menu

Monday 2 September 2013

သူလျှိုဟု ယူဆရသော ဘဲငန်းတစ်ကောင် အီဂျစ် အာဏာပိုင်များ ဖမ်းဆီး

အီဂျစ် အာဏာပိုင် များသည် နိုင်ငံအတွင်း သူလျှိုပြုလုပ် ခဲ့သည်ဟု ယူဆရသော ဘဲငန်း တစ်ကောင်ကို ဖမ်းဆီး ခဲ့ကြောင်းနှင့် ယင်းဘဲငန်းတွင် အီလက်ထရွန်နစ် ကိရိယာ တပ်ဆင် ထားကြောင်း သိရသည်။

အဆိုပါ ဘဲငန်းအား အမျိုးသားတစ် ဦးက သြဂုတ် ၃၀ ရက်တွင် ကိုင်ရိုမြို့ အနောက် တောင်ဘက် ၄၅၀ ကီလိုမီတာ အကွာ ကွီနာ ဒေသရှိ ရဲတပ်ဖွဲ့ စခန်းသို့ ယူဆောင် ခဲ့ကြောင်း အာဏာပိုင် များက ပြောကြားခဲ့သည်။

ယင်းဘဲငန်းတွင် အီလက်ထရွန်နစ် ကိရိယာ တပ်ဆင် ထားခြင်းကြောင့် ယင်းဘဲငန်းကို သူလျှိုအဖြစ် အသုံးပြုခဲ့ သူဟု အမျိုးသားက ယူဆလျက် ရှိကြောင်းနှင့် အာဏာပိုင် များသည် ဘဲငန်းနှင့် အီလက်ထရွန်နစ် ကိရိယာကို စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ကွီနာဒေသ ရဲတပ်ဖွဲ့ အကြီးအကဲ မိုဟာမက် ကာမဲလ်က သြဂုတ် ၃၁ ရက်တွင် ပြောကြားခဲ့သည်။ သို့ရာတွင် ယင်းကိရိယာသည် ဖောက်ခွဲရေး ပစ္စည်းနှင့် ထောက်လှမ်းရေး ကိရိယာ အဖြစ်  အသုံးမပြုနိုင်ဘဲ တိရစ္ဆာန်ကို စောင့်ကြည့်ရာတွင် အသုံးပြုသည့် ကိရိယာ တစ်ခုသာ ဖြစ်ကြောင်း မိုဟာမက် ကာမဲလ်က ပြောကြားသည်။

http://www.myawady.net.mm/allnews/global/item/24216-2013-09-02-14-24-28

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis