menu

Thursday 12 January 2012

နိုင်ငံရေး အကျဉ်းသားအားလုံးလွှတ်ပေးမည်ဟုတရားဝင်ကြေငြာ

အရပ်သားအစိုးရလက်ထက်တွင် စတုတ္ထအကြိမ်မြောက် လွတ်ငြိမ်းချမ်းသာခွင့်အနေဖြင့် ယုံကြည်ချက်ကြောင့်အကျည်းကျခံနေရသူ ၆၅၁ဦးလုံးလွှတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ကြောင်း ယနေ့ည ၈ နာရီတွင် နိုင်ငံပိုင်ရုပ်မြင်သံကြားမှ တဆင့်တရားဝင်ကြော်ငြာပါတယ်။
ဇန်နဝါရီလ ၁၃ ရက်နေ့မနက် ၁၀နာရီတိတိအချိန်ကနေ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးမည် ဖြစ်ကြောင်း အင်းစိန်မြို့နယ်ရဲတပ်ဖွဲ့ မှတာဝန်ရှိသူ တစ်ဦးက ရန်ကုန်တိုင်းမ်ဂျာနယ် သို့ပြောကြားသည်။ အဆိုပါရဲအရာရှိအား မည်သို့သော အကျဉ်းသားများ အဓိကပါဝင်မည်ကို ဆက်လက် မေးမြန်းရာ"ခင်ဗျားတို့ လိုချင်သူတွေ အကုန်ပါမယ်"ဟု ပြန်လည် ဖြေကြားကြောင်း (Yangon Media Group) မှာလည်း ဖော်ပြသည်။
By: သစ်ထူးလွင်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis