menu

Saturday 21 April 2012

သင်ခန်းယူစရာ လူကြီး ၊ လူငယ် ခေါင်းဆောင်မှုပြဿနာများ(စောကျော်အေး)


လွန်ခဲ့သော နှစ်ပေါင်း (၆၀)ကျော် ကအချိန်- ကာလအားဖြင့် စစ်ပြီး၍မြန် မာ့လွတ်လပ်ရေးပြန်လည်ရရှိမှုအတွက် မြန်မာပြည်သူအားလုံးကကြိုးပမ်းနေသည့် ကာလ၊ ရက်စွဲအားဖြင့် တိကျစွာပြောရ လျှင် ၁၉၄၅ ခုနှစ်သြဂုတ်လ(၁၅)ရက်နေ့ တွင် ဂျပန်တို့ချွင်းချက်မရှိလက်နက်ချ သည့် စစ်အတွင်းအိန်္ဒိယပြည်သို့ရှောင် တိမ်းနေထိုင်ခဲ့သည့်ဘုရင်ခံဆာဒေါမံစမစ် သည် ဂျပန်များစစ်ရှုံး၍ မြန်မာပြည်မှ ဆုတ်ခွာသောအခါ မြန်မာပြည်ကို၎င်းတို့ အသက်ရှည်စွာ အုပ်ချုပ်နိုင်ရန် ပြန်လာ ခြင်းဖြစ်သည်။ ဘုရင်ခံမြန်မာပြည်သို့ပြန် လာမှီ၊ ရှေ့တော်ပြေးရောက်ရှိလာသူမှာ မြန်မာပြည်ပြန်လည်ထူထောင်ရေးဆိုင်ရာ အတိုင်ပင်ခံ အရာရှိဦးတင်ထွဋ် (အိုင်စီ အက်စ်)ပင်ဖြစ်သည်။  ဦးတင်ထွဋ်က မကြာမီ ဘုရင်ခံပြန်ရောက်လာမည်ဖြစ် ကြောင်း၊ ဘုရင်ခံ၏ အတိုင်ပင်ခံက လို လားကြောင်း စကားဦးသန်း၍ ပြောခဲ့ သည်။

ထိုအချိန်က မြန်မာတစ်မျိုးသားလုံး ၏ လိုလားချက်မှာ အမျိုးသားအစိုးရဖွဲ့ စည်း၍ တိုင်းပြည်လွှတ်တော်ကြီးခေါ် လျှက် မြန်မာများအကြိုက်အုပ်ချုပ်ရေး ကိုဆွေးနွေးရေးဆွဲရန် ဖြစ်လေသည်။ ဤ သို့ဘုရင်ခံပြန်မလာမီအချိန်ကပင်မြန်မာ နိုင်ငံရေးအခြေအနေများက စည်းရုံး လှုပ်ရှားလာကြသောအခါ ဦးစောခေါင်း ဆောင်သော မျိုးချစ်ပါတီခေါင်းဆောင် အချို့က နယ်များသို့ဆင်းကာပါတီအင် အားရရှိရန် စည်းရုံးလှုပ်ရှားခဲ့ကြသည်။ စစ်တရားခံအဖြစ် အရေးယူခံထားရသော ဂျပန်ခေတ်အဓိပတိဟောင်း ဒေါက်တာ ဘမော်နှင့် သံအမတ်ကြီးဒေါက်တာ သိမ်းမောင်တို့အား အပြစ်ဒဏ်မှလွတ် ငြိမ်းခွင့်ပေးပြီး မြန်မြာ့ပည်သို့ပြန်ပို့ရန် စီစဉ်ခဲ့ကြသည်။ ဂျပန်ရုပ်သေးဝန်ကြီး ဟောင်း သခင်ဗစိန်ကိုလည်း ဘုရင်ခံ အကူအညီဖြင့် မြန်မာပြည်သို့ပြန်ရောက် လာခဲ့သည်။ (ဖေဘီယံ) အဖွဲ့ချုပ်နှင့်ပြည် သူ့လွတ်လပ်ရေးဆိုရှစ်လစ်ပါတီတို့ပူးပေါင်း လျှက်ဦးဘချို့အား နာယက၊ သခင်မြမှ ဥက္ကဋ္ဌ ဦးကျော်ငြိမ်းက အတွင်းရေးမှူးအ ဖြစ်ဆောင်ရွက်လိမ့်မည်ဟုသတင်းများ လည်းထွက်၍နေသည်။ ဆင်းရဲသား ၀ံသာနုအဖွဲ့ဥက္ကဋ္ဌ (ဓားမ ဦးဘသိန်းက) ကိုယ်ရေးကိုယ်တာ အကြောင်းပြ၍နှုတ် ထွက်သွားသည်။ ဟင်္သာတဦးမြကလည်း မျိုးချစ်အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ဖဆပလ အဖွဲ့ ချုပ်အမှုဆောင်အဖွဲ့မှ နှုတ်ထွက်ကြောင်း ကြေညာသည်။ ဦးစောအတွင်းရေးမှူး အဖြစ်ဆောင်ရွက်သော ရှမ်း၊ မြန်မာချစ် ကြည်ရေးအသင်းကြီးတွင် ဦးတင်ထွန်းက ဒု အတွင်းရေးမှူးအဖြစ်ဆောင်ရွက်မည် ဟုပြောကြားသည်။ ဆိုရှယ်လစ်ပါတီ ဥက္ကဋ္ဌ သခင်မြကလည်း လွတ်လပ်ရေး သက်သက်သာလျှင်အလုပ်လုပ်ကြမည်ဆို လျှင်၊ ပါတီနိုင်ငံရေးကို စွန့်လွှတ်၍်အချိန် မရွေးပါတီကို ဖျက်သိမ်းမည်ဟုပြောဆို လာသည်။ ဦးဘဖေကြီးကလည်း သူထင် ရာသူပြောခဲ့ပြန်သည်။ ထိုအချိန်က နိုင်ငံ ရေးအတွက် ပုံစံအမျိုးမျိုး။ ထို့ပြင်စည်း ရုံးလှုပ်ရှားနေကြသည့် အချိန်ကာလဖြစ် သည်။
တစ်နည်းဆိုရလျှင် ရာထူးနှင့်အခွင့် အရေးရရှိမှု၊ ကိုယ်ကျိုးရှာနိုင်ငံရေးစား ကွက်ကြည့်သူများနှင့် တိုင်းပြည်အတွက် အနစ်နာခံ ရာထူးနေရာမမက်၊ အသက် ကိုပင်ပေးလှူကြမည့် တကယ့် (ဒေါင် ဒေါင်မည်နိုင်ငံရေးသမား) တို့အပြိုင်အ ဆိုင် (အားပြိုင်) စည်းရုံးလှုပ်ရှားနေကြ သည့်ကာလ။ ဤသို့နိုင်ငံရေးပါတီများ၊ လူကြီး၊ လူငယ်နိုင်ငံရေးသမားတို့က ပုံစံ အမျိုးမျိုးဖြင့် စည်းရုံးလှုပ်ရှားခဲ့သော် လည်း  တစ်နိုင်ငံလုံးက ပြည်သူအများစု ကြီးက ဖက်ဆစ်တိုက်ဖျက်ရေးပြည်သူ့ လွတ်လပ်ရေးအဖွဲ့ချုပ် (ဖတလဖ)မှလွဲ ၍ မည်သည့်နိုင်ငံရေးပါတီကိုမှအလိုမရှိ ဖတပလဖ အဖွဲ့ချုပ်သည်သာ လွတ်လပ် ရေးရယူနိုင်မည်ဟု ယုံကြည်ခဲ့ကြသည်။ ထို့ကြောင့် ၁၉၄၅ ခုနှစ်သြဂုတ်လ (၁၉) ရက်နေ့တွင် ဖတလဖ အဖွဲ့ချုပ်ကြီးက ကြီးမှူးကျင်းပသော နေသူရိန်ရုံကြီး၌ ကျင်းပသည့် အစည်းအဝေးကြီးတွင် ဗိုလ် ချုပ်အောင်ဆန်းက အောက်ပါအတိုင်း မိန့်ခွန်းတစ်ရပ်ပြောကြားခဲ့သည်။ ““ဒီပြင် လဲ တိုင်းပြည်ကိုလိမ်ညာနေကြတဲ့၊ လူ ညာတွေ၊ အကျင့်ပျက်တွေ၊ သတ်္တကြောင် တွေဟာ ကိုယ့်အစွမ်းကိုယ့်အားမလိုဘဲ လူတွေက ကြည်ညိုတန်ကောင်းရဲ့ဆိုတဲ့  ပုဂ်္ဂိုလ်တစ်ဦးဦးကို ဘမ်းပြပြီး လာစေကာ မူ ဘယ်နည်းနဲ့မှ အားမပေးကြပါနဲ့။ ခင်ဗျားတို့ လည်ပင်း ခင်ဗျားတို့ကြိုးတပ် ချင်ရင်ဖြင့် ကျုပ်ဘာမှမပြောလိုတော့ဘူး။သို့ သော်လဲခင်ဗျားတို့ ဒါမျိုးအလုပ်မခံချင် ရင် ခင်ဗျားတို့အကျိုးဖြစ်စေချင်ရင် ဒီလူ သားတွေ အကျင့်ပျက်တွေ၊သတ်္တိကြောင် တွေကို ရှောင်ရှားကြပါ။ တိုင်းပြည်လွတ် လပ်ပြီး ခင်ဗျားတို့အကျိုးတွေကိုထင်ထင် ရှားရှားဘယ်သူမှ လက်တစ်လုံးကြား မလိမ်နိုင်အောင်စီမံနိုင်မှ ခင်ဗျားတို့အ ကျိုးရှိနိုင်မှာလဲ။ ကျုပ်နောက်ဆုံးသတိ ပေးချင်တာက တိုင်းပြည်မှာ လူကြီးဖြစ် ဖြစ်၊ လူငယ်ဖြစ်ဖြစ်၊ ဘယ်သူ့ကိုမှ စိတ် မချပါနဲ့။ မလိမ်နိုင်အောင် ကြိုးချည်ထား ပါလို့ ပြောချင်တယ်””ဟူ၍ပြောကြားခဲ့ပေ သည်။
ဤသို့သော နိုင်ငံရေးအခြေအနေ များနှင့် ပတ်သက်၍ ထိုကာလ၌ရှိနေကြ သည့် သတင်းစာဂျာနယ် (မီဒီယာ)များ ထဲမှ လေ့လာတွေ့ရှိရသည့် ““လက်ရုံး ဂျာနယ် အတွဲ(၁၁)အမှတ် (၂) ၁၉၄၅ ခုနှစ်အောက်တိုဘာလ (၁)ရက်နေ့ထုတ် တွင် ““ဘယ်သူ့ကို ခေါင်းဆောင်တင်မလဲ”” ခေါင်းစဉ်ဖြင့် စကားပြိုင်ဆွေးနွေးချက် ရေးသားထားချက်မှာလည်း ယခင်နှစ်နှင့် ယခုကာလ နှိုင်းယှဉ်စံထိုး၍ သုံးသပ်ဆုံး ဖြတ်သင်ခန်းစာရယူနိုင်ကြရန် ကောက် နုတ်တင်ပြရလျှင်-
လူကြီးအပြော- နိုင်ငံရေးသက်ချည်း လူ ငယ်တွေအသက်ထက်ကြီးတဲ့ လူကြီးတွေ တစ်ပုံ တစ်ခေါင်းကြီးရှိပါတယ်။ ဒီလူကြီး တွေဟာ နိုင်ငံရေးတွင်မက လူရေးလူရာ ဗဟုသုတများပါ လူငယ်တွေထက်ပိုမိုပြီး အတွေ့အကြုံများလာခဲ့ပါတယ်။ အတွေ့ အကြုံများလို့ အမှားဟာဘာ၊ အမှန်ဟာ ဘာဆိုတာ ခွဲခြားဝေဖန်နိုင်တဲ့ အသိ ဉာဏ်လည်း လူငယ်တွေထက်ပိုပြီးအရေး ကြီးပါတယ်။ ဒီလိုအရေးကြီးတဲ့နိုင်ငံရေး မှာ အမေ့နို့သက်မစင်သေးတဲ့ စိတ်လိုက် မာန်ပါလုပ်လိုတဲ့ လူငယ်တွေက ခေါင်း ဆောင်မယ်ဆိုရင် ကြီးကျယ်သောမဟာ အမှားတော်ပုံကြီးလို့ ဆိုလိုချင်ပါတယ်။ လူကြီးဆိုတာ ၀ယ၀ုဒ္ဓိ၊ အရွယ်၏ကြီးခြင်း ဟူသော ဂုဏ်နှင့်ပြည့်စုံပြီး၊ လူအများ၏ ကြည်ညိုရိုသေခြင်းကို ခံရပြီးဖြစ်တာ တစ်ခုထဲနဲ့ဘဲ လူငယ်ခေါင်းဆောင်တို့ ထက်တစ်ပန်းသာနေပါတယ်။  အင်္ဂလန် နိုင်ငံမှာ နိုင်ငံရေးခေါင်းဆောင်ကြီးတွေ ဟာ အသက်(၅၀)ကျော် (၆၀)ကျော်တွေ ကြီးပါ။ အင်မတန်ကြီးကျယ်တဲ့ ဗြိတိသျှ အင်ပါယာကြီးရဲ့ တာဝန်ကို ရှေ့ဆောင် ရှေ့ရွက်လုပ်ရတဲ့ အလုပ်ထက် ဗမာ့နိုင်ငံ ရေးက ပိုပြီးမခက်ပါဘူး။ အဲဒီလိုခဲယဉ်း တဲ့တာဝန်တွေကို တကယ့်လူကြီးခေါင်း ဆောင်တွေသာ အတိတ်ရောပစ္စုပ္ပန်ပါ ဆောင်ရွက်လျှက်ရှိပါတယ်။ တိုင်းပြည်က လည်း လူကြီးတွေကိုဘဲ ရွေးကောက်တင် မြောက်လာခဲ့ကြပါတယ်။
မြန်မာ့ရာဇ၀င်မှာ လူငယ်တွေရှင်ဘု ရင်လုပ်ခဲ့တာ များလှပါပြီ။ တပင်ရွှေထီး တို့များဘုန်းတန်ခိုးကြီးပါတယ်။ ကေတု မတီက ရဲဘော်ရဲမက်တွေနဲ့ရန်ငွေ့မကင်း တဲ့ ပဲခူးရွှေမော်ဓော ဘုရားကိုလာပြီး နားထွင်းတော်မူတယ်တဲ့၊ သတ်္တိဂုဏ်ကို ချီးကျူးအပ်ပါတယ်။ ဒါပေမယ့် ကုလား ဖြူတစ်ဦး၏ စကားကိုလိုက်နာပြီး အရက် ကိုအဖော်လုပ်ရင်း ““ကဇော်သမားရှင်ဘု ရင်”” အဖြစ်ကိုရောက်သွားရရုံမက တိုင်း ပြည်အရေးကို ဂရုမထားနိုင်အောင် အရက်မွန်း မွန်းနေလို့နောက်ဆုံးလုပ်ကြံ   ခြင်းဘ၀ရောက်ရတာတွေ၊ အသက်(၂၀) နဲ့ နန်းတက်တဲ့ သီပေါဘုရင်ရဲ့နိုင်ငံအုပ် ချုပ်ရေး ဆောင်ရွက်မှုညံ့ဖျင်းလို့ တိုင်း ပြည်ပါဆုံးရတာတွေ၊ ဒါတင်မကလူငယ် တွေခေါင်းဆောင်မှုကြောင့် ပျက်စီးရတဲ့ ဟာတွေ ရှောက်ပြောရရင် မကုန်နိုင်ပါ ဘူး။ ဒါကြောင့် လူငယ်တွေဟာ ကိုယ် ကိုယ့်စိတ်ကိုယ်မနိုင်သေးဘူးလို့ဆိုရမယ်။
ဥပမာ ဂျပန်တွေဝင်စကသခင်ထွန်း အုပ်တို့ လူငယ်အုပ်စု အုပ်ချုပ်တဲ့အခါ မှာ အတော်ကမောက်ကမ ဖြစ်ခဲ့ပါ တယ်။ နောက်လူကြီးဂိုဏ်းဖြစ်တဲ့ဒေါက် တာ ဘမော်လက်ထက်ကျတော့မှ ဣဩေန္ဒရလာတာတွေ့ရပါတယ်။ ဒီတော့ လူငယ်တွေ နိုင်ငံရေးခေါင်းဆောင်မလုပ် သင့်ဘူး၊ လူကြီးတွေသာ ခေါင်းဆောင် ထိုက်တယ်လို့ ဆိုချင်ပါတယ် ဟူ၏။
လူငယ်အဆို- အဲဒီလူကြီးမင်းပြောသွား တာတွေကို ဆန်းစစ်ကြည့်လိုက်ရင် လူကြီးတွေဟာ လူငယ်တွေထက်အတွေ့ အကြုံများတဲ့အတွက် နိုင်ငံရေးခေါင်း ဆောင်ထားထိုက်တယ်လို့ ဆိုပါတယ်။  လူကြီးတွေဟာ လူငယ်တွေထက်အတွေ့ အကြုံများတယ်ဆိုတာကိုတော့ မငြင်းလို ပါဘူး။ အတွေ့အကြုံကြီးမားတာနဲ့ နိုင်ငံ ရေးခေါင်းဆောင်အလုပ်နဲ့ဘာဆိုင်သလဲ။ အတွေ့အကြုံများတယ်ဆိုတာကောဘာကို ဆိုလိုတာလဲ။ မိန်းမအတွေ့အကြုံများ တာလား။ မသေလို့ အသက်ကြီးလာတိုင်း အတွေ့အကြုံဟူသမျှကို တကယ့်ပညာ ဗဟုသုတလို့ယူဆရင် လူကြီးတွေအကုန် လုံး ဘုရားဖြစ်ကုန်ကြဘို့ရှိတယ်။ လူကြီး လုပ်သမျှအကုန်လုံး အမှန်ချည်းလို့ရယူရ မလိုဖြစ်နေတယ်။ လောကမှာကြီးလေအ သုံးမကျလေမှတ်ပါ။ ကလေးမွေးစလူ့ဘ ၀အတွေ့အကြုံ ဗဟုသုတအနည်းဆုံးမ ဟုတ်လား။ လူဆိုတာ ကလေးအရွယ်မှာ အပြစ်အကင်းဆုံး၊ အစင်ကြယ်ဆုံးလို့နား လည်ပါ။ ဒါကြောင့် လူဟာငယ်လေအ ပြစ်ကင်းလေ စိတ်သဘောထားစင်ကြယ် လေဆိုတာ ယုံပါ။ နိုင်ငံရေးမှာ အပြစ် နည်းသူ၊ သဘောထားစင်ကြယ်သူတွေ ကိုလိုလားအပ်ပါတယ်။ နိုင်ငံရေးလောက ကိုဇောက်ထိုးမိုးမျှော်လုပ်နိုင်တဲ့အတွေ့အကြုံ မျိုး၊ နိုင်ငံရေးစားပေါက်အတွေ့အကြုံ ဗဟုသုတမျိုးနဲ့ ပြည့်စုံတဲ့လူကြီးတွေကိုမှ   နိုင်ငံရေးခေါင်းဆောင်ထားထိုက်တယ်လို့ လူကြီးမင်းက ဆိုလိုသလား။
သခင်ထွန်းအုပ်တို့လူစုအုပ်ချုပ်စဉ်က ကသောက်ကမဖြစ်တာကို အပြစ်ဆိုသွား တာကြားရတယ်။ ဒါဟာ အရင်ကသခင် မဟုတ်သူတွေ ၀င်ရောက်ပြီး သခင်ဈေး ပျက်လို့ ပြီးတော့ ကာလကြီးဒါလောက် ကစင့်ကလျားဖြစ်နေတဲ့အချိန်မှာလူငယ် တွေမို့ ဒါလောက်အုပ်ချုပ်နိုင်သေးတာ၊ လူကြီးဆိုရင် ဒီတာဝန်ကိုလက်တောင်ခံ ၀ံ့မှာမဟုတ်ဘူး။ ဒေါက်တာဘမော်လက် ထက် ဣဩေန္ဒရမှာပေါ့။ နောက်က ဂျပန် အရှိန်ရှိတယ်။ ကာလကလဲ ငြိမ်သက်နေ တယ်။ နိုင်ငံရေးဆိုတာ မယားသံယော ဇဉ်၊ အပေါင်းအသင်းသံယောဇဉ်စတဲ့ သံယောဇဉ်သက်ရှည်လျှားတဲ့ လူကြီးများ ခေါင်းဆောင်သင့်တာမဟုတ်ဘူး။ တခြား မကြည့်ပါနဲ့။ ဂဠုံဦးစောဟာ လူငယ် စိတ် ဓာတ်နဲ့ ခေါင်းဆောင်ပြီး နန်းရင်းဝန်ဖြစ် ခဲ့တယ်မဟုတ်လား။ ဦးဘဖေတို့နိုင်ငံရေး ၀င်စက သတ်္တိတွေ စွမ်းရည်တွေပြခဲ့တာ လူငယ်စိတ်နဲ့ မဟုန်လား။ နိုင်ငံရေးတွင် မက လောကုတ်္တရာရေးဖြစ်တဲ့ ဘုရားလူ ကြီးအလုပ်ကို ၀တ်လုံဦးသိမ်းမောင်ဟာ အသက် (၂၀)လောက်ကဆောင်ရွက်ခဲ့ တာဟာ လူငယ်စိတ်ဓာတ်နဲ့မဟုတ်လား။ ဥရောပတိုက်သား ဘိနပ်မစီးရအောင် လုပ်ခဲ့တာလဲ လူကြီးစိတ်ဓာတ်နဲ့မဟုတ် လူငယ်စိတ်ဓာတ်နဲ့လုပ်ခဲ့တယ်။ လူကြီး တွေနိုင်ငံရေးလိုက်စားစဉ်က==မှန်ပါ့ဘုရား++ ဘ၀က မတက်ဘူး။ လူငယ်တွေနိုင်ငံရေး ၀င်ပြီး ခေါင်းဆောင်လုပ်သင့်တယ်လို့ဆို လိုချင်ပါတယ် ဟူ၍ဖြစ်ပါသည်။
မည်သို့ပင်ဆိုစေ နောက်ဆုံးတွင် တော့ နိုင်ငံလွတ်လပ်ရေးအတွက် လူကြီး များ၏အတွေးအကြံသဘောတရားများ နှင့် လူငယ်တို့၏ တက်ကြွသောအား မာန်များဖြင့် လက်တွေ့ကျကျပူးပေါင်း လက်တွဲတိုက်ပွဲဝင်မှုများကြောင့် လွတ် လပ်ရေးအောင်ပန်းကို လက်လှမ်းမှီဆွတ် ခူးနိုင်ခဲ့ကြသည်ဖြစ်ရာ ဤဖြစ်ရပ်များကို သင်ခန်းစာယူကြလျှက် ယနေ့ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီး တည်ဆောက်ရာတွင် လည်း လူကြီးလူငယ်လက်ချင်းသွယ် လျှက်ညီညွတ်စွာ ပူးပေါင်းဆောင်ရွက် သွားသင့်ကြပါသည်ဟူ၍..။

Hot News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis