menu

Saturday 14 April 2012

၂၀၁၂ မဟာသင်္ကြန် အကြတ်နေ့ သတင်းနှင့် မြင်ကွင်းများ




tg3-1

၂၀၁၂ခုနှစ် မဟာသင်္ကြန် အကြတ်နေ့ (၁၄-၄-၂၀၁၂)ရက်နေ့တွင် နံနက် ၈ နာရီဝန်းကျင်မှ စတင်ကာ ရန်ကုန်မြို့ရှိ ပြည်လမ်း၊ ကမ္ဘာအေးဘုရားလမ်းနှင့် ကန်တော်ကြီးပတ်လမ်းတို့တွင် ရေပက်ခံကားများ၊ သင်္ကြန်လည်ပတ်သူများဖြင့် စည်ကားခဲ့သည်။
ယနေ့တွင် ကန်တော်ကြီးပတ်လမ်းရှိ မဏ္ဍပ်အများစုတွင် လာရောက်ရေကစားကြသူများ ပိုမိုများပြားလာခဲ့ပြီး မဏ္ဍပ်အချို့သည် နံနက် ၇နာရီဝန်းကျင်မှ စတင်ဖွင့်လှစ်ကာ ရေကစားမှုများပြုလုပ်ခဲ့ကြသည်။
ထို့ပြင် ဆင်ခြေဖုန်းရပ်ကွက်များနှင့် မြို့ပြင် ရပ်ကွက်အချို့တွင်လည်း စက်ဘီးစီးကာ ရေပက်ခံထွက်သူများ၊ ဆိုက်ကား ဖြင့်ရေပက်ခံ ထွက်ကြသူများ၊ လမ်းလျောက် ရေပက်ခံထွက်ကြသူများအပြင် ထော်လာဂျီများဖြင့် ရေပက်ခံထွက်သူများနှင့် စည်ကားခဲ့သည်။
ရန်ကုန်မြို့လယ်ရှိ လမ်းဘေးတစ်လျောက်တွင် တစ်နိုင်တစ်ပိုင် စားသောက်ဖွယ်များကို ရောင်ချနေသူများ၊ စတုဒိသာကျွေးခြင်းများဖြင့် စည်ကားလျက်ရှိကြောင်း သိရှိရသည်။
ရန်ကုန်မြို့၊အနော်ရထာလမ်းရှိ Sky Net မဏ္ဍပ်တွင် အနုပညာရှင်များ လာရောက်ဖျော်ဖြေမှုဖြင့် စည်ကားခဲ့ပြီး အနော်ရထာလမ်း တစ်လျောက်တွင် ရေပက်ခံကားများဖြင့် စည်ကားခဲ့သည်။
လသာလမ်းမိသားစု၏ စတုဒိသာမဏ္ဍပ်မှ တာဝန်ရှိသူတစ်ဦးက 'ကျွန်တော်တို့ နှစ်တိုင်း စတုဒိသာ မဏ္ဍပ်လုပ်ပြီး အလှုလုပ်ပါတယ်။ ဒီနှစ်မှာနေ့စဉ် သင်္ကြန်ရက်အားလုံးမှာ စတုဒိသာကျွေးပါမယ်။ အရင်ရက်တွေကထက် ဒီနေ့မှာ လာစားကြတဲ့လူတွေ ပိုများတယ်။ ဒီနေ့ ဘဲဥ၊ ပဲဟင်း၊ ငါးခြောက်ကြော်နဲ့ ထမင်းကျွေးပါတယ်'ဟု ပြောကြားခဲ့သည်။
ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်ရှိ ရုံးရှေ့၊ တံတားဖြူမှတ်တိုင်များနှင့် မီးခွက်ဈေးမှတ်တိုင်များရှိ မဏ္ဍပ်များတွင် ရေပက်ခံထွက်သူများ များပြားခဲ့ပြီး တံတားဖြူမှတ်တိုင်အနီးရှိ ရခိုင်ရိုးရာရေကစားမဏ္ဍပ်တွင်လည်း ရခိုင်ရိုးရာသင်္ကြန်ကစားနည်းကို တစ်ဦးလျင် ၅၀၀ ကျပ်နှုန်းဖြင့် ရေကစားသူလူငယ် အများအပြားရှိခဲ့ကြောင်း သိရသည်။
ကန်တော်ကြီး၊ မျော်စင်ကျွန်းတွင်လည်း Iron Cross အဖွဲ့သားများ၏ ဖျော်ဖြေမှုများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။
၂၀၁၂ခုနှစ် မဟာသင်္ကြန် အကြတ်နေ့ (၁၄-၄-၂၀၁၂)ရက်နေ့တွင် နံနက် ၈ နာရီဝန်းကျင်မှ စတင်ကာ ရန်ကုန်မြို့ရှိ ပြည်လမ်း၊ ကမ္ဘာအေးဘုရားလမ်းနှင့် ကန်တော်ကြီးပတ်လမ်းတို့တွင် ရေပက်ခံကားများ၊ သင်္ကြန်လည်ပတ်သူများဖြင့် စည်ကားခဲ့သည်။ ယနေ့တွင် ကန်တော်ကြီးပတ်လမ်းရှိ မဏ္ဍပ်အများစုတွင် လာရောက်ရေကစားကြသူများ ပိုမိုများပြားလာခဲ့ပြီး မဏ္ဍပ်အချို့သည် နံနက် ၇နာရီဝန်းကျင်မှ စတင်ဖွင့်လှစ်ကာ ရေကစားမှုများပြုလုပ်ခဲ့ကြသည်။ထို့ပြင် ဆင်ခြေဖုန်းရပ်ကွက်များနှင့် မြို့ပြင် ရပ်ကွက်အချို့တွင်လည်း စက်ဘီးစီးကာ ရေပက်ခံထွက်သူများ၊ ဆိုက်ကား ဖြင့်ရေပက်ခံ ထွက်ကြသူများ၊ လမ်းလျောက် ရေပက်ခံထွက်ကြသူများအပြင် ထော်လာဂျီများဖြင့် ရေပက်ခံထွက်သူများနှင့် စည်ကားခဲ့သည်။

tg3-2
ရန်ကုန်မြို့လယ်ရှိ လမ်းဘေးတစ်လျောက်တွင် တစ်နိုင်တစ်ပိုင် စားသောက်ဖွယ်များကို ရောင်ချနေသူများ၊ စတုဒိသာကျွေးခြင်းများဖြင့် စည်ကားလျက်ရှိကြောင်း သိရှိရသည်။ ရန်ကုန်မြို့၊အနော်ရထာလမ်းရှိ Sky Net မဏ္ဍပ်တွင် အနုပညာရှင်များ လာရောက်ဖျော်ဖြေမှုဖြင့် စည်ကားခဲ့ပြီး အနော်ရထာလမ်း တစ်လျောက်တွင် ရေပက်ခံကားများဖြင့် စည်ကားခဲ့သည်။
လသာလမ်းမိသားစု၏ စတုဒိသာမဏ္ဍပ်မှ တာဝန်ရှိသူတစ်ဦးက 'ကျွန်တော်တို့ နှစ်တိုင်း စတုဒိသာ မဏ္ဍပ်လုပ်ပြီး အလှုလုပ်ပါတယ်။ ဒီနှစ်မှာနေ့စဉ် သင်္ကြန်ရက်အားလုံးမှာ စတုဒိသာကျွေးပါမယ်။ အရင်ရက်တွေကထက် ဒီနေ့မှာ လာစားကြတဲ့လူတွေ ပိုများတယ်။ ဒီနေ့ ဘဲဥ၊ ပဲဟင်း၊ ငါးခြောက်ကြော်နဲ့ ထမင်းကျွေးပါတယ်'ဟု ပြောကြားခဲ့သည်။
tg3-3
ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်ရှိ ရုံးရှေ့၊ တံတားဖြူမှတ်တိုင်များနှင့် မီးခွက်ဈေးမှတ်တိုင်များရှိ မဏ္ဍပ်များတွင် ရေပက်ခံထွက်သူများ များပြားခဲ့ပြီး တံတားဖြူမှတ်တိုင်အနီးရှိ ရခိုင်ရိုးရာရေကစားမဏ္ဍပ်တွင်လည်း ရခိုင်ရိုးရာသင်္ကြန်ကစားနည်းကို တစ်ဦးလျင် ၅၀၀ ကျပ်နှုန်းဖြင့် ရေကစားသူလူငယ် အများအပြားရှိခဲ့ကြောင်း သိရသည်။ ကန်တော်ကြီး၊ မျော်စင်ကျွန်းတွင်လည်း Iron Cross အဖွဲ့သားများ၏ ဖျော်ဖြေမှုများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis