၎.၉.၂၀၁၃: ယနေ့ အိုဗာစတေး သမားများ ကို ဖမ်းဆီးတဲ့ OPS 6P အစီအစဉ်ရဲ့ ၎
ရက်နေ့ မြောက်အနေဖြင့် မလေးရှားအစိုးရရဲ့ ကြေငြာချက် ကို ယနေ့ Thestar
သတင်းစာမှ ဖော်ပြသွားသည် ။
ပြီးခဲ့သည့် တနင်္ဂနွေနေ့ က Negri
Sembilan ရှိ ဆောက်လုပ်ရေး တစ်ခုအား ဝင်ရောက်စီးနင်းမှု့တွင် အဆိုပါ
ဆိုဒ်ရှိ တရားမဝင်နေထိုင်သူ တစ်ဦး မှ ရုတ်တရက် ပစ်စတို သေနတ်တစ်လက်ထုတ်ကာ
ဖမ်းဆီးသည့် အရာရှိအား ချိန်၍ ပစ်ရန်ကြံစည်မှု့တစ်ခု ကို
အမှတ်မထင်တွေ့ကြုံရကြောင်း မလေးရှား လဝက အရာရှိ ဒါတွတ် အလီယတ် အာမက်က ယနေ့
သတင်းစာတွင်ပြောကြားကြောင်းသိရသည် ။
အရာရှိ၏ ပြောကြားချက်တွင်
ဖမ်းဆီးရေး အဖွဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်သို့ရောက်ရှိချိန်တွင်
အလုပ်သမားများ မှဆောက်လုပ်ရေး လုပ်ငန်းခွင် နောက်ဘက်တောင်ခြေအထိ သွားရောက်
ပုန်အောင်းနေကြသည်ကိုတွေ့ရှိကြောင်း ။
အဆိုပါ သူများအား
ဖမ်းဆီးရေး သမားများမှ သွားရောက်စီးနင်း ဖမ်းဆီးချိန်တွင် အိုဗာစတေး
သမားတစ်ဦးမှ ရုတ်တရက် ပစ်စတို သေနတ်တစ်လက်အားထုတ်ကာ ဖမ်းဆီးသည့် အရာရှိအား
ပစ်ရန်ကြံရွယ်ကြောင်း ။
အရာရှိမှ ထိုသူ၏နောက်သို့ ပြေးဝင်ပြီး လက်ထဲမှသေနတ်အား အရယူနိုင်ခဲ့ကြောင်း ။ ယမာန်နေ့ သတင်းစာရှင်းလင်းပွဲတွင်ပြောကြားသွားခဲ့သည် ။
တစ်ဖန် အရာရှိ အလီယတ်မှ
"
ဒါက ကျွန်တော်တို့အတွက် ရှော့ရစေပါတယ် ၊ ပုံမှန်အားဖြင့် ဓားမြှောင် ၊
ဓားမ တွေကိုသာ ပုံမှန်အားဖြင့်ရင်ဆိုင်ရတာပါ ၊ ခုတော့ သေနတ်ပါတွေ့နေရပြီ "
ဟုဆိုသည်။
“ကျွန်တောို့မှာ ဒီ့အတွက် အထူးအဖွဲ့ဝင်နဲ့
တိုက်ခိုက်ရေးသမားတွေကိုပါ ပြင်ဆင်ထားပါတယ် ၊ ဒီတစ်ယောက်ကိုတော့ ရဲမှုခင်း
တစ်ခုအနေနဲ့ ကျွန်တော်တို့ အမှုဖွင့်အရေးယူသွားမှာဖြစ်တယ်" လို့အရာရှိက
ရှင်းလင်းသွားခဲ့သည် ။
OPS 6P အော်ပရေးရှင်းမှာ ယနေ့အထိ တရားမဝင်
2,586ဦသာလျှင် ဖမ်ဆီးရမိထားသေကြောင်း ၊ ယနေ့အထိ အင်ဒိုနီးရှား ၇၇၁ ဦး ၊
မြန်မာ ၅၇၉ ဦး ၊ ဘင်္ဂလားဒေ့ရှ် ၃၈၉ ဦး နှင့် နီပေါ ၂၄၃ ဦး ပါဝင်ကြောင်း ၊
အခြား ကမ္ဘောဒီးယား ၊ ဗီယက်နမ် ၊ အိန္ဒိယ ၊ ပါကစ်စတန် ၊ ဖိလပိုင် ၊ တရုတ် ၊
နိုင်ဂျီးယီးယား နှင့် ထိုင်းနိုင်ငံသား အနည်းငယ်ပါဝင်ကြောင်း သိရသည် ။
အဆိုပါ ဖမ်းဆီးမှုများထဲမှ အင်ဒိုနီးရှားနိုင်ငံသား တော်တော်များများကို ပြန်ပို့ပြီးခဲ့ပြီဖြစ်ကြောင်း အရာရှိက ပြောသည် ။
ဒါတွတ်အလီယတ်က
ဆက်ပြီး ဖမ်းဆီးထားသူများကို ထားစရာ မရှိသည့်အတွက် အစိုးရထံ
ယာယီထိမ်းသိမ်းရေးစခန်းများ ဆောက်ပေးရန် အကြောင်းကြားထားပြီး ၊ လူ ၄၀၀၀ စာ
ထိမ်းသိမ်းရေး စခန်းကို Selangor နှင့် ကွာလာလမ်ပူတွင် တည်ဆောက်ရန်
ပြင်ဆင်ပြီးကြောင်း နှင့် ဆက်လက် ပြီးတိုးလာမည့် အရေအတွက် ရှိပါက
ထားနိုင်ရန် ပြင်ဆင်ပြီး ဖြစ်ကြောင်း Thestar သတင်းစာက ယနေ့ဖော်ပြသွားသည် ။
ထိုသေနတ်ပစ်ရန် ကြံစသည်သည့် အိုဗာစတေးသမားမှာ မည်သည့် နိုင်ငံသားဖြစ်သည်ကြောင်း ကိုမူ မဖော်ပြသွားခဲ့ပါ ။
မလေးရှားရောက်မြန်မာများ
Myanmar News Now
No comments:
Post a Comment