ရန်ကုန်၊ဒီဇင်ဘာ၂၉
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်
ဒညင်းကုန်းဘူတာတွင် ယနေ့နံနက် ၁၀နာရီ၁၅မိနစ်ချိန်ခန့်က
လိုင်စင်မဲ့ဆိုင်ကယ်များကို လာရောက်ဖမ်းဆီးစဉ် ကယ်ရီသမားက
ရဲတပ်ဖွဲ့ဝင်များကို ဓားဖြင့်ထိုးသဖြင့်
ရဲတပ်ဖွဲ့ဝင်တစ်ဦးနှင့်မြို့နယ်အုပ်ချုပ်ရေးရုံးမှအရာရှိတစ်ဦးဒဏ်ရာရရှိသွားကြောင်း
အင်းစိန်မြို့မရဲစခန်းမှ ဒုရဲအုပ်ဝင်းသန်းဦးက People Power
သတင်းစာသို့ပြောကြားသည်။
ဓားဖြင့်ထိုးသွားသည့် တရားခံဟုယူဆရသူကို
ရဲတပ်ဖွဲ့ဝင်များက လိုက်လံရှာဖွေနေကြောင်း၊ ဒဏ်ရာရရှိသူနှစ်ဦးကို အင်းစိန်
ဆေးရုံသို့တင်ပို့ကုသထားကြောင်း၎င်းကဆိုသည်။
ရဲတပ်ဖွဲ့ဝင်များက
ဆိုင်ကယ်နှစ်စီးအားဖမ်းဆီးယူဆောင်သွားစဉ် ယင်းနေရာတွင်ကျန်ခဲ့သည့်
ရဲတပ်ဖွင့်ဝင်များကို ဓားဖြင့်ထိုးခြင်းဖြစ်ကြောင်း
မျက်မြင်တွေ့ရှိသူများထံမှသိရသည်။
ရေးသားသူ-ကြည်ပြာ
People power
No comments:
Post a Comment