menu

Friday 17 February 2012

အဲကမ္ဘောဇလေကြောင်းလိုင်းမှ လေယာဉ်တစ်စင်း သံတွဲလေဆိပ်သို့ ဆင်းသက်စဉ် ပြေးလမ်းချော်မှုဖြစ်ပွား




အဲကမ္ဘောဇလေကြောင်းလိုင်းမှ ခရီးစဉ်အမှတ် KBZ 243 ဖြစ်သော ATR 72 လေယာဉ်တစ်စင်းသည် ဖေဖေါ်ဝါရီလ ၁၇ရက်နေ့ နံနက် ၁၀နာရီ ၅၃ မိနစ်ခန့်က သံတွဲလေဆိပ်သို့ ဆင်းသက်စဉ် ပြေးလမ်းချော်မှုဖြစ်ပွား ခဲ့ကြောင်း သတင်းရရှိပါသည်။ အဆိုပါမတော်တဆမှုကြောင့် ခရီးသည်တစ်ဦးမှ ထိခိုက်ဒဏ်ရာ ရရှိခြင်းမရှိကြောင်းလည်း  သိရပါသည်။

ခရီးသည်နှင့် လေယာဉ်အမှုထမ်းစုစုပေါင်း ၅၇ ဦးပါဝင်သော  အဆိုပါလေယာဉ်မှာ ရန်ကုန်- ညောင်ဦး-ဟဲဟိုး-သဲတွဲ-ရန်ကုန် ခရီးစဉ်ဖြစ်ပြီး၊ ဟဲဟိုးလေဆိပ်မှ နံနက် ၁၀နာရီ ၈မိနစ်တွင် ထွက်ခွာလာခဲ့ပြီး သံတွဲလေဆိပ်သို့ နံနက် ၁၀နာရီ ၅၃ မိနစ်ခန့်က ဆင်းသက်စဉ်ယင်းကဲ့သို့ ပြေးလမ်းချော်မှုဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။
''လေယာဉ်က ပြေးလမ်းပေါ်ကချော်ပြီး လေဆိပ်အဆောက်အအုံကိုကျော်ပြီး ဘယ်ဘက်ကို ထိုးဆင်းသွားခဲ့တယ်။ ဒါကြောင့်မို့ လေယာဉ်ရဲ့ရှေ့ Nose Wheel ကြိုးသွား ပြီး၊ နံပါတ် ၁ အင်ဂျင်ရဲ့ ဘယ်ဘက်က ပန်ကာ ကောက်သွားပါတယ်။ ခရီးသည်တွေကတော့ တစ်ယောက်မှ ထိခိုက်ဒဏ်ရာရမှုမရှိပါဘူး'' ဟု ရန်ကုန်လေဆိပ်မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။
အဆိုပါ လေယာဉ်မတော်တဆမှုကြောင့် သဲတွဲလေဆိပ်သို့ရောက်ရှိနေခဲ့သော ခရီးသည်များအား အဲကမ္ဘောဇလေကြောင်းလိုင်းမှ လေယာဉ်တစ်စီးဖြင့် သွားရောက်ခေါ်ဆောင်နေပြီဟု ဆက်လက်သိရှိရပါသည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis