menu

Saturday 8 September 2012

ဘာမြူဒါသို့ လက်စလီမုန်းတိုင်း ဖြတ်သန်းတိုက်ခတ်မည် သမိုင်းတွင် အဆိုးဝါးဆုံး မုန်းတိုင်းဖြစ်လာမည်ဟု ခန့်မှန်းထား

ဗြီတိန်ပိုင်းနက်ရှိ ဘာမြူတာဒေသသို့ ဟာရီကိန်းမုန်းတိုင်း လက်စလီဖြတ်ကျော်တိုက်ခိုက်နိုင်ခြေရှိသောကြောင့် ထိုဒေသရှိ စာသင်ကျောင်းများနှင့် အစိုးရရုံးများအား ပိတ်ထးရသည်ဟု သိရသည်။

ယမန်နေ့က ဘာမြူဒါဒေသမှ မိုင်းပိုင်း ၄၃၀ အကွာတွင် စတင်ဖြစ်ပေါ်လာသော လက်စလီမုန်းတိုင်းသည် ဘာမြူဒါဒေသသို့ ယနေ့ (သော

ကြာနေ့) တွင် ဖြတ်သန်းတိုက် ခတ်ဖွယ်ရှိသောကြောင့် ဒေသခံများအား အဆိုးဆုံးအခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားကြရန် အာဏာပိုင်များက သတိပေးချက်ထုတ်ပြန်ထားသည်။

ဇလဗေဒကျွမ်းကျင်သူများက ဟာရီကိန်း လက်စလီသည် ဘာမြူဒါဒေသသို့ သောကြာနေ့တွင် ရောက်ရှိမည်ဖြစ်ပြီး မုန်းတိုင်းပမာဏ ပိုမိုပြင်းထန်းလာဖွယ်ရှိရာ ဘာမြူဒါဒေသခံများမှာ မုန်းတိုင်းဒဏ်အား ၂ ရက်ခန့်မျှ ကြုံတွေ့ရမည်ဟု ခန့်မှန်းထားကြသည်။

``လက်စလီဟာ ဘာမြူဒါဒေသအတွက် သမိုင်းဝင်မုန်းတိုင်းတစ်ခုဖြစ်လာပါလိမ့်မယ်။ မုန်းတိုင်းဟာ ပြင်းထန်းတဲ့ အရှိန်နဲ့ (ဘာမြူဒါဒေသဆီသို့) အမြန်ရွေ့ရှားလာနေပါတယ်´´ဟု ဘာမြူဒါဒေသအရေးပေါ်စီမံခန့်ခွဲမှုအဖွဲ့၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

ကျော်ရဲလင်း

Ref: CNN
Popular Myanmar News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis