menu

Monday 25 November 2013

၂၀၁၅ အတွက် ကိုယ်စားလှယ်လောင်း ၀င်ကြေး ကျပ်သုံးသိန်း ပြင်ဆင်


ကျော်ဇေယျ

ရန်ကုန် ၊ နိုဝင်ဘာ ၂၄ ။ ။ ၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ် ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဝင်ကြေးကို ကျပ်သုံးသိန်းဖြင့် ပြင် ဆင်သတ်မှတ်ပေးလိုက်ကြောင်း နိုဝင်ဘာ ၂၂ရက်ကပြုလုပ် သည့် ပြည်ထောင် စုရွေးကောက်ပွဲကော် မရှင်နှင့် နိုင်ငံရေးပါတီများတွေ့ ဆုံပွဲမှ သိရသည်။

သို့သော် ပါတီများ၏မကျေ နပ်မှုများ အတွက် စစ်ဆေးတိုင် ကြားမှုအတွက် သတ်မှတ်ထား သည့် ငွေကျပ် ၁ဝသိန်းကိုမူလျှော့ ပေးမည် မဟုတ်ကြောင်း ပြည် ထောင်စုရွေးကောက်ပွဲကော်မ ရှင်ဥက္ကဋ္ဌ ဦးတင်အေးကပြော ကြားလိုက်သည်။

နိုဝင်ဘာ ၂၂ရက်က အမေ ရိကန်အခြေစိုက် ရွေးကောက်ပွဲဆိုင်ရာဖောင်ဒေး ရှင်း တစ်ခုနှင့် ပူးပေါင်းလုပ်ဆောင် သည့် ရွေး ကောက် ပွဲကော်မရှင် မဟာဗျူဟာ စီမံချက်ဆွေးနွေးပွဲတွင် ဥက္ကဋ္ဌက ပြောခဲ့ခြင်းဖြစ်သည်။

ကိုယ်စားလှယ်လောင်း ယှဉ် ပြိုင်သူ၏ ပေးသွင်းရသည့် ယခင် ငွေကျပ် ငါးသိန်းမှ ယခု သုံးသိန်း ပြင်ဆင်ခြင်းနှင့် ပတ်သက်ပြီး ကော် မရှင်ဥက္ကဋ္ဌက ''အခုသုံးသိန်းကို လျှော့ချပေးထားတယ်။ နိုင်သူကို ပြန်ပေးမယ်။ မဲရလဒ်က ရှစ်ပုံတစ် ပုံရှိရင်လဲပြန်ပေးပါမယ်''ဟု ဥက္ကဋ္ဌ ကပြောသည်။



''ကန့်ကွက်လွှာနဲ့ပတ်သက် တာကိုတော့မလျှော့ပါဘူး''ဟု ရွေး ကောက်ပွဲ အငြင်းပွားမှုများအ တွက်သတ်မှတ်ငွေ ကျပ် ၁ဝသိန်း နှင့်ပတ်သက်ပြီး နိုင်ငံရေးပါတီ များကို ယင်းက ဆက်လက်အ သိပေး သည်။

ရွေးကောက်ပွဲဝင် ရောက်ယှဉ်ပြိုင်မည့် ကိုယ်စား လှယ်များ၏ သတ်မှတ်ချက်များ မှရရှိလာသည့် ငွေကြေးများကို ကော်မရှင်က နိုင်ငံတော်ကိုပေး သွင်းသွားမည်ဖြစ်ကြောင်း သိရ သည်။
အဆိုပါဆွေးနွေးပွဲပြုလုပ် ရခြင်းသည် ရွေးကောက်ပွဲကော် မရှင်၏ နည်းဥပဒေပြဋ္ဌာန်းမှုအ တွက် ဆွေးနွေးခြင်းဖြစ်ကြောင်း သိရသည်။

Yangon Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis