menu

Sunday 26 February 2012

မူဆယ်မြို့တွင် အထူးစီးပွားရေးဇုန်တည်ဆောက်ရန် စီစဉ်နေ




တရုတ်-မြန်မာနယ်စပ်မူဆယ် မြို့တွင် အထူးစီးပွားရေးဇုန် Special Economic Zone  တည်ဆောက်ရန် စီစဉ်နေကြောင်းနှင့် ယင်းအကြောင်းအရာများနှင့်ပတ်သက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတစိုင်းမောက်ခမ်းက လားရှိုးခရီးစဉ်အတွင်း ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

''မူဆယ်မှာ အထူးစီးပွားရေးဇုန် တည်ဆောက်မယ့်ကိစ္စနဲ့ပတ်သက်ပြီး ဒုတိယသမ္မတရဲ့ လားရှိုးခရီးစဉ်အတွင်းမှာ ထည့်သွင်းဆွေးနွေးခဲ့ကြတယ်။ အထူးသဖြင့်က ဒီဆင်းရဲမွဲတေမှုကိုလျော့ချဖို့အတွက် စပြီးလုပ်တဲ့သဘောပါ။ စီးပွားရေးဇုန်နဲ့အတူ အများပိုင်ကုမ္ပဏီတွေလည်း ဖွဲ့စည်းခွင့်ပေးမယ်လို့ ပြောတယ်။ အများပိုင်ကုမ္ပဏီတွေရှိခြင်းအားဖြင့် အစုရှယ်ယာ ရောင်းလို့ရတယ်။ဘာပဲဖြစ်ဖြစ် ဘဏ်တိုးနှုန်းတွေထက် မြင့်အောင်တော့ပေးမယ်ဆိုရင် ရှယ်ယာတွေရောင်းလို့ရပါတယ်။  ၂၀၁၅ AFTA  အမီ လုပ်သွားဖို့ စီစဉ်နေတာပါ။ ၂၀၁၅  ခုနှစ်မှာ Asean Economic Community နဲ့ Asean Free trade Area အကောင်အထည်ပေါ်လာရင် ကျွန်တော်တို့ အခုလို တရုတ်ကို ကုန်ကြမ်းရောင်းနေရုံနဲ့တော့ မရတော့ပါဘူး။ ဒီအတွက် ပြင်ဆင်တာပါ'' ဟု မူဆယ်နမ့်ခမ်းအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။

လက်ရှိအခြေအနေတွင်မူ တရုတ်-မြန်မာနယ်စပ် ကြယ်ခေါင် ဒေသ၌နေထိုင်သူများတွင် မြန်မာ လူမျိုး ၅၀ ရာခိုင်နှုန်းဝန်းကျင်ရှိ ကြောင်းနှင့်ရွှေလီမြို့တွင်  ၂၅ ရာခိုင် နှုန်းရှိနေကြောင်းနှင့် ထိုသူများ မူဆယ်နယ်စပ်သို့ပြန်လာနိုင်ရန် အလုပ်အကိုင်အခွင့်အလမ်းဖွင့်ပေး ရန်ဦးစွာလိုအပ်နေကြောင်း သုံးသပ် မှုများလည်းရှိသည်။

''အခု SE Z  နဲ့ပတ်သက်ပြီး အ ဆိုတင်သွင်းကြတယ်။ အခုဆိုရင် ကုန်သည်တွေကသူတို့ရဲ့ကုန်ပစ္စည်းတွေကို မူဆယ်မှာမထားနိုင်တော့ ကြယ်ခေါင်မှာ သွားထားရတယ်။ အဲဒီမှာ ရဲကအမျိုးမျိုးညစ်တာလည်း ရှိတယ်။ ဖြစ်နေတာက မူဆယ်မှာက လိုင်စင်လျောက်ပြီး ပစ္စည်းတွေပဲ ထားခွင့်ရှိတယ်။ ဒီတော့ ဟိုဘက်မှာရှိနေတဲ့ ထမင်းဆိုင်တွေကအစ အလုပ်သမားတွေ၊ ကုန်လှောင်ရုံတွေ ဒီဘက်ကို အရင်ပြန်ရောက်ဖို့ လိုတယ်။ ဒါတွေကို အရင်စနစ်တကျ ပြန်စိစစ်သင့်တယ်ထင်တယ်။ လော လောဆယ်မှာ မြန်မာဘက်ကရောင်းတဲ့ပစ္စည်းတွေကို တရုတ်ဘက်က အချိုအချောင်နဲ့ရနေတဲ့ အနေအထားမျိုးကြောင့်ယူတာပါ။ အခုဆို ဆန်တင်ပို့ခွင့်ရတယ်။ ပြောင်းတင်ပို့ခွင့်ရတယ်။ ဒါပေမဲ့ သူတို့ဘက်က ခွင့်မပြုတော့ မှောင်ခိုလမ်းကြောင်း ကတင်ပို့ရတယ်။ ဈေးနှိမ်ခံရတယ်။ တကယ်လို့များ Value added လုပ်ရောင်းမယ်ဆိုရင် သူတို့ ယူပါဦးမလား စိုးရိမ်စရာရှိတယ်''ဟု နယ်စပ်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။ လက်ရှိအနေအထားတွင် တရုတ်ဘက်သို့ ကုန်ကြမ်းပစ္စည်း သာ တင်ပို့ရောင်းချနေရသောအနေအထားမှ Value added တန်ဖိုးမြင့်ထုတ်ကုန်ထုတ်လုပ်၍ ရောင်းချရန် စီစဉ်နေမှုအပေါ် တခြားတစ်ဘက်မှလည်း အဆင်ပြေနိုင်ကြောင်း သုံးသပ်သည်။ ''တရုတ်ဘက်က ၀ယ်၊ မ၀ယ်တွေးပြီး ဘာမှမလုပ်ဘဲနေလို့ မရဘူး။ အခုအချိန်မှာ ကျွန်တော်တို့ ဆီကပဲ နှမ်းတွေဝယ်။ ဂိုထောင်ထဲပြန် ထည့်ပြီး Value added လုပ်ပြီး သူတို့က ပြန်ထုတ်နေတာပဲ။ ကျွန်တော်တို့မှာ နည်းပညာနဲ့ အရင်းအနှီးပဲလိုတယ်။ သူဝယ်ပါ့မလားဆိုပြီး စိုးရိမ်စရာတော့မလိုပါဘူး'' ဟု လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis