လက်ရှိခရီးစဉ်အနေနဲ့ ဘာတွေများ ဆောင်ရွက်ပြီးသွားပြီလဲ။
ဝန်ကြီးဦးစိုးသိန်းနဲ့ ဝန်ကြီးဦးအောင်မင်းတို့နဲ့ တွေ့ဆုံဆွေးနွေးတယ်။ လက်ရှိမြန်မာနိုင်ငံရဲ့ အပြောင်း အလဲတွေကပိုပြီး မြန်မြန်ဆန်ဆန် ချောချော

မွေ့မွေ့ဖြစ်ဖို့ ဆွေးနွေးတယ်။ ဆွေးနွေးမှုတွေက အလွန် အဆင်ပြေတယ်၊ အားရဖို့ကောင်းပါတယ်။
သမ္မတကြီးနဲ့ တွေ့ဖို့ အစီအစဉ်ရှိပါသလား။
သမ္မတကြီးနဲ့ တွေ့ဖို့ အစီအစဉ်ရှိပါတယ်။ နောက် တစ်ပတ်လောက်ဆိုရင် တွေ့ခွင့်ရမယ်လို့ ထင်ပါတယ်။
ကျွန်တော်တို့ အခု ကြားထားတာက သမ္မတကြီးရဲ့ အမေရိကန်ခရီးစဉ်မှာ အစ်ကို့အနေနဲ့တခြား ဝင်ရောက် ဆောင်ရွက်ပေးရမယ့် အရာတွေ ရှိတယ်လို့ သိရပါတယ်။
ကျွန်တော်တို့က တတ်နိုင်သမျှ ဆောင်ရွက်ပေးချင်တာပါ။ ဘာလို့လဲဆိုရင် ဒီနေ့ မြန်မာပြည်မှာ ဖြစ်နေတဲ့ အပြောင်းအလဲအပေါ်မှာ ကျွန်တော်တို့ မြင်တဲ့အမြင်ကို တစ်ကမ္ဘာလုံးကို တင်ပြပေးမယ်။ အခု သမ္မတ ဦးသိန်းစိန် ဦးဆောင်ပြီး ပြောင်းလဲနေတယ်၊ သူ့ရဲ့ ပြောင်းလဲမှုကို ကျွန်တော်တို့က အယုံအကြည်ရှိတယ်။ သူ့ကို ကူညီဖို့ အင်တာနေရှင်နယ်ကို မေတ္တာရပ်ခံ ပေးချင်တယ်။ ဒါဟာ တိုင်းပြည်နဲ့ လူမျိုးအတွက်ပါ။ သူ့အတွက်ရယ်လို့ မဟုတ်ပါဘူး။ ဘယ်သူ့အတွက်မှ မဟုတ်ဘူး။ သူဦးဆောင်တဲ့ အပြောင်းအလဲမှာ ကျွန်တော်တို့ တတ်နိုင်သမျှ စည်းလုံးညီညွတ်ပြီးတော့ တိုင်းပြည်နဲ့ ပြည်သူ့အတွက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ တိုင်းပြည်ရဲ့ စီးပွားရေးက အရမ်းကျဆင်းနေပြီ။ သူကလည်း ပြောင်းလဲနေတယ်။ ဒါပေမဲ့ အခက်အခဲ တွေ အများကြီးရှိတာပေါ့။ မြေတွေ သိမ်းခံနေရတာ လည်း ကြားတယ်၊ လူ့အခွင့်အရေး ချိုးဖောက်နေတာ တွေလည်း ရှိတယ်၊ အရင် အစိုးရ အဆက်ဆက်က ဖြစ်နေတဲ့ဟာကို သူ့အနေနဲ့ ခေါင်းခံနေရတယ်၊ ချာလပတ်ရမ်းနေတာကို ကျွန်တော်တို့ နားလည် ရမှာပေါ့။
အမေရိကန်ခရီးစဉ်မှာ ဆောင်ရွက်ပေးရမယ့် အချက် တွေကို အစ်ကို့ဘက်က စပြီး ကမ်းလှမ်းတာလား၊ အစိုးရအဖွဲ့က ဆွေးနွေးဖို့ စပြီး ကမ်းလှမ်းတာလား။
အပြန်အလှန်ပေါ့၊ အစိုးရက အစိုးရရဲ့ အကူအညီ အခက်အခဲတွေကို ဆွေးနွေးတာပေါ့။ ကျွန်တော်ကလည်း ကျွန်တော်လိုတဲ့ အကူအညီတွေကို ပြောတယ်။ သူတို့ လည်း လိုတဲ့အကူအညီတွေ အခက်အခဲတွေကို ပြော တယ်။ အဲဒါကိုက အပြန်အလှန် နားလည်မှုရတဲ့ သဘောပေါ့။ ကြားထဲမှာ ဘာမှ အကွယ်အဝှက်တွေ မရှိဘူး။ ကျွန်တော်တို့က အခက်အခဲကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတယ်။
အစ်ကို ပြည်ပကို ထွက်ခွာသွားတာ နှစ်ဆယ့်လေးနှစ် ကျော်ရှိပြီ ထင်တယ်၊ ထွက်ခွာသွားတဲ့ အချိန်မှာရော အခု ပြန်ရောက်လာတဲ့အချိန်မှာ နိုင်ငံရေးအရ ဘယ်လို ရှုမြင်ထားလဲ။
နိုင်ငံရေးအရကတော့ ဘယ်လိုခေါ်မလဲဆိုတော့ အပြောင်းအလဲတွေ ဦးတည်နေတဲ့ Drectrion ကို ဖြစ်စေ ချင်တယ်။ အခြေအနေအရ ရှင်းရှင်းလင်းလင်း ပြောရ ရင် ရှုပ်ထွေးမှုတွေလည်း ရှိတယ်၊ အခွင့်အလမ်းတွေ လည်းရှိတယ်၊ စိန်ခေါ်မှုတွေလည်း ရှိတယ်။
အခု အစိုးရအဖွဲ့မှာရော အတိုက်အခံအဖွဲ့ရော တခြား နိုင်ငံရေးလေ့လာ သုံးသပ်သူတွေရော နောက်ကြောင်း ပြန်လှည့်သွားမလားဆိုပြီး စိုးရိမ်မှုတွေကိုတွေ့ရတယ်၊ အစ်ကို့အနေနဲ့ နောက်ကြောင်းပြန်လှည့်မယ့် အချက်က ဘယ်လိုအချက် တွေလို့ ရှုမြင်ပါသလဲ။
နောက်ကြောင်းပြန်လှည့်သွားတယ်ဆိုတာ အာဏာ သိမ်းတဲ့ ဥပဒေ ပြန်ဖြစ်မလား၊ နိုင်ငံရေးအင်အားစုတွေ ပြိုကွဲပြီး စစ်တပ်က နောက်တစ်ခါ ပြန်တက်လာမလား။ ဒီမိုကရေစီအင်အားစုတွေ ပြိုကွဲပြီး နောက်တစ်ခေါက် ဒီမိုကရေစီစနစ်ကို ဦးမတည်ဘဲ အာဏာရှင်စနစ်ကို ဦးတည်မလားလို့ဆိုပြီး စိုးရိမ်ဝေဖန်ကြတယ်လို့ နား လည်ပါတယ်။
သိပ်မကြာခင်အချိန်တုန်းက ရခိုင်အရေးတစ်ခု ဖြစ်သွား ခဲ့တယ်၊ သုံးသပ်မှုတွေလည်း အများကြီးရှိတယ်၊ ပြည်ပရောက် အဖွဲ့အစည်းတချို့က နိုင်ငံတကာက အကူ အညီတွေတောင်းပြီး ရိုဟင်ဂျာအရေးကို လူ့အခွင့်အရေး သတ်မှတ်ပြီး သုံးသပ်တဲ့လူလည်း ရှိတယ်၊ ဒါဟာ လူ့အခွင့်အရေးတစ်ခုတည်း ကြည့်လို့မရဘူး အမျိုးသား ရေးလို့ သုံးသပ်တဲ့လူတွေလည်း ရှိတယ်။ တကယ် အခြေအနေမှန်ကိုရော ဘယ်လိုရှုမြင်ပါသလဲ။ ဒီနေရာ ကနေ ရခိုင်ပြည်သူတွေကို ဘာစကားပါးချင်ပါသလဲ။ ပြီးတော့ ရိုဟင်ဂျာတွေကိုရော ဘာစကား ပါးချင် ပါသလဲ။(ဆက်ရန်)

Messenger News Journal
No comments:
Post a Comment