menu

Wednesday 8 February 2012

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသို့ Second Mobile Operator အဖြစ် လုပ်ကိုင်ရန်လျှောက်ထားသည့် ပြည်တွင်းပြည်ပ ကုမ္ပဏီပေါင်းရာနှင့်ချီရှိ



မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသို့ Second  Mobile  Operator အဖြစ်လုပ်ကိုင်ရန်လျောက်ထားသည့် ပြည်တွင်း ပြည်ပကုမ္ပဏီပေါင်း ရာကျော်ရှိပြီး ပြည်ပကုမ္ပဏီများမှ ကမ်းလှမ်းထားမှုပိုမိုများပြားကြောင်း သိရသည်။
''Second  Mobile  Operator လုပ်ဖို့ လျှောက်ထားတာတွေ ရာနဲ့ချီပြီးရှိပါတယ်။ ပြည်ပကဆို ၁၀၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံချင်တာတောင် ရှိတယ်။အဲဒီအဆိုပြုချက်တွေ အားလုံးကို လက်ခံထားပါတယ်။ ပြည်ပကဆို ရုရှား၊ ဂျပန်၊ နော်ဝေ၊ ကိုရီးယား၊ အမေရိကန်၊ ယူကေ စသဖြင့် အများကြီးပါ။ တချို့က ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံချင်တယ်လို့ တင်ပြလာပြီး Business Plan တွေလည်း တင်ပြလာပါတယ်။ တချို့ကုမ္ပဏီတွေဆို Sim Card အလကားပေးမှာတောင် ရှိပါတယ်။
ကမ္ဘာမှာ ဆက်သွယ်ရေးလုပ်ငန်းက အရင်းအနှီးကြီးသလို အမြတ်အစွန်းလည်းများတဲ့အတွက် လုပ်ချင်တဲ့သူလည်း များတယ်။ အဲဒီအတွက် လုပ်ခွင့်ပေးမယ်ဆိုရင်တောင် သင့် တင့်တဲ့သူကိုပဲပေးသွားမှာပါ။ လက် ရှိမှာဆက်သွယ်ရေးဥပဒေရေးဆွဲ နေတုန်းဖြစ်ပြီး ရှေ့အပတ်ထဲမှာရှေ့နေချုပ်ရုံးကို ပြန်လည်ပေးပို့ ဖို့ရှိပါတယ်။ ပြင်စရာမရှိတော့ဘူးဆိုရင် လွှတ်တော်ကို တင်ပြသွားမှာပါ။ နောက်တစ်ချိန်မှာ လွှတ်တော်က အတည်ပြုပြီးရင် ဖုန်းအော်ပရေတာ ကုမ္ပဏီလုပ်ကိုင်ခွင့် ချပေးတာတွေ ဖြစ်လာမှာပါ။ လုပ်ခွင့်ရရင် အားလုံးကို ဖိတ်ခေါ်မှာပါ။ အဲဒီထဲကမှ ပြည်တွင်းလုပ်ငန်းရှင်တွေကို ဦးစားပေးသွားမှာပါ''ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဣဒ္ဓိလှက ပြောကြားခဲ့သည်။
အဆိုပါ ဆက်သွယ်ရေးဥပဒေမူကြမ်းအား လွှတ်တော်တွင် တင်ပြသွားရန်ရှိပြီး  ယင်းဥပဒေတွင် ပြည်တွင်းဆက်သွယ်ရေး ကဏ္ဍများ၌ ပုဂ္ဂလိကဘက်မှ ၀င်ရောက်လုပ်ကိုင်နိုင်မည့် အခွင့်အလမ်းများနှင့် ပတ်သတ်၍ ပိုမိုဦးစားပေး ရေးဆွဲထားကြောင်းလည်း သိရသည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis