menu

Sunday 29 April 2012

ဆုံးရှုံးနိုင်ခြေအနည်းဆုံးသို့(မောင်ချိုဝေ)



မောင်ချိုဝေတို့နိုင်ငံတွင် နာဂစ်မုန် တိုင်းကြီး တိုက်ခိုက်ခံရသဖြင့် လူပေါင်း ၁၃၇၀၀၀ ကျော်သေဆုံးသွားရပါသည်။ ထိုသေဆုံးသူများထဲတွင် မြို့ပြလူဦးရေ မှာမပါသလောက်နည်းပါးသည်။အားလုံး နီးပါး ကျေးလက်တောရွာများမှဖြစ်  ကြပါသည်။ ကျွဲ၊ နွား၊ တိရစ္ဆာန်များ၊ အိုး အိမ်များ၊ လယ်ယာမြေများ ဆုံးရှုံးခံရ သည်မှာလည်း ကျေးလက်မိသားစုများ ပင်ဖြစ်ပါသည်။ ထို့ကြောင့် သဘာဝ အန္တရာယ်ကာကွယ်ရေးကို ကျေးလက် အခြေပြုဆောင်ရွက်ခြင်းသည် အဖြေ မှန်ဟု ဆိုချင်ပါသည်။ မုန်တိုင်းခိုအ ဆောက်အအုံများ၊ ပင်လယ်ဒီရေကာ တာပတ်လမ်းမြင့်ကြီးများကို နိုင်ငံတော် အစီအစဉ်ဖြင့် လည်းကောင်း၊ စေတနာ ရှင်များကလည်း ဆောက်လုပ်ပေးသည် ကို အနုမောဒနာပြုပါသည်။

သဘာဝ ဘေးအန္တရာယ်သည် ကမ္ဘာကြီးကို  သိသိသာသာမျက်နှာမူ လာနေပါသည်။ နေ့စဉ်နှင့် အမျှကမ္ဘာ ကြီး၏ တစ်နေရာရာတွင်သဘာဝဘေး အန္တရာယ်ကျရောက်လျှက်ရှိကြောင်းကို သိနေရပါသည်။ နေ့စဉ်ထုတ်လွှင့်သော သတင်းများတွင် အဆိုပါ သတင်းများ ထိပ်ဆုံးမှ နေရာယူနေကြပါသည်။ဆိုရပါ သော် မရေရာမှုများ များပြားသော ကမ္ဘာကြီးတွင် မောင်ချိုဝေတို့ အသက် ရှင်နေကြရပါသည်။
ဤနေရာတွင် မိုးလေ၀သပညာရှင် ဒေါက်တာ ဦးထွန်းလွင်၏စကားတစ်ခွန်း အား ဖောက်သည်ချချင်ပါသည်။ ““တစ် ဘက်အိမ်က ကလေးအရိုက်ခံရသည်ကို ကြားလျှင် ဒီဘက်အိမ်က ကလေးလိမ္မာ ရသည်””ဟူ၏။ ဟိုနိုင်ငံတွင် မီးတောင် ပေါက်သည်။ ဟိုနိုင်ငံတွင် ငလျှင်လှုပ် သည်။ ဟိုနိုင်ငံတွင် မုန်တိုင်းတိုက်သည်။ ကိုယ့်နိုင်ငံမှာ ဖြစ်ခြင်းမဟုတ်၍ ဂရုပြု စရာမလိုဟု မလိမ်္မာလျှင် ကိုယ်အရိုက်ခံ ရသည့်အခါ အထိနာပါလိမ့်မည်။ ထိုအ ခါတွင် ပေးရသည့် ဆုံးရှုံးမှုမှာကြီးပါလိမ့် မည်။ ၂၀၀၈ ခုနှစ်ကဖြစ်ခဲ့သော နာဂစ် မုန်တိုင်းသည်ပင် ထင်ရှားသော သာဓက ဖြစ်ပါသည်။
ကျေးလက် ပြည်သူများသည် အများအားဖြင့်မိမိနေအိမ်ကိုသစ်၊၀ါးများ ဖြင့် ဆောက်လုပ်နေထိုင်ကြပါသည်။ အိမ်ဆောက်ရာတွင် မိုးလုံရုံ၊ လေကာရုံ၊  သာစဉ်းစားကြပါသည်။ သည့်ထက် မစဉ်းစားတတ်သည်လည်း ဖြစ်ပါသည်။ မုန်တိုင်းဒဏ်မည်မျှလောက် ခံနိုင်အောင် ဆောက်မည်ဟုမျှော်မှန်း၍တည်ဆောက် သည့် အစဉ်အလာလည်းမရှိပါ။ ထို့ ကြောင့်လည်း မုန်တိုင်းတိုက်လျှင်၊ ရေ ကြီးလျှင် အိမ်များအလုံးလိုက်မျောပါ ခြင်း၊ လဲပြိုခြင်းများ ဖြစ်ကြရပါသည်။
ယခုသော်သဘာဝဘေးအန္တရာယ် ကျရောက်မည်ကိုမျှော်မှန်း၍ ကြိုတင် ပြင်ဆင်မှုများ မပြုလုပ်လျှင် မဖြစ်သော ကာလကို ရောက်လျှက်ရှိပါပြီ။ ပညာရှင် များအလိုအရ သဘာဝအန္တရာယ်ကို မဖြစ်အောင်ကြိုတင်တားဆီးနိုင်စွမ်းလူ သားတို့တွင် မရှိသေးကြောင်း၊ သဘာဝ ဘေးအန္တရာယ်ကျရောက်လျှင် ဆုံးရှုံး နိုင်ခြေအနည်းဆုံးဖြစ်စေရန် ဆောင်ရွက် ရေးသာ အကောင်းဆုံးလုပ်ဆောင်မှုဖြစ် ကြောင်းဆိုပါသည်။ နာဂစ်မုန်တိုင်းသည် ကျေးလက်ကိုသာမက မြို့ကြီးများကိုပါ တိုက်ခတ်သွားခြင်းဖြစ်သော်လည်းမြို့ပြ များ ဆုံးရှုံးမှုထက် ကျေးလက်များဆုံးရှုံး ကပိုရခြင်းမှာ ဆုံးရှုံးမှုအနည်းအများ သည် ဖွံ့ဖြိုးမှုအနိမ့်အမြင့်နှင့် တိုက်ရိုက် အချိုးကျနေ၍ ဖြစ်ပါသည်။ မောင်ချိုဝေ တို့ ကျေးလက်တောရွာများ ဖွံ့ဖြိုးမှုမြင့် မားလာပြီး မြို့ပြကဲ့သို့ အုတ်၊ ဘိလပ်မြေ၊ သံချောင်းတို့ဖြင့် တည်ဆောက်သောနေ အိမ်မျာ တည်ဆောက်နေထိုင်ခဲ့ကြလျှင် ဆုံးရှုံးနိုင်ခြေ နည်းပါးပါလိမ့်မည်။
သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်  ၍ ဦးစွာစဉ်းစားရမည်မှာ မိမိတို့ကျေးရွာ ၏ ပထ၀ီအနေအထားအရ ဖြစ်လာနိုင် ဆုံး သဘာဝဘေးအန္တရာယ်ကို မှန်းဆနိုင် ရေးဖြစ်ပါသည်။ ပညာရှင်များ၊ကျွမ်းကျင် သူများက ကူညီမှန်းဆပေးစေချင်ပါ သည်။ ငလျှင်ဒဏ်ခံနိုင်ခြေရှိသော ကျေးရွာ၊ မိုးများသည့်ဒဏ် ခံနိုင်ရည်ရှိ သော ကျေးရွာ၊ဆိုနာမီဒီရေလှိုင်းရောက် နိုင်သော ကျေးရွာစသည်ဖြင့် ဖြစ်ပါ သည်။
မုန်တိုင်းဒဏ်ခံအဆောက်အဦးများ ဆောက်လုပ်ပြီးစီးသော ကျေးရွာများ၌ မုန်တိုင်းခို အဆောက်အဦးကြီးများတွင် အမြန်ခိုနေရန် သတိပေးလေ့ကျင့်သကဲ့ သို့ မုန်တိုင်းဒဏ်ခံအဆောက်အဦးမရှိ သော ကျေးရွာတိုင်းတွင်ထုတည်အကြီး ဆုံး အဆောက်အဦးရှိရာကို သွားရောက် ခိုနေရန် ကျေးရွာတာဝန်ရှိသူများက ဇာတ်တိုက်ထားစေချင်ပါသည်။ ကျေးရွာ များတွင်ထုထည်အကြီးမားဆုံးအဆောက် အဦးများမှာ ဘုန်းကြီးကျောင်းများဖြစ်ပါ သည်။ စာသင်ကျောင်းများဖြစ်ပါသည်။ အချို့အိမ်များမှာလည်း ထုထည်ကြီးမား တတ်ပါသည်။ မုန်တိုင်းတိုက်လာပြီဆို သည်နှင့် မည်သည့်ရွာပိုင်းသည် မည် သည့်ကျောင်း၊ မည်သည့်သိမ်၊ မည်သည့် အဆောက်အဦးဆီသို့ ပြေး၍၀င်ရောက် ခိုလှုံရမည်ဟူသော လေ့ကျင့်မှုကို ကြို တင်ပြုလုပ်ထားစေချင်ပါသည်။ မိုးလေ ၀သ သတင်းကိုနေ့စဉ် နားထောင်တတ် စေရန်လည်း ဟောပြောစည်းရုံးကြစေ ချင်ပါသည်။ သဘာဝဘေးအန္တရာယ် ရောက်လျှင် ဆောင်ရန်၊ ရှောင်ရန်တို့ကို အိမ်တိုင်း၌ ကပ်ထားစေခြင်း၊ ဟောပြော ပညာပေးခြင်းတို့ကိုလည်း ဆောင်ရွက် စေချင်ပါသည်။ အသက်ကို ဉာဏ်စောင့် ပါသည်။
မောင်ချိုဝေတို့ငယ်စဉ်က နွေရာသီ ရောက်လျှင် အဖိုးအဖွားများက အ၀တ်အစားအချို့၊ စာရွက်စာတမ်းများ၊ ပိုက်ဆံများ၊ မုန့်ပဲသားရေစာများကို ပုဆိုး ဖြင့် ထုတ်ကာအနားတွင် ထား၍အိပ် တတ်ကြသည်။ ““မီးလောင်လျှင် အလွန် တကူသယ်သွားနိုင်ရန်ထုတ်ထားကြောင်း”” အဖိုးအဖွားတို့ရှင်းပြစဉ်က စိတ်ထဲတွင် အလွယ်တကူအကဲဆက်သည်ဟုထင်မိခဲ့ သည်။ ယခုမှ အဖိုးအဖွားတို၏အမြော် အမြင်ကို လက်ခံနိုင်သည်။ ယခုသော် နွေရာသီရောက်မှ မဟုတ်။ ထာဝရပုဆိုး ထုတ်ထုတ်ထား ရမည့်အချိန်ကိုရောက် နေပြီ။
သဘာဝဘေးအန္တရာယ်ဖြစ်စေ၊ လူ တို့ဖန်တီးသော ဘေးအန္တရာယ်ဖြစ်စေ၊ ကာကွယ်နိုင်ရေးမှာ ဒေသန္တရအုပ်ချုပ်သူ များ၏ အသိဉာဏ်ပညာ၊လူရည်လူသွေး တို့နှင့် အထူးသက်ဆိုင်နေသည်ဟုဆိုပါ သည်။ ကျေးရွာများ၏ စီမံခန့်ခွဲရေး တာဝန်ယူရသောကျေးရွာအုပ်ချုပ်ရေးမှူး တို့သည် အသိဉာဏ်ကြီးသူများ၊ လူရည်   လူသွေးထက်မြက်သူများဖြစ်စေချင်ပါ သည်။ သဘာဝအန္တရာယ်နှင့် ပတ်သက် လျှင် ကျေးလက်ပြည်သူတို့၏ အသက် သည် ကျေးရွာအုပ်ချုပ်ရေးမှူးများအပါ အ၀င် စီမံသူများ၏ လက်ထဲတွင် ရှိပါ သည်။
Hot News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis