menu

Wednesday 5 February 2014

" တက္ကသိုလ်၊ ကောလိပ် ၄၈ ခု၌ အင်တာနက်ဝိုင်ဖိုင်များ တစ်လအတွင်း တပ်ဆင်ပေးမည် "

Photo: " တက္ကသိုလ်၊ ကောလိပ် ၄၈ ခု၌ အင်တာနက်ဝိုင်ဖိုင်များ 
တစ်လအတွင်း တပ်ဆင်ပေးမည် "

 ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာကဏ္ဍအောက်ရှိ တက္ကသိုလ်၊ ကောလိပ် ၄၈ ကျောင်းတွင် မြန်နှုန်း မြှင့် အင်တာနက်နှင့် လိုင်းအားမြှင့် wifi  ထုတ်လွှင့်နိုင်ရန် စတင်ဆောင် ရွက်နေကြောင်း အဆင့်မြင့်ပညာ ဦးစီး ဌာန(အောက်မြန်မာပြည်) ဒုတိယညွှန်ကြားရေးမှူးချုပ်ထံမှ သိရသည်။

အဆိုပါ မြန်နှုန်းမြင့် အင်တာနက်လိုင်းနှင့် လိုင်းအားမြင့် wifi တပ်ဆင် ခြင်းမှာ ဆရာ၊ ဆရာမများနှင့် ကျောင်း သား ကျောင်းသူများ အရည်အသွေးမြင့် မားရေး တက္ကသိုလ်အဆင့်မြင့်မားရေး၊ Online, e-library  တည်ထောင်ရေး၊တက္ကသိုလ်ဥပဓိရုပ်ပတ်ဝန်းကျင်ကောင်း မွန်ရေး၊ University atmosphere  ဖြည့်ဆည်းရေး မူဝါဒလုပ်ငန်းတို့ ပါဝင် ကြောင်း ၎င်းထံမှ ထပ်မံသိရှိရသည်။

ဤကဲ့သို့ ပြုလုပ်ခဲ့ခြင်းမှာ တက္ကသိုလ်များတွင် နေထိုင်သည့် အဆောင် နေကျောင်းသားများအတွက် အဓိက ထားကြောင်း ၄င်းက ထပ်မံ၍ ပြောသည်။

အဆိုပါမူဝါဒကို ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော် မတီ ဥက္ကဋ္ဌ၊ သမ္မတရုံးဝန်ကြီးဌာန ၅ ပြည်ထောင်စုဝန်ကြီး၊ ပညာရေး ဝန်ကြီး တို့ထံမှ လမ်းညွှန် ထားခြင်းဖြစ်ပြီး မူဝါဒကို တစ်လအတွင်း အကောင်အထည် ဖော်သွားမည်ဟု ၄င်းထံမှသိရသည်။

အဆိုပါ မူဝါဒနှင့်ပတ်သက်၍ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ် ဆရာများ သမဂ္ဂဥက္ကဋ္ဌ ဦးသန်းထိုက်အောင်က ”ကောင်းတာပေါ့။ ဖြစ်စေချင်တာပါ။ Online ကနေ သင်တန်းပေးလို့ရတယ်။ Online ကနေ ပညာရှာဖို့ လုပ်ပေးနိုင်တယ်”ဟုပြောသည်။

လက်ရှိတွင် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်(တာဝ)တွင် ADSL ကြိုးမဲ့ အင်တာနက်စနစ်ဖြင့် အသုံးပြုလျက်ရှိ ပြီး ကျောင်းဝင်းအတွင်းရှိ RC အ ဆောင်နှင့် M ဆောင်တို့တွင် အခမဲ့ အသုံးပြုနိုင်ကြောင်း၎င်းထံမှသိရသည်။

ဇေဝေယံ

Popular Myanmar Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis