menu

Thursday 26 January 2012

ရထားပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးသူရဦးသောင်းလွင်နှင့်တွေ့ဆုံခြင်း

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် နဘုလယ်ဒေသတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းဧရိယာအတွင်းရှိ ကျေးရွာ များဖြစ်ကြသည့် ထိန်ကြီး၊ လဲရှောင်၊ ပရဒတ်၊ ညောင်ပင်ဆိပ်ကျေးရွာများသို့ ၂၀-၁-၂၀၁၂ ရက်နေ့တွင် ရထားပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးသူရဦးသောင်းလွင် သွားရောက်ခဲ့ပြီး ဒေသခံများနှင့်တွေ့ဆုံ ကာ သိရှိလိုသည်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် လဲရှောင်ရွာ ဘုန်းကြီးကျောင်းတွင်ပြုလုပ်ခဲ့သော တွေ့ဆုံပွဲအပြီးတွင် ရထားပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးသူရဦးသောင်းလွင်ကို Eleven Media Group  မှ တွေ့ဆုံခဲ့ပြီး သိရှိလိုသည်များကို မေးမြန်းဖြစ်ခဲ့သည်။

မေး - အခုကျွန်တော်တို့ ကြားသိရတာက ဒီဒေသမှာရှိတဲ့ ဒေသခံအချို့ကို အရင်က ဧကအလိုက် လျော်ကြေးပေးဖို့ ပြောလို့လက်မှတ်ထိုးထားကြတာရှိတယ်။ နောက်တော့ အပင်အရေအတွက်ကို တွက်ချက်ပြီးလျော်ပေးမယ်လို့ ပြန်လည်ပြောကြား ခဲ့တဲ့အတွက် အရင်ကလက်မှတ်ထိုးထားတဲ့သူတွေ အပေါ် ဘယ်လိုလုပ်ပေးဖို့ စဉ်းစားထားပါသလဲ။
ဖြေ - အပင်လျော်ကြေးလည်း ပေးတယ်။ မြေဖိုးလည်းပေးတယ်။ ဘာဖြစ်လို့လည်းဆိုတော့ မြေလွတ်ကြီးနဲ့ အပင်တွေစိုက်ထားတဲ့သူနဲ့ အတူတူပေးရင် မတရားဘူးလေ။ မြေကွက်အလွတ်နဲ့ အိမ်ပါဆောက်ထားတဲ့ လူနဲ့ကျတော့ အိမ်ပါဆောက်ထားတဲ့သူက ပိုရင်းထားရတယ်။ အဲဒီတော့ ကျွန်တော်တို့က ဘာနဲ့သွားစဉ်းစားလဲဆိုတော့ မြေအတွက်လည်းပေးရမယ်။ အပင်အတွက်လည်း ပေးရမယ်။ နောက်တစ်ခုက ဒီဥစ္စာ (နရလယ်ဒေသရှိ မြေဈေး)သည် ဒီထားဝယ်ဒေသ စက်မှုဇုန်မရောက်ခင်က ဘယ်ဈေးရှိလဲ။ အဲဒီဈေးထက် နည်းနည်းပိုပေးမယ်။ ဘာလို့လဲဆိုရင် ကဲထားဝယ်ဒေသက အခုပိုက်ဆံတွေ တအားတောင်းတယ်ဆိုပါစို့။ ဒီထားဝယ်ဒေသက ပိုက်ဆံတွေကို တအားတောင်းတယ်ဆိုရင် မတတ်နိုင်ဘူး။ ဒို့က သရက်ချောင်း ဘက်ပြောင်းတော့မယ်ဆိုရင် ဒီမှာ မြေဈေးဘယ်လောက်ဖြစ်သွားမှာလဲ၊ အခုဖြစ်နေတဲ့ဥစ္စာကို တို့က အဲဒီဈေးနဲ့ မသတ်မှတ်ဘူး။ ဒီဈေးက အမှန်တော့ မဟုတ်တဲ့ဈေးကွ။ အဲတော့ တို့ဒီစက်မှုဇုန်ကြီးမရောက်ခင်က ဘယ်ဈေးရှိလဲ၊ အဲဒီဈေးကဈေးမှန်။ ဒီရွာတွေမှာ ဘာဖွဲ့ထားလဲဆိုတော့ သမာဓိလူကြီးတွေ ဖွဲ့ထားတယ်။ သမာဓိလူကြီးတွေက ဘာလဲဆိုတော့ သူတို့က ဈေးနှုန်းတွေယူထားတယ်။ ဟိုဘီးလင်းဘက်မှာ ဘယ်လောက်ရှိလဲ။ ထားဝယ်ဘက်မှာ ဘယ်လောက်ရှိလဲ။ သံဖြူဇရပ်၊ ရေးတို့ဘက်မှာရော ဘယ်လောက်ရှိလဲ။ ဒီက သရက်ချောင်းဘက်မှာရော ဘယ်လောက်ရှိလဲ။ အဲဒီဈေးနှုန်းတွေကို ယူထားပြီးတော့ ဒီဈေးနှုန်းသည် ဟိုအရင်က ဒီလောက်ပဲရှိတယ်။ ဒါဆို ဟုတ်ပြီ။ အဲဒါထက်ပိုပေးမယ်။ နောက်တစ်ခုက ဘာလဲဆိုရင် အကယ်၍သာ ဒီပိုက်ဆံတွေတောင်းတာကို မပေးနိုင် တဲ့အတွက် ဒီလူ (ITD) ကဟိုးဘက် သရက်ချောင်းဘက်ကိုရွှေ့သွားရင် အဲဒီအချိန်မှာ ဒီနေရာကမြေဈေး ဘယ်လောက်ဖြစ်သွားမှာလဲ။ အဲဒီဈေးက ဈေးမှန်ပဲ။ ဒီထားဝယ် စက်မှုဇုန်ကြီး မပေါ်ပေါက်ခင်က ဈေး သို့မဟုတ် ဒီထားဝယ်စက်မှုဇုန်ကြီးက မတတ် နိုင်တော့ပါဘူး။ လက်မြှောက်ပါပြီ ဆိုပြီး ပြောင်းသွားမယ်။ အဲဒီအချိန် ဈေးက ဘယ်လောက်ဖြစ်သွားမှာလဲ။ အဲဒါ ပင်ရင်းဈေးဖြစ်တယ်။ အဲဒီ ပင်ရင်းဈေးကို ထပ်တိုးပေးမယ်။ မုန့်ဖိုးထပ်ပေးမယ်။ ဒီဈေးက တစ်ယောက်က သိန်း ၂၀၀ပေါက်တယ်။  တစ်ယောက်က သိန်း ၁၀၀ ပေါက် တယ်ဆိုရင်သူလဲဘယ်လာတော့မှာလဲ။

ဒီစက်မှုဇုန်ကြီးမရောက်ခင်က ဘယ်ဈေးရှိလဲ။ အဲဒီဈေးကဈေးမှန်။ ဒီရွာတွေမှာ ဘာဖွဲ့ထားလဲဆိုတော့ သမာဓိလူကြီးတွေ ဖွဲ့ထားတယ်။ သမာဓိလူကြီးတွေက ဘာလဲဆိုတော့ သူတို့က ဈေးနှုန်းတွေယူထားတယ်။ ဟိုဘီးလင်းဘက်မှာ ဘယ်လောက်ရှိလဲ။ ထားဝယ်ဘက်မှာ ဘယ်လောက်ရှိလဲ . . . အဲဒီဈေးနှုန်းတွေ ယူထားပြီးတော့ . . .
မေး - အခုဆရာတို့ပေးထားတဲ့ ၂၅ နှစ်အတွက် ဆိုတာက။

ဖြေ - တစ်ယောက်အတွက်ပါပဲ။ သူ့ကိုလယ်ဆိုရင် တစ်နှစ်တင် ဘယ်လောက်ရလဲ။ အဲဒီအရေအတွက်ကို ရောင်းလို့ရတဲ့ငွေနဲ့ စားပြီးတဲ့အခါ ၂၅ နှစ် အတွက်ရမယ်။ လူတိုင်းမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ပြောတဲ့အပေါ်မှာလည်း မူတည်တယ်။ တချို့က ဘာပြောလဲဆိုရင် ငါဒီက ပိုက်ဆံရရင် သိန်းဈေးရမယ်။ ဒီတော့ ခင်ဗျားပေါင်းမရှင်းတော့ဘူးလား။ ပေါင်းကျွန်တော့်ဟာ ကျွန်တော်ရှင်းမယ်။ အသီးခူးတော့ရော ကျွန်တော့်ဆီမှာ ခူးတယ်။ တစ်ရက်လုပ်ခကို တစ်နှစ်စာ ကျွန်တော်ပေါင်းလိုက်မယ်။ အဲဒါကိုနှုတ်မယ်။ ဒီဟာကလေ ကျွန်တော်တို့ ညာလို့မရဘူး။ ဒီမှာပြောနေရင် ပတ်ဝန်းကျင်က ရွာတွေမှာ လိုက်မေးလိုက်တယ်။ တစ်ဧကဘယ်လောက်နဲ့ ရောင်းဈေးရှိလဲပေါ့။ သို့တည်းမဟုတ် ဒီမှာဘာတစ်ခုပြောမလဲဆိုတော့ ခင်ဗျားဟာ မျိုးမကောင်းဘူး။ လက်ရှိမျိုးပဲရှိတယ်။ ဒီမှာမျိုးကောင်းတဲ့အပင် ရှိတယ်။ ခင်ဗျား အပင်ဘယ်လောက်ရှိလဲ။ ၁၀၀၀ ရှိ လား။ ၁၀၀၀ ရှိတဲ့ခြံနဲ့ အစားထိုးပေးမယ်။ခင်ဗျားတို့ လိုက်ကြည့်လိုက်။ အပင်လည်း သက်တမ်းပိုရှည်တယ်။ အမျိုးအစားလည်း ကောင်းတယ်။ အဲဒီခြံကိုပေးမယ်။ အဲဒီမှာသူက ဟာ ...မဟုတ်ဘူး။ ကျွန်တော်က ရောင်းချင်တာ။ ရောင်းချင်ရင် သူ့ဈေးနဲ့ရောင်း။ ခင်ဗျားထက်လည်း အမျိုးအစားကောင်းတယ်။ အပင်ချင်းလည်း တူတယ်။ ဧကချင်းလည်း တူတယ်။ ဒါကို သဘောမတူဘူး။ အဲဒါကြောင့် ပြောရတာပေါ့။ ဒီပထမသမာဓိ လူကြီးလည်း မှန်မှန်ကန်ကန် ဈေးဖြတ်တယ်။ သမာဓိလူကြီးတွေကို ဘာပြောလဲဆိုတော့ ဈေးဖြတ်ပါ။ ကျွန်တော်တို့ကို ကြည့်စရာမလိုဘူး။ အမှန်အတိုင်းပဲ။ လူဆိုတာ လိုချင်တာပေါ့ဗျာ။ ဒါ သဘာဝပါ၊ ကျွန်တော်တို့ အပြစ်မတင်ပါဘူးလို့ပြောတော့ သူတို့က ကျွန်တော်တို့ မလုပ်ရဲတော့ပါဘူး။ သမာဓိ လူကြီးတွေကသာ လုပ်ပေးမယ်ဆိုရင် ကျွန်တော်တို့ ကျေနပ်တာပေါ့။ ရွာသားတွေလည်း ကြိုက်တယ်။ ကျွန်တော်တို့လည်း နှစ်ဖက်မျှ တာပေါ့။ ကျွန်တော် တို့ကပြောတာ ကျွန်တော်တို့ဘက်ကို မကြည့်နဲ့၊ တကယ့် စာရင်းအမှန်ကိုပြော။ ကျွန်တော်တို့ဘက်ကို ကြည့်စရာ မလိုဘူး။ တကယ့်ဈေးနှုန်းအမှန်ကို ပြော။ ရွာသားတွေ ပြောတဲ့ဈေးနဲ့တော့ မဟုတ်ဘူး။
မေး - ခုနက ပြောတဲ့အတိုင်းပေါ့နော်။ ဒီရွာမှာရှိတဲ့ မူလခြံအရွယ်အစားအတိုင်းပဲ လိုတဲသူတွေကို အခုပြောင်းရွှေ့ပေးမယ့် ဘ၀ါရွာဘက်မှာမေးမယ်ဆိုရင် ဒီကပြောင်းသွားတဲ့ခြံတွေရဲ့ အရွယ်အစားအတိုင်း ပေးနိုင်ပါ့မလားလို့ ဒေသခံတွေက စိုးရိမ် နေကြတယ်။ အဲဒီအတွက်ရော ဘယ်လိုများ စီစဉ်ထားပါသလဲ။
ဖြေ - တချို့လူကလေ ဒီမှာခြံအစား ပေးမယ်လို့ ဆိုတဲ့အခါကျရော ကျွန်တော်ခြံမလိုချင်တော့ဘူး။ အဲလိုဖြစ်သွားတယ်။ အဲဒီလိုလူတွေ အများကြီးရှိတယ်။ ဒီမှာစီမံကိန်းအရွယ်အစား အကုန်လုံးရှိမှာ ဧက ၅၀၀၀၀ ကျော် ရှိတယ်။ ဧက ၅၀၀၀၀ ကျော်ရှိတဲ့အထဲမှာ ရွာမြေတွေပါတယ်။ လယ်မြေကွက်ပါတယ်။ နောက်တခြား မြေလွတ်မြေရိုင်းတွေ ပါမယ်။ အဲဒါတွေ ဖယ်လိုက်ရင် ဧက ၂၀၀၀၀လောက်ပဲ ကျန်တယ်။ အခုချထားပေးမယ့် ဘ၀ါဘက်မှာ ဧက ၁၀၀၀၀ကျော် လျာထားပြီးပြီ။ လိုရင်ထပ်ရှာပေးမယ်။ ဒါပေမယ့် တချို့က ပိုက်ဆံပဲယူမယ့်သူတွေပါတယ်။ ဖယ်လိုက်ရင် အဲဒီဧက၁၀၀၀၀ကျော်က ပိုနေတယ်။ ရွာတွေမှာလည်း အဲဒါတွေ ရှင်းပြ တယ်လေ။ ခြံအရွယ်အစားတိုင်း လိုချင်ရင်လဲပေးမယ်။ နောက်ပြီးတော့ အိမ်အစားမလိုချင်ဘူးဆိုရင် ရော်ဘာဆိုရင် အစေးထွက်နေတဲ့အရွယ်။ သီဟိုဋ်ဆိုရင် အသီးသီးနေတဲ့အရွယ် ခြံငါးဧကနဲ့ လဲပေးပါမယ်။ အိမ်တော့မရတော့ဘူး။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis