menu

Thursday 16 February 2012

ကျိုက်ခေါက်ဘုရားပွဲ (သန်လျင်) တွင် ကပြသည့် ဇာတ်အဖွဲ့ကြီးများ ဇာတ်ရုံအပြင်အဆင်ကို ယခင်နှင့်မတူအောင် အပြောင်းအလဲများ လုပ်ဆောင်ခဲ့





e7201
ကျိုက်ခေါက် ဘုရားပွဲ(သန်လျင်)တွင် ဟန်ဇာမိုးဝင်း ဇာတ်ရုံရှေ့ အပြင်အဆင်နှင့် ဖိုးချစ်ဇာတ်ရုံရှေ့ အပြင်အဆင်ကို တွေ့ရစဉ်
ကျိုက်ခေါက်ဘုရားပွဲ (သန်လျင်)တွင် ကပြခဲ့ကြသည့် ဇာတ်အဖွဲ့ကြီးများသည် ဇာတ်ရုံ အပြင်အဆင်ကို ယခင်ထက် ပိုမိုအလေးထား ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြသည်။
“ ဇာတ်သဘင်မှာတော့ တစ်နှစ်ထက်တစ်နှစ် ဆန်းသစ်မှုတွေနဲ့ တင်ဆက်နိုင်ဖို့ စီစဉ်တဲ့သူတွေ ရှိတယ်။ ဒီတော့ တခြားအဖွဲ့တွေအနေနဲ့ ပြင်ဆင်မှုမရှိရင် နောက်ကျန်ခဲ့နိုင်တယ် လေ။ သန်လျင် ကျိုက်ခေါက်ပွဲလို ဇာတ်အဖွဲ့ကြီးတွေ အပြိုင်ကပြကြတဲ့ ပွဲကြီးတွေမှာဆိုရင် အဲဒီလိုအပြိုင်အဆိုင် ပြင်ဆင်ဆန်းသစ်မှုတွေကို တွေ့ရတယ်။
ဒီနှစ်လည်း ဇာတ်ရုံရှေ့ အပြင်အဆင်ကစပြီး ပရိသတ် ကို ဆွဲဆောင်နိုင်အောင်လို့ သေချာပြင်ဆင်ခဲ့ကြတယ်။ ကျိုက်ခေါက် ပွဲလိုပဲ အရမ်းစည်ကားတဲ့ နယ်ပွဲတွေ လည်းရှိတယ်။ ဒါပေမယ့် နယ်ပရိသတ်ကို ဆွဲဆောင်ရတာနဲ့ ရန်ကုန် ပရိသတ်ကို ဆွဲဆောင်ရတာချင်းက မတူဘူးလေ။ ဒါကြောင့် ရန်ကုန်နဲ့ အနီးတစ်ဝိုက်ပွဲတွေမှာ ဇာတ်အဖွဲ့တွေ အပြိုင်ကကြပြီဆိုရင် ပိုပြီးပြင်ဆင်မှု တွေလုပ်ကြတယ်”ဟု ဇာတ်ပွဲမန်နေဂျာတစ်ဦးက ဆိုပါသည်။
e7201a
ကျိုက်ခေါက် ဘုရားပွဲ(သန်လျင်)တွင် ဟန်ဇာမိုးဝင်း ဇာတ်ရုံရှေ့ အပြင်အဆင်နှင့် ဖိုးချစ်ဇာတ်ရုံရှေ့ အပြင်အဆင်ကို တွေ့ရစဉ်
ဇာတ်ရုံ အပြင်အဆင်ကို ဆန်းသစ်သည့် ပုံစံဒီဇိုင်းများဖြင့် ပြင်ဆင်ကြသည့်နည်းတူ ဇာတ်ရုံတွင်း ပြင်ဆင်မှုများကိုလည်း ယခင်ကထက် ပိုမိုကောင်းမွန်အောင် စီစဉ်ဆောင်ရွက်လာကြကြောင်း သိရသည်။
ကျိုက်ခေါက်ဘုရားပွဲ(သန်လျင်)သည် ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်တွင် ထင်ရှားသည့် ဘုရားပွဲ တစ်ပွဲဖြစ်ပြီး အစည်ကားဆုံး ဘုရားပွဲ တစ်ခုလည်း ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံ အနှံအပြားတွင် အောင်မြင် ထင်ရှားသည့် ဇာတ်အဖွဲ့များ အပြိုင် ကပြကြခြင်းဖြစ်သည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis