုင်ငံရေးအခြေအနေတောင် မသိကြဘူး။ မသိတာကလည်း ကိုယ်ကိုယ်တိုင်လည်း မသိချင်တာ တွေလေ။ အနာဂတ်ကို ဒီအတိုင်းသွားရင် Financial ကလည်း အရမ်းအားနည်းတယ်။  Micro economics မှာလည်း Stable မရှိဘူး။ Banking system ကလည်း ဂျမ့်ဖြစ်နေတယ်။ နောက်တစ်ခုက ကျွန်တော်တို့ တိုင်းပြည်ကို တည်ဆောက်ရတဲ့ ပြည်သူတွေက လုံးဝကို Zero  ဖြစ်သွားပြီ။ လုပ်စရာနှစ်ခုပဲ ရှိတယ်။ တစ်ခုက မြေကြီး၊ တစ်ခုက Education လည်းမရှိဘူး။ မြေကြီးနဲ့ လုပ်ဖို့က ကျွန်တော်တို့ လက်ထဲမှာ ဘာမျှ မရှိဘူး။ နောက် ငါးနှစ် ဆယ်နှစ် ဗမာရဲ့ အနာဂတ်က မသေချာ ဘူး။ ဒီကြားထဲမှာ Energy မရှိဘူး။ သူတို့သုံးနေတဲ့ Energy က Diesel နဲ့မောင်းနေတာ။ စက်ရုံကြီးတစ်ရုံ တည်ဆောက်နိုင်ဖို့ လျှပ်စစ်မဟုတ်ဘူး။ လိုအပ်လို့ အလုပ်သမား နှစ်သောင်း သုံးသောင်းနဲ့ စက်ရုံကြီး တည်ဆောက်ရင် ဒီရပ်ကွက်က လူထုက ပြန်မှောင် သွားမှာပဲ။ အရင်ကလို ဖယောင်းတိုင်ထွန်းပြီး ဆန္ဒပြန် ပြရမှာပဲ။ ဒီဘက်ကို ပေးရတော့ ဟိုဘက်ကို မလုပ် နိုင်ဘူး။ သေးသေးလေးတွေပဲ လုပ်နိုင်တယ်။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးသိန်းစိန်၊ သူရဦးရွှေမန်း၊ တည့်ဖို့ လိုတယ်။ ပြီးတော့ ၈၈ အားလုံး တက်ရမယ်။ တစ်ယောက်နဲ့ တစ်ယောက် Exclusive လုပ် လို့မရဘူး။ အဲ့ဒါတွေ အားလုံးက နောက်ထပ် အုံကြွဖို့ မဟုတ်ဘူး။ ကျွန်တော့်ရဲ့ မဟာဗျူဟာကတော့ ဦးသိန်းစိန်ကို အကူအညီပေးဖို့။ ဘာဖြစ်လို့လဲဆိုတော့ လူငယ်တွေ အလုပ်တွေရဖို့၊ လူငယ်တွေ Stable  ဖြစ်ဖို့၊ အလုပ်တွေ ပြန်လုပ်ဖို့ လာခဲ့တာ။ ပြောချင်တာက နောက်ဆယ်နှစ် အနှစ် နှစ်ဆယ်အတွင်းမှာ မြန်မာဟာ ကမ္ဘာမှာ အဆင့်လေးတစ်နေရာ လိုချင်တယ်ဆိုရင် ဒီနေ့ နိုင်ငံရေး ပြဿနာတစ်ခုက အခြေခံဥပဒေ နောက် တစ်ခုက ပြည်တွင်းစစ် လုံးဝ ရပ်ဆိုင်းပေးဖို့ လိုတယ်။ ပြည်တွင်းစစ်က ဖြစ်ပွားလာတာ နှစ်တစ်ထောင်ရှိဖို့ ပြောချင်တယ်။ ပြည်တွင်းစစ်က ဘုရင် လက်ထက် ကတည်းက ဖြစ်နေတာ။ ညောင်ရမ်း၊ ဓညဝတီ၊ တောင်ငူ၊ အင်းဝတို့က တစ်ခုပြီးမှ တစ်ခုပေါ်လာတာ မဟုတ်ဘူး။ အစကတည်းက ရှိနေတာ။ ဥရောပဖလားလို တစ် ယောက်တစ်လှည့် နိုင်နေကြတာမဟုတ်ဘူး ကမ္ဘာ့ သမိုင်းကြည့်လည်း ဒီအတိုင်းပဲ။ ရောမ အင်ပါယာကြီး ရှိတဲ့အချိန်မှာ အော်တိုမန်က အဆင့်သင့် ရှိပြီးသား။ တစ်ယောက်ကျ တစ်ယောက်တက်နေကြတာပဲ။ အစ ကတည်းက ရှိနေပြီးသား။ တစ်ခုကျလို့ တစ်ခု ပေါ်လာ တာမဟုတ်ဘူး။ အနှစ်တစ်ထောင်ရှိတဲ့ ပြည်တွင်း စစ်ကြီးကို ကျွန်တော်တို့ မျိုးဆက်မှာ ရပ်ဆိုင်းပေးဖို့ လိုတယ်။ အထူးသဖြင့် ဗမာတွေမှာ တာဝန်ရှိတယ်။ ကျွန်တော်လည်း ဗမာ တာဝန်ရှိတယ်။ တိုင်းရင်းသား တွေကို နားလည်မှု မပေးခဲ့တာ အစ်ကို ကြီးဝါဒကို စွန့်လွှတ်ဖို့ လိုတယ်။ အကုန်လုံးက တန်း တူညီတူနဲ့ တစ်ယောက်နဲ့တစ်ယောက် လေးစားဖို့ လိုပါတယ်။

နောက်ဆုံးအနေနဲ့ အမေရိကန်နိုင်ငံသားကနေ မြန်မာနိုင်ငံ သားအဖြစ် ပြန်ယူဖို့ စိတ်ဆန္ဒရှိသလား၊ အစ်ကိုတို့ ပြန် လာတဲ့အချိန်မှာ AB မြောက်ပိုင်းက သတင်းစာရှင်းလင်း ပွဲ လုပ်တယ်၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး အစ်ကို ဘာများ ပြောချင်သလဲ။
 အမေရိကန်နိုင်ငံသားဘဝကနေ မြန်မာနိုင်ငံသား ခံယူဖို့က ကျွန်တော့်ရဲ့ အပြင်းထန်ဆုံး ဆန္ဒပါ။ ကျွန်တော် ရဲ့ Mission ပါ။ ဒီမှာ သက်သေရှိတယ်။ နှစ်ပေါင်း သုံးဆယ်လောက် ကွဲသွားတဲ့လူတွေ ရှိတယ်။ ဘာကိုပဲ စွန့်လွှတ်ရ စွန့်လွှတ်ရပေါ့။ စွန့်လွှတ်ခဲ့တာလည်း Pass port စာအုပ်နဲ့ နိုင်ငံသားကတ်တစ်ခုတည်း မဟုတ်ဘူး။ ဘဝတွေပါ။ တော်ရုံတန်ရုံလူဆို မတွေးရဲဝံ့အောင်ပါ။ ကျွန်တော် ဗမာနိုင်ငံ သားခံယူဖို့ တိုင်းပြည်က လုပ်ဖော်ကိုင်ဖက်တွေက တောင်းဆိုတာတွေကို လုပ် မယ်။ တစ်ခါတလေကျတော့ ကိုယ်က စေတနာရှိ ပေမယ့် သူတို့က Wellcome မလုပ်ရင် ပြဿနာ။ ဘာလို့လဲဆိုရင် လူ့သဘာဝ ရှိတာပေါ့။ ယဉ်ကျေးမှု ကွာသွားတာကိုး။ ပုံပြင်မဟုတ်ဘူး။ တကယ့် သုတေသန လုပ်ထားတာကို ပြောပြထားတာ ရှိတယ်။ ဘရာဇီးနိုင်ငံရဲ့ အမေဇုန်တောထဲက Rainforest ကြီးထဲက ဖြတ်ပြီးတော့ ဟိုင်းဝေးလမ်းကြီး ဖောက်ချ လိုက်ရော။ အဲဒီထဲမှာ ချင်ပန်စီမျောက်အုပ်တွေ ရှိတယ်။ ကွဲသလို ဖြစ်သွားတာ လမ်းဖောက်လိုက်တော့ ဟိုဘက်နဲ့ ဒီဘက် သွားလို့မရတော့ဘူး။ သွားရင် ကားတိုက်ခံရမှာကိုး။ ကျွန်တော်တို့ ငယ်ငယ်တုန်းက ကြုံဖူးတယ်။ အိမ်မှာမွေးထားတဲ့ ကြက်ကလေးတွေ ကြက်အုပ်နဲ့ နှစ်ရက်လောက်ကွဲပြီး ပြန်ဆုံတဲ့အခါကျ တော့ လက်မခံနိုင်တာတွေ ရှိတယ်။ တစ်ကောင်နဲ့ တစ်ကောင် ဆိတ်နေတာတွေ ရှိတယ်။ ကိုယ်က အဆိတ် ခံရတဲ့ ကြက်ကလေးပေါ့။ ဒီဘက်တောအုပ်ကနေ ဟိုဘက်တောအုပ်ကို ပြန်ရောက်တဲ့ ချင်ပန်စီ တစ်ကောင် ပေါ့။ ညတုန်းက အိပ်မက်မက်တယ်။ Alien တွေနဲ့ စစ်တိုက်နေတယ်။ ကိုယ်က Alien  တစ်ယောက်လိုပဲ။ ပုဂ္ဂိုလ်ရေး Feeling လေးကို ပြောကြားတာပါ။ အဲ့လိုမျိုး ကိုယ့်လူမျိုး လွတ်မြောက်ရေးအတွက် တိုက်ခိုက်ကြ တာပဲ။ ဒီဘက် ပြန်ရောက် သွားတဲ့အခါကျတော့ သတ္တဝါတွေရဲ့ သဘာဝပဲ။ နောက်ပိုင်းရောက်သွားရင် ကြာလာတဲ့အခါမှာ Friendly  ပြန်ဖြစ်သွားတာမျိုး ရှိတယ်။ ကာလတစ်ခု ဖျက်ပြီး သွားလို့ ယုံကြည် သွားရင် ယုံကြည်မှုတွေ ပြန်ရသွားရင် အရင်လို ပြန်ဖြစ် သွားမှာပါ။ ခွေးလေးတွေ တစ်ကောင်နဲ့ တစ်ကောင် ရန်သူလား မိတ်ဆွေလားဆိုပြီး စစ်ကြတာ မျိုးတွေ ရှိတယ်။ အမြီးလေးတွေနှံ့ပြီး စစ်နေကြတယ်။ တစ်ရက် နှစ်ရက်လောက် ကြာသွားရင် မိတ်ဆွေတွေမှန်း သိသွား တယ်။ ဒီတော့ ဆော့ကစားနေတာပေါ့။ ဝမ်းနည်းဖို့ ကောင်းတာတစ်ခုက ကျွန်တော်တို့ ဗမာတွေဟာ ရိုဟင်ဂျာကိစ္စကိုသာ ပြောနေတယ်။ တရုတ်ကိစ္စလည်း ပြောနေတယ်။ ကျွန်တော်ရဲ့ သုံးသပ်ချက်အနေနဲ့  ဗမာတစ်ယောက်ရဲ့ ရန်သူက ဗမာပဲ ဖြစ်နေတယ်။ နိုင်ငံခြားထွက်ကြည့်မှ သိတာပါ။ ကားပေါ်မှာ တွေ့ရင် ဒီကောင် ဗမာလားမသိဘူး၊ ဗမာလိုမပြောနဲ့၊ မခေါ်နဲ့၊ ထောက်လှမ်းရေးလား မသိဘူး၊ ငါ့ကို ဒုက္ခပေးမလား မသိဘူး ဖြစ်နေတာ။ နိုင်ငံခြားမှာ ဗမာဖြစ်နေရင် ဒုက္ခ သည်တွေချည်းပဲ။ ကားဂိတ်တို့ ဘူတာတို့မှာ ဒုက္ခ ရောက်ပြီး လမ်းပျောက်နေတာချည်းပဲ။ အခု ဗမာရဲ့ ရန်သူဟာ ဗမာမဟုတ်တော့ဘူး၊ အခု ရိုဟင်ဂျာ ဖြစ်နေတယ်။ ရခိုင်ရဲ့ ရန်သူကလည်း ရခိုင်ဖြစ်နေတယ်။ အဲလို ဖြစ်သွားတယ်။ တိရစ္ဆာန်လို ဖြစ်သွားတယ်။ ကျွန်တော်တို့ တိရစ္ဆာန်လို ဆက်ဆံခံရတဲ့ စနစ်ကြီး အောက်မှာ နေရတော့ ချင်ပန်စီနှစ်ကောင်လို ဖြစ်နေ တယ်။ ကျွန်တော်ယုံကြည်တယ်။ ကျွန်တော်တို့က အတူတူပဲမို့လို့ ကောင်းမှုတွေရော မကောင်းမှုတွေရော ပြန် Share သွားမယ်လို့ ယုံကြည်တယ်။

AB မြောက်ပိုင်းကိစ္စ ထပ်ပြောပါဦး။
 အဲဒါနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ သတင်းစာ ရှင်းလင်းပွဲမှာလည်း ပြောသွားပြီးပြီ။ အမှန်တရား ဖော် ထုတ်ဖို့ ကြိုးပမ်းသွားမယ်။ ကူညီပံ့ပိုးသွားမယ်။ သေဆုံးတဲ့ ရဲဘော်တွေကို တို့ရဲဘော်တွေအတွက် အသိ အမှတ်ပြုတယ်။ ဒီကိစ္စတွေ အတွက်ကို ကိုနိုင်အောင် က ဖြေရှင်းရင် ပိုကောင်းမယ်လို့ ထင်တယ်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis