menu

Monday 16 April 2012

၂၀၁၂ မဟာသင်္ကြန် အတက်နေ့ သတင်းနှင့် မြင်ကွင်းများ




tg5-1
၂၀၁၂ ခုနှစ် ဧပြီလ ၁၆ ရက်နေ့ သင်္ကြန်အတက်နေ့တွင် ရန်ကုန်မြို့၌ ယခင်နေ့များထက်  ရေကစားနေသူများ၊ ရေပက်ခံကားများဖြင့် ပိုမိုစည်ကားခဲ့ပြီး မြန်မာသက္ကရာဇ် ၁၃၇၄ ခုနှစ် အတာသင်္ကြန်သည် အေးချမ်းစွာဖြင့် ပြီးဆုံးခဲ့ပြီဖြစ်သည်။
ရန်ကုန်မြို့ ရန်ကင်းစင်တာနှင့် ဆရာစံလမ်းထောင့်မှ စတင်၍ ဦးချစ်မောင်လမ်း တစ်လျောက်မဏ္ဍပ်များတွင် ရေပက်ခံရန်  စီတန်းစောင့်နေသည့် ရေပက်ခံကားများမှာ နံနက်ပိုင်းအချိန်တည်းက များပြားလျက်ရှိသည်ကိုလည်း တွေ့မြင်ခဲ့ရသည်။




tg5-1

မဏ္ဍပ်အများစုဝန်းကျင်၌ ဘီယာဘူး၊ ရေသန့်ဘူးခွံ ကောက်သူများ၊ အရက်၊ ဘီယာနှင့် အခြား စားသောက်ဖွယ်ရာများ ရောင်းချနေသူများ များပြားခဲ့သည်။
အဆိုပါ ဈေးရောင်းချနေသူများတွင် မြို့တွင်းမြို့နယ်များအပြင် မှော်ဘီ၊ သန်လျင် စသည့်  မြို့နယ်များမှလည်း လာရောက် ရောင်းချသူများ ရှိခဲ့သည်။

tg5-1

''နောက်ဆုံးနေ့ဆိုတော့ ပစ္စည်းတွေကို ဈေးလျော့ရောင်းနေရတယ်။ မနှစ်ကလောက်တော့ အရောင်းအ၀ယ် မကောင်းဘူး၊ ဘီယာကတော့ အများဆုံးရောင်း ရပါတယ်''ဟု ပြည်လမ်း အင်လျားကန်ဘောင်အနီး ဈေးသည် တစ်ဦးကပြောပြပါသည်။


ဆင်ခြေဖုန်းရပ်ကွက်များတွင်လည်း ယခင်နေ့များနှင့်မတူ ရေကစားသူများ လမ်းလျောက်ရေပက်ခံသူများ၊ ၊ စက်ဘီး၊ ဆိုက်ကား၊ ဆိုင်ကယ်တို့ဖြင့် ရေပက်ခံထွက်သူများ များပြားလျက်ရှိကာ တစ်နိုင်တစ်ပိုင် အအေး၊ မုန့်အမျိုးမျိုးတို့ကို စတုဒီသာ အလှူပြုလုပ်နေသည်များကိုလည်း တွေ့ရသည်။


tg5-1

ညပိုင်းတွင် ရန်ကုန်မြို့တော်ဝန် မဏ္ဍပ်ပိတ်ပွဲကို ကျင်းပခဲ့ရာ ၀န်ကြီးချုပ် ဦးမြင့်ဆွေနှင့် မြို့တော်ဝန် ဦးလှမြင့်တို့ တက်ရောက်ခဲ့ကြပြီး၊ ယိမ်းအကပြိုင်ပွဲများတွင် ဆုရရှိသူများကို ဆုများချီးမြှင့်ပေးခဲ့သည်။
၁၉ လမ်းနှင့် အနော်ရထာလမ်းထောင့်ရှိ Sky Net မဏ္ဍပ်တွင်လည်း ည ၈ နာရီကျော် အချိန်အထိ အနုပညာရှင်များ၏ ဖျော်ဖြေမှုများနှင့်အတူ ရေကစားသူများနှင့် လမ်းပိတ်ဆို့သည်အထိ စည်ကားခဲ့သည်ကို တွေ့ရသည်။ EMG
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis