အသက်သုံးဆယ်အရွယ်
လုံခြုံရေးဝန်ထမ်းအမျိုးသားတစ်ဦး ၁၁ လွှာတိုက်ခန်းပေါ်မှ
ခုန်ချသေဆုံးမှုတစ်ရပ် ယနေ့အောက်တိုဘာ ၆ ရက် ည ၇ နာရီက ရန်ကုန်မြို့၊
စမ်းချောင်းမြို့နယ်၊ ဓမ္မစေတီလမ်းနှင့် ဗားဂရာလမ်းထောင့်ရှိ
ပန်းခြံတာဝါတွင် ဖြစ်ပွားခဲ့သည်။
သေဆုံးသူမှာ ပန်းခြံတာဝါကွန်ဒိုရှေ့မျက်နှာချင်းဆိုင်မှ အနော်ရထာတာယာဆိုင်တွင် နေ့လည်ပိုင်းလုံခြုံရေးတာဝန်ထမ်းဆောင်နေသော အမျိုးသားတစ်ဦးဖြစ်ပြီး အမည်မှာ အောင်ကျော်သူဖြစ်ကာ တိုက်ပေါ်မှမခုန်ချမီတွင် သေတမ်းစာတစ်စောင်ကို ရေးသားထားခဲ့ကြောင်း သိရသည်။
ဦးခေါင်းကွဲ၊ ခါးရိုးကျိုးဒဏ်ရာများဖြင့် သေဆုံးခဲ့သော အဆိုပါအမျိုးသားမှာ စိတ်အခြေအနေပုံမှန်မဟုတ်ကြောင်း စမ်းချောင်းမြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲအုပ်ဇင်မိုးက ပြောသည်။
7Day News Journal

No comments:
Post a Comment