ည ၇ နာရီကျော် ..။ နေ့အလင်း
ရောင်ကွယ်ပျောက်ပြီး လမ်းမကြီးဘေးရှိ ဆိုင်အချို့ ပိတ်သိမ်းနေပြီဖြစ်သည်။
ဆိုင်ကယ်များ ဥဒဟိုသွားလာနေ သည့် မန္တ လေးမြို့ ၇၈ လမ်းမကြီးဘေး၊၃၁ နှင့်၃၂
လမ်း ကြားရှိ ကလေးကစားစရာအရောင်းဆိုင် Fantasy World ဘေးကပ်
လျက်ပိတ်ထားသည့်ဆိုင်ရှေ့ ပလက် ဖောင်းပေါ်ရှိ လမ်းေ ဘးမီးရောင်အောက်၊
မြက်ဖျာနှစ်ချပ်ခင်း၍ ကလေး ၁၃ ဦး ခန့် ဗလာစာအုပ်များကို ဖွင့်ဖတ်နေသည်။
အသက် ၆ နှစ်မှ ၁၄ နှစ်ကြားရှိ ကလေးများ မိုးတစ်ဖျောက်ေ ဖျာက် ကျနေ
သည့်ကြားမှာပင် ထိုနေရာကို စွန့်ခွာမ သွားဘဲ စာအုပ်ပေါ်တွင် အာရုံစိုက်နေ
ကြသည်။ အရွယ်စုံ ကလေးငယ် ၁၃ ဦးကြား တွင် ဆံပင်အရှည်နှင့် အသက် ၄ဝ ခန့်ရှိ
ပုဂ္ဂိုလ်တစ်ဦး ကလေးတစ်ဦးချင်းစီသို့ လှည့်၍ စာပြကာ
အလုပ်ရှုပ်နေသည်။ကျောက်သင်ပုန်းမရှိ၊ စာရေးခုံတစ် လုံးမှ မရှိ။ ကလေးအချို့က
ပိတ်သိမ်းပြီး ဆိုင်ရှေ့လှေ ကားကို စာရေးခုံအဖြစ်အ သုံးပြုကာ
သင်ရိုးစာအုပ်ပေါ်မှ စာအချို့ ကို ဗလာစာအုပ်ထဲသို့ ကူးရေးနေသည်။
ဆံပင်အရှည်ဖြင့် ပုဂ္ဂိုလ်က ထိုင်နေ
ရာမှထကာ ကိုထွန်းလွင်ပါဟု သူကိုယ်သူ မိတ်ဆက်လိုက်ပြီး ”ဒါက ကျူရှင်သင်
ပေးနေတာပါ။ ငွေကြေးမယူဘဲ အခမဲ့ပါ” ဟု ¤င်းက ရှင်းပြသည်။ ငွေကြေး
တတ်နိုင်သူက ဆရာ၊ ဆရာမကို အိမ်ခေါ်ကာ အဲယားကွန်းနှင့် ဆိုဖာဆက်တီခုံပေါ်၌
ထိုင်ခိုင်းကာ မိမိတို့၏ ကလေးကို စာသင်ပေးနေကြ သည့်အချိန်၊ အမိုး၊ အကာ၊
အခင်း လုံခြုံ စွာဖြင့် ကလေးငယ်တို့ကို နွေးထွေး စွာထား၍
မီးအလင်းရောင်ဖြင့် စာသင် ခုံပေါ်တွင် သီးသန့် ကျူရှင်သင်နေကြ
သည့်အချိန်တွင် ထိုပလက်ဖောင်း ပေါ်မှ ကျူရှင်ဝိုင်းက မြန်မာပြည်ပေါ်တွင် တစ်
ခုတည်းသာ ရှိလိမ့်မည်ဟု ထင်ကြောင်း ကိုထွန်းလွင်က ဆိုသည်။
ထိုလမ်းဘေးစာသင်ဝိုင်းလေးက ည ၇ နာရီမှစကာ ည
၉ နာရီ ခွဲအထိ နေ့စဉ်ပိတ်ရက်မရှိ ဖွင့်သည်။ ၎င်း ကျူရှင်အား ၂ဝဝ၉
ခုနှစ်ကတည်းက စတင် ခဲ့ခြင်းဖြစ်ပြီး ယခုနှစ် တွင် ငါးနှစ်သက် တမ်းသို့
ရောက်ရှိပြီ။ လွန်ခဲ့သည့် ၁၅ နှစ်ကတည်းက မုံရွာနယ်မှ မန္တလေးသို့
ကျောင်းတက်ရန် လာရောက်ခဲ့သူ ကိုထွန်းလွင်က အခြေ အနေ
အကြောင်းကြောင်းတို့ကြောင့် မန္တလေး၌ပင် ဆက်လက်နေထိုင်နေပြီး ၎င်း၏
အလုပ်ရှင်ခန့်ထားပေးမှုဖြင့် စာသင်ပြမှုကို ဝိုင်းကူနေခြင်းဖြစ်သည်။
”ပင်မ အလုပ်က ဒီနေရာမှာ ဆိုင် ကယ်
အအပ်ခံတဲ့အလုပ်ကို လုပ်တဲ့ အ လုပ်သမားပေါ့။ အခုတော့ ကလေးတွေ ကို
စာသင်ပေးရတဲ့အလုပ်ကိုပါ တွဲလုပ်နေရတယ်” ဟု ၎င်းက ပြောသည်။ စာသင်ဝိုင်းကလေး၏
ဦးတည်မှုက အခြေအနေမဲ့ လူတန်းစားတစ်ရပ်၏ သားသမီးများ၊ အစိုးရအခြေခံပညာ
ကျောင်းများတွင် တက်ရောက်နေသူတို့ နှင့် လေလွင့်ကလေးတို့ဖြစ်သည်။
”ဟိုမှာ ကျွန်တော့်ဆရာလာပြီ။
အပြည့်အစုံသိချင်ရင်တော့ ဆရာ့ကိုသာ မေးတော့ဗျာ” ဟု ကိုထွန်းလွင်က
စာသင်ခြင်းအလုပ်ဘက်သို့လှည့်၍ စကား ဖြတ်လိုက် သည်။ စွပ်ကျယ်လက်ပြတ်နှင့်
အားကစား ဘောင်းဘီရှည် ဝတ်ဆင်ထားသည့် အသက် ၅ဝ ခန့်ရှိ ခပ်ဝဝလူတစ်ဦး စာ
သင်နေသည့်နေရာသို့ ဝင်ထိုင်လိုက်ချိန် တွင် ကိုထွန်း လွင်က မိတ်ဆက်ပေးသည်။
ဦးစိန်ဝင်း၏ အလုပ်အကိုင်က ပညာရေးဝန်ထမ်းမဟုတ်သည့် အစိုးရဝန်
ထမ်းတစ်ဦးဖြစ်သည်။ သူ၏ ကျူရှင်ဝိုင်းလေးဖွင့်လှစ်မှု စတင်ခဲ့ပုံကို
ဆုတံဆိပ် တစ်ခုထုတ်၍ စကားစတင်လိုက်သည်။
”ဒါက ၂ဝ၁၁-၂ဝ၁၂ ပညာသင် နှစ်မှာ
ကျွန်တော့်စာသင်ဝိုင်းမှာ တက် နေတဲ့ ကလေးလေးရခဲ့တဲ့ ပညာရည်ချွန် ဆု
တံဆိပ်ပဲဗျ” ဟု ကြွပ်ကြွပ်အိတ်ထဲ တွင် ထည့်သိမ်း ထားသည့် ဆုတံဆိပ်ကို
ထုတ်ပြပြီး မန္တလေးသား ဦးစိန်ဝင်းက စကားဆိုသည်။ ”ဒီကလေးက သိပ်တော်တာပဲ။ ဒီ
ဆုတံဆိပ်တစ်ခုတည်း မဟုတ်သေးဘူး နော်။ ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်တုန်းကလည်း
တတိယတန်းမှာ ပညာရည်ချွန် ဒုတိယဆုရခဲ့သေးတယ်ဗျ” ဟု ၎င်းက ဆက်ပြောပြသည်။
ဦးစိန်ဝင်းက ၎င်း ကြွားလုံးထုတ်နေသော ဆုရရှိသူမောင်မျိုးမင်းအောင်
မှာသွေးလွန်တုပ်ကွေးလက္ခဏာဖြင့် ဖျားနာနေ၍ ထိုနေ့ ကျူရှင်သို့ မလာနိုင်ခဲ့။
”ကျွန်တော့်မှာ စာသင်ပေးရတဲ့ အပြင်
သူတို့အခက်အခဲရှိရင်လည်း ကူ ညီပေးရတယ်လေ။ ကျွန်တော် တတ်နိုင် သလောက်ကို
လုပ်သွားမှာ” ဟု ဦးစိန် ဝင်းက ဆက်ပြော သည်။ လွန်ခဲ့သည့် ၅
နှစ်ကျော်ဝန်းကျင် က မန္တလေးးဘူတာကြီးတစ်ဝိုက် ၃၅ လမ်းပေါ်တွင် ကလေးငယ်များ
တောင်း ရမ်းနေမှုကို ၎င်းက မြင်တွေ့ပြီး နောက် ပိုင်း ၎င်းကေ လးတို့ကို
စာသင်ပေးလို သည့် စိတ် စတင်ကိန်းအောင်းခဲ့သည်ဟု ဦးစိန်ဝင်းက
ကျူရှင်ဖြစ်ပေါ်လာပုံအစကို ပြောပြသည်။
”ဒါနဲ့ စဖြစ်လာတယ်။ စစချင်း
နေရာဘယ်ရှိပါ့မလဲ။ ကလေးတွေက သင်ချင်တာတောင် မိဘကလည်း လွှတ်မှကိုး။ ဒါနဲ့
နေရာရှာတော့ ဘူတာကြီး အနီး Fantasy World ပိုင်ရှင်က
သူတို့ဆိုင်ရှေ့မှာလာဖွင့်လို့ရတယ်လို့ နေရာလေးပေးလို့ ဒီနေရာမှာ
စလုပ်ဖြစ်တာ” ဟု ဦးစိန်ဝင်းက ဆိုသည်။ အလှူမခံ၊ အကူအညီမေ တာင်း စေတနာ
ရှင်အချို့၏ ထောက်ပံ့မှုအချို့နှင့် သာ ရပ်တည်နေပြီး ၎င်းကျူရှင်ကျောင်း
တက်နေရင်း ၁ဝ တန်းအထိ ရောက်သွားသည့် ကျောင်းသားပင် ရှိသည် ။
၎င်းကျူရှင်ဝိုင်းတွင် တက်ရောက် နေသူ
ကိုးတန်းကျောင်းသား မောင်ကျော်သီဟက ”ငါးတန်းထဲက စတက်နေတာ။ အဖေက လက်သမား၊
အမေ က ဈေး ရောင်းေ နတယ်။ ကျောင်းက သင်ပေးတာ ကို ပြန်လေ့လာရင်း ဒီက ဆရာတွေ
သင်ပေး၊ လေ့ကျင့်ပေးတာကို သင်ယူနေ ပါတယ်။ ဒီမှာ နေ့တိုင်း လာတက် ပါတယ်။
ကျူရှင်မ ယူနိုင်တဲ့ သားတို့ကို သင်ပေးတာ ကို ကျေးဇူးတင်နေပါတယ်” ဟု
ပြောသည်။အခြေအနေမဲ့ ကလေးမိဘအချို့မှာ အခြေခံပညာ ကျောင်းများ သို့ သား၊
သမီးများကို မဖြစ် မနေ ပို့ကြသော်လည်း ကျူရှင်ကိုမူ လုံးဝမထားနိုင်ကြသလို
ကျောင်းဆင်းလာပါက ရေသန့်ဘူးခွံ ကောက်ခိုင်းခြင်း၊ ပိုက်ဆံတောင်းခြင်း
တို့ကိုလည်း ထပ်မံလုပ်ခိုင်း သည့် အတွက် စာကျက်ချိန်မရှိကြကြောင်း
ထို့အတွက် ကျောင်းတွင် စာမလိုက်နိုင်ကာ စာသင် ခန်းထဲမှ အချိန်မတန်ဘဲ
ထွက်ခွာသွား ခဲ့ကြသည်ဟု ဦးစိန်ဝင်းကပြောသည်။
၎င်းက ”မိဘတွေကို နားချရတာ ပေါ့။ မင်းတို့
သားသမီးတွေကို မင်းတို့လို မဖြစ်စေနဲ့။ ဒီလောက်တော့ အချိန်ပေး
ကြပါဆိုပြီးတော့ပါ။ လိုက်နာတဲ့သူလည်း ရှိသလို မရှိတဲ့ သူတွေကလည်း အများ
သား” ဟု ပြောသည်။ ပညာရေးဝန်ကြီးဌာန၏ ပညာရေး ကဏ္ဍလေ့လာ သုံးသပ်ရေး လုပ်ငန်း
အဆင့် (၁)၏ အစီရင်ခံစာ၌ မူလတန်း အဆင့် အသားတင်ကျောင်းနေနှုန်းမှာ ၂ဝဝ၉-၂ဝ၁ဝ
ခုနှစ်တွင် တစ်နိုင်ငံလုံး၌ ၈၇ ဒသမ ၃၄ ရာခိုင်နှုန်းရှိပြီး ကျောင်း
ထွက်နှုန်းမှာ ၁ဝ ဒသမ ၇၂ ရာခိုင်နှုန်းရှိ ကြောင်း မူလတန်း အဆင့်တွင် ကျောင်း
သား၊ ကျောင်းသူ သိန်းနှင့်ချီ၍ စာသင် ခန်းမှ စွန့်ခွာသွားသည်ဟု ဖော်ပြထား
သည်။
မြန်မာ့ပညာရေးကဏ္ဍမှ ပညာရှင်
ဒေါက်တာခင်ဇော်က ”ဆင်းရဲလို့ ဆိုတာ တစ်ခုတည်းနဲ့ ပညာမသင်ရဘူးဆိုတာ ကို
အစိုးရကသာ ဦးဆောင်ဖြေရှင်းရ မယ်” ဟု မှတ် ချက်ပြုသည်။ ကျောင်းသား
သိန်းကျော်ထွက်နေ သည့်ကာလ၌ ကျောင်းသား ၁ဝ ဦး ကျော်မထွက်သွားစေရန်
တစ်ပိုင်တစ်နိုင် ကာကွယ်နေသူတို့ကို ပညာရေး ကတွင် များစွာအလိုရှိနေကြောင်း
၎င်းက ဆက် ပြောသည်။
ဦးစိန်ဝင်းက ” အခုတော့ ကျွန် တော့်
စာသင်ဝိုင်းကို အားရနေပြီဗျ။ ခုဆို ကျွန်တော့်စာသင်ဝိုင်းမှာ လာကူနေတဲ့သူ
တွေရှိနေပြီ။ ၉ တန်း၊ ၁ဝ တန်းကလေး တွေ လည်းရှိေ တာ့ သူတို့အတွက် စိတ်ပူ
နေရတာ။ ခုတော့ အေးသွားပြီ” ဟု ပြော သည်။ စက်တင်ဘာလဆန်းမှ စကာ မဟာ ဝိဇ္ဇာတန်း
တက်နေသူ အမျိုးသမီးတစ်ဦး ဖြစ်သည့် မနှင်းဆီနှင့်အင်္ဂလိပ်စကားပြော သင်တန်း
ဖွင့်ထားသည့် ဆရာတစ်ဦးတို့ က စေတနာဖြင့် လာဝိုင်းကူပေးနေသည်။စေတနာဖြစ်
စာသင်ဝိုင်းလေး ဆက်လက်ရှင် သန်ရေး အတွက် ဦးစိန်ဝင်း တစ်ယောက်
သူ၏အလုပ်ဌာနကို ဖော်ပြ ရန်ငြင်းဆန်သည်။ လူတချို့ကြောင့် စာသင်ဝိုင်းကလေး
တစ်နေ့ထက် တစ်နေ့ တိုးတက်လာဖို့ ထက် ပျောက် ကွယ်သွား မည်ကို
စိုးရိမ်၍ဖြစ်သည်။ ပကာသနမပါ၊ အနှစ်ချည်းသက် သက်သာဖြစ်သည့်
ထိုစာသင်ဝိုင်းကလေး အမည်ကိုတော့ ”ပလက်ဖောင်းပေါ်က စာပျိုး ခင်း၊ လေး
စားပါသည် ဦးစိန်ဝင်းလို့ အမည်ပေးထားတယ်” ဟု အပြုံးဖြင့် မနှင်းဆီက ဆိုသည်။
မင်းသုအောင်
Popular Myanmar News
No comments:
Post a Comment