menu

Monday 25 November 2013

SEA Games ဘောလုံးပွဲလက်မှတ် ဝယ်ယူနိုင်သည့် နေရာများ



ရန်ကုန်မြို့ - သုဝဏ္ဏ အားကစားကွင်း၊ အောင်ဆန်းကွင်း၊ ပဒုမ္မာကွင်း၊ စလင်းကွင်း။

နေပြည်တော် - မြို့မဈေး၊ Junction နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိကွင်း ဂိတ်အမှတ် (၁)။

မန္တလေး - ဗထူးကွင်း(လမ်း ၃၀နှင့် ၂၉လမ်းထောင်)၊ ချမ်းမြသာစည် (မနောဟရီလမ်းနှင့် ငုရွှေဝါလမ်းကြား-၂၃လမ်း)၊ မန္တလေး ဘောလုံးအကယ်ဒမီ (ငုရွှေဝါလမ်းနှင့် သဇင်လမ်းကြား-၂၃လမ်း)၊ မဟာအောင်မြေ (လမ်း ၄၀ နှင့် ၃၅ လမ်းကြား)။

မှတ်ချက် - ယင်းလက်မှတ်များကို ဒီဇင်ဘာ ၁ ရက်နေ့မှ စတင်ရောင်းချပေးမည် ဖြစ်ရာ အမျိုးသား ဘောလုံးပွဲစဉ် လက်မှတ် နှုန်းထားများမှာ အုပ်စု ပွဲစဉ်များအတွက် ရိုးရိုးတန်း- ကျပ်နှစ်ထောင်၊ အထူးတန်း- ကျပ်လေးထောင်။ ရှုံးထွက်နှင့် ဗိုလ်လုပွဲစဉ်များအတွက် ရိုးရိုးတန်း- ကျပ်သုံးထောင်၊ အထူးတန်း- ကျပ်ငါးထောင်။ အမျိုးသမီး ဘောလုံးပွဲစဉ်များအတွက် ရိုးရိုးတန်း ကျပ်တစ်ထောင်၊ အထူးတန်း ကျပ်သုံးထောင်တို့ ဖြစ်သည်။



The Voice Weekly

 ဆီးဂိမ်းဘောလုံးပွဲကြိုတင်လက်မှတ်များနိုင်ငံသားစိစစ်ရေးကဒ်ပြားပါမှ ဝယ်ယူနိုင်....

ရန်ကုန်၊ နိုဝင်ဘာ ၂၅

ဆီးဂိမ်းဘောလုံးပြိုင်ပွဲဝင်ခွင့် ကြိုတင်လက်မှတ်များကို ဒီဇင်ဘာနှစ်ရက်နေ့တွင် ရောင်းချမည်ဖြစ်ရာ နိုင်ငံသား
စိစစ်ရေးကဒ်ပြားပါရှိမှ ဝယ်ယူ နိုင်မည်ဖြစ်ကြောင်း မြန်မာ
နိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ဈေးကွက်ရှာဖွေရေးတာဝန်ခံ ဦးဆူးအောင်က ပြောကြားသည်။

မှောင်ခိုလက်မှတ် ပေါ်ပေါက်မှုကိုတာစီးရန်နှင့် ကိုယ်ရေး အချက်အလက်များမှတ်ယူထားပြီး ဘောလုံးကွင်းအတွင်း
ဆိုးသွမ်းပရိတ်များ ပေါ် ပေါက်ပါက တားဆီးနိုင်ရန်ရည်ရွယ်၍ ယင်းကဲ့သို့စီစဉ်ရခြင်းဖြစ်ကြောင်း၎င်းကဆိုသည်။

ဆီးဂိမ်းဘောလုံးပွဲစဉ်များအတွက် လက်မှတ်ဈေးနှုန်းများကို
ဒီဇင်ဘာ၂ ရက်နေ့တွင်စတင်ရောင်းချမည်ဖြစ်ပြီး အမျိုးသား
ပြိုင်ပွဲအုပ်စု ပွဲစဉ် များကို အထူးတန်း ၄၀၀၀ ကျပ်၊ ရိုးရိုးတန်း
၂၀၀၀ ကျပ်သတ်မှတ်ထားကြောင်း ဆီးဂိမ်းပွဲစဉ်များနှင့် ဗိုလ် လုပွဲပွဲစဉ်များကို အထူးတန်း ၅၀၀၀ ကျပ်နှင့် ရိုးရိုးတန်း ၃၀၀၀
ကျပ်နှင့် အမျိုးသမီးပွဲစဉ်များကို အထူးတန်း ၃၀၀၀နှင့် ရိုးရိုးတန်း
၁၀၀၀ သတ်မှတ်ထားကြောင်း မြန်မာနိုင်ငံ ဘော လုံးအဖွဲ့အချုပ်
(MFF )က သတင်းထုတ်ပြန်ထားသည်။

ဆီးဂိမ်းဘောလုံးပွဲ လက်မှတ်များကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အပါအ၀င် အောင်ဆန်းကွင်း၊ ပဒုမ္မကွင်း၊ စလင်းကွင်းနှင့် MRTV -4
ရုပ်သံ ၀င်းအတွင်းတွင် ၀ယ်ယူကြည့်ရှုနိုင်မည်ဖြစ်ကြောင်း ဦးဆူးအောင်ကပြောကြားသည်။

ရေးသားသူ- ဇော်ဇော်
တည်းဖြတ်- EN-005
People Power

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis