menu

Monday 5 March 2012

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ဇာတ်ကား၏ ဇာတ်ညွှန်းအဖွဲ့ကို သမိုင်း၊ စာပေ၊ ရုပ်ရှင် ပညာရှင်များဖြင့် ဖွဲ့စည်းမည်




ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကားအတွက် ဇာတ်ညွှန်းကို သမိုင်းပညာရှင်များ၊ စာပေပညာရှင်များနှင့် ရုပ်ရှင်ပညာရှင်များ ပါဝင်သည့် အဖွဲ့တစ်ခုဖွဲ့စည်းကာ ရေးသားသွားမည် ဖြစ်ကြောင်း သိရှိ ရပါသည်။
“ဗိုလ်ချုပ်အတ္ထုပ္ပတ္တိ ရုပ်ရှင် ဇာတ်ကားအတွက် ဇာတ်ညွှန်းရေးဖို့ကို မြန်မာနိုင်ငံသား သမိုင်းပညာရှင်တွေ၊ စာပေပညာရှင်တွေနဲ့ ရုပ်ရှင်လောကမှ ပညာရှင်တွေပါဝင်မယ့် အဖွဲ့တစ်ခုကို ဖွဲ့စည်းပြီး ရေးသား သွားမှာပါ။ ရိုက်ကူးရေးလုပ်တဲ့အခါ လိုအပ်တဲ့ ရိုက်ညွှန်းကိုတော့ နိုင်ငံခြားက ပညာရှင်တွေနဲ့ပူးပေါင်း လုပ်ဆောင်သွားမှာပါ။ ဇာတ်ညွှန်းရေးဖို့ အတွက် တကယ် အချိန်ပေးနိုင်မယ့် သူတွေကိုဦးစားပေးပြီး ဒီအဖွဲ့မှာ ပါဝင်နိုင်ဖို့ စီစဉ်ထားပါတယ်” ဟု ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကား ဖြစ်မြောက်ရေး အဖွဲ့မှ ပြန်ကြားရေး တာဝန်ခံ ဒါရိုက်တာကြည်ဖြူသျှင်က ဆိုပါသည်။

အဆိုပါ ရုပ်ရှင်ဇာတ်ကားအတွက် သမိုင်းအချက်အလက် ရှာဖွေခြင်းများလည်း လုပ်ဆောင်နေပြီး ဗိုလ်ချုပ်တို့ခေတ်ကို သိမီလိုက်သူများနှင့် တွေ့ဆုံမေးမြန်းကာ အချက်အလက်များ ရယူခြင်းတို့ကိုလည်း လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် ဗိုလ်ချုပ်နေရာတွင် သရုပ်ဆောင်မည့်သူအား ဖိတ်ခေါ်ထား ပြီး ဗိုလ်ချုပ်၏ဇနီး ဒေါ်ခင်ကြည်နေရာကိုလည်း ထပ်မံဖိတ်ခေါ်သွားမည် ဖြစ်ကြောင်း သိရသည်။ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကားကို ၂၀၁၅  ခုနှစ် အမီပြသနိုင်ရန် စီစဉ်လျက်ရှိသည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis