menu

Wednesday 20 November 2013

အေးနေဝင်းသည်သဘောထားပျော့ပြောင်းပြီး ဖိနှိပ်ချုပ်ချယ်မှုများကို မနှစ်သက်သူဖြစ်ဟု ၀ါရင့် သတင်းစာ ဆရာကြီး ဦးဝင်တင်ပြောကြား

ဦးနေဝင်း၏ မြေးများအကြောင်းကို အားလုံးမသိသော်လည်း အင်းစိန် ထောင်အထူးတိုက်တွင် အကျဉ်း ကျခံရစဉ်က ဆုံစည်းမှုအရ အ ကြီးဆုံးမြေးဖြစ်သည့် အေးနေ ဝင်းသည် သဘောထား ပျော့ ပျောင်း ပြီး ဖိနှိပ် ချုပ်ချယ်မှုများ ကို မနှစ်သက်သူဖြစ်ကြောင်း ဝါ ရင့်သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်က ပြောသည်။ ယင်းအပြင် ပညာတတ်လူ ငယ်တစ်ဦးဖြစ်ပြီး ဘာသာရေး ကိုင်းရှိုင်းသူတစ်ဦးလည်း ဖြစ် ကြောင်း ၊အင်းစိန် အကျဉ်း ထောင် အထူး တိုက်တွင် အကျဉ်းကျခံနေရစဉ် အေးနေဝင်းနှင့် ရင်းနှီးစွာစကား ပြောဖူးသည့် ဟံသာဝတီ ဦးဝင်း တင်က ပြောသည်။

ယင်းအနေဖြင့် မည်သူမည်ဝါဆိုသည်ထက် တခြားလူငယ်များကဲ့သို့ပင် ဦးနေဝင်း၏မြေးများ ဖြစ်သည့် ကျော်နေဝင်း၊အေးနေ ဝင်းနှင့် ဇွဲနေဝင်းတို့ကိုမြင်ကြောင်း၊ အင်းစိန်ထောင် အထူးတိုက်ကို ယင်းပြောင်းရွှေ့လာပြီးနောက်ပိုင်း ဦးနေဝင်း၏ မိသားစု နှင့် စတင် တွေ့ခဲ့ခြင်းဖြစ်ကြောင်း၊ သီးသန့် နေအိမ်များဖြင့် အကျဉ်းချထားခြင်းဖြစ်သော်လည်း ၂၀၀၈ခုနှစ် နာဂစ်နောက်ပိုင်းတွင် နေအိမ် များပျက်စီးသွားသည့်နောက် အထူးတိုက်အတွင်း ဦးနေဝင်း၏မြေးများပြောင်းရွှေ့လာစဉ် ယင်းညီအစ်ကိုများနှင့်ပတ်သက်ပြီး
ဟံသာဝတီဦးဝင်းတင်က ပြောသည်။ ''ကျွန်တော့်အနေနဲ့ အေးနေဝင်းနဲ့ပဲ စကားကောင်းကောင်း ပြောဖူးပါတယ်။ ကျန်ညီအစ်ကို နှစ်ယောက်နဲ့က စကားသိပ်မပြောဖြစ်ခဲ့ပါဘူး။ အေးနေဝင်းက ကျွန်တော်သိသလောက် ပညာတတ်ပြီး ဘာသာရေးကိုင်းရှိုင်း သူတစ်ဦးပါ''ဟု ဝါရင့် သတင်းစာ ဆရာကြီးက ထောင်တွင်းမှဆုံစည်းခဲ့ရမှု အခြေအနေပေါ်တွင် ပြောသည်။ ''သူတို့က ပညာတတ်တယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ်ပိုင်လုပ်ငန်းတွေ လုပ်နေတယ်ဆိုတာ သိရတယ်။ နောက်ပြီး ထောင်ထဲမှာ ပြင်းပြင်းထန်ထန် သူတို့ဖိနှိပ်ချုပ်ချယ်ခံကြရတယ်။ အဲဒါမျိုးတွေ ကို ကျွန်တော်ကမကြိုက်ပါဘူး'' ဟု ယင်းက နိုဝင်ဘာ ၁၅ရက်တွင် ထောင်မှ လွတ်လာသည့် ဦးနေဝင်း၏ မြေးများနှင့်ပတ်သက်ပြီး နိုဝင်ဘာ၁၈ရက်က ရန်ကုန်တိုင်းမ် သတင်းစာကို ပြောသည်။

ဦးနေဝင်းမိသားစုနှင့် ပတ်သက်ပြီး ပြည်သူလူထုက မည်သို့မည်ပုံ သဘောထားကြောင်းကို ယင်းအနေဖြင့်သိသော်လည်း ပြည်သူများ၏ လွတ်လပ်စွာသဘောထားကွဲလွဲခွင့်ကို သိကြောင်း၊ ယခုဦးနေဝင်း၏ မြေးများအပေါ် တွင် သူ၏ သဘောထားသည် ထိုအချိန်က ထောင်ထဲကိုရောက်နေသည့် အခြားလူငယ်များကဲ့သို့ အမြင်ဖြင့်သာ ဆက်ဆံခဲ့ကြောင်း ဦးဝင်းတင်က ပြောသည်။ အဆိုပါမိသားစုနှင့် အင်းစိန်ထောင်တွင် ခြောက်နှစ်ခန့် ဆုံခဲ့ဖူးကြောင်း၊ ရင်းနှီးသည့် အေးနေဝင်း သည် နိုင်ငံရေးအမြင်၊ ကမ္ဘာ့အမြင်၊ လူ့ လောကအမြင် များ ပိုင်ပိုင်နိုင်နိုင်ရှိသူဖြစ်ကြောင်း အေးနေဝင်းနှင့်ပတ်သက်ပြီး ဟံသာဝတီဦးဝင်းတင်က ပြောသည်။

ကျော်ဇေယျ

အေးချမ်းမွန် Credit To >Yangon Media Group <Thanks
https://www.facebook.com/excellencemedia

Yangon Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis