menu

Thursday 12 January 2012

တွန်းသင်္ဘောတစ်စီး မကွေးတံတားရေလယ်တိုင် နှင့်တိုက်မိပြီးနစ်မြုပ်

သင်္ဘောနစ်မြုပ်မှုကို ဇန်န၀ါရီလ ၉ ရက်နေ့ ညနေ ၄ နာရီက တွေ့မြင်ရစဉ်
ဇန်န၀ါရီလ ၉ ရက်နေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်က ရေနံချောင်းမြို့မှ ရန်ကုန်သို့ စုန်ဆင်းလာသော လမ်းခင်းကျောက်စရစ်များ တင်ဆောင်လာသည့် တွဲတွန်းသင်္ဘောတစ်စင်း မကွေးမြို့၊ဧရာဝတီတံတား (မကွေး)၏ ရေလယ်တိုင်အမှတ် (၃)(ဏ.၃)ကိုတိုက်မိ၍ နစ်မြုပ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။

တိုက်မိခဲ့သော တွန်းသင်္ဘောမှာ-------- တွန်းသင်္ဘော ဖြစ်၍ မောင်းနှင်သောရေယာဉ်မှူးမှာ-----------ဖြစ်ပြီး ကျောက်စရစ်များတင်လာသော တွဲအမည်မှာ သိဒ္ဓိအောင်ဖြစ်ကြောင်း၊ နစ်မြုပ်ခဲ့သော တွန်းသင်္ဘောမှာ ရေနံချောင်းမြို့မှ ထွက်ခွာလာခဲ့ပြီး  ၀က်မစွပ်ကျေးရွာတွင် ညအိပ်၍ ဇန်န၀ါရီလ ၉ ရက် နံနက် ၈ နာရီခန့်တွင် မကွေးဘက်သို့ စုန်ဆင်းလာစဉ် ဧရာဝတီတံတား (မကွေး) အနီးအရောက်တွင် တက်မကျိုး၍ တံတားတိုင်ကို ၀င်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း၊ ထိုတွန်းသင်္ဘောပေါ်တွင် ရေလုပ်သား ၁၃ ဦးပါဝင်ခဲ့သော်လည်း အသေအပျောက်မရှိခဲ့ကြောင်း သိရသည်။
''သင်္ဘောပေါ်ပါလာတဲ့သူတွေက ခုန်ချကူးလာလို့ အသေအပျောက်မရှိခဲ့ပါဘူး။ ကျောက်စရစ်တင်လာတဲ့ တွဲကိုတော့ ဈေးကြီးအောက်နားက ဆိပ်ကမ်းမှာဆွဲယူပြီး ကမ်းကပ်ထားပါတယ်။ တိုက်မိတဲ့ တွန်းသင်္ဘောကတော့ ရေလယ်တိုင်နဲ့ချိတ်မိနေပြီး ညနေ ၄ နာရီလောက်မှာတော့ မီးခိုးခေါင်းတိုင်နဲ့ အမိုးပေါ်တဲ့အထိ နစ်မြုပ်နေပါပြီ''ဟု ဧရာဝတီ(မကွေး) မှ လုံခြုံရေးဝန်ထမ်းတစ်ဦးက ပြောပြပါသည်။  အဆိုပါဖြစ်စဉ်ကို မကွေးမြို့ အမှတ်(၁) ရဲစခန်းမှ (ပ) ၈/၂၀၁၂၊ ပြစ်မှုပုဒ်မ-၂၈၀ဖြင့် အမှုဖွင့်ထား ကြောင်း၊ ယခုလက်ရှိ ဧရာဝတီတံတား(မကွေး)၏ ရေလယ်တိုင်အမှတ် အမှတ်(၂)နှင့် အမှတ်(၃)တို့ကြားမှ ရေလမ်းကြောင်း သတ်မှတ်ထားကြောင်း သတင်းရရှိပါသည်။
By EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis