menu

Wednesday 28 August 2013

ထန်းကုန်းတွင် ဘာသာပေါင်းစုံ ပါဝင်သော ပဋိပက္ခ ကာကွယ်တားဆီးရေးအဖွဲ့ ဖွဲ့

Photo: ထန်းကုန်းတွင် ဘာသာပေါင်းစုံ ပါဝင်သော ပဋိပက္ခ ကာကွယ်တားဆီးရေးအဖွဲ့ ဖွဲ့

ရွှေဘို၊ သြဂုတ် ၂၇

ပဋိပက္ခကြောင့် မီးရှို့ ဖျက်ဆီးမှုများ ဖြစ်ပွားခဲ့သော စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ကန့်ဘလူ မြို့နယ် ထန်းကုန်းမြို့တွင် ဘာသာပေါင်းစုံ ပါဝင်သည့် ပဋိပက္ခ ကာကွယ် တားဆီးရေးအဖွဲ့ ဖွဲ့စည်း ထားကြောင်း  စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဦးကြည်လင်က ပြောကြားသည်။

ဘာသာပေါင်းစုံ ပါဝင်သော ပဋိပက္ခ ကာကွယ် တားဆီးရေးအဖွဲ့ကို ထန်းကုန်းမြို့ ပဋိပက္ခ ဖြစ်ပွားပြီးနောက် သြဂုတ်လ ၂၅ ရက်နေ့တွင် ထန်းကုန်းမြို့ အနီးဝန်းကျင် ကျေးရွာ ၁၂ ရွာရှိ ဘာသာရေး ခေါင်းဆောင် များ၊ ရပ်မိ&ပ်ဖများနှင့် ကျေးရွာ လူငယ်များဖြင့် စတင် ဖွဲ့စည်း လိုက်ခြင်း ဖြစ်ကြောင်း  ယင်းဒေသခံများထံမှ သိရသည်။

ဒေသတွင်း ပဋိပက္ခ ဖြစ်ပွားမှုကို ကြိုတင် ကာကွယ် တားဆီး ဆောင်ရွက်နိုင် ရန်အတွက် အဆိုပါအဖွဲ့ကို ဖွဲ့စည်း ဆောင်ရွက်ခြင်း ဖြစ်သည်ဟု ဝန်ကြီး ဦးကြည်လင်က ဆိုသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၄ ရက်နေ့က ထန်းကုန်းမြို့တွင် အစ္စလာမ် ဘာသာဝင် သုံးဦးက ၁၉ နှစ်အရွယ် မိန်းကလေးကို အဓမ္မကျင့်သည်ဟု သတင်းများ ထွက်ပေါ်ရာမှ ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး မီးသတ်ယာဉ် ခုနစ်စီး၊ လုံခြုံရေး တပ်ဖွဲ့အင်အား ၃၀၀ နီးပါးခန့်ဖြင့် မြို့နေရာအနှံ့ လုံခြုံရေး ချထား ဆောင်ရွက်ခဲ့ ခြင်းကြောင့် သြဂုတ်လ ၂၅ ရက်နေ့တွင် အခြေအနေ များ ပြန်လည် တည်ငြိမ်မှု ရှိလာကြောင်း ထန်းကုန်းဒေသခံများထံမှ သိရသည်။  

ထန်းကုန်းမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့် အိမ်ခြေ  ၅၁ လုံး၊ ကြက်ခြံ နှစ်ခြံ၊ ဈေးဆိုင်ခန်း ၁၃ ခန်းနှင့် နွားသတ်ရုံ တစ်ရုံ မီးရှို့ ဖျက်ဆီးခံ ခဲ့ရကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis