menu

Saturday 28 July 2012

"ဒေါ်အောင်ဆန်းစုကြည် ဥတ္တရသီရိ မြို့နယ် ဒေသခံများ အား ပထမဆုံး အကြိမ်လာရောက်တွေ့ဆုံ"

(နေပြည်တော်၊ ဇူလိုင်၊၂၈ )

ယနေ့ နံနက် ၁၀း၀၀ အချိန် နေပြည်တော် ကောင်စီနယ်မြေ ဥတ္တရသီရိ မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥတ္တရသီရိ မြို့နယ်ရုံးခွဲ သို့ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လာရောက်၍ ဒေသခံပြည်သူများ နှင့်တွေ့ဆုံခဲ့သည်။

အဆိုပါတွေဆုံ ပွဲသို့ ရောက်ရှိ လာသူ ဒေသခံများ အား ဒေါ်အောင်ဆန်းစုကြည် က ဒေသတွင်း အခက်အခဲများ မေးမြန်းရာ ဒေသခံတို့က ဒေသတွင်း လူငယ်ထု အလုပ်အကိုင် ရရှိရေး၊ ကလေးငယ် တို့၏ ပညာရေး၊ ကျန်မာရေး၊ ဒေသတွင်း လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီး ရရှိရေး၊ လယ်ယာမြေ လုပ်ပိုင်ခွင့် ပြန်လည်ရှိ ရေး၊ သိမ်းဆည်းခံ လယ်ယာမြေများ ပြန်လည် ရရှိရေးတို့ တင်ပြခဲ့ကြသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လူငယ်များ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေး အတွက် သင်တန်း များကို လည်းကောင်း၊ ပညာရေး ကဏ္ဍ တွင် ကျောင်းဆရာ ဖူလုံရန်အတွက် ဒေသတွင်းကျောင်းဆရာ လုပ်ကိုင်လိုသူများ ကို ကျောင်းဆရာ ဖြစ် သင်တန်းကို လည်းကောင်း ကျန်းမာေ၇း အတွက် လိုအပ်သည့် ဗဟုသုတများကို လည်းကောင်း၊၊ ဒေသတွင်း လမ်းပန်း ဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေး၊ လယ်ယာမြေ လုပ်ပိုင်ခွင့် ပြန်လည်ရှိ ရေး၊ သိမ်းဆည်းခံ လယ်ယာမြေများ ပြန်လည် ရရှိရေး အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ရှေ့နေများ၏ အကြံဥာဏ် ယူဆောင်ရွက်သွားရန် ပြန်လည်ဆောင်ရွက်ပေး ခဲ့ကြောင်းသတင်း ရရှိသည်။ ယင်းနောက် နေ့လည် ၁၁း၄၀ အချိန်တွင် ပြန်လည်ထွက်ခွာခဲ့ကြောင်းသတင်းရရှိသည်။ 
Popular Myanmar News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis