menu

Thursday 17 January 2013

တရုတ် အစိုးရက မြန်မာနယ်စပ်သို့ တရုတ်တပ်ဖွဲ့ များ စေလွှတ်

မြန်မာအစိုးရနှင့် ကချင်တိုင်း ရင်းသားလက်နက်ကိုင်တို့အကြား တိုက်ခိုက်မှုများ အရှိန်အဟုန် မြင့်တက်  လာလျက် ရှိရာ တရုတ်အစိုးရက အခြေအနေကို သိရှိရန် အတွက် ယူ နန်ပြည်နယ်နှင့် ကချင်ပြည်နယ် မြောက်ပိုင်း ဒေသရှိ နယ်စပ်ဒေသ များသို့ တရုတ်တပ်ဖွဲ့များကို စေလွှတ်  ခဲ့ကြောင်း၊ တရုတ်နိုင်ငံထုတ်  Global Times သတင်းစာက ဇန်နဝါရီ ၁၁ ရက်က ရေးသားဖော်ပြခဲ့သည်။ စေလွှတ်ခဲ့သည့် တရုတ်တပ်ဖွဲ့ အမျိုးအစားနှင့် အရေအတွက် ကိုမူ Global Times က အသေးစိတ် ဖော်ပြခဲ့ခြင်းမရှိပေ။
ဇန်နဝါရီ ၉ ရက် ညတွင် ကချင်ဒေသဘက်၌ အမြောက်သံ များ ထွက်ပေါ်ခဲ့ပြီး တည်ငြိမ်မှု မရှိသော အဆိုပါဒေသ မှ ပြည်သူတို့ သည် တရုတ်နိုင်ငံဘက်သို့ နယ်စပ် မှတစ်ဆင့် ဖြတ်သန်းဝင်ရောက်ကာ လာရောက်ခိုလှုံခဲ့ကြောင်း Global Times က ရေးသားဖော်ပြခဲ့သည်။ ယူနန်ပြည်နယ်သည် ကချင်တိုင်းရင်း  သား အများ အပြား နေထိုင်ရာလည်း ဖြစ်သည်။

တရုတ်ကွန်မြူနစ်ပါတီ၏ အာဘော်သတင်းစာဖြစ်သော People’s Daily သတင်းစာကလည်း Changjiang Daily နေ့စဉ် သတင်းစာပါ ဆောင်းပါးတစ်ပုဒ်ကို ယင်း၏ Website တွင် ပြန်လည်ဖော်ပြကာ မြန်မာ နိုင်ငံနှင့် နယ်စပ်ချင်း ထိစပ်လျက်ရှိသော  Yingjiang ခရိုင် အတွင်းရှိ တောင်တစ်လုံးပေါ်သို့ အမြောက်ဆန် ကျရောက် ပေါက်ကွဲမှု ရှိကြောင်း ဖော်ပြသွားခဲ့သည်။
Yingjiang ခရိုင်ကို အုပ်ချုပ်သည့် Dehong စီရင်စုဒေသအစိုးရ ကမူ အဆိုပါဖြစ်ရပ်နှင့် စပ်လျဉ်း၍ မှတ်ချက် တစ်စုံတစ်ရာ ထုတ်ပြန်ခဲ့ခြင်း မရှိပေ။
ကချင်ဒေသအတွင်း ပဋိပက္ခ များပြင်းထန်လာခြင်းက ပြောင်းလဲ ရေးလုပ်ငန်းစဉ်များဖြင့် အမည်ရ လျက်ရှိသော ဗိုလ်ချုပ်ကြီးဟောင်း များ ဦးဆောင်သည့် မြန်မာအစိုးရ ၏ ရည်ရွယ်ချက်များအပေါ် သံသယ ပွားစရာ ဖြစ်စေခဲ့သည်။
ကချင်သတင်းရပ်ကွက်များက ဒီဇင်ဘာ ၂၈ ရက်မှစတင်၍ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ၊ အမြောက်ကြီး များဖြင့် ပစ်ခတ်တိုက် ခိုက်မှုများ သာမက ဓာတုဗေဒ လက်နက်များဖြင့် တိုက်ခိုက်မှုများ ပါရှိခဲ့ကြောင်း ပြောကြား ခဲ့ကြသော် လည်း မြန်မာအစိုးရကမူ လေ ကြောင်း ထိုးစစ်ဆင်နွှဲခြင်း မရှိဘဲ အစိုးရ၏ မြေပြင်တပ်ဖွဲ့ များကို အကာအကွယ်ပေးရန် အမျိုး အစားလေ့ကျင့်ရေး ဂျက်လေယာဉ် များဖြင့်သာ ကာပစ်ပေးခြင်းရှိခဲ့ ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
၁၈ လကြာမြင့်ခဲ့ပြီးဖြစ်သော ကချင်ပြည်နယ် ပဋိပက္ခသည် မြန်မာတို့၏ ပြုပြင်ပြောင်းလဲရေး အရပ်သား အစိုးရသစ်အပေါ် အားစမ်းမှု တစ်ရပ်ဖြစ်နေပြီး လေတပ် အင်အား သုံးစွဲတိုက်ခိုက်မှုများက အစိုးရ တပ်ဖွဲ့ဝင် စစ်ဗိုလ်ချုပ်ဟောင်းများ အနေဖြင့် ယင်းတို့၏ မူလလမ်းစဉ် ဟောင်း သို့ ပြောင်းလဲ သွားပြီလော ဟူသည့် သံသယကို ဖြစ်ပေါ်စေခဲ့ သည်။
မြန်မာတို့နှင့် စီးပွားကုန်သွယ်မှု အခိုင်အခံ့တည်ဆောက်ပြီးဖြစ်သည့် တရုတ်အစိုးရက အိမ်နီးချင်းနိုင်ငံ၏ အခြေအနေကို စောင့်ကြည့်လျက်ရှိ ပြီး ဝေးလံသီခေါင်သော နယ်စပ် ဒေသ တစ်လျှောက် တည်ငြိမ်ရေး ဆောင်ရွက် ရန် မြန်မာအစိုးရကို ထပ်တလဲလဲတိုက်တွန်းပြောကြား လျက်ရှိသည်။

Ref: China Sends Troops to border with conflict torn Myanmar Media, Reuters
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis