menu

Friday 16 March 2012

ရေပိုင်နက်အမှု ရှုံး​နိမ့်​မှု တရား​မျှတဟု မြန်မာအစိုး​ရ​ကြေညာ

မြန်မာ- ဘင်္ဂလား​ဒေ့​ရှ် နှစ်နိုင်ငံ ပင်လယ် ​ရေပိုင်နက် နယ်နိမိတ် အငြင်း​ပွား​မှုကို ပင်လယ်ပြင် ဥပ​ဒေဆိုင်ရာ နိုင်ငံတကာခုံရုံး​ (ITLOS)က တရား​မျှတစွာ ​ဆောင်ရွက်ခဲ့​တဲ့​ အတွက် ငြိမ်း​ချမ်း​စွာ ​ဖြေရှင်း​ပြီး​ ဖြစ်​ကြောင်း​ မြန်မာအစိုး​ရက နိုင်ငံပိုင် သတင်း​စာက​နေ ​ကြေညာလိုက်ပါတယ်။
ခုံရုံး​က သတ်မှတ်​ပေး​လိုက်တဲ့​ နယ်နိမိတ် သတ်မှတ်ချက်​တွေအရ မြန်မာ အစိုး​ရနဲ့​ နိုင်ငံတကာ ​ရေနံကုမ္ပဏီ​တွေ ပူး​ပေါင်း​ လုပ်ကိုင်​နေတဲ့​ ကမ်း​လွန် လုပ်ကွက်​တွေကိုလည်း​ ထိခိုက်မှု မရှိတဲ့​အတွက် လုပ်ငန်း​တွေကို အရှိန်အဟုန် မပျက် ဆက်လက် လုပ်ကိုင်သွား​မယ့်​ အ​ကြောင်း​လည်း​ သတင်း​ကြေညာချက်မှာ ​ဖော်ပြထား​ပါတယ်။
ဂျာမနီနိုင်ငံ ဟမ်း​ဘတ်မြို့​ အ​ခြေစိုက် ပင်လယ်ပြင် ဥပ​ဒေဆိုင်ရာ နိုင်ငံတကာ ခုံရုံး​ (ITLOS)ဟာ ဘင်္ဂလား​ဒေ့​ရှ် အစိုး​ရက ​တောင်း​ဆိုတဲ့​ နယ်နိမိတ်နဲ့​ မြန်မာ အစိုး​ရက ​တောင်း​ဆိုတဲ့​ နယ်နိမိတ် အကြား​ ၂၁၅ ဒီဂရီ က​နေ နယ်နိမိတ် အသစ် အဖြစ် မတ်လ ၁၄ ရက်​နေ့​မှာ အပြီး​သတ် စီရင်ချက် ချမှတ် ပိုင်း​ခြား​ သတ်မှတ် ​ပေး​ခဲ့​တာ ဖြစ်ပါတယ်။
တရား​ရုံး​ ဆုံး​ဖြတ်ချက်အရ ဘင်္ဂလား​ဒေ့​ရှ်ဘက်က ​တောင်း​ဆိုထား​တဲ့​အတိုင်း​ ​ရေမိုင် ၂၀၀ အထိ ပိုင်ဆိုင်ခွင့်​ရရှိခဲ့​တာ ဖြစ်ပါတယ်။
ဒီ​ ရေပိုင်နက်ပြဿနာ အမှုရင်ဆိုင်ဖို့​ မြန်မာအစိုး​ရက ​ရှေ့​နေချုပ် ​ဒေါက်တာထွန်း​ရှင်နဲ့​ နိုင်ငံခြား​ရေး​ဌာနက ဒု-ညွှန်ချုပ် ​ဒေါ်လှမျိုး​နွယ်တို့​ကို ​စေလွှတ်ခဲ့​ပြီး​ နှစ်နိုင်ငံစလုံး​က နိုင်ငံတကာ​ရှေ့​နေ​တွေနဲ့​ တိုင်း​တာ​ရေး​ ပညာရှင်​တွေ ငှား​ရမ်း​ ​ဆောင်ရွက်ခဲ့​တာပါ။
နှစ်နိုင်ငံ ​ရေပိုင်နက် အငြင်း​ပွား​မှုဟာ၂၀၀၈ ခုနှစ်က မြန်မာနိုင်ငံမှာ သဘာဝ ဓာတ်​ငွေ့​ရှာ​ဖွေခွင့်​ ရရှိထား​တဲ့​ ​ဒေဝူး​ကုမ္ပဏီက ရခိုင်ကမ်း​လွန်ပင်လယ်ပြင်မှာ ​ရေနံရှာ​ဖွေ​ရေး​လုပ်ငန်း​တွေ စတင်လုပ်​ဆောင်ရာက စတင်ခဲ့​တာပါ။
ရေနံရှာသ​ င်္ဘော​တွေနဲ့​ အတူ မြန်မာ​ရေတပ် သ​င်္ဘောတချို့​ အငြင်း​ပွား​ဖွယ် ​ရေပိုင်နက်အတွင်း​ ဝင်​ရောက်လာခဲ့​တဲ့​အတွက်လည်း​ ဘင်္ဂလား​ဒေ့​ရှ် အစိုး​ရက မြန်မာသံအမတ်ကို ဆင့်​ခေါ် ကန့်​ကွက်မှု​တွေလည်း​ ပြုလုပ်ခဲ့​ဖူး​ပါတယ်။
ဘင်္ဂလား​ဒေ့​ ရှ် အစိုး​ရက​တော့​ နိုင်ငံတကာ တရား​ရုံး​ ဆုံး​ဖြတ်ချက်နဲ့​ ပတ်သက်ပြီး​ ​အောင်မြင်မှုတရပ်အဖြစ် နိုင်ငံပိုင် မီဒီယာ​တွေမှာ ​ဖော်ပြပါတယ်။ မြန်မာအစိုး​ရက​တော့​ တရား​မျှတစွာ ဆုံး​ဖြတ်ခဲ့​မှုအတွက် အစိုး​ရနဲ့​ပြည်သူ​တွေက ​လေး​စား​ချီး​ကျုး​ ဂုဏ်ပြုလျက်ရှိကြပြီး​ စီရင်ချက်ရလဒ်ကို ​ကျေနပ်လက်ခံတယ်လို့​ ဒီ​နေ့​ထုတ် နိုင်ငံပိုင်သတင်း​စာ​တွေမှာ အချပ်ပိုထုတ်ပြီး​ အကျယ်တဝင့်​ ​ဖော်ပြထား​ပါတယ်။ 
ဒီဗွီဘီ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis