menu

Friday 27 April 2012

ထိုင်းနိုင်ငံစက်ရုံများတွင် အလုပ်လုပ်ရန် မြန်မာအလုပ်သမား နှစ်သိန်းကျော်ကို အစိုးရချင်း ချိတ်ဆက် စေလွှတ်ဖွယ်ရှိနေ




ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ စက်ရုံများတွင် အလုပ်လုပ်ရန် မြန်မာအလုပ်သမား နှစ်သိန်းကျော်ကို ငှားရမ်းသွားရန်ရှိပြီး နှစ်နိုင်ငံအစိုးရချင်းချိတ် ဆက်စေလွှတ်သွားဖွယ်ရှိနေသည်ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ အကြံပေးဖြစ်သူမှ ပြောကြားခဲ့ကြောင်း The Nation သတင်းစာက ဖော်ပြခဲ့သည်။

ခေါ်ယူမည့် မြန်မာအလုပ်သမားအရေအတွက် အတိအကျကို လာမည့်လအတွင်း မြန်မာနိုင်ငံတွင်ပြုလုပ်မည့် နှစ်နိုင်ငံအစည်းအဝေးတွင် အတည်ပြုမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် အလုပ်သမား ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရပြီး အဆိုပါ အစီအစဉ် အတည်ပြုပြီးပါက မြန်မာအလုပ်သမားများမှာ ဘန်ကောက်သို့ တိုက်ရိုက်သွားရောက် အလုပ်လုပ်ကိုင်နိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံသည် ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်နေသော နိုင်ငံသားများကို ယာယီနိုင်ငံကူးလတ်မှတ် ထုတ်ပေးရန် သတ်မှတ်နေ့ကို ဇွန်လ ၁၄ ရက်နေ့အထိ သတ်မှတ်ထားရာမှ ထပ်မံ သက်တမ်းတိုးပေးရန် တောင်းဆိုထားသည်။ အကြောင်းမှာ ယာယီနိုင်ငံကူး လတ်မှတ်ထုတ်ပေးရေးရုံးများကို ဘန်ကောက်၊ စမွတ်ပရာခန်၊ စမွတ်စခွန်၊ ချင်းမိုင်နှင့် ဆူရတ်သာနီတို့တွင် ဖွင့်လှစ်ရန် သတ်မှတ်ရက် နောက်ကျခဲ့သဖြင့် ယင်းကဲ့သို့ တောင်းဆိုထားခြင်း ဖြစ်သည်။

မြန်မာအလုပ်သမားနှင့် ထိုင်းလုပ်ငန်းရှင်တို့အကြား ချုပ်ဆိုမည့် လုပ်ငန်းစာချုပ်တွင် မြန်မာအလုပ် သမားများကို ထိုင်းလုပ်ငန်းရှင်က ကိုယ်ထိလက်ရောက်နှိပ်စက် ညှဉ်း ပန်းခြင်း၊ ထိုင်းအလုပ်ရှင်သေဆုံး သွားခြင်း(သို့မဟုတ်) လုပ်ငန်း ဖျက်သိမ်းသွားခြင်း၊ ထိုင်းလုပ်ငန်းရှင်က ထိုင်းနိုင်ငံ၏ အလုပ်သမားဥပဒေကို ချိုးဖောက်ခြင်းတို့ ပြုလုပ်ပါက စာချုပ်သက်တမ်း မပြည့်သော်လည်း ခြောက်လအကြာတွင် အလိုအလျောက် စာချုပ်ပျက်ပြယ်ပြီး ဖြစ်ရမည်ဆို သောအချက်ကို ထည့်သွင်းပေးရန် ထိုင်းအလုပ်သမားဝန်ကြီးဌာနသို့ မြန်မာအလုပ်သမား ၀န်ကြီးဌာန ဒုတိယ၀န်ကြီးက ထည့်သွင်းတောင်းဆိုထားသည်ဟု သိရသည်။ မြန်မာအလုပ်သမားများ၏ အခြားပြဿနာတစ်ခုမှာ ၎င်းတို့သည် မြန်မာနိုင်ငံသို့ ပြန်ပို့ခံရမည်ကို မလိုလားသဖြင့် လေးနှစ်စာချုပ်မပြည့်မီတွင် ထွက်ပြေးတတ်ကြောင်းကို The Nation သတင်းစာက ထောက်ပြထားသည်။EMG
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis