ယခုနောက်ပိုင်းတွင် ခရီးသည်တင် ယာဉ်လိုင်းများပေါ်၌ အမျိုးသမီးများအား
ကာယိနြေ္ဒ ပျက်ပြားအောင် ပြုမူခံရမှုများတွင် အသက် ၁၅ နှစ်အောက်
အမျိုးသမီးငယ်များလည်း ပါဝင်နေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သူ များထံမှ
သိရှိရပါသည်။
အသက် ၁၈ နှစ်အောက် ကလေးသူငယ်များ အနေဖြင့် လိင်မှုဆိုင်ရာ
ထိကပါးရိကပါးပြုမူခြင်း (Sexual Harasment) ကိစ္စများကို
နားလည်မှုအားနည်းခြင်း၊ အခြားသူများသို့ အသိပေးတိုင်ကြားမပြုခြင်းနှင့်
ရှက်ကြောက်မှုကြီးခြင်း စသည့် အချက်များကြောင့် ကာယိနြေ္ဒပျက်ပြားအောင်
ပြုမူခံရမှုများ ပိုမိုများပြားလာခြင်း ဖြစ်ကြောင်းလည်း သိရသည်။
“အရင်တုန်းက လူလတ်ပိုင်း အမျိုးသမီးတွေကိုပဲ လုပ်ကြတာ။ အခုနောက်ပိုင်း
ကလေးငယ် တွေနဲ့ ဆယ်ကျော်သက် အမျိုးသမီးတွေကို ဦးတည်လာကြတယ်။ ဒီလို
အသက်အရွယ်တွေဆိုတာ ရှက်စိတ်သိပ်ကြီးပြီး ကြောက်တတ်တော့ ပြန်မပြောရဲဘူး။
သူတို့ ကြုံတွေ့ခဲ့ရတာကို တခြားသူတွေသိသွားမှာ သိပ်စိုးရိမ်တတ်တာကို
အသုံးချပြီးတော့ လုပ်လာကြတာ။ ဒီလိုလုပ်ရပ်တွေကို အမျိုးသမီးအများစုက
သိပေမယ့် ထုတ်ဖော်ပြောပြဖို့ ၀န်လေးပါတယ်။ ဒါတွေမဖြစ်အောင်
ကျွန်မတို့ပညာပေးရမယ်။ တိုင်ကြားရမယ့် နေရာတွေကိုလည်း သိအောင် လုပ်ရမယ်။
စကားနဲ့မဟုတ်ဘဲ တခြား နည်းလမ်းနဲ့ တခြားလူတွေ ကို အသိပေးနိုင်တဲ့
နည်းလမ်းတစ်ခုလည်း စီစဉ်ပေးနိုင်ရင် ပိုကောင်းပါမယ်။ တကယ်လို့
တိုင်ကြားခဲ့ရင် ထိထိရောက်ရောက် အရေးယူမှုတွေလုပ်ဖို့လည်း လိုပါတယ်”ဟု
အမျိုးသမီး အရေးကိစ္စများတွင် ဆောင်ရွက်ပေးနေသည့် လူမှုရေးအဖွဲ့တစ်ခုမှ
ဒေါ်ထားထားက ဆိုပါသည်။
မိန်းကလေးတစ်ဦး၏ ကာယိနြေ္ဒပျက်စီးစေရန် အကြံဖြင့် လက်ရောက်မှု သို့မဟုတ်
ပြစ်မှုမကင်းသော အနိုင့်ထက်ပြုမှု တစ်စုံတစ်ရာပြုမူလျှင် ထောင်ဒဏ်နှစ်နှစ်အထိ
ဒဏ်တစ်မျိုးမျိုးဖြစ်စေ . . .
|
အမျိုးသမီးများအနေဖြင့် မိမိ ပြုမူခံလိုက်ရချိန်တွင်
ပတ်ဝန်းကျင်ရှိသူများကို ချက်ချင်းအသိပေး တိုင်ကြားမှု အားနည်းသည့်အတွက်
အရေးယူဆောင်ရွက်ရန် ဥပဒေများရှိသော်လည်း လုပ်ဆောင်ရန် ခက်ခဲလျက်ကြောင်းလည်း
သိရသည်။
“ကျွန်မ စံပြကနေ လှည်းတန်း ကို ၅၁ ယာဉ်လိုင်းကို စီးပြီးသွားတယ်။
မြေနီကုန်းရောက်တော့ ဘေးနားမှာ အသက် ၄၀ နှစ် အရွယ် အမျိုးသားတစ်ယောက်
လာထိုင်တယ်။ ဘေးကို လှည့်ကြည့်လိုက် တာ အဲဒီအမျိုးသားက မဖွယ်မရာ
လုပ်ပြနေတာကို မြင်လိုက်တော့ စပယ်ယာကိုလှမ်းခေါ်ဖို့ လုပ်လိုက်မှ အဲဒီ
ကျမှသူ့လုပ်ရပ်ကိုရ ပ်လိုက်တယ်” ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့သူ အသက် ၁၆
နှစ်အရွယ် တက္ကသိုလ်ဝင်တန်း ကျောင်းသူတစ်ဦးက ပြောပြခဲ့ပါသည်။
ထိုသို့ အမျိုးသမီးများ ကာယိနြေ္ဒပျက်ပြားအောင် ပြုလုပ်ခံရမှုများမှာ
ယာဉ်လိုင်းများပေါ်တွင် လူအများ ပြည့်ကျပ်စွာ စီးနင်းနေရခြင်းကြောင့်လည်း
ဖြစ်ကြောင်း အမျိုးသမီးများက ဆိုပါသည်။
“ကျွန်မက တောင်ဥက္ကလာပ ကနေ ရန်ကင်းကို နေ့တိုင်းဘတ်စကားစီးပြီး
ကျောင်းတက်တယ်။ ကျွန်မ ဆင်းဖို့အပေါက်ဝကို သွားရပ်နေတဲ့ အချိန်ကျွန်မနောက်က
ဦးလေးကြီး က ကျွန်မခါးကိုကိုင်လျက်သား တွေ့လိုက်ရတယ်။ စပယ်ယာကိုပြောမယ်
လုပ်တော့ သူက နောက်ပြန်ဆုတ်ပြီး မသိသလို မျက်နှာလွှဲသွားတယ်” ဟု အသက် ၁၂
နှစ် အရွယ် ကျောင်းသူ က ပြောပြသည်။
“ကျွန်မနဲ့ ကျွန်မသူငယ်ချင်း ၃၃ ကားစီးပြီးသွားတယ်။ ကားရဲ့
နောက်ဆုံးခုံမှာ နေရာရတယ်။ ဘေး မှာ အသက် ၄၅ နှစ် လောက်ရှိတဲ့
ကုလားကြီးတစ်ယောက်။ သူ့လက် က ကျွန်မပေါင်ပေါ်ရောက်နေတယ်။
ဘယ်အချိန်ကရောက်နေတာလဲ မသိလိုက်ဘူး။ ကျွန်မလည်း ကြောက်ကြောက်နဲ့
သူ့လက်ကြီးကိုဆွဲဖယ် လိုက်တယ်။ ကျွန်မတို့လည်း တော်တော်ကြောက်သွားတယ်။
တိုင်ဖို့လည်း သတိမရခဲ့ပါဘူး” ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ အသက် ၁၅
နှစ်အရွယ် အမျိုးသမီးက ပြောပါသည်။
မိန်းကလေးတစ်ဦး၏ ကာယိနြေ္ဒပျက်စီးစေရန် အကြံဖြင့် လက်ရောက်မှု သို့မဟုတ်
ပြစ်မှုမကင်းသော အနိုင့်ထက်ပြုမှု တစ်စုံတစ်ရာပြုမူလျှင် ထောင်ဒဏ်နှစ်နှစ်အထိ
ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေ ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်
စေချမှတ်အရေးယူနိုင်ကြောင်း ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၅၄ အရ သိရသည်။
ထို့အပြင်မိန်းမတို့၏ ကာယိဣနြေ္ဒကို စော်ကားရန် ရည်ရွယ်သော
စကားပြောခြင်း၊ ကိုယ်အမူအရာ ပြသခြင်းများ ပြုလုပ်ခဲ့လျှင် ထောင်ဒဏ်တစ်နှစ်
အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံး ဖြစ်စေ ချမှတ်နိုင်ကြောင်း
ပြစ်မှု ဆိုင်ရာပုဒ်မ ၅၀၉ အရသိရသည်။
EMG |
No comments:
Post a Comment