menu

Monday 6 February 2012

အာဖရိကတိုက်သား တစ်ဦးတီထွင်သည့် သင်ပုန်းကွန်ပျူတာ စတင်ရောင်းချ





အက်ပဲလ်၏ အိုင်ပက်နှင့် အခြားအနောက်တိုင်းမှ သင်ပုန်းကွန်ပျူတာများကို ယှဉ်ပြိုင်မည့် အာဖရိကတိုက်သားတစ်ဦး တီထွင်သည့် ပထမဆုံး သင်ပုန်းကွန်ပျူတာကို ကွန်ဂိုနိုင်ငံသားတစ်ဦးက တီထွင်ခဲ့ပြီး စတင်ရောင်းချနေပြီ ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ ဒီသင်ပုန်းကွန်ပျူတာကို စတင်ရောင်းချဖို့ အဖွဲ့ဖွဲ့ပြီး လိုအပ်တာတွေလုပ်ပြီးပါပြီ။ ဒီကနေ့ပဲ စတင်ဝယ်ယူနိုင်ပါပြီ”ဟု အသက် ၂၆ နှစ်သာ ရှိသေးသည့် တီထွင်သူ ဗီရိုနီမန်ကိုက ပြောကြားခဲ့သည်။ ကွန်ဂိုမြောက်ပိုင်းသုံး ဘာသာစကားအရ ကြယ်များ၏အလင်းရောင်ဟု အဓိပ္ပာယ်ရသော စကားလုံး၏ အသံထွက်အတိုင်း Way-C ဟု အမည်ပေးထားသော သင်ပုန်းကွန်ပျူတာကို ကွန်ဂိုသမ္မတနိုင်ငံ မြို့တော် ဘရက်ဇ်ဇာဗီးလ်နှင့် အခြားမြို့ကြီးများတွင် စတင်ရောင်းချနေပြီဟု သိရသည်။

Way-C ကို ပြီးခဲ့သည့်နှစ်၊ စက်တင်ဘာလကတည်းက ထုတ်ဖော်ပြသခဲ့ခြင်းဖြစ်ပြီး ဇန်န၀ါရီလကုန်တွင်မှ စတင်ရောင်းချခဲ့ခြင်းဖြစ်သည်။ စက်ပစ္စည်း အခက်အခဲနှင့် ဈေးနှုန်းယှဉ်ပြိုင်နိုင်ရေးအတွက် တရုတ်နိုင်ငံတွင် တပ်ဆင်ထုတ်လုပ်ခြင်း ဖြစ်သည်ဟု သိရသည်။
အလျား ၇ ဒသမ ၄ လက်မ၊ အနံ ၆ ဒသမ ၇ လက်မ၊ အထူ လက်မ၀က်သာရှိသည့် ယင်းသင်ပုန်းကွန်ပျူတာမှာ အင်တာနက်ကို Wi-fi စနစ်ဖြင့် သုံးနိုင်မည်ဖြစ်ပြီး  အချက်အလက် သိုမှီးနိုင်စွမ်းမှာ ၄ ဂီဂါဘိုက်ရှိသည်ဟု သိရသည်။
ဈေးနှုန်းမှာ ကွန်ဂိုဖရန့်ငွေအရ တစ်သိန်းခွဲကျသင့်မည်ဖြစ်ပြီး အမေရိကန်ဒေါ်လာဖြင့် တွက်ပါက ၃၀၀ မျှ ကျသင့်မည် ဖြစ်သည်။ ယင်းသင်ပုန်းကွန်ပျူတာကို အနောက်အာဖရိက ၁၀ နိုင်ငံတွင် ရောင်းချသွား မည်ဖြစ်သလို ဘယ်လ်ဂျီယမ်၊ အိန္ဒိယ နှင့် ပြင်သစ်တို့ကိုပါ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ဖြန့်ဖြူးကာ အနောက်တိုင်းမှ ထုတ်လုပ်သည့် သင်ပုန်းကွန်ပျူတာများနှင့် ယှဉ်ပြိုင်စေမည်ဖြစ်သည်။
Ref: AFP
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis