
စနေဈေး . . . ဒီနာမည်လေးကို ကြားနေရတာကြာပါပြီ။ အရင်ကတော့ စနေဈေးဆိုတာကတော့ သာမန်ပါပဲ
ရွာကလေးတစ်ရွာက ဈေးလေးတစ်ဈေးပေါ့။ ဒါပေမယ့် အခုစနေဈေးကို
ရောက်ခဲ့ပါပြီ။ အထင်နဲ့အမြင်လွဲသွားတယ်ဆိုတာ ဒီမြင်ကွင်းက သက်သေပြနေပါပြီ။
စနေဈေးဆိုတာကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံနယ်စပ်ရွာကလေးဖြစ်တဲ့
မော့တောင်နယ်စပ်ရွာတောင်ခြေမှာတည်ထားတဲ့
ထိုင်းနိုင်ငံအပိုင်ဆင်းခွန်ရွာမှာရှိတဲ့ ဈေးကလေးတစ်ခုပါပဲ။ မြိတ်မြို့ကနေ
၁၂၃ မိုင်ကွာဝေးတဲ့ မော့တောင်ရွာကို ခက်ခဲကြမ်းတမ်းတဲ့ လမ်းခရီးကို
ဖြတ်သန်းပြီးမှရောက်လာခဲ့ရတဲ့ ဈေးလေးပါပဲ။ မြိတ်မြို့ကနေ အမြန်ရေယာဉ်နဲ့
မနက် ၉ နာရီလောက်မှာ ထွက်လာတာ တနင်္သာရီကို နေ့လယ်ပိုင်းမှာရောက်ခဲ့တယ်။
တနင်္သာရီမှ ဗောဓိကမ်းကို ကူးတို့နဲ့ကူး။ ဗောဓိကမ်းမှ
ညောင်ပင်ကွင်းအနောက်ကမ်းကို ဆိုင်ကယ်နဲ့ တစ်နာရီကျော်လောက်သွား
ညောင်ပင်အနောက်ကမ်းမှ အရှေ့ကမ်းကို ကူးတို့နဲ့ကူးပြီး
ညောင်ပင်ကွင်းအရှေ့ကမ်းကို ရောက်တော့ မော့တောင်သွားဖို့မ
လွယ်တော့တဲ့အချိန်ဖြစ်သွားပြီ။ အဲဒီအတွက် ညောင်ပင်ကွင်းမှာ တစ်ညအိပ်ကာ
မနက်ဖြန်နေ့လယ်ပိုင်းမှ မော့တောင်ရွာကို ကြမ်းတမ်းတဲ့
ခရီးစဉ်ကိုဖြတ်သန်းပြီး မော့တောင်ရွာကို ည ၉ နာရီကျော်မှရောက်ခဲ့ပါတယ်။
စုစုပေါင်းမိုင် ၁၂၀ ကျော် ခရီးကို ၃၆ နာရီကျော်ကြာ ခရီးသွားခဲ့ရပါတယ်။
ညောင်ပင်ကွင်းမှာ တစ်ညအိပ်ပြီး မနက်စီစဉ်စရာတွေစီစဉ်နဲ့
နေ့လယ်ပိုင်းမှာစထွက်တာ၊ လမ်းမှာ ဗိုက်ကလေးဘာလေးဖြည့်တာ ခဏပဲနားခဲ့တာပါ။
တကယ်တမ်း ညကြီးမိုးချုပ်ရိုးမတောထဲကိုမရပ်မနား ဆိုင်ကယ်နဲ့
အဖော်တွေမစောင့်ဘဲ စွန့်စားပြီး ဆက်တိုက်မောင်းသွားမယ်ဆိုရင်တော့
၁၃နာရီကြာပါလိမ့်မယ်။ မြိတ်ကနေ သွားတဲ့ကြာချိန်ပေါ့။ လမ်းခရီးမှာ
သောကြာနေ့ဆိုတော့ အဖော်တွေရှိပြီ။ စနေဈေးကလေးကိုအမှီ သွားရောက်နိုင်ဖို့
လမ်းကြမ်းကြီးကို ကုန်စည်တွေနင့်အောင်တင်ပြီး လမ်းကိုလယ်ထွန်သလိုသွားနေတဲ့
တနင်္သာရီရိုးမထဲက ဆိုင်ကယ်ကယ်ရီတွေကိုလည်း တစ်လမ်းလုံးတွေ့ခဲ့ရတယ်။
မော့တောင်ကို ညရောက်ပြီး မနက်ဖြန်စနေနေ့ဆိုတော့ တောင်ခြေမှာရှိတဲ့
ဆင်းခွန်နယ်စပ်ရွာကလေးမှာရှိတဲ့ စနေဈေးကိုရောက်အောင်သွားခဲ့ပါတယ်။
စနေဈေးဟာ တနင်္သာရီရိုးမတစ်လျောက်မှာရှိတဲ့ ကျေးရွာတွေက
တစ်နိုင်တစ်ပိုင်ကုန်စည်သယ်တဲ့သူတွေနဲ့ ထိုင်းနိုင်ငံက ဈေးသည်တွေ၊
တစ်ပတ်တစ်ကြိမ်တွေ့ဆုံတဲ့နေရာလေးပါ။ အဲဒီဈေးလေးကိုဒေသခံတွေက
မိမိတို့ဒေသထွက်ကုန်စည်လေးတွေကို တစ်နိုင်တစ်ပိုင်သယ်ရင်း
အသက်မွေးဝမ်းကျောင်းပြုရတဲ့နေရာလေးအဖြစ် အားထားနေရသလို
ထိုင်းနိုင်ငံဘက်ကလည်း သူတို့လိုအပ်တဲ့ ကုန်ကြမ်းတွေကို
လာရောက်ဝယ်ယူမှာကြားရတဲ့နေရာလေးဖြစ်ပါတယ်။ 'စနေဈေးလေး' လို့ဆိုတာထက်
မြင်ရတဲ့မြင်ကွင်းကြောင့် 'စနေဈေးကြီး'လို့ အမည်တပ်ရမလိုဖြစ်နေပါတယ်။
တောင်ခြေကို ဆင်းလိုက်တာနဲ့ ဆင်းခွန်ဂိတ်လို့ အင်္ဂလိပ်လိုရေးထားတဲ့ဂိတ်ကို
မြန်မာနိုင်ငံဘက်မှတွေ့ရပြီး ထိုင်းနိုင်ငံဘက်မှာတော့
ရှမ်းလို(ထိုင်းဘာသာစကားဖြင့်)ရေးထားကာ ဒီဂိတ်မှကျော်လိုက်တာနဲ့
ဈေးရောင်း/၀ယ် သူများ အလည်အပတ်လာရောက်သူများနဲ့ စည်ကားနေတဲ့ စနေဈေးကြီး
ကိုတွေ့လိုက်ရပါတယ်။ ဈေးက အတော်ပင်ကြီးပြီး
အမိုးခုံးကြီးမိုးထားတဲ့ဈေးကြီးတွေ၊ ဆိုင်ခန်းတွဲအများကြီးတွေရှိတဲ့
ဈေးနေရာတွေ၊ ဟောလ်ပုံစံဈေးတွေ၊ လဟာပြင်မှာ ရောင်းတဲ့ဈေးတွေနဲ့
နေရာအတော်ကျယ်တာတွေ့လိုက်ရပါတယ်။ ''အရင် က စနေဈေးဆိုတာ
ကျွန်တော်တို့နိုင်ငံထဲမှာရှိတာပါ။ ထိုင်းနိုင်ငံက
ဈေးရောင်း/၀ယ်လုပ်တဲ့သူတွေက ကျွန်တော်တို့နိုင်ငံထဲမှာ လာရောက်အရောင်းအ၀ယ်
ပြုလုပ်ရပါတယ်။ နောက်ပိုင်း ကျွန်တော်တို့ဆီက ဈေးကလည်း ပျက်သွားပြီး
ဒီတောင်ခြေကို ရောက်လာတာပါ''လို့ လမ်းပြအဖြစ်လိုက်ပါလာတဲ့ မိတ်ဆွေက
ရှင်းပြပါတယ်။စနေဈေးထဲကိုရောက်တော့ အစားအသောက်မျိုးစုံ၊
ကျောက်မျက်ရတနာဆိုင်များ၊ အ၀တ်အထည်ဆိုင်များ၊ ဖန်စီပစ္စည်းဆိုင်တွေ၊
ကော်ဖီဆိုင်တွေ၊ ကုန်စိမ်း၊ ကုန်ခြောက်ဆိုင်တွေအများအပြားကို တွေ့ရတယ်။
မြန် မာနိုင်ငံဘက်ခြမ်းက အဓိကလာရောက်ရောင်းချကြတာကတော့
ကုန်စိမ်းတွေများပါတယ်၊ ပန်းပင်တွေ၊ ဆင်တုန်းမနွယ်ဥတွေ၊
သနပ်ခါးတုန်းကလေးတွေ၊ ရွှေ့ပြောင်းလုပ်သားများအတွက် လူသုံးကုန်တွေလည်း
လာရောက်ရောင်းချတာ တွေ့ရတယ်။''သနပ်ခါးတစ်တုံးဘယ်လောက်လဲ . . ဘတ် ၂၀
ပါ''တဲ့။ ကြည့်လိုက်တော့ လက်တစ်ဝါးစာမျှရှိတဲ့ သနပ်ခါးတုံးကလေးတစ်တုံး
ဖြစ်ပါတယ်။ ရောင်းကောင်းလားမေးကြည့်တော့ ''ဒီလိုပဲရောင်းနေရပါတယ်။
အများကြီး အရောင်းအ၀ယ်တော့ မဖြစ်ပါဘူး။ပကျွတ်ထဲမှာရှိတဲ့
မြန်မာရွေ့ပြောင်းလုပ်သားတွေကို အဓိကအားထားရပါတယ်။ ပုံမှန်လေးတော့
ရောင်းရပါတယ်''တဲ့။
စနေဈေးမှာ မြန်မာနိုင်ငံက အဓိကလာရောက် ရောင်းချကြတာကတော့
ဒေသထွက်ကုန်တွေပါပဲ။သူတို့လည်း ဒေသထွက်ကုန်လေးတွေကို တစ်ပတ်မှာတစ်ကြိမ်သာ
လူစည်ကားတဲ့စနေဈေးကို အမီလာရောင်းရင်း အသက်မွေးကြရတာပါ
|
|
|
|
စနေဈေးမှာ မြန်မာနိုင်ငံက အဓိကလာရောက် ရောင်းချကြတာကတော့
ဒေသထွက်ကုန်တွေပါပဲ။သူတို့လည်း ဒေသထွက်ကုန်လေးတွေကို တစ်ပတ်မှာတစ်ကြိမ်သာ
လူစည်ကားတဲ့စနေဈေးကို အမီလာရောင်းရင်း အသက်မွေးကြရတာပါ။တစ်ပတ်တစ်ကြိမ်
စနေဈေးဆိုသော်လည်း ထိုင်းဘက်က နေ့စဉ်လာရောင်းနေတဲ့ဆိုင်တွေတော့ ရှိပါတယ်။
ထိုင်းနိုင်ငံကတော့ ပရိဘောဂအထည်ကြီးတွေ၊ ပန်းအလှတွေ၊ လူသုံးကုန်တွေကို
အဓိကလာရောက်ရောင်းချတာတွေ့ရတယ်။ ပရိဘောဂဆိုင်ကြီးတွေမှာ ဒန်းကြီး တစ်ခုကို
ဘယ်လောက်လဲမေးကြည့်တော့ ဘတ် ၁၄၀၀၀တဲ့။မြန်မာနိုင်ငံဘက်မှ အဲဒီသစ်တွေကို
မြန်မာကျပ်တစ်သောင်းကျော်မျှနဲ့ ၀ယ်ခဲ့ပြီး
ပြန်အလှဆင်ထားတဲ့ဒန်းကြီးတစ်ခုဟာ မြန်မာကျပ်ငွေ
သုံးသိန်းခွဲလောက်တန်ကြေးနဲ့ ပြန်ရောင်းနေတာ တွေ့လိုက်ရတယ်။
အရင်ခေတ်စားခဲ့တဲ့ ဒေါင်းစုတ် (ဘွတ်ကလုံ) ငှက်တွေ၊ သင်းခွေချပ်တွေကို
အ၀ယ်နည်းသွားပြီး ဈေးထဲမှာတော့ လုံးဝကိုမတွေ့ရတော့။ ဒါတွေက
လွန်ခဲ့တဲ့နှစ်နှစ်လောက်က ကျွန်တော်တို့ဆီမှာ တောရောမြို့ပါမကျန်
ဖမ်းခဲ့ကြတဲ့သတ္တ၀ါတွေလေ။ ဒေါင်းစုတ်ဆိုတာ တစ်ကောင်ကိုမြန်မာငွေကျပ် ၅၀
လောက်နဲ့စပြီးရောင်းလိုက်ကြတာ တစ်ကောင်မြန်မာငွေ ကျပ် ၃၀၀၀၀ လောက်အထိပေးရ
လောက်အောင်ရှားပါးခဲ့ပြီး အခုဆိုမြင်တောင်မမြင်ဖူးတော့ပါဘူး။ ဒါပေမယ့်
အဲဒီက မ၀ယ်တော့ဘူးဆိုတော့ စုံစမ်းကြည့်တာသူတို့ဆီမှာ သင်းခွေချပ်ရော၊
ဒေါင်းစုတ်ငှက်ပါ မွေးထားပြီး စနစ်တကျကိုမွေးထားတာပါ။ တချို့
ဒေါင်းစုတ်ငှက်တွေဆို အိမ်မှာအင်မတန်ကောင်းတဲ့လှောင်ချိုင့်တွေနဲ့နေ ရပြီး
အဲဒီအိမ်တွေကမှန်ဗီရိုထဲမှာ ဂရင်းစလင်း ၁၇ ကြိမ်လောက်ရဖူးတဲ့ ဖရက်ဒါအိမ်က
မှန်ဗီရိုမှာရှိတဲ့ဆုတွေထက်များတဲ့ဆုတွေရှိပါတယ်။ တချို့ပိုင်ရှင်တွေလည်း
ဒေါင်းစုတ်ငှက်ပြိုင်ပွဲက ရတဲ့ငွေနဲ့တင်
သူဌေးဖြစ်သွားသတဲ့၊ကျွန်တော်တို့ဆီက ဒေါင်းစုတ်ဖမ်းရောင်းကြတဲ့သူတွေကရော။
ဆင်းခွန်ရွာမှာ နှစ်ထပ်ကားကြီးတွေ၊ စင်းလုံးငှားတဲ့ ကားကောင်းကားလှတွေ
အများကြီး တွေ့ရတယ်။ နာမည်ကြီးပကျွတ် ကမ်းခြေ၊ ပကျွတ်ဆေးရုံ (၀န်ဆောင်မှု၊
ကုသမှုကောင်းသောကြောင့်နာ မည်ကြီးနေ၏) ငါးပြတိုက်စသဖြင့်
သွားလည်နိုင်အောင်စီစဉ်ပေးထားတာ တွေ့ရတယ်။ စင်းလုံးငှားရင် ဘတ် ၅၀၀၀
ကျော်လောက် ပေးရနိုင်ပြီး ဘတ် ၁၀၀၀ ဖိုးစီးချင်လည်းရကြောင်း သိရတယ်။
ပကျွတ်ခရိုင်က ပင်လယ်ဆိပ်ကမ်းမြို့တစ်မြို့ဖြစ်ပြီး အခုခရီးစဉ်အရဆိုလျှင်
အနောက်ဘက် အက်ဒမန်ပင်လယ်ကမ်းခြေမှ အရှေ့ဘက်ထိုင်းပင်လယ်ကွေ့အထိ
ခရီးဖြစ်ပြီး စနေဈေးမှလည်း ဘန်ကောက်အထိ သုံးနာရီခရီးမျှ
ကျန်တော့တယ်လို့သိရတယ်။ မကြာခင်ဖောက်လုပ်မယ့် မော့ တောင်လမ်းကြောင့်
ကုန်သွယ်မှုတဟုန်ထိုးတိုးတက်လာနိုင်ပြီး စနေဈေးကလည်း ကုန်သွယ်မှုမှာ
အချက်အချာကျလာနိုင်သလို မော့တောင်ကနေ ထိုင်းနိုင်ငံ ဘန်ကောက်ကို
ကုန်သွယ်မှုပြုမယ့်သူများတဖွဲဖွဲရောက်လာနိုင်သလို ပကျွတ် ဆေးရုံမှာ
ဆေးဝါးကုသရန်လာသူများ၊ ကမ်းခြေကို လာရောက်သော ကမ္ဘာလှည့်ခရီးသွားများကလည်း
မြန်မာနိုင်ငံ မော့တောင်မှတစ်ဆင့် ပြည်တွင်းသို့ဝင်ရောက်လာနိုင်တဲ့အတွက်
ခရီးသွားလုပ်ငန်းလည်းဖွံ့ဖြိုးလာဖို့ရှိနေပါတယ်။ အဓိကအချက်ကတော့
ယခုလက်ရှိအနေထားမှာ ဖြစ်နေတဲ့မိုင် ၁၂၀ ကျော်ခရီးကိုမရပ်မနား ၁၃ နာရီ
လောက်သွားရမယ့်ခရီးကနေ လေးနာရီ လောက်နဲ့သွားလို့ရနိုင်တဲ့အထိ လမ်းတွေကို
အဆင့်မီဖောက်လုပ်ပေးဖို့လိုပါတယ်။ ဆင်းခွန်ရွာမှာတော့အဆင့်မီ
လေးလမ်းသွားနဲ့ ဘန်ကောက်ကို သုံးနာရီနဲ့အရောက်မောင်းနှင်နေကြပြီလို့
သိရတယ်။ သူတို့ဘက်ကတော့ အဆင်သင့်ဖြစ်နေပြီဆိုတဲ့သဘောပါပဲ။
ကျွန်တော်တို့ဆီမှာပဲ လာမယ့်ပွင့်လင်းရာသီကစတင်ပြီး တကယ်လုပ် ပေးဖို့၊
အဆင်သင့်ဖြစ်အောင်လုပ်ကြဖို့ပဲလိုတော့တယ်။ စနေဈေးမှာတော့ ထိုင်းနိုင်ငံက
လာရောင်းချတဲ့ဈေးသည်များက ညနေစောင်းလာပြီဖြစ်တဲ့အတွက် ကိုယ်ပိုင်ကားတွေနဲ့
သူတို့ကုန်စည်တွေကိုသယ်ပြီး ပြန်နေကြပါပြီ။
ကျွန်တော်တို့ဆီက ဒေသခံ ဈေးသည်တွေလည်း တစ်နိုင်တစ်ပိုင် သယ်လို့ရမယ့်
ကုန်စည်လေးတွေကို တောင်ခြေကနေခြေလျင်ထမ်းနေကြပြီး မနက်ဖြန်ဆိုင်ကယ်တွေနဲ့
မိမိတို့ဒေသကိုရွှံ့ညွှန်ထဲမှာ လယ်ထွန်သလိုသွားဖို့ပြင်ဆင်ရဦးမှာပါ။
တောင်ခြေ မှ ကျွန်တော်တို့နိုင်ငံကိုတက်လာရင်းနဲ့
ဂိတ်ပေါက်ကိုလှည့်ကြည့်မိတော့ အရင်ကဖတ်ခဲ့ဖူးတဲ့မော့တောင်အကြောင်း
ဆောင်းပါးလေးက ခေါင်းစဉ်တစ်ခုကို အမှတ်ရမိလိုက်တယ်..
''တိမ်မြုပ်နေတဲ့ရွှေတံခါးပေါက်ကြီး'' တဲ့။
EMG |
No comments:
Post a Comment