menu

Monday 19 August 2013

စက်တင်ဘာလအတွင်း နာရီဖုန်းများ ထုတ်ရန် ရှိသည်ဟု Samsung ဆို

Photo: စက်တင်ဘာလအတွင်း နာရီဖုန်းများ ထုတ်ရန် ရှိသည်ဟု Samsung ဆို

ဆိုးလ်၊ သြဂုတ် ၁၈

Galaxy Gear ဟု အမည်ပေးထားသည့် ဖုန်းပါ ပြောနိုင်သော လက်ပတ်နာရီ ဖုန်းများကို လာမည့် စက်တင်ဘာလအတွင်း ထုတ်နိုင်ရန် ပြင်ဆင်ထားပြီး ယင်းဖုန်းများဖြင့် အင်တာနက်၊ အီးမေးလ်များကိုပါ သုံးစွဲနိုင်မည် ဖြစ်ကြောင်း Samsung အီလက်ထရွန်နစ် ကုမ္ပဏီက သတင်း ထုတ်ပြန် ထားသည်။

Galaxy Gear လက်ပတ်နာရီတွင် Google ထုတ် Android OS ကို ထည့်သွင်းပေးထားပြီး Apple ထုတ် နာရီဖုန်းကိုပါ ဈေးကွက်တွင် ယှဉ်ရန် ပြင်ဆင်ထားသည်ဟု Samsung က ဆိုသည်။

ယင်းနာရီကို လာမည့် စက်တင်ဘာ ၄ ရက်နေ့တွင် ဈေးကွက် တင်မည် ဖြစ်ပြီး ဘာလင်တွင် ကျင်းပမည့် IFA အီလက်ထရွန်နစ် ပြပွဲ မတိုင်မီ နှစ်ရက် အလိုတွင် ရောင်းချရန် ပြင်ဆင်ထား ခြင်းလည်း ဖြစ်သည်။

Samsung အနေဖြင့် ယခုထုတ်မည်ဟု ကြေညာလိုက်သော နာရီဖုန်းကြောင့် ဈေးကွက်တွင် Apple အပြင် Sony ကုမ္ပဏီနှင့်ပါ ထိပ်တိုက် ရင်ဆိုင်လာရဖွယ် ရှိသည်။ 

ယခုနှစ်အတွင်း ကမ္ဘာ့နာရီ ထုတ်လုပ်သူများ၏ နာရီ ရောင်းချရသည့် စုစုပေါင်း တန်ဖိုးမှာ ဒေါ်လာ ၆၀ ဘီလီယံခန့်ရှိပြီး ဝတ်ဆင်နိုင်သည့် ဖုန်း ဈေးကွက်သည် လက်ရှိ စမတ်ဖုန်း ဈေးကွက်ကို ကျော်တက် နိုင်ရန်မှာ မသေချာကြောင်း တစ်စိတ်တစ်ပိုင်း အနေနှင့်သာ အောင်မြင်နိုင်ကြောင်း ဆိုးလ်ရှိ Nomura Holding ကုမ္ပဏီမှ သုတေသီ ချွန်ချန်ဝေါင်းက ဆိုသည်။

လေ့လာ သုံးသပ်သူများက ထိုနေ့တွင် Samsung ထုတ် Galaxy Note 3 ဆိုသည့် တက်ဘလက်နှင့် စမတ်ဖုန်း နှစ်မျိုးသုံးကိုလည်း တစ်ပြိုင်တည်း ထုတ်မည် ထင်ကြောင်း bloomberg.com တွင်လည်း ရေးသားထားသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis