menu

Thursday 22 August 2013

ဆီးရီးယား ဓာတုအဆိပ်ငွေ့ တိုက်ခိုက်မှုကြောင့် ၂၀၀ ကျော် သေဆုံး

Photo: ဆီးရီးယား ဓာတုအဆိပ်ငွေ့ တိုက်ခိုက်မှုကြောင့် ၂၀၀ ကျော် သေဆုံး

ဒမတ်စကတ်၊ သြဂုတ် ၂၁

ဓာတုလက်နက်များ အသုံးပြုလျက် ရှိသည်ဟု စွပ်စွဲချက်များ ထွက်ပေါ်နေသော  ဆီးရီးယား ပြည်တွင်းစစ်တွင် မြို့တော် ဒမတ်စကတ် အရှေ့ပိုင်း၌ ဆီးရီးယား အစိုးရ၏ ဓာတုလက်နက်သုံး တိုက်ခိုက်မှုကြောင့် လူ ၂၀၀ ကျော် သေဆုံးခဲ့သည်ဟု ဆီးရီးယား အတိုက်အခံများ က ပြောကြားကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

အဆိပ်ဓာတ်ငွေ့ ဓာတုပစ္စည်းများပါသော ဒုံးကျည်များ ဗုဒ္ဓဟူးနေ့ အစောပိုင်းက  ဒမတ်စကတ် မြို့တော် ဆင်ခြေဖုံး ဧရိယာများ ဖြစ်သော Ain Tarma, Zamalka and Jobar သို့ ကျရောက်ပေါက် ကွဲခဲ့ကြောင်း ဆီးရီးယား အတိုက်အခံများက ပြောကြားသည်။

ဆေးကုသရေး စင်တာများမှ ရရှိသော သတင်း အချက်အလက်များအရ အဆိုပါ ဓာတုအဆိပ်ငွေ့ဖြင့် တိုက်ခိုက်မှုကြောင့် လူ ၂၁၃ ဦး Douma Emergency Collection facility မှ သူနာပြုတစ်ဦးက ပြောကြားသည်။

ရိုက်တာ သတင်းဌာနအတွက် အလုပ် လုပ်နေသော ဓာတ်ပုံသမားများ၏ ဓာတ်ပုံများအရ ဆေးကုသရေး စင်တာများတွင် မျက်မြင်ဒဏ်ရာ တစ်စုံတစ်ရာ မတွေ့ရဘဲ ကြမ်းပြင်ပေါ်တွင် သေဆုံးနေသူများ၏ ပုံများကို တွေ့ရှိရသည်။

“ဒီကို ရောက်လာကြတဲ့ လူနာ အများစုက အမျိုးသမီးနဲ့ ကလေးတွေပါ။ သူတို့ရဲ့ သူငယ်အိမ်တွေ ကျယ်နေတာ၊ ပါးစပ်မှာ အမြှုပ်တွေ ထွက်နေတာ၊ ခြေလက်အင်္ဂါတွေ အေးစက်နေတာတွေ့ရပါတယ်။ ဆရာဝန်တွေ ပြောတာကတော့ အာရုံကြော အဆိပ်သင့်တဲ့ လက္ခဏာတဲ့” ဟု Douma Emergency Collection facility မှ သူနာပြု တစ်ဦးက ပြောကြားသည်။

ဆီးရီးယား ပြည်တွင်းစစ်တွင် ဓာတုလက်နက်များ အသုံးပြုလျက်ရှိကြောင်း စွပ်စွဲချက်များကို စုံစမ်း စစ်ဆေးရန် ကုလသမဂ္ဂ စုံစမ်း စစ်ဆေးရေး အဖွဲ့များ ဆီးရီးယားသို့ တနင်္ဂနွေနေ့တွင် ရောက်ရှိနေသည်။

၂ နှစ်ကျော် ကြာမြင့်လာပြီ ဖြစ်သော ဆီးရီးယား အစိုးရနှင့် အတိုက်အခံ သူပုန်များအကြား ဖြစ်ပွားသော ပြည်တွင်းစစ်တွင် လူပေါင်း ၉၂,၉၀၁ ကျော် သေဆုံးခဲ့ရသည်ဟု ကုလသမဂ္ဂ၏ ဇွန်လ ၁၃ ရက်နေ့ တရားဝင် သတင်း ထုတ်ပြန်ချက်အရ သိရသည်။

သို့သော် သတင်းရရှိရန် ခက်ခဲသည့် ဒေသများ ရှိနေခြင်းကြောင့် အမှန်တကယ် သေဆုံးသူ အရေအတွက်မှာ တစ်သိန်းကျော်အထိ ရှိနိုင်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်နာ မင်းကြီးက ဆိုသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis