menu

Thursday 26 April 2012

လွှတ်တော်တက်ရန် အတားအဆီး ဖြစ်နေရသည့် အကြောင်းရင်းကို နည်းစနစ်ပိုင်း မှားယွင်းမှုအဖြစ် ရှုမြင်ရန် NLD ဥက္ကဋ္ဌပြောကြား





545
ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော် ကိုယ်စားလှယ်များအားလုံး လွှတ်တော်မတက်ရသည့် အကြောင်းရင်းကို နိုင်ငံရေးကိစ္စတစ်ရပ်ထက် နည်းစနစ်ပိုင်းဆိုင်ရာ မှားယွင်းမှုသက်သက် အဖြစ်သာ ရှုမြင်ရန် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
“ NLD လွှတ်တော်ထဲ ၀င်ရောက်ဖို့ အတားအဆီးဖြစ်နေရတဲ့ အကြောင်းရင်းဟာ နည်းစနစ်ပိုင်း မှားယွင်းမှု သက်သက်အဖြစ်သတ် မှတ်ချင်ပါတယ်။ နိုင်ငံရေးကိစ္စအနေ နဲ့ မချဲ့ကားစေချင်ပါဘူး” ဟု ၄င်းက အီတလီနိုင်ငံခြားရေး ၀န်ကြီး နှင့် နေအိမ်တွင် တွေ့ဆုံစဉ် ပြည်တွင်း၊ ပြည်ပ သတင်းထောက်များကို ပြောကြားခဲ့ခြင်းဖြစ်သည်။

သူမ၏နေအိမ်သို့ အီတလီနိုင်ငံခြားရေးဝန်ကြီးက လာရောက်တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ အနာဂတ်ရေးရာကိစ္စများနှင့် ပတ်သတ်၍ ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
“ကျွန်မတို့က အစိုးရနဲ့ ဆက်လက်ပူးပေါင်း ဆောင်ရွက် သွားချင်ပါတယ်။ အကြောင်း ကတော့ သမ္မတကြီးရဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာ ရိုးသားမှုရှိတယ်လို့ ယုံကြည်လို့ပါပဲ။ သူဟာ မြန်မာ နိုင်ငံကို အမှန်တကယ် တိုးတက် ကြွယ်ဝတာမြင်လိုသူပါ။ ဒါ့ကြောင့် ကျွန်မတို့ NLD အနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးမှာ သမ္မတကြီးနဲ့ ပူးပေါင်းကြိုးပမ်း ဆောင်ရွက်မှုကို တိုးမြှင့်သွားမှာ ဖြစ်ပါတယ်” ဟု သူမက ဆိုသည်။
လွှတ်တော်တက်ရေး ကိစ္စနှင့် ပတ်သတ်သော သတင်းထောက်များ၏ မေးခွန်းများကို ဒေါ်အောင်ဆန်းစုကြည်က ဖြေဆိုရန် ငြင်းဆိုသွားခဲ့သည်။
“ လွှတ်တော်တက်ဖို့ ကိစ္စနဲ့ ပတ်သတ်ပြီးတော့ အားလုံး အဆင်ပြေချောမွေ့ သွားမယ်လို့ မျှော်လင့်ပါတယ်။ ကျွန်မတို့ နှစ် ၂၀ လုံးလုံး လွှတ်တော်ပြင်ပနိုင်ငံရေး လုပ်နိုင်ခဲ့သလို လွှတ်တော်အတွင်း ကနေပြီးတော့လည်း ပြည်သူကို အလုပ်အကျွေး ပြုချင်ပါတယ်” ဟု သူမကပြောကြားခဲ့သည်။
NLD ပါတီသည် လွှတ် တော်တက်ရေးအတွက် ကျမ်းကျိန်လွှာဆိုင်ရာ ဝေါဟာရဖြစ်သည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ‘ကာကွယ် စောင့်ရှောက်’ ပါမည်ဟူ သည့်စာသားအစား ‘လေးစား လိုက်နာ’ ပါမည်ဟူသည့် စာသားသို့ ပြင်ဆင်ပေးရန် တောင်းဆိုထားသည်။
အဆိုပါကိစ္စနှင့် ပတ်သတ်၍ “ ဥပဒေကိစ္စမှာတော့ ကျွန်မတို့ဟာ တသမတ်တည်း ဖြစ်ရပါမယ်။ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ကျွန်မတို့ မ၀င်ခဲ့ရခြင်းရဲ့ အဓိက အတားအဆီးဟာ အဲဒီကိစ္စကြောင့်ဆိုတာ သတိ ပြုဖို့လိုပါတယ်” ဟုသူမက သတင်းထောက်တစ်ဦး ၏မေးမြန်းချက်ကို ဖြေကြားခဲ့သည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis