menu

Monday 6 February 2012

ပူတင်အား ထောက်ခံသူများနှင့် ဆန့်ကျင်သူများ အပြိုင်အဆိုင် ဆန္ဒပြ




w7198a ပူတင်ကို ထောက်ခံနေကြသူများ
ရုရှားဝန်ကြီးချုပ် ပူတင်ကို ထောက်ခံသူများနှင့် ရွေးကောက်ပွဲတွင် ပူတင်၏ အာဏာရပါတီက မဲမသာမှုပြုလုပ်ခဲ့သည်ဟု ယူဆသောကြောင့် ပူတင် ကို ကန့်ကွက်သူများသည် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် မြို့တော်မော်စကို၌ အပြိုင်ဆန္ဒပြခဲ့ကြသည်။
အစိုးရဆန့်ကျင်သည့်ဆန္ဒပြပွဲများ အကြီးအကျယ်ဖြစ်ပေါ်ခဲ့အပြီး ခြောက်ပတ်အကြာတွင် အစိုးရခွင့်ပြုချက် တောင်းခံပြီး ထပ်မံဆန္ဒပြရာ၌ ပူတင်ဘက်ကလည်း တန်ပြန်ထောက်ခံဆန္ဒပြမှုကို ယင်းနေ့တွင်ပင် တိုက်ဆိုင်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

w7198 ပူတင်ကို ကန့်ကွက်နေကြသူများ
ဥပဒေအရ သမ္မတ ရာထူးတွင် သက်တမ်း နှစ်ကြိမ်ဆက်ထက် ပို၍ ထမ်းဆောင်ခွင့် မရှိသောကြောင့် ၀န်ကြီးချုပ်တစ်ကြိမ် လုပ်ခဲ့ပြီးနောက် သမ္မတနေရာကို တစ်ကျော့ပြန်ရယူရန် ပူတင်က အာဏာရပါတီကိုယ်စားပြု ၀င်ပြိုင်ရန်စီစဉ်နေချိန်တွင် ကန့်ကွက်မှုများ ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။
ရုရှား၏တတိယမြောက် အချမ်းသာဆုံးပုဂ္ဂိုလ် New Jersey Nets ဘတ်စကက်ဘော အသင်းပိုင်ရှင် ဘီလျံနာ မီခေးလ်ပရိုခိုရော့ဗ်လည်း ပူတင်နှင့် အပြိုင်သမ္မတရာထူး အတွက် ၀င်ရောက် အရွေးခံမည်ဖြစ်ပြီး ယခုဆန္ဒပြမှုတွင်လည်း ကန့်ကွက်သူများနှင့် ပူးပေါင်းပါဝင်ခဲ့သည်။
မော်စကိုရှိ အတိုက်အခံ လူစုလူဝေးတွင် ဆန္ဒပြသူ ၃၃၀၀၀ ခန့်ရှိပြီး အစိုးရကိုထောက်ခံသည့် လူစုတွင်မူ ပါဝင်သူ ၁၅၀၀၀၀ ခန့်ရှိကြောင်းရဲတပ်ဖွဲ့၏ စာရင်းများကို ကိုးကား၍ နိုင်ငံပိုင် ရီယာနိုဗော့စတီးသတင်း အေဂျင်စီကဖော်ပြခဲ့သည်။ သို့သော်လည်း အစိုးရဆန့်ကျင် ဆန္ဒပြသူများ၏ အရေအတွက်မှာ ၁၆၀၀၀၀ နီးပါး ရှိကြောင်း ပူတင်ဆန့်ကျင်ရေးစီစဉ် သူများက ပြောကြားခဲ့သည်။
Ref:CNN
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis