''ဆရာညိုလားခင်ဗျား''
''ဟုတ်ပါတယ်''
''ဆရာဘယ်ရောက်နေလဲ''
''နေမကောင်းလို့ အိမ်မှာပဲနားနေတယ်။ ဘယ်သူလည်းခင်ဗျာ''
''မင်းစိုးဦးပါဆရာ မော်လမြိုင်တုန်းက ဆရာ့တပည့်ပါပဲ။ ဆရာ့ဆီ ဆွေးနွေးစရာလေးတွေ ရှိနေလို့။ ဆရာ့ဆီ လာလို့ရမလား'' ''ရပါတယ် ဆရာလည်း အားနေတာပါပဲ''
တစ်နာရီခန့်အကြာတွင်
မင်းစိုးဦးသည် ကျွန်တော့်ဆီကို ပေါက်ချလာသည်။ သူ့ကို ကျွန်တော်
အနည်းငယ်မှတ်မိသည်။ ကျွန်တော် မော်လမြိုင်ကောလိပ်တွင် မွန်စာပေနှင့်
ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌတာဝန်ကိုယူထားစဉ် သူသည်အသင်းတွင် အမှုဆောင်တစ်ဦး
ဖြစ်သည်။
''ဆရာ ညစာစားပွဲမှာပြောတဲ့ မိန့်ခွန်းတစ်ခု ကျွန်တော်စီဒီနဲ့ ကူးထားတာရှိတယ်။ အဲဒါဆရာ ဒီမှာ ဖွင့်ကြည့်ရအောင်''
''အေးကောင်းသားပဲ''
ကျွန်တော်က မွန်စာပေယဉ်ကျေးမှု ညစာစားပွဲတွင် နှစ်စဉ် စကားပြောရပါသည်။
ထိုစကားများအနက် မင်းစိုးဦးကူးလာသော စီဒီမှာ အမှာစကားကို
ကျွန်တော်ပြန်ကြားရသည်။ ထိုစကားများကို အမှတ်တရ ရေးပြလိုသည်။
''စာပေက
အရေးပါတယ်။ စာပေကို မပျောက်ပျက်အောင် ထိန်းရင် ယဉ်ကျေးမှုကိုပါ
ထိန်းပြီးသားဖြစ်သွားတယ်။ ဒါပေမဲ့ ဆက်ဆံရေးက အရေးကြီးတယ်။ ဒါကြောင့်
တို့တစ်တွေဟာ မွန်၊ မြန်မာ၊ အင်္ဂလိပ်စာနဲ့ စကားတွေကို မပြတ်လေ့လာကြရမယ်။
ဒီတွက် သင်တန်းတွေ အရေးကြီးတယ်။ တစ်ယောက်ကို တစ်ယောက် လေးစားဖို့ဟာ
အရေးအကြီးဆုံးပဲ။ သမိုင်းမှာ ပြန်ကြည့်ရင် မွန်နဲ့မြန်မာ နှစ်အကြာကြီး
အကြိမ်ကြိမ် စစ်ပွဲဖြစ်တယ်။ ဒီအတွက် ပြည်သူတွေပဲ ပင်ပန်းကြတယ်။ အများက
နစ်နာကြတယ်။ ဒီ စစ်ပွဲတွေမရှိအောင် ဘာလုပ်လို့ရလဲ။" ကျွန်တော်ခေတ္တနားပြီးမှ ဆက်ပြောပါသည်။
''နှမပေးကြတယ်။ သမီးတွေ ပေးကြရတယ်''(ရယ်ကြသည်)
''ဒါမှ
အမျိုးတော်ကြမှာကိုး။ တစ်ကမ္ဘာလုံးဟာ ဒီလိုအမျိုးတော်ကြတာပါပဲ။
တို့ဘီလူးကျွန်းမှာ ဒီလိုပဲ မွန်ကမြန်မာယူ ၊ မြန်မာက ကရင်ယူ၊ ကရင်က
မွန်ယူပေါ့။ မင်းတို့မုဒုံတို့ သံဖြူဇရပ်တို့ ရေးတို့မှာလည်း ဒီလိုပဲ
မဟုတ်လား''(ရယ်ကြပြန်သည်)'' ဒီလိုနဲ့ ချစ်ကြည်ရေး ရတာပါပဲ၊ ဘယ်သူမှ
စစ်မတိုက်ချင်ကြဘူး။ ခုလည်း ဘုရင်မင်းခေါင်လက်ထက်မှာ စစ်ပွဲတွေ
ပြေငြိမ်းကြဖို့ မင်းခေါင်ကို ရာဇဓိရာဇ်က သမီးတော်တလမေကျော်ကို ပေးတယ်။
မင်းခေါင်ကလည်း သူရဲ့နှမတော် မင်းလှမြတ်ကို ပေးတယ်။ ဘယ်လောက်ကောင်းထားလဲ''
(အားလုံးတိတ်သွားသည်။ ပြုံးသူတွေက ပြုံးနေသည်)“
''ကဲ မင်းတို့ မယုံကြမှာစိုးလို့ ဦးဖိုးကျားရဲ့ မြန်မာ့ဂုဏ်ရည်
ရာဇ၀င်ဖတ်စာကို အကိုးအကားလုပ်ဖို့ ဆရာယူလာတယ်။ ကျောင်းသူကျောင်းသားတွေကို
ဖတ်ပြမယ်''ကျွန်တော်စာအုပ်ထုတ်ကာ ဖတ်ပြပါသည်။ ''ခေါင်းစဉ်က
မွန်မင်းနှင့်မြန်မာမင်း စေ့စပ်ရေးတွင် လျှောက်တင်ချက်တဲ့။ မွန်မင်း
ရာဇဓိရာဇ်နှင့် မြန်မာမင်း မင်းခေါင်တို့ စစ်ဖြစ်ကြ၍ အတန်ပန်းကြသောအခါ
ရာဇဓိရာဇ်က မြန်မာနှင့် မွန်မဟာမိတ်ဖြစ်ကြလျှင် မည်သည့်ရန်သူမျှ
မနှိပ်စက်နိုင်ရာ ထို့ကြောင့် မဟာမိတ်ပြုသင့်သည်။ ယခု
ငါ့သမီးတော်တလမေကျော်လည်း ရွှေနန်းရှင်အပါးရှိလေပြီ။ ငါနှင့် ရွှေ
နန်းရှင်နှမတော် မင်းလှမြတ်ကို စုံ ဖက်တော်မူပါဟု စေလာ၏''
''မင်းခေါင်သည်လည်း
ဘိုးရာဇာနှင့်တိုင်ပင်သော် အလွန်သင့်လျော်ကြောင်း လျှောက်သည်နှင့်
ဘိုးရာဇာကိုပင် ကြီးကြပ်ဆောင်ရွက်စေ၏။ မွန်တို့ပြည် ကာလိယမြို့တွင်
လက်ထပ်တဲ့ နန်းဆောက်၍ ရာဇဓိရာဇ်နှင့် မင်းလှမြတ်တို့ စုံဖက်တော်မူကြ၏။
မင်းလှမြတ်ကို သုပဘာဒေ၀ီဟု သမုတ်တော်မူ၏။
''ဒါက ပထမပိုဒ်''
''ဒုတိယ အပိုဒ်က၊ မြန်မာပညာရှိနှင့် မွန်ပညာရှိလို့ခေါင်းစဉ် တပ်ထားတယ်။ ကဲဆက်ဖတ်မယ်''
''ထို့နောက်
ဘိုးရာဇာနှင့် မွန်ပညာရှိ အမတ်ကြီးသီဟပတေ့တို့ တွေ့ဆုံ
စကားပြောဟောကြသည်ကို လူအများ လာရောက်နားထောင်ကြ၏။ သီဟပတေ့က အသက်ငယ်၍
နေရာအနိမ့်ကနေပြီးလျှင် မိမိယူဆောင်လာသော ကြံဖြူကို ဘိုးရာဇာအား ဆက်ကပ်၏။
ပြီးမှ အရှင်မင်းရာဇာ လောကတွင် သမီးကညာကြံပညာရှိ သူတော်ကောင်းတို့၏စကား
ဤသုံးပါးသည် အတုမရှိသော အရသာသုံးပါးဟုဗေဒင်ကျမ်းများတွင် ဆိုပါသည်။
ထို့ကြောင့် တစ်ပါးဖြစ်သော ဤကြံကို အလွန်သုံးဆောင်စေလိုပါ၍ ဆက်ကပ်ပါသည်ဟု''
ဆိုပေ၏။ ဘိုးရာဇာသည်လည်း ပေးသည်ကို မပယ်အပ်ဟု စားလေ၏။ သို့စားရာတွင်
အဖျားကစ၍ စားလေ၏။''အရှင်မင်းရာဇာ ပညာရှိကြီးဖြစ်ပါလျက် အဘယ်ကြောင့်ကြံကို
အဖျားက စ၍ စားပါသနည်း''
''ငါသည် ဗေဒင်ကျမ်းကိုမှီ၍ တရွေ့ရွေ့ အရသာတိုး၍ တိုး၍ခံစားလိုသောကြောင့် အဖျားကစ၍ စားပေသည်''
''မင်းရာဇာ ဘုရားတရားတော်အရ ကွေးသောလက်မဆန့်ခင် ဆန့်သောလက် မကွေးခင်
အနိစ္စဖြစ်တတ်စွာ၏။ အရသာကောင်းတည်ရာသို့ မရောက်မီ အနိစ္စဖြစ်ဘိမူကား အရသာကို
မခံစားရဘဲ မရှိပါသလော''
''သီဟပတေ့ ငါကား ဗေဒင်နီတိမျှကိုသာ မှီ၍
စားသည်။ သင်ကား ဘုရားတရားတော်ကိုမီ၍ ဆိုသည်။ သို့ဖြစ်သောကြောင့် ငါ့စကားထက်
သင့်စကားက ပိုမိုသင့်မြတ်လှပေ၏ ''ထိုအခါ သီဟပတေ့သည် သြော် ငါကားအတုမရှိသော
ပညာရှိသူတော် ကောင်းကို တွေ့ကြုံရပေသည်တကားဟု ကြည်နူးဝမ်းမြောက်စွာ
မိမိကွမ်းစားသော ရွှေအုပ်တစ်ရားငါးဆယ်ခုတ်ကို ကွမ်းနှင့်တကွ မင်းရာဇာအား
ပူဇော်ဦးတိုက်၍ ဤသို့လည်း ဆို၏။
အရှင်မင်းရာဇာ၊
ပညာရှိသက်သက်အချို့သည် မိမိတို့ဆိုမိသော စကားကိုအနိုင်ရရန်
အမျိုးမျိုးကြံဖန်၍ မဟုတ်မှန်သည်ကိုပင် ဟုတ်မှန်သည် ဆိုလေမြဲဖြစ်သည်။ အလွန်
အရှုံးခံခဲ၏။ မင်းရာဇာကဲ့သို့ ပညာရှိ သူတော်ကောင်းကိုကား အကျွန်ုပ်တို့
အလွန်တွေ့ကြုံခဲပါသည်။ စင်စစ်သော်ကား မင်းရာဇာ၏စကားကို အမှားမယူရပေ။
သုံးစွဲရိုးဖြစ်၍ လုံးလုံးပယ်ထိုက်သည် မဟုတ်ပါ။ တရားတော်နှင့်
ကွဲလွဲရုံမျှကိုသာ ကျွန်ုပ်ဆိုလိုပါသည်ဟု ဆို၏။ ဘိုးရာဇာကလည်း “သီဟပတေ့
လောက၀တ်နှင့် ဓမ္မ၀တ်တို့တူညီသော နေရာလည်းရှိ၏။ မတူညီသော နေ ရာလည်း ရှိ၏။
ကမ္ဘာလောကကို လင်းစေနိုင်သော နေမင်းသည် ၀ါးလုံးခေါင်းအတွင်း၌
မလင်းနိုင်ကာမျှဖြင့် အရောင်အ၀ါမရှိဟု ဆိုရအံ့လော။ ငါသည် ဒေ၀ဒတ်အား
နိဗ္ဗာန်ကို မပေးတတ်ဟုဆိုကာမျှဖြင့် ဘုရားသခင်သည် နိဗ္ဗာန်ကို မပေးတတ်ဟု
ဆိုရအံ့လောဟု ဆိုပေ၏။ ဤသို့လျှင် ပညာရှိနှစ်ဦးသည် တစ်ယောက်ကျေးဇူးကို တစ်ယောက်ဆိုလျက် ချစ်ကြည်စွာ ပြောဟောကြလေသတည်း။ မင်းစိုးဦးက ဒီဗွီဒီကို ရပ်လိုက်သည်။
'လူတွေဟာ အတ္တကြီးတယ် ဆရာ၊ အထူးသဖြင့် ခေါင်းဆောင်တွေပေါ့။ သူတို့လည်း လူပဲ၊
ပြောမှားဆိုမှားတာ ရှိတတ်တာပဲ။ ကိုယ်မှားတဲ့အခါ ပိုကောင်းတာ
ဘာရှိလဲဆိုတာကို လက်ခံဖို့ ကြိုးစားရမယ်။ သူများလုပ်တယ်ဆိုရင်ပဲ
ကောင်းတာကို မကောင်းဘူးလို့ ဆိုနေသူ တွေအများကြီးပါပဲ၊
ခုခေတ်ပိုဆိုးတာပေါ့' . . .
|
''ကျွန်တော်အဲဒါကို အရမ်းသဘောကျတယ်ဆရာ။''
''ဘယ်နေရာလဲ''
''ပညာရှိသက်သက်အချို့သည်
မိမိတို့ ဆိုမိသောစကားကို အနိုင်ရရန် အမျိုးမျိုး ကြံဖန်၍
မဟုတ်မှန်သည်ကိုပင် ဟုတ်မှန်သည် ဆိုလေမြဲဖြစ်သည်။ အလွန်အရှုံးခံခဲ၏။
ဆိုတဲ့နေရာပါ ဆရာ'' ''အင်း၊ကောင်းတယ်ဘာကြောင့် ကြိုက်တာလဲဆိုတာရှင်းပါဦး''
''လူတွေဟာ အတ္တကြီးတယ်ဆရာ၊ အထူးသဖြင့် ခေါင်းဆောင်တွေပေါ့။
သူတို့လည်းလူပဲ၊ ပြောမှားဆိုမှားတာ ရှိတတ်တာပဲ။ ကိုယ်မှားတဲ့အခါ
ပိုကောင်းတာ ဘာရှိလဲဆိုတာကို လက်ခံဖို့ ကြိုးစားရမယ်။
သူများလုပ်တယ်ဆိုရင်ပဲ ကောင်းတာကို မကောင်းဘူးလို့ ဆိုနေသူတွေ အများ
ကြီးပါပဲ၊ ခုခေတ် ပိုဆိုးတာပေါ့''
''ဟုတ်ပါတယ်။
အတိုက်အခံတွေဆိုရင်လည်း အစိုးရလုပ်သမျှအားလုံးကို ဆန့်ကျင်တာ သူတို့ရဲ့
မူဝါဒလို ဖြစ်နေတယ်။ ဘိုးရာဇာနဲ့ သီဟပတေ့စကားကိုတော့ နမူနာထားသင့်တယ်''
''ကျွန်တော်လည်း
အဲဒါကို ပြောတာပေါ့။ ကျွန်တော်တို့ နိုင်ငံမှာတိုင်း ရင်းသားလူမျိုး ၁၃၅
မျိုးလောက် ရှိတယ်။ တိုင်းရင်းသားတိုင်းမှာ ပညာတော်သူတွေ အများကြီးရှိတယ်။
ဒါပေမဲ့ တစ်ယောက်ကိုတစ်ယောက် အနိုင်လိုချင်သူတွေ ရှိတယ်။ မာနတွေ ထားကြသူတွေ
ရှိတယ်''
''အေးကွ၊ လွှတ်တော်ထဲကို ရောက်ကြတဲ့အခါ အချေအတင် ပြောရတာတွေရှိလာတယ်။ ဒီအခါ စကားပြောစွမ်းရည်ကောင်းသူတွေက တစ်ပန်းသာတယ်'' ''ဟုတ်ပါတယ်ဆရာ စကားပြောကောင်းတဲ့သူတွေက စကားအောင်တတ်ပါတယ်''
''ဆရာကြားဖူးတာ တစ်ခုရှိတယ်။ ဆရာကြီးဒေါက်တာလှဘေ ပြောတာပါ''
''လန်ဒန်တက္ကသိုလ်က မြန်မာစာပါမောက္ခ ဒေါက်တာလှဘေလား ဆရာ''
''ဟုတ်တယ်ကွ၊
ဆရာကြီး ဒေါက်တာလှဘေဟာ ပင်စင်ယူပြီး မော်လမြိုင်မှာ လာရောက်အခြေချ
နေထိုင်တယ်။ သူလန်ဒန်မှာ ပါမောက္ခလုပ်စဉ်က အောက်စဖို့ဒ်တက္ကသိုလ်က
အရှေ့တိုင်းယဉ်ကျေးမှုလေ့လာရေး အသင်းတစ်သင်းက သူ့ကိုဖိတ်တယ်။ ဆရာလည်း
သွားပြီးဟော ပြောတယ်။ ကွင်းပြင်မှာပါ။ အဲဒီပွဲကို လာရောက်သူတွေ
ရာဂဏန်းလောက်ပဲ ရှိတယ်။ အဲဒီထဲမှာ စက်ဘီးနဲ့လာတဲ့ အမျိုးသမီးလေးတစ်ယောက်
ဆရာကြီးဟောနေစဉ်မှာပဲ ရောက်လာတယ်။ ဆရာကြီးက
ဟောပြောနေတာဖြစ်လို့ပရိသတ်အားလုံးကို မြင်နေရတယ်။ ဆရာကြီးက ဗုဒ္ဓဘာသာ
ယဉ်ကျေးမှုအကြောင်း ဟောပြောတယ်။ ဟောပြောပွဲအပြီးမှာ အိန္ဒိယသား တစ်ယောက်က
ဆရာကြီးဟောပြောတာကို ဆန့်ကျင်ပြီး မေးခွန်းထုတ်တယ်။ ဆရာကြီးက ဖြေပါတယ်။
ဘယ်လိုဖြေဖြေ အဲဒီလူက လက်မခံနိုင်ဘူး။ နောက်ဆုံးမှာ စောစောက စက်ဘီးနဲ့လာတဲ့
မိန်းကလေးက ကျွန်မဖြေလို့ရမလားဆိုတော့ ဆရာကြီးက ဖြေပါလို့ပြောတယ်။ ဒီအခါ
မိန်းကလေးက လိပ်ပတ်လည်အောင် ရှင်းပြလိုက်တော့ စောစောက အတွန့်တက်နေတဲ့
အိန္ဒိယသားဟာလည်း လက်ခံသွားတယ်တဲ့။ ပွဲပြီးတော့ အဲဒီမိန်းကလေးက ဆရာကြီးကို
လာနှုတ်ဆက်တယ်။ သူဘယ်သူလဲသိလား၊ ဒေါ်အောင်ဆန်းစုကြည်ပါပဲတဲ့။ အင်း
ဂုဏ်ယူစရာပါပဲ''
''ဟုတ်တယ်ကွ၊ စကားပြောစွမ်းရည်ဟာ အင်မတန် အရေးကြီးတယ်။ ဒီစွမ်းရည်နဲ့အတူ
လိုတာက စိတ်ကောင်း စေတနာကောင်းတွေပေါ့ကွာ။ သီဟပတေ့ပြောသလို
ပညာရှိသူတော်ကောင်းဖြစ်ဖို့က အ ရေးပိုကြီးတယ်လေ။ သူမှန်လား
ကိုယ်မှန်လားဆိုတာထက် အလုပ် ဖြစ်ဖို့ သိပ်ကို အရေးကြီးတယ်။
အထူးသဖြင့်တို့လို အစိုးသစ်နဲ့ ဒီမိုကရေစီလမ်းကြောင်းကို ချီတက်ဖို့
ကြိုးစားနေတဲ့အခါတွေမှာပေါ့ကွာ''
''ကျွန်တော်လည်း သဘောပေါက်တယ်ဆရာ၊ ပညာရှိသူတော်ကောင်းတွေ လွှတ်တော်ထဲရောက်ဖို့ အရေးအကြီးဆုံးပါပဲ။''
EMG |
No comments:
Post a Comment