menu

Wednesday 20 November 2013

Miss Internet နှင့် People Choic ဆုအတွက် မြန်မာပရိသတ်ကို ယုံကြည်မှုရှိဟု ဂုဏ်ရည်အေးကျော်ပြော


ပန်းမြတ်ဇော်| ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ ၂၀ ရက်၊ ၂၀၁၃ ခုနှစ်

ဂုဏ်ရည်အေးကျော်သည် Miss International 2013 ပြိုင်ပွဲမှပေးအပ်မည့် Miss Internet ဆုနှင့် People Choice ဆုများအတွက် မြန်မာပရိသတ်များ၏ အားပေးမှုကြောင့် စိတ်ပူပင်မှုမရှိကြောင်း ၎င်းကမဇ္ဈိမသို့ ထုတ်ဖော်ပြောကြားလိုက်သည်။ ယင်းပြိုင်ပွဲကို ဂျပန်နိုင်ငံ အိုကီနာဝါတွင် ဒီဇင်ဘာ ၁၇ ရက်၌ (၅၃) ကြိမ် မြောက်ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် ဒုတိယအကြိမ်မြောက် ၀င်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။

ဂုဏ်ရည်အေးကျော်က “မြန်မာပရိသတ်တွေရဲ့ အားပေးမှုကြောင့် လက်ရှိမှာအဲဒီဆုနှစ်ဆုအတွက် ညီမ ကထိပ်ဆုံးမှာရှိနေပါတယ်။ ညီမသေချာတော့ပြင်ဆင်ထားပါတယ်။ ဒါပေမဲ့ အ၀တ်အစားတွေက အခုထိ ညီမလက်ထဲမရောက်သေးတော့ အဲဒါကိုစိတ်ပူမိတယ်။ တခြားဆု ပိုင်ဆိုင်ခွင့်ရဖို့ကတော့ ညီမရဲ့ကြိုးစား မှုပေါ်မူတည်မယ်လို့ ထင်ပါတယ်။ ညီမအကောင်းဆုံး ကြိုးစားလာခဲ့မှာပါ” ဟုဆိုသည်။

လက်ရှိတွင် ဂုဏ်ရည်အေးကျော် သည် ၎င်းင်းဆုနှစ်ဆုအတွက် မဲအရေအတွက် ၂၉,၉၈၃ ရရှိထားသည်။ ၎င်းသည် ဂျပန်နိုင်ငံတွင် ကျင်းပမည့် Talents Show အတွက် စောင်းတီးကာ မြန်မာတေးသီချင်းအပြင် ဂျပန်တေးသီချင်းတစ်ပုဒ်ကိုပါထည့်သွင်းကာ တင်ဆက်မည်ဖြစ်သည်။ ဒါ့အပြင် ရန်ကုန်၊ မန္တလေး၊ ပုဂံမြို့ များ၏ အကြောင်းအရာများကို လေ့လာထားသည့်အပြင် ဂျပန်နိုင်ငံနှင့်သက်ဆိုင်သော ယဉ်ကျေးမှုအ ကြောင်းတွေလည်း ဖြည့်တင်းလေ့လာလျက်ရှိသည်။


မြန်မာနိုင်ငံကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်မည့် ဂုဏ်ရည်အေးကျော်အတွက် အ၀တ်အစားဒီဇိုင်းများကို ဒီဇိုင်နာမိုးကုတ်ပေါက်ပေါက်၊ ဒီဇိုင်နာပြည်စိုးအောင်၊ ဒီဇိုင်နာကောင်းမြတ်တို့က ချုပ်လုပ်ပေးထားပြီး ရိုးရာဝတ်စုံအဖြစ် ၀တ်ဆင်မည့် ကချင်ဝတ်စုံအား ဒီဇိုင်နာဆန်းဘောက်ရာက ချုပ်လုပ်ပေးမည်ဖြစ်သည်။

ယင်း Miss International 2012 ပြိုင်ပွဲမှာ ပြီးခဲ့သည့်နှစ်က နန်းခင်ဇေယျာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီးဆုသုံး ဆုကိုဆွတ်ခူးနိုင်ခဲ့သော ပြိုင်ပွဲဖြစ်သည်။ ယခုနှစ်ပြိုင်ပွဲအတွက် မြန်မာကိုယ်စားပြုအလှမယ်ကို ဖေဖော်ဝါ ရီလအတွင်း ရွေးချယ်ခဲ့ရာတွင် ဂုဏ်ရည်အေးကျော်အား Miss Myanmar International 2013 အဖြစ် ရွေးချယ်ခြင်းခံခဲ့ရပြီး အင်္ဂလိပ်ဘာသာစကား၊ Miss တစ်ယောက်၏ လမ်းလျှောက်ပုံ၊ အလှပြပုံ၊ ခန္ဓာကိုယ် အလှ၊ စောင်းတီးစသည်များကို အချိန်ယူကာ ပြင်ဆင်လျက်ရှိသည်။ ၎င်း Myanmar International ပြိုင် ပွဲကို ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းမှ ဦးစီးကျင်းပခြင်းဖြစ်သည်။

Mizzima 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis