menu

Saturday 7 January 2012

အမျိုးသမီးလုပ်သားများ တရားမ၀င်အလုပ်ဖြင့် နိုင်ငံခြားလွှတ်လျင် အရေးယူမည်

အလုပ်သမားအေဂျင်စီ တခုရှေ့မှာ

မြန်မာနိုင်ငံမှ စင်ကာပူ၊ မလေးရှား၊ ထိုင်းနှင့် ဂျပန်နိုင်ငံတို့သို့ ခွင့်ပြုထားသောအလုပ်အကိုင် များမဟုတ်ဘဲ တရားမ၀င် အလုပ်များလုပ်ကိုင်ရန် မြန်မာအမျိုးသမီးအလုပ်သမားများကို စေလွှတ်သည့် အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများအား ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာအမျိုးသမီး လုပ်သမားများကို ပြည်ပနိုင်ငံများ၌ ငါးဦးနှင့်ငါးဦးအထက် လုပ်ကိုင်ခွင့်ရ သော စက်ရုံ၊ အလုပ်ရုံလုပ်ငန်းများတွင် လုပ်ကိုင်ခွင့်ပြုထားပြီး အိမ်အကူအလုပ်၊ သန့်ရှင်းရေး၊ ဖျော်ဖြေရေး စ သည့်အလုပ်များတွင် လုပ်ကိုင်ခွင့်မပြုထားကြောင်း ၄င်းထံမှ သိရသည်။

" တရားဝင်ခွင့်ပြုချက်မရှိတဲ့ အလုပ်တွေကို အမျိုးသမီးအလုပ်သမားတွေပို့ရင် အေဂျင်စီလိုင် စင်သိမ်းမယ်။ ထောင်ဒဏ်၊ ငွေဒဏ်ရိုက်မယ်။ တရားဝင်လိုင်စင်မရှိတဲ့အေဂျင်တွေဆိုရင် အရေးယူတာပိုပြင်း ထန်မယ်" ဟု အထက်ပါ ပုဂ္ဂိုလ်ကဆိုသည်။

အိမ်အကူလုပ်ငန်းများကဲ့သို့ တရားမ၀င်အလုပ်များကို မလေးရှားနိုင်ငံ၊ စင်ကာပူနိုင်ငံများသို့ တရားမ၀င် ပို့ဆောင်ပေးနေသည့် အေဂျင်စီအချို့နှင့် ပွဲစားများစွာရှိနေကြောင်း ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

" တရားမ၀င်လုပ်ငန်းတွေကို ပို့နေတဲ့အေဂျင်စီတွေ၊ ပွဲစားတွေကို သေသေချာချာကြပ်မတ် ဆောင်ရွက်သင့်ပါတယ်။ အခုလည်းပို့နေကြတာရှိပါတယ်" ဟု ကျောက်တံတားမြို့နယ် ၃၈ လမ်းရှိ ပြည်ပအ လုပ်အကိုင်ရှာဖွေရေး အေဂျင်စီဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

" တရားမ၀င်လုပ်ငန်းတွေကို ပို့နေတဲ့အေဂျင်စီတွေ၊ ပွဲစားတွေကို သေသေချာချာကြပ်မတ် ဆောင်ရွက်သင့်ပါတယ်။ အခုလည်းပို့နေကြတာရှိပါတယ်" ဟု ကျောက်တံတားမြို့နယ် ၃၈ လမ်းရှိ ပြည်ပအ လုပ်အကိုင်ရှာဖွေရေး အေဂျင်စီတစ်ခုမှ အုပ်ချုပ်မှုဒါရိုက်တာ တစ်ဦးက ပြောကြားသည်။

မလေးရှား၊ စင်ကာပူ၊ ထိုင်းနိုင်ငံများသို့ အမျိုးသမီးအလုပ်သမားများကို တရားဝင်ပို့ရန် ၀န်ကြီး ဌာနက စည်းမျဉ်း၊ စည်းကမ်းများ ထုတ်ပြန်လိုက်ပြီဖြစ်သော်လည်း မလိုက်နာပါက မည်သို့အရေးယူမည်ကို ထည့်သွင်းထုတ်ပြန်မထားကြောင်း ပုဇွန်တောင်မြို့နယ်ရှိ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတစ်ခုမှ အုပ် ချုပ်မှုဒါရိုက်တာတစ်ဦးက ဆိုသည်။

စစ်ကာပူနိုင်ငံသို့ အိမ်အကူအလုပ်သမားအဖြစ် သွားရောက်လုပ်ကိုင်မည်ဆိုပါက ၀န်ဆောင်ခ ပေးရန်မလိုဘဲ အလုပ်လုပ်ကိုင်နေစဉ် လစာထဲမှ ဖြတ်ယူသွားမည်ဖြစ်ပြီး တစ်လသင်တန်းပေး၍ ပို့ဆောင်ပေး မည်ဟု ရန်ကုန်အခြေစိုက်အေဂျင်စီ တစ်ခုက ပြောကြားကြောင်း စင်ကာပူနိုင်ငံတွင် သွားရောက်လုပ်ကိုင်ရန် စုံ စမ်းခဲ့သည့် အမျိုးသမီးတစ်ဦးက ပြောကြားသည်။

အမျိုးသမီးအလုပ်သမားများ ပြည်ပသို့ အလုပ်သွားရောက်လုပ်ကိုင်ရာတွင် စာချုပ်ပါ အချက် အလက်များအတိုင်း အလုပ်သမားအခွင့်အရေး အပြည့်အ၀ မရရှိပါက သက်ဆိုင်ရာနိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ သံရုံးနှင့် အလုပ်သမားဌာနေ ကိုယ်စားလှယ်များထံ တိုင်ကြားနိုင်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ တရားဝင် ပြန်ထားသည်။

အလုပ်သမားဝန်ကြီးဌာနမှ ချမှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်းများနှင့်မညီသော ဂရင်းဝေး၊ မြန်မာ့အေး၊ ဘားတက်ပ်ပဲလေ့စ်၊ ကောင်းဆက်၊ Royal Myanmar Golden Cambel ပြည်ပအလုပ်အကိုင်ရှာ ဖွေရေး အေဂျင်စီခြောက်ခုကို ၂၀၁၁ ခုနှစ်အတွင်း အရေးယူခဲ့ကြောင်း၊ ယင်းအေဂျင်စီများသည် အလုပ်သမား များကို ခွင့်ပြုချက်မရှိဘဲ စေလွှတ်ခြင်း၊ အခွန်မဆောင်ခြင်း၊ အမျိုးသမီး အလုပ်သမားများကို ပြည်ပသို့တရားမ ၀င် စေလွှတ်ခြင်း၊ ပြောထားသည့် အလုပ်နှင့် အမှန်တကယ်လုပ်ရသည့် အလုပ်ကွဲလွဲနေခြင်းတို့ကြောင့် အလုပ် သမားများက မကျေနပ်၍ တိုင်ကြားသဖြင့် အရေးယူခဲ့ရခြင်းဖြစ်ကြောင်း အဆိုပါဌာနထံမှ သိရသည်ဟု The Voice ဂျာနယ်မှာ ဖော်ပြထားပါသည်။

By: သစ်ထူးလွင်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis