menu

Thursday 26 April 2012

တစ်ဆယ့်တစ်ဂဏန်း နှင့် မြန်မာပြည်(ဆရာတိုး (စမ်းချောင်း))

လောကတစ်ခုလုံးကိန်းဂဏန်းဖြင့် ဖွဲ့တည်ထားရှိသည်။ တိုင်းပြည်အသီးသီး မှသည်လူတစ်ဦးချင်းစီထိ ကိန်းဂဏန်း များဖြင့် စိုးမိုးလျက်ရှိသည်။ ထိုကိန်းဂဏန်း အကြောင်းနှစ်ပေါင်းများစွာအနီးကပ်လေ့ လာကြည့်သောအခါ၊ ထူးခြားဖြစ်စဉ်ဖြစ် ရပ်တို့သည် ကိန်းဂဏန်းများ၏စိုးမိုးခြင်း ကြောင့်ဖြစ်ပေါ်လာကြောင်းတွေ့ရှိရ သည်။ ထို့ကြောင့် စိုးမိုးဂဏန်းများ၏ စရိုက်လက္ခဏာတူညီကြသောအခါဖြစ် စဉ်ဖြစ်ရပ်တို့သည်လည်း သဏ္ဍာန်တူပုံစံ များဖြစ်ပေါ်လေ့ရှိသည်။
စာရေးသူသည် ကိန်းဂဏန်းများ၏ ဖွဲ့တည်ပုံ၊ ထိုကိန်းဂဏန်းများ၏စိုးမိုးခြင်း အတတ်ပညာ၊ ဂြိုလ်နက္ခတ်အတတ်ပညာ နှင့် လက်ဝါးပြင်ဖတ်အတတ်ပညာတို့ကို နှစ်ပေါင်းလေးဆယ်ကျော်မျှသုတေသန ပြုလုပ်ခဲ့ပါသည်။ စာရေးသူသည် စိုးမိုး ဂဏန်းများအကြောင်း တစေ့တစောင်း လေ့လာမှတ်သားကြည့်မိသည်။

စာရေးသူငယ်စဉ်က မြန်မာ့သမိုင်း ဘာသာရပ်သင်ကြားရသောအခါ နယ်ချဲ့ အင်္ဂလိပ်တို့သည် မြန်မာနိုင်ငံကိုသိမ်းပိုက် ရန် ကျူးကျော်စစ်သုံးကြိမ်တိုင်တိုင်တိုက် ခိုက်ခဲ့ကြသည်။ တတိယအကြိမ်အင်္ဂလိပ် မြန်မာစစ်ပွဲအပြီးတွင် မြန်မာတို့စစ်ရှုံး၍ မြန်မာဘုရင်သီပေါမင်းနှင့် မိဖုရားတို့ကို ကြက်ကလေးငှက်ကလေးများပမာဖမ်းဆီး ခေါ်ဆောင်သွားခြင်းခံခဲ့ရသည်။ ကိုယ့် ထီးကိုယ့်နန်းနှင့် နေလာခဲ့သော မြန်မာ တို့သည် ထီးကျိုးစည်ပေါက်သူ့ကျွန်ဘ၀  ရောက်ခဲ့ရသည် သီပေါမင်းပါတော်မူခဲ့ သော ၁၂၄၇ ခုနှစ်သည်။ စာရေးသူ၏ ရင်ထဲအသဲထဲမှာနာကျင်စွာစွဲထင်ကျန်ရစ် သည်။
မြန်မာတို့သည်သူ့ကျွန်ဘ၀ရောက် ပြီးနှစ်ပေါင်းများစွာ ကြာလတ်သော်၊ ကျောင်းသားများက နယ်ချဲ့အင်္ဂလိပ်တို့ ကိုသပိတ်မှောက်ခဲ့ကြသည်။ ကျောင်းသား သပိတ်ပြင်းထန်လာသောအခါ နယ်ချဲ့ ပုလိပ်များသည် ကျောင်းသားများကို နံပါတ်ဒုတ်ဖြင့် ရိုက်၍နှိမ်နှင်းခဲ့သဖြင့် ဗိုလ်အောင်ကျော်ကျဆုံးခဲ့ရသည်။ ဗိုလ် အောင်ကျော်ကျဆုံးခဲ့သောနှစ်မှာ ၁၉၃၈ ခုနှစ်က ကျဆုံးခဲ့ရခြင်းဖြစ်သည်။
ဗိုလ်အောင်ကျော်ကျဆုံးပြီးနောက် ပိုင်းတွင်လည်း ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်းဦးဆောင်၍ မျိုးချစ်ကျောင်း သားများက နယ်ချဲ့အင်္ဂလိပ်အစိုးရကို နည်းမျိုးစုံဆန္ဒပြခဲ့ကြသည်။ တစ်နိုင်ငံလုံး အမျိုးသားရေးအုံကြွမှုကြီးဖြစ်လာကာ မြန်မာလွတ်လပ်ရေးအတွက် သွေးချွေး များရင်းပြီး ပြင်းထန်စွာတိုက်ပွဲဝင်ခဲ့ကြ သည်။ ဗိုလ်ချုပ်အောင်ဆန်းသည်လွတ် လပ်ရေးအတွက် အားကျိုးမာန်တက် ဆောင်ရွက်ခဲ့သော်လည်း လွတ်လပ်ရေး မရမီလက်တစ်ကမ်းအလိုပေးမှာပင်ဂဠုံဦးစော  နှင့် အပေါင်းပါတို့၏လုပ်ကြံခံခဲ့ရသဖြင့် ၁၉၄၇ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်များကျဆုံးခဲ့ရ သည်။
လွတ်လပ်ရးရပြီးနောက် ၁၉၅၆ ခုနှစ် ပထစ အစိုးရလက်ထက် ရတန်းစာမေး ပွဲကို အစိုးရစစ်စာမေးပွဲအဖြစ်ဖြေဆိုကြ ပါသည်။ ၇ တန်းစာမေးပွဲတွင် မေးခွန်း ပေါက်ကြားသည့်ကိစ္စပြဿနာဖြစ်ပြီး ကျောင်းသားများဆန္ဒပြခဲ့ကြသည်။ ကျောင်းသားဆန္ဒပြပွဲကို အစိုးရကသေနတ်  ဖြင့် ပစ်ခတ်နှိမ်နင်းသောအခါဟယ်ရီတန် ခေါ်ကျောင်းသားတစ်ဦးသေနတ်မှန်ပြီး သေဆုံးခဲ့ရသည်။ ဟယ်ရီတန်သေဆုံးပြီး ထိုနှစ်က ၇တန်းဖြေဆိုသူအားလုံး အအောင်ပေးခဲ့ရသည်။
ဖော်ပြပါမြန်မာနိုင်ငံ၏ သမိုင်းဝင်  ဖြစ်ရပ်ဆိုးများလေ့လာကြည့်လျှင်-
သီပေါမင်းပါတော်မူခဲ့သောနှစ်—–၁၂၄၇ခုနှစ်၊ ဗိုလ်အောင်ကျော်ကျဆုံး ခဲ့သောနှစ် ——၁၉၃၈ ခုနှစ်၊ ဗိုလ်ချုပ် အောင်ဆန်းနှင့် အာဇာနည်းခေါင်းဆောင် များကျဆုံးခဲ့သောနှစ် —-၁၉၄၇ ခုနှစ်၊ ဟယ်ရီတန်ကျဆုံးခဲ့သောနှစ် —-၁၉၅၆ ခုနှစ်၊ အထက်ပါခုနှစ်များ၏ နောက် ဂဏန်းနှစ်လုံးကို လေ့လာကြည့်သော အခါ ၄၇-၃၈-၄၇-၅၆ ဟုတွေ့ရပေမည်။ ၎င်းင်းဂဏန်းများကိုပေါင်းကြည့်ပါက (၁၁) ဂဏန်းအဖြစ်တည်ရှိနေကြောင်းတွေ့ရ ပေမည်။ ထိုဖြစ်စဉ်ဖြစ်ရပ်တို့ကို ကြည့် ခြင်းအားဖြင့် မြန်မာနိုင်ငံအပေါ်မကောင်း  ကျိုးပေးသော စိုးမိုးဂဏန်းသည် (၁၁) ဂဏန်းဖြစ်ကြောင်းထင်ရှားပါသည်။ စာရေးသူသည် ဆယ်စုနှစ်တစ်ကြိမ်ကျ ရောက်တတ်သော မြန်မာနိုင်ငံ၏စိုးမိုး ဂဏန်း (၁၁) ကျရောက်သောနှစ်တိုင်း ထူးခြားဖြစ်စဉ်တို့ကိုတစိုက်မတ်မတ်လေ့ လာမှတ်သားပြီးမှတ်တမ်းတင်ထားရှိခဲ့ပါ သည်။
လွတ်လပ်ရေးရပြီး ၁၉၅၆ ခုနှစ်ကို လေ့လာကြည့်လျှင် ပြည်တွင်းစစ်မီးတောက်  လောင်ဆဲကာလဖြစ်သည်။ အလံဖြူ၊ အလံနီ၊ ကွန်မြူနစ်ပါတီစသည့် ရောင်စုံ  သူပုန်များဖြင့် ပြည်တွင်းသောင်းကျန်းမှု သည်အရှိန်အဟုန်မြင့်မားလျက်ရှိသည်။ ကွန်မြူနစ်ပါတီအချင်းချင်းသဘောထား ကွဲလွဲကြသောအခါ အလံဖြူက၊ အလံနီ သတ်၊ အလံနီကဦးလျှင်လည်း အလံဖြူ ကိုပြန်သတ်ပြီးအပြန်အလှန်သတ်ဖြတ် ကြရုံမျှမက အစိုးရတပ်များတက်လာလျှင်  လည်း တိုက်ပွဲများဖြစ်ကြနှင့် ရွာသူရွာ သားများမြေဇာပင်ပမာအလူးအလှိမ့်ခံစား ကြရသည်။
၁၉၆၅ ခုနှစ်တွင် ပြည်တွင်းစစ်မီး သည် တဖြည်းဖြည်းငြိမ်းလာရာမှ တရုတ်ပြည် ကွန်မြူနစ်ပါတီ၏ (၆၄) လမ်း  စဉ် (ဖြုတ်ထုတ်သတ်လမ်းစဉ်) သည် မြန်မာကွန်မြူနစ်ပါတီအတွင်းသို့ ရုတ်ချည်း  ကူးဆက်ပျံ့နှံ့စိမ့်ဝင်လာပါသည်။ (၆၄) လမ်းစဉ်သည်။ အပြန်အလှန်စွဲချက်တင် ကြပြီး အချင်းချင်းသတ်ဖြတ်ကြသဖြင့် ဖြုတ်ထုတ်သတ်လမ်းစဉ်အဖြစ်လူသိများ လာသည် ကွန်မြူနစ်ပါတီသည်ရွာသား များအား မိမိတို့ဘက်ပါလာအောင်သွေး ဆောင်ဖြားယောင်းစည်းရုံးသိမ်းသွင်းပြီး မိမိထဲဝင်လာသူများကို “ကျောရိုး” ဟု သတ်မှတ်ခဲ့ကြသည်။ ကျောရိုးများသည် ကွန်မြူနစ်ပါတီ၏ လမ်းညွှန်ချက်အတိုင်း မိမိတို့ရွာသားအချင်းချင်းစွဲချက်အမျိုးမျိုး တင်ကာ အစိုးရ “ဒေါက်တိုင်”ဟု သတ် မှတ်ပြီးလစ်လျှင် လစ်သလိုမကြာခဏဆွဲ သတ်နေကြသဖြင့် ရွာသားများသည် မိမိ တို့ အိုးအိမ်လယ်ယာမြေများစွန့်ပစ်ပြီး စစ်တပ်ရှိရာ၊ ရဲစခန်းအခြေစိုက်ရာ၊ ကျေး ရွာများသို့ထွက်ပြေးခိုလှုံကြရသည်။ ထို စဉ်က ကျောရိုးခေတ်နှင့် ကြုံခဲ့ရသောရွာ သားများမှာ အဖေအသတ်ခံရ၊ အချို့ သားအသတ်ခံရ၊ အချို့လင်အသတ်ခံခဲ့ ကြရသည်။ ကိုယ့်အိမ်ကိုမနေရဲ၊ ကိုယ့် ယာကိုမလုပ်ရဲ။ အိုးပစ်၊အိမ်ပစ်၊လယ်ပစ်၊ ယာပစ်ဘ၀ဖြင့် အိမ်တိုင်နွယ်ရစ်လယ် တွေတောဖြစ်ခဲ့ရသည်။
ကျေးလက်မှာ “ကျောရိုး” ဝေပြီးရွာ သားများအသတ်ခံရချိန် မြို့ပြဒေသတွင် ဆန်ပြဿနာကြီး အကြီးအကျယ်ပေါ် ပေါက်လာခဲ့သည်။ ၁၉၆၅ ခုနှစ်ဆန်ပြဿ နာတဖြည်းဖြည်းကျယ်ပြန့်လာပြီးနောက်  ၁၉၆၇ ခုနှစ်အရောက်တွင် တရုတ်မြန်မာ အရေးအခင်းရုတ်တရက်ပေါ်ပေါက်ခဲ့ သည်။ တရုတ်နှင့် မြန်မာတို့သည်၊ နှစ် ပေါင်းများစွာ ပေါက်ဖော်သားချင်းများ ပမာအတူတကွယှဉ်တွဲနေထိုင်လာကြကာ တရုတ်တို့ကို မြန်မာတို့က “ပေါက်ဖော်” ဟု တင်စားခေါ်ဝေါ်ခဲ့ကြသည်။ ဤမျှ ချစ်ကြည်ရင်းနှီးခဲ့ကြသော တရုတ်မြန်မာ တို့သည် အဘယ့်ကြောင့်တရုတ်မြန်မာ အရေးအခင်းကြီးပေါ်ပေါက်ခဲ့ရသနည်း။
စာရေးသူသည် ကိန်းဂဏန်းသမား ဖြစ်သဖြင့် ကိန်းဂဏန်းအရတင်ပြပါမည်။ တရုတ်မြန်မာအရေးအခင်းဖြစ်သော မြန်မာသက်္ကရာဇ်သည်၊ ၁၃၂၉ ခုနှစ်က ဖြစ်ပွားခဲ့သည်။ ၁၃၂၉ ခုနှစ်ကို ကြည့်လျှင် နောက်ဂဏန်းနှစ်လုံးကိုပေါင်းသော် ၂+၉= ၁၁-၇ ရှိသဖြင့်၊ ၎င်းင်း (၁၁) စိုးမိုးဂဏန်း သည်။ မကောင်းသောဆိုးကျိုးများကို တနည်းတဖုံဖော်ဆောင်ပေးခြင်းဟုဆိုပေ မည်။
သက္ကရာဇ် ၁၉၄၇ ခုနှစ်၏ ထူးခြား ဖြစ်စဉ်များကို လေ့လာကြည့်လျှင် ၇၄- ခုနှစ်တွင် ဗကပအမည်ခံတရုတ်ဖြူများ သည် ရှမ်းပြည်နယ်ဘက်တွင် အလုံး အရင်းနှင့် ကျူးကျော်ဝင်ရောက်လာကြ သည်၊ မြန်မာ့တပ်မတော်သည် ကျူးကျော် ၀င်ရောက်လာသောဗကပအမည်ခံတရုတ် ဖြူများကို ပြင်းပြင်းထန်ထန်တိုက်ပွဲကြီး များဆင်နွှဲနေရချိန်။
မြန်မာပြည်တစ်လွှားဧရာဝတီမြစ်ရိုး တလျှောက်နှစ်တစ်ရာမှာတစ်ခါသာကြီး သည့် ဧရာဝတီရေကြီးမှုကြီးဖြစ်ပေါ်ခဲ့ သည်။ ပြည်သူအများအပြားမှာ ရေဘေး ဒုက္ခခါးခါးသီးသီးခံစားခဲ့ကြရသည်။ ““ဘူ တာရုံမှာသင်္ဘောကြီးတွေဆိုက်ကပ်ခဲ့ရ သည်။ ပြည်မြို့ရွှေဆံတော်ခြေတော်ရင်း က ခြင်္သေကြီးနှစ်ကောင်ခြေဆေးနိုင်သည် ထိရေကြီးခဲ့ပါသည်။
မြန်မာပြည်ရေဘေးဒုက္ခများခံစားရ ပြီးနောက် ၁၉၇၄ ခုနှစ်မှာပင် မြန်မာတို့ အထူးလေးစားဂုဏ်ယူခဲ့ရသော ကုလသမ္မဂ္ဂ အထွေထွေရေးမှူးချုပ်ဦးသန့်ကွယ်လွန်ခဲ့ ရသည်။ ဦးသန့်ရုပ်အလောင်းမြန်မာပြည် ရောက်လာသောအခါ မြန်မာတို့လေးစား  ဂုဏ်ယူထိုက်သောဦးသန့်ရုပ်အလောင်း ကို ထိုက်ထိုက်တန်တန်ဂုဏ်ပြုသင်္ဂြိုလ်ခွင့် မရသည့်ပြင် ဦးသန့်ရုပ်အလောင်းသည် ကြံတောသုဿန်ရောက်မလိုဖြစ်လိုက်၊ ကျိုက္ကစံရောက်သွားလိုက်နှင့် နောက်ဆုံး တက္ကသိုလ်ထဲရောက်လာပြီး ဦးသန့်ရုပ် အလောင်းသည် ဆောက်တည်ရာမရ အောင်ယောက်ယက်ခတ်ဖြစ်ခဲ့သည်။ ထိုဝိဉာဉ်ကင်းမဲ့နေသော ဦးသန့်ရုပ် အလောင်းသည် ဦးသန့်အရေးအခင်း အဖြစ်အံ့သြဖွယ်ကောင်းလောက်အောင် သမိုင်းဝင်ဖြစ်ရပ်ဆိုးကြီးကြုံခဲ့ရသည်။ ဦးသန့်အရေးအခင်းမှာ သေဆုံးသူ အဖမ်းခံရသူထောင်ကျသူများစသည် မကောင်းသောအနိဌာရုံပုံရိပ်စဲတွေထင် ကျန်ရစ်ခဲ့သည်။
၁၉၄၇ ခုနှစ်မှ တဖန် ၁၉၈၃ ခုနှစ် ကို ဆက်လက်လေ့လာကြည့်ပါဦး။ ၁၉၈၃ ခုနှစ်သမ္မတကြီးဦးစန်းယူလက် ထက်အချိန်အခါကဖြစ်သည်။ သမ္မတကြီး ဦးစန်းယု၏ ဖိတ်ကြားချက်အရတောင်ကိုး  ရီးယားသမ္မတချန်ဒူးဝမ်နှင့် အဖွဲ့မြန်မာ နိုင်ငံသို့ချစ်ကြည်ရေးခရီးရောက်ရှိလာပါ သည်။ နိုင်ငံတကာဧည့်သည်တော်များ သည် မြန်မာနိုင်ငံရောက်လျှင်ဗိုလ်ချုပ် အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင် ကြီးများအား လွမ်းသူပန်းခွေချခြင်း၊ အလေးပြုခြင်းများသည် အစဉ်အလာပြု လုပ်လေ့ရှိကြသည်။
တောင်ကိုးရီးယားသမ္မတချန်ဒူးဝမ် နှင့် အဖွဲ့သည် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုရန် နံနက်စောစာကြိုတင်ရောက်  ရှိနေပါပြီ။ သမ္မတကြီးဦးစန်းယုသည်လည်း သမ္မတကြီးနှစ်ပါးအတူတကွအလေးပြုရန် မိမိအိမ်တော်မှထွက်ခွာလာပါသည်။ သမ္မတကြီးဦးစန်းယုသည်တော်လှန်ရေး ပန်းခြံအနီးဝိဇယရုပ်ရှင်ရှေ့အရောက်တွင် အလွန်အားပြင်းသောပေါက်ကွဲသံကြီး တစ်ခုထွက်ပေါ်လာပါသည်။ သမ္မတကြီး ဦးစန်းယုသည် အာဇာနည်ကုန်းရောက် ရှိသွားသောအခါ ဗိုလ်ချုပ်အောင်ဆန်း အုတ်ဂူမှာ ဗုံးကွဲကြောင်းအံ့သြဖွယ်ရာ တွေ့ရှိရသည်။ တောင်ကိုးရီးယားသမ္မတ ကြီးဒဏ်ရာရရှိခြင်းမရှိဘဲလိုက်ပါလာသော အဖွဲ့မှာ အချို့သာ ဒဏ်ရာရရှိသည်။ မြန်မာတို့ဘက်တွင် အသင့်ရောက်ရှိနေ သော ၀န်ကြီးဦးအောင်ကျော်မြင့်အနည်း ငယ်သာဒဏ်ရာရရှိခဲ့သည်။ အကယ်၍ သမ္မတကြီးဦးစန်းယုသည် အချိန်စော၍ ရောက်ရှိခဲ့လျှင် သမ္မတကြီးနှစ်ပါးနှင့် အဖွဲ့ဝင်များအားလုံး၏ရှေ့တည့်တည့်မှာ ပေါက်ကွဲမည်ဖြစ်သဖြင့် မမြင့်ဝံ့စရာ။ မတွေးဝံ့စရာ။
ကံအားလျော်စွာ ဗုံးခွဲသူများကို အချိန်မီရက်ပိုင်းအတွင်းဖမ်းဆီးရမိခဲ့သည်။ ဗုံးခွဲသူများမှာမြောက်ကိုးရီးယားမှဖြစ်ပြီုး တောင်ကိုးရီးယားသမ္မတကိုလာရောက် လုပ်ကြံခြင်းဖြစ်သည်။ သမ္မတကြီးဦးစန်းယု ၏ သမ္မတသက်တမ်းတွင် စိုးမိုးဂဏန်း (၁၁)နှင့် နှစ်ကြိမ်ကြုံတွေ့ခဲ့ရသည်။ ပထမ အကြိမ်မှာ ၈၃ ခုနှစ် ယခုဖော်ပြခဲ့သော အာဇာနည်ကုန်းဗုံးကွဲမှုဖြစ်သည်။ ဒုတိယ အကြိမ်မှာမြန်မာသက်္ကရာဇ် ၁၃၄၇ ခုနှစ် (၁၉၈၆-ခု) ကဖြစ်သည်။ ထိုအချိန်က သမ္မတကြီးဦးစန်းယုသည်နှလုံးရောဂါဝေ ဒနာပြင်းထန်စွာဖြစ်ပွားပြီး၊ အင်္ဂလန်နိုင်ငံ သို့နှလုံးခွဲစိတ်ကုသရန်သွားရောက်ခဲ့ပါ သည်။ သမ္မတကြီးဦးစန်းယု၏နှလုံးခွဲစိတ် ရန်မှာ အလွန်ခက်ခဲသဖြင့်မျှော်လင့်ချက် အလွန်နည်းပါးကြောင်း သိရပါသည်။ သို့သော် ကံကောင်းထောက်မစွာဖြင့် သမ္မတကြီးဦးစန်းယု၏နှလုံးခွဲစိတ်မှုသည် ထူးထူးခြားခြားအောင်မြင်ခဲ့ပါသည်။
၁၉၈၃ ခုနှစ်၏ ထူးခြားဖြစ်စဉ်များ ကို သိရှိပြီးနောက် ၁၉၉၂ ခုနှစ်ကို ဆက်လက်လေ့လာကြည့်လျှင်-
၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် NLD ပါတီသည် ပြည်သူတစ်ရပ်လုံး တခဲနက် ထောက်ခံမှုဖြင့် အနိုင်ရရှိခဲ့သည်။ သို့သော် ၁၉၉၂ ခုနှစ်အရောက်တွင်မဲအနိုင်ရရှိခဲ့ သော ဒေါ်အောင်ဆန်းစုကြည် NLD  ပါတီသည် သိသိသာသာတစ်ဆစ်ချိုးပြောင်း  သွားပြီး အမှောင်ကမ္ဘာထဲမှာ နှစ်ပေါင်း များစွာ တံခါးပိတ်ခံခဲ့ရသည်။ ဤသို့ဖြစ် ရခြင်းမှာ ၁၉၉၂ခုနှစ်သည်၊၉+၂=၁၁-ဟူ သောစိုးမိုးဂဏာန်း(၁၁)နှင့်ကြုံသော  အခါ၊မကောင်းသောဘေးထွက်ဆိုးကျိုးနှင့် ကြုံတွေ့ခြင်းပင်ဖြစ်သည်။
မကြာသေးမီက၊ဖြတ်သန်းလာခဲ့သော ၂၀၁၁ခုနှစ်ကို၊အနီးကပ်လေ့လာကြည့်ကြ ပါစို့။တပ်မတော်အစိုးရသည်၂၀၁၁-ခုနှစ်  မှာဒီမိုကရေစီအရေးကိုဦးစားပေးရှေ့တန်း တင်ကာပြည်သူတို့ရွေးခြယ်တင်မြှောက်   လိုက်သောပြည်သူ့ကိုယ်စားလှယ်တော်ကြီး များထံနိုင်ငံတော်အာဏာကိုညင်သာစွာ လွှဲပြောင်းပေးခဲ့သည်။ထို့ကြောင့်၂၀၁၁-ခု နှစ်ထူးခြားချက်မှာအာဏာအပြောင်းအလဲ ဖြစ်ခြင်း၊အစိုးရအပြောင်းအလဲဖြစ်ခြင်းဟူ သောအဓိပ္ပာယ်ကိုဖေါ်ဆောင်ခဲ့သည် သို့သော်၂၀၁၁-ခုနှစ်တွင်၊နောက်ဂဏာန်း နှစ်လုံး(၁၁)ဟူသောစိုးမိုးဂဏာန်းသည်။     ငြိမ်ငြိမ်လေးမနေပါ။မြန်မာနိုင်ငံအချို့ နေရာများ၌၊ရေကြီးခြင်းမြေပြိုခြင်းများရှိ    ခဲ့သည်။ပခုက္ကူမြို့နယ်တွင်အလွန်ဆိုးဝါး သောရေကြီးမှုကြီးဖြစ်ခဲ့ပြီးရွာအတော်များ များရေတိုက်စားမျှောပါသွားကြသည်။လူ  အိမ်၊ကျွဲ၊နွားစသည်ရေထဲမျှောပါပြီး၊အိမ် ထောင်စုပေါင်းများစွာပျက်သုန်းခဲ့ရသည်။ဘ၀ပေါင်းများစွာရေထဲမျှောပါပျက်စီးခဲ့      ပြီး၊ကျန်ရှိသောရွာသားများကိုတပ်မတော် နှင့်ပြည်သူတို့၏စေတနာအားမေတ္တာအား တွေစုပေါင်းပြီးပျက်စီးယိုယွင်းသွားသော သူတို့ဘ၀အမောကိုပြေလျှော့စေပါသည်။
၂၀၁၁-ခုနှစ်သည်ဤမျှနှင့်မရပ်နား သေးဘဲ၂၀၁၁-ခုနှစ်ဒီဇင်ဘာလမှာလည်း လှည်းတန်းမီးပွိုင့်မလှမ်းမကမ်းတွင်ဗုံးပေါက် ကွဲခြင်းနှင့်မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် ကြီးမားသောမီးလောင်မှုကြီးဖြစ်ပွားပြီး၊မြေ ကြီးကိုသိမ့်သိမ့်တုန်ခါသွားစေသောပြင်း ထန်သောပေါက်ကွဲမှုကြီးဖြစ်ပွားခဲ့သည်။ မီးတွေလောင်လူတွေသေ၊မီးသတ်ရဲဘော် အချို့ပါစတေးခံရပြီး၊၂၀၁၁-ခုနှစ်၏စိုးမိုး ဂဏာန်း(၁၁)သည်၊မြန်မာနိုင်ငံကိုပြင်းထန် စွာနှုတ်ဆက်သွားချေပြီ။
၂၀၁၁-ခုနှစ်ကုန်ပြီး၂၀၁၂-ခုနှစ်သို့ ၀င်ရောက်အသောအခါဆူမားရီးယန်းလူမျိုး တို့၏မာယာပြက်္ခဒိန်သည်၊ကုန်ဆုံးသွားသော ကြောင့်ကမ္ဘာကြီးပျက်သုန်းသွားမည်လော ဟုထင်ယောင်ထင်မှားဖြစ်လာကြပါသည်။ ကမ္ဘာကြီးပျက်သုန်းသွားလျှင်မြန်မာပြည် လည်းပျက်သုန်းမည်လောဟုသံသယများ ပွားလာကြသည်။အမှန်ဆိုလျှင်ဆူမားရီး ယန်းလူမျိုးတို့ကွယ်ပျောက်သွားသကဲ့သို့ မာယာပြက္ခဒိန်လည်းကုန်ဆုံးခဲ့ပြီဖြစ်သည်။ ကုန်ဆုံးသွားပြီဖြစ်သောမာယာပြက္ခဒိန်သည် မြန်မာလူမျိုးတို့နှင့်လုံးဝပတ်သက်စရာ အကြောင်း တစ်စုံတစ်ရာမရှိပါ။မြန်မာလူ မျိုးတို့၏ နက္ခတ်ပညာသည်လည်းကောင်း၊  မြန်မာပြက္ခဒိန်သည်လည်းကောင်း၊ ရှေး ပဝေသဏီနှစ်ပေါင်းများစွာကပင်ရှိခဲ့သည်။ ယခုလည်းရှိသည်။ နောင်ကမ္ဘာတည်သရွေ့  ရှိနေဦးမည်သာဖြစ်သည်။ မြန်မာနက္ခတ် အတတ်ပညာသည်ရှေးမြန်မာမင်းများ အဆက်ဆက်ကပင် ပြဿနာကြီးငယ် အသွယ်သွယ်ကိုနက္ခတ်ပညာဖြင့်အဖြေ ရှာခဲ့ကြသည်။ ယနေ့မြန်မာပြည်၏အနာဂတ် ကာလကိုလည်း မြန်မာတို့၏တိကျမှန်ကန် သော နက္ခတ်ပညာဖြင့်လေ့လာဆန်းစစ် ကြည့်သင့်ပါသည်။
၂၀၁၂ ခုနှစ်ဧပြီလမှာပင် ပြည်သူ တစ်ရပ်လုံးနှစ်ပေါင်းများစွာမျှော်လင့်စောင့် စားခဲ့ရသောဒေါ်အောင်ဆန်းစုကြည်လွှတ် တော်ထဲရောက်ရှိရေးသည် ကြားဖြတ် ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစု ကြည်အနိုင်ရခဲ့သဖြင့် ပြည်သူတို့ဆန်္ဒတစ် လုံးတစ်ဝတည်းပြည့်စုံကြတော့မည်။ နှစ် ပေါင်းများစွာ အမှောင်ကမ္ဘာထဲမှာနေ လာခဲ့ရသော မြန်မာပြည်သည် ခပ်လှမ်း လှမ်းဆီမှ ၀င်းလက်ထောက်ပလာသော ရောင်ခြည်ဦးကို မှုံပြပြမြင်နေရပြီဟုထင် မှတ်ရပေမည်။
သို့သော်မကောင်းသောကံကြမ္မာဆိုး များသည် မြန်မာပြည်၏လက်တစ်ကမ်း အလိုမှာထင်ထင်ရှားရှားတွေ့နေရကြောင်း တင်ပြလိုပါသည်။ ဧပြီလမဟာသင်္ကြန် ကာလကုန်ဆုံးပြီးနောက် ၁၃၇၄ ခုနှစ် နှစ်သစ်ဦးဆီသို့မြန်မာနှစ်ဆန်း (၁) ရက် မှစ၍ ရောက်ရှိလာပါသည်။ ၁၃၇၄ ခုနှစ် သည် နောက်ဂဏန်းနှလုံးပေါင်းက ၇+၄= ၁၁ ဟူသောစိုးမိုးဂဏန်း (၁၁) ဖြစ်သော နှစ်သို့ချဉ်းနင်းဝင်ရောက်လာတော့မည်။
ဒေါ်အောင်ဆန်းစုကြည် NLD  ပါတီ  သည် ပထမအကြိမ်ရွေးကောက်ပွဲဝင်စဉ် က အနိုင်ရရှိခဲ့သော်လည်း ၁၉၉၂ ခုနှစ် တွင် ၉+၂= ၁၁ ဂဏန်းဖြစ်သော စိုးမိုး ဂဏန်း (၁၁)ဖြစ်သော အချိန်နှင့် ကြုံ ကြိုက်နေသဖြင့် လွှတ်တော်ထဲမရောက် ဘဲတစ်ဆစ်ချိုးပြောင်းလည်းခဲ့ရသည်။ ယခုလည်းဒေါ်အောင်ဆန်းစုကြည် NLD ပါတီသည် ဒုတိယအကြိမ်အနိုင်ရရှိခဲ့ပြီး ပထမအကြိမ်မှာ ကဲ့သို့ ၁၃၇၄ ခုနှစ်နှင့် ကြုံကြိုက်နေသည်။ ၁၃၇၄ ခုနှစ်သည် ၇+၄= ၁၁ ဖြစ်သော စိုးမိုးဂဏန်း (၁၁) နှင့် ကြုံနေပြန်သဖြင့် ယခုအကြိမ်မှာ လည်း မည်သို့မည်ပုံတစ်ဆစ်ချိုးပြောင်းလဲ သွားနိုင်မည်နည်း။
သို့သော်ယခုအချိန်သည်ကားနိုင်ငံ တော်သမ္မတကြီးဦးသိန်းစိန်နှင့် လွှတ်တော်  အဖွဲ့အစည်းတို့က ဒေါ်အောင်ဆန်းစုကြည် ကိုလက်ကမ်းကြိုပြီး ပြည်သူကလည်း တခဲနက်အားပေးနေသဖြင့် ထီးကလည်း လို မင်းကလည်းလိုကိန်းတော့ဆိုက်နေ ပါသည်။
မည်သို့ဆိုစေကာမှု ၁၃၇၄ ခုနှစ်ဆို သော (၇၄) ဂဏန်းသည် မြန်မာနိုင်ငံကို လုံးဝသက်ညှာခွင့်မပေးခဲ့ပါ။ ယခင် (၄၇) (၇၄)ကျရောက်ခဲ့သော နှစ်များတွင် ကံကြမ္မာဆိုးများကြုံတွေ့ခဲ့ပုံကို အသေး စိတ်တင်ပြခဲ့ပြီဖြစ်ပါသည်။ ယခုကျရောက် လာသောမြန်မာသက္ကရာဇ် ၁၃၇၄ ခုနှစ် သည် ယခင်ကျရောက်ခဲ့သော ၄၇-၇၄ နှစ်များထက် ဘေးထွက်ဆိုးကျိုးပိုများပြီး ပြင်းထန်သော ကံကြမ္မာဆိုးများကျရောက်တတ်ပါသည်။ အကြောင်းရင်းမှာ လွတ်လပ်ရေးရပြီးချိန်မှ မြန်မာပြည်၏ သက်တမ်းသည်၊ (၆၅)နှစ်ရှိပြီဖြစ်သည်။ ၆၅ နှစ်ကို ပေါင်းသော် ၆+၅=၁၁ ဂဏန်း ရရှိသည်။ ၁၃၇၄ ခုနှစ်၏ နောက်ဂဏန်း နှစ်လုံးပေါင်းသော် ၇+၄=၁၁ ဂဏန်းရရှိ သည်။ ထိုသို့မြန်မာပြည်၏ သက်တမ်း ၆၅ နှစ်သည်လည်းကောင်း၊ ၇၄ ခုနှစ်သည် လည်းကောင်း ၁၁ စိုးမိုးဂဏန်း နှစ်ထပ် ကွမ်းကြုံနေသဖြင့် မကောင်းသောဆိုးကျိုး သက်ရောက်မှုများ ပို၍ကြီးများတတ်ပါ သည်။
၁၃၇၄ ခုနှစ်တွင် (၇၄)ဂဏန်းသည် မြန်မာပြည်အပေါ် မကောင်းသော ကံကြမ္မာဆိုးကြီးများ ကျရောက်နိုင်သည့် အချိန်ကာလကို ခန့်မှန်းသိရှိရန် မြန်မာ ပြည်၏ ဇာတာ၊ စန်း၊ လဂ်နှင့် ကောဇာ ဂြိုလ်တို့၏ ဂြိုလ်စီးဂြိုလ်နင်းများကို လေ့ လာကြည့်ရှုရန် လိုအပ်ပါသည်။ မြန်မာ ပြည်လွတ်လပ်ရေးယူစဉ်က ဇာတာသည် ဗြိစ္ဆာလဂ်ဖြစ်ပြီး၊ ဗြိစ္ဆာလဂ်အပေါ် ကော  ဇာဂြိုလ်တို့၏ အစီးအနင်းများကိုလေ့လာ ကြည့်လျှင်…။
စနေဂြိုလ်သည် ၂၀၁၂ ခုနှစ်မေလ ၂၁ ရက်နေ့တွင် ကျားကဲ့သို့ တစ်ပတ် ဂျွမ်းပစ်ပြီး တူရာသီမှ ကန်ရသီသို့ သွား နှုန်းဖောက်ပြန်ကာ ရာသီကူးပြောင်းသွား လိမ့်မည်။ ထို စနေဂြိုလ်သည် ၀ဂ်္ဂသွား ပြီး (၃)တန့်အမြင်ဖြင့် မြန်မာပြည် ဗြိစ္ဆာ လဂ်ကို မြင်ထားပါသည်။ အင်္ဂါဂြိုလ် သည် ၂၀၁၂ ခုနှစ် ဧပြီလတွင် ၀ဂ်္ဂသွား ပြီး ပြန်တက်လာကာ မိမိအိမ် ဗြိစ္ဆာလဂ် ကို (၄)တန့် အမြင်ဖြင့် ပြန်မြင်ထားပါ သည်။ ထိုအချိန်တွင် သောကြာဂြိုလ် သည် ၂၀၁၂ ခုနှစ် မေလ(၁၈)ရက်မှစ၍ ဇွန်လ (၂၈)ရက်အထိ ဗြိဿရာသီတွင် ၀ဂ္ဂသွားပြီး မြန်မာပြည်၏ ဗြိစ္ဆာလဂ်ကို (၇)တန့် အမြင်ဖြင့် မြင်ထားပြန်သည်။ သောကြာဂြိုလ်သည်၎င်း၏ ရန်ဂြိုလ်များ ဖြစ်သော ဗုဒ္ဓဟူးဂြိုလ်၊ ကြာသပေးဂြိုလ် တို့နှင့် ပူးယှဉ်ကာ မြန်မာပြည်ဗြိစ္ဆာလဂ် ကို အားပြင်းစွာ စီးနင်းထားသဖြင့် မေလ နှင့် ဇွန်လအတွင်း အလွန်ပြင်းထန်သော ပေါက်ကွဲမှုများ၊ မမျှော်လင့်သော တိုက်ပ ပွဲများ စသည်ဖြင့် ကံကြမ္မာဆိုးကြီးများ ကျရောက်လာတတ်ပါသည်။
စနေဂြိုလ်သည် ၂၀၁၂ ခုနှစ်မေလ ၂၁ ရက်မှ သြဂုတ်လ(၃)ရက်နေ့အထိ တူရာသီမှ ကန်ရာသီသို့ အိမ်ပြောင်းပြီး ၀ဂ်္ဂသွားနေပါသည်။ ထိုးမည့်ဆင်နောက် ဆုတ်သကဲ့သို့ စနေဂြိုလ်သည် နောက် ဆုတ်ပြီး မြန်မာပြည်၏ ဗြိစ္ဆာလဂ်ကို အရှိန်ပြင်းစွာ စီးနင်းလျက်ရှိသည်။ ထိုအ ခါ အထက်မြန်မာပြည်နှင့် အချို့ဒေသ များတွင် အလွန်အားကြီးသောမြေငလျင် ကြီးများ လှုပ်ခတ်သွားနိုင်ပါသည်။ မေလ၊ ဇွန်လမှ စ၍ ဇူလိုင်၊သြဂုတ်လများအတွင်း ပြင်းထန်သော မုန်တိုင်းကြီးများဖြစ်ပေါ် လိမ့်မည်။ အထူးသတိထားရန် အချက်မ မှာ ၂၀၁၂ မေလနောက်ဆုံးပတ်မှစ၍ ဇွန်လအတွင်း ကြီးမားသော ပေါက်ကွဲမှု ကြီးများ၊ မထင်မှတ်သော ပစ်ခက်မှုများ ဖြစ်ပေါ်တတ်သည်။ ထိုအချိန်တွင် ကမ္ဘာ ကြီး၏နေရာတော်တော်များများတွင်လည်း သဘာဝဘေးအန္တရာယ်ဆိုးကြီးများဖြစ် သော ရေကြီးနစ်မြုပ်ခြင်း၊ မုန်တိုင်းကျ ရောက်ခြင်း၊ မြေငလျင်လှုပ်ခြင်းစသည့် ဆိုးကျိုးကြီးများသည် ရုပ်မြင်သံကြား နိုင်ငံခြားအစီအစဉ်များတွင် ကြောက်စ ရာကောင်းလောင်အောင် မြင်တွေ့နေရ မည်။ အရှေ့အလယ်ပိုင်း စစ်မီးများသည် လည်း ကြီးမားကျယ်ပြန့်လာလိမ့်မည်။ အစ္စရေးနိုင်ငံသည် ၄င်း၏ ရန်ဘက်နိုင်ငံ များနှင့် စစ်ပွဲကြီးများ ဆင်နွှဲလိမ့်မည်။
မြန်မာပြည်သည် ၁၃၇၄ ခုနှစ်သို့ ၀င်ရောက်လာပြီ ဖြစ်သဖြင့် (၇၄)ဟူ သောကိန်းဂဏန်း၏ ဖြစ်စဉ်ကြောင့် မထင်မှတ်သော ကံကြမ္မာဆိုးကြီးများ ထိပ်တိုက်ရင်ဆိုင်ကြုံတွေ့ ရလိမ့်မည်။ မမျှော်လင့်သော သမိုင်းဝင်ဖြစ်ရပ်ဆိုး ကြီးများလည်း ထင်ကျန်တတ်ပါသည်။ မြန်မာပြည်သည်ဒီမိုကရေစီလမ်းကြောင်း ပေါ်သို့ လျှောက်လှမ်းရန် အားယူကာစ ခေါင်းပြူကာစ အချိန်မျိုးတွင် တိုင်းပြည် ကနုနု၊ မုန်တိုင်းက ထန်ထန် ဆိုသကဲ့သို့ မမျှော်လင့်သော ကံကြမ္မာဆိုးကြီးများ သည် ဆင့်ကဲဆင့်ကဲ ကျရောက်လာ တော့မည်။ (၄၇) ခုနှစ်(၇၄) ခုနှစ်ကျ ရောက်သော နှစ်များသည် မြန်မာပြည် ကိုလည်းကောင်း၊ မြန်မာနိုင်ငံအကြီး အကဲများကိုလည်းကောင်း၊ လုံးဝသက် ညှာခွင့်မပေးခဲ့ပါ။ ၁၃၄၇ ခုနှစ်တွင် သမ္မတကြီး ဦးစန်းယုသည် နှလုံးရောဂါ ပြင်းထန်စွာဖြစ်ပွားပြီး နို်င်ငံခြားသို့သွား ရောက်၍ နှလုံးခွဲစိတ်ကုသမှု ခံယူခဲ့ရပါ သည်။ ယခုသမ်္မတကြီး ဦးသိန်းစိန်လက် ထက်မှာလည်း ၁၃၇၄ ခုနှစ်နှင့်ကြုံနေ သော အခါသမယတွင် သမ္မတကြီး ဦးစန်းယုကဲ့သို့ နှလုံးရောဂါပြင်းထန်လာ မှ သွားရောက်ခွဲစိတ် ကုသရခြင်းထက်၊ ရောဂါမဖြစ်မီ နိုင်ငံခြားသို့ ဆေးဝါးကုသ စစ်ဆေးမှုခံယူရန် အနည်းဆုံးနှစ်ကြိမ်ထိ ကြိုတင်သွားရောက်ပြသသင့်ပါကြောင်း၊ သမ္မတကြီးအား ချစ်ကြည်လေးစားကြ ကုန်သော ပြည်သူများကိုယ်စား အသိ ပေးတင်ပြအပ်ပါသည်။
မြန်မာပြည်၏ ထူးခြားဖြစ်စဉ်တွင် စိုးမိုးဂဏန်း (၁၁)သည် မကောင်းကျိုး နှင့် ကံကြမ္မာဆိုးများ ကြုံတွေ့ရတတ် သကဲ့သို့ အမည် ဂဏန်းပေါင်း၍ (၁၁)ရ သည်ရှိသော် မြန်မာနိုင်ငံသည် အဖတ် ဆယ်မရအောင် မရှုမလှဆုံးရှုံးပျက်စီးမှု များ ကြုံတွေ့ခဲ့ရသည်။ ဥပမာသီပေါမင်း လက်ထက်တွင်သီပေါအမည်ပေါင်းသော် ၆+၅=၁၁ ဂဏန်းရရှိသဖြင့် သီပေါမင်း လက်ထက်တိုင်းသူပြည်သားတို့ အတိ ဒုက္ခရောက်ကာ၊ နောက်ဆုံးသူ့ကျွန်ဘ၀ ရောက်ခဲ့ရသည်။ ဦးနေ၀င်း လက်ထက် ကိုလေ့လာကြည့်ပါကဦးနေ၀င်း၏အမည် နာမသည် ၇+၄=၁၁ ဂဏန်းရရှိသည်။ ဦးနေ၀င်းလက်ထက်မတိုင်မီ မြန်မာနိုင်ငံ သည် အရှေ့တောင်အာရှတွင်ရှိသော နိုင်ငံများတွင် ထိပ်တန်းမှာရှိသောတိုင်း ပြည်ဖြစ်ခဲ့သည်။ ဦးနေ၀င်းလက်ထက် ရောက်ပြီးနောက် မြန်မာနိုင်ငံသည် ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံများထဲ ရောက်ရှိ သွားပြီး နောက်ဆုံး ၈၈ ခုနှစ်မှာ တစ်စ စီပြိုကွဲပျက်စီးခဲ့ရသည်။ ထို့ကြောင့် မြန်မာတစ်မျိုးသားလုံး သားစဉ်မြေးဆက် ရင်ထဲအသည်းထဲ စွဲမြဲမှတ်သားထားရန် မှာ မြန်မာနိုင်ငံကိုဦးဆောင်သောသမ္မတ သည် အမည်နာမပေါင်းသော် (၁၁)ဖြစ် နေပါက လုံးဝရွေးချယ်တင်မြှောက်ခြင်း မပြုမိရန် သတိထားရှောင်ရှားသင့်ပေ သည်။
လက်ရှိ မြန်မာပြည်၏ သမ္မတကြီး ဦးသိန်းစိန်၏ အမည်ဂဏန်းကိုကြည့် လျင် ၆+၃=၉ ဂဏန်းရရှိသည်။ ဒေါ် အောင်ဆန်းစုကြည်၏ အမည်ဂဏန်းကို ကြည့်ပါဦး။ ၁+၃+၃+၂=၉ ဂဏန်းပင် ရရှိသည်။ သမ္မတကြီး ဦးသိန်းစိန်၏ အမည်ဂဏန်းနှင့် ဒေါ်အောင်ဆန်းစု ကြည်၏ အမည်ဂဏန်းသည် (၉)ဂဏန်း တူကြသဖြင့် ဓာတ်တူ၊ သဏ္ဍာန်တူ၊ ဂဏန်းတူ ဖြစ်ကြောင်း တွေ့ရှိရမည်။ (၉) ဂဏန်း၏ စရိုက်သဘာဝသည် အခက် အခဲနှင့် အတိုက်အခိုက်များကို အမြဲကြုံ တွေ့တက်ပြီး နောက်ဆုံးသူတကာထက် ထူးကဲသော အောင်မြင်မှုကို ရရှိတတ်ပါ သည်။ အမည်ဂဏန်း (၉)ဂဏန်းဖြစ် သော သမ္မတကြီးဦးသိန်းစိန်သည်လည်း ကောင်း၊ ဒေါ်အောင်ဆန်းစုကြည်သည် လည်းကောင်း မြန်မာနိုင်ငံ၏ ဒီမိုကေရစီ လမ်းကြောင်းကို မတိမ်းမစောင်း တဆစ် ချိုးပြောင်းမသွားအောင် ထိမ်းသိမ်းပဲ့ကိုင် ပြီး ဒီမိုကရေစီပန်းတိုင်သို့ မုချရောက်ရ မည်ဟု ပြည်သူအများက  လေးစားစွာ ခံယူထားကြပါသည်။
အချုပ်အားဖြင့် တင်ပြရလျှင် ၄၇ ခုနှစ်၊ ၇၄ ခုနှစ်ကြုံလာသည့် နှစ်တိုင်း မမျှောင်လင့်သော ကံကြမ္မာဆိုးများ ကြောင့် သမိုင်းဝင်ဖြစ်ရပ်ဆိုးများနှင့် အနိဋ္ဌာရုံ ပုံရိပ်မည်းကြီးများ ထင်ကျန် လေ့ရှိခဲ့သည်။ အကယ်၍ ၁၃၇၄ ခုနှစ် သို့ ချဉ်းနင်းဝင်ရောက်လာပြီးနောက် မထင်မှတ်သော ကံကြမ်္မာဆိုးများသည် မြန်မာနိုင်ငံကို စိန်ခေါ်၍ ဆီးကြိုနေ  သည်ရှိငြားအံ့။
သွေးရင်းသားရင်း တအူတုံဆင်း ပမာ ချစ်ခင်တွယ်တာကြကုန်သောတိုင်း ရင်းသားအားလုံးတို့၏ စုစည်းညီညာ သော စိတ်ဓာတ်တို့သည် လည်းကောင်း၊ နိုင်ငံတော် သမ္မတကြီး၏ ပြည်သူပြည် သားတို့အပေါ် ထားအပ်သော မေတ္တာ အား၊ စေတနာအားတို့သည် လည်း ကောင်း မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်း ကြောင်းပေါ်ရောက်အောင် မဆုတ်မနစ် သောဇွဲနှင့် တွန်းပို့ပေးနေသည့် ဒေါ် အောင်ဆန်းစုကြည်၏ ခိုင်မြဲတည်ကြည် သော စိတ်ဓာတ်စွမ်းအားတို့သည် လည်း ကောင်း၊ မြန်မာနိုင်ငံ၏ ကောင်းကျိုးများ အတွက် အားကျိုးမာန်တက်ဆောင်ရွက် လျက်ရှိကြကုန်သော လွှတ်တော်နှစ်ရပ်မှ ပြည်သူ့ကိုယ်စားလှယ်တော်ကြီးများ၏ စေတနာစွမ်းအားကြောင့်လည်းကောင်း၊ ဘ၀တစ်ခုလုံး ပုံအော၍ တိုင်းပြည်ကို ပေးဆပ်နေသော ၈၈ မျိုးဆက်ကျောင်း သားများ၏ ကျောက်သားကျောက်စိုင်ပမာ မာကျောလှသော စိတ်ဓာတ်စွမ်းအားတို့ သည်လည်းကောင်း၊ ထိုထိုသော ကြီးမား ခိုင်ခန့်သော စိတ်ဓာတ်စွမ်းအားတို့ ပေါင်းစည်းမိသောအခါ ဓားတောင်ကို ကျော်၍ မီးပင်လယ်ကို ဖြတ်ကာ လင်း လက်တောက်ပလာသော ဒီမိုကရေစီ မြန်မာနိုင်ငံသစ်ကြီးကို အားပါးတရ မြင် တွေ့ရလိမ့်မည်။
 written by ဆရာတိုး (စမ်းချောင်း)
hotnewsweekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis