menu

Monday, 8 October 2012

ဖိလစ်ပိုင်အစိုးရနှင့် မွတ်စလင်သူပုန်များအကြား ၁၅ နှစ်ကြာ ဆွေးနွေးမှုအပြီးတွင် သဘောတူညီချက်မူဘောင်တစ်ခုရရှိ




wlmt3
မနီလာမြို့ရှိ သမ္မတနန်းတော်တွင် သမ္မတအကွီနိုက အောက်တိုဘာ ၇ ရက်နေ့၌ သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ်
ဖိလစ်ပိုင်အစိုးရနှင့် နိုင်ငံတွင်းရှိ အင်အားအကြီးဆုံး မွတ်စလင်သူပုန်အဖွဲ့ Moro Islamic Liberation Front (MILF) တို့အကြား ဆယ်စုနှစ်များစွာဖြစ်ပွားခဲ့သော အပြန် အလှန်တိုက်ခိုက်မှုများ အဆုံးသတ်နိုင်ရေးအတွက် သဘောတူညီချက်မူဘောင်တစ်ခုကို ရရှိခဲ့ကြောင်း သမ္မတဘင်နစ်နိုအကွီနိုက အောက်တိုဘာလ ၇ ရက်တွင် ကြေညာခဲ့သည်။
ယင်းသူပုန်အဖွဲ့သည် ဖိလစ်ပိုင်တောင်ပိုင်းရှိ မင်ဒါနာအိုဒေသတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်တစ်စိတ်တစ်ပိုင်းရ အစ္စလာမ်မစ်ဒေသသစ်ထူထောင်နိုင်ရေးအတွက် ဆယ်စုနှစ်များစွာ တိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး ယင်းဒေသ၌ဖြစ်ပွားခဲ့သောတိုက်ခိုက်မှုများအတွက် တာဝန်ရှိသည်ဟု ညွှန်းဆိုခံရသည်။ သယံဇာတရင်းမြစ်များကြွယ်ဝသော ယင်းဒေသမှာ မိမိတို့၏ဘိုးဘွားပိုင်နက်ဖြစ်ကြောင်း MILF အဖွဲ့ကမှတ်ယူထားပြီး တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အင်တာနက်နှင့် အစွဲအလမ်း

Photo: အင်တာနက်နှင့် အစွဲအလမ်း

အစွဲအလမ်းမှန်ရင် ဘယ်အစွဲအလမ်းမှ မကောင်းပါဘူး။ တရားစကား ထည့်ပြောရရင် တစ်စုံတစ်ခုကို စွဲစွဲလမ်းလမ်း ဖြစ်တယ်ဆိုတာ တဏှာ သဘောတရား ဖြစ်ပါတယ်။ ဒီလိုပြောလို့ မောင်အောင်ခမ်း တရားဟော မယ်လို့ မယူဆစေလိုပါ။ Facebook , G-talk ထဲမှာ အစွဲအလမ်းကြီးသူများ အကြောင်းကို အတင်းချဖို့ ဖြစ်ပါတယ်။ ဒီမှာ စွဲလမ်းမှုက မှားယွင်းစာ ယုံကြည်မှုလို့ပြောရင် ပိုမှန်မယ်ထင်ပါတယ်။ တစ်နေ့ အင်တာနက် သုံးနေ ရင်း Facebook သုံးနေရင်း ချက်တင်ဘောက်စ်ထဲမှာ ဒီလိုစာလေး ရောက်လာပါတယ်။

FB က . . .Communication Rule အသစ်တစ်ခုချမှတ်လိုက်ပြီ .....ဖွင့်ပြီး မသုံးတဲ့ Account တွေဆို . .ဖျက်ပစ်မယ် . . .အဲ့အတွက်ကို လက်ရှိ သုံးကြောင်း . . .Activate User 25 ယောက်ကို . . . ပို့ပေးရမယ် . . .ဒါကို ကူးပြီးတော့ . . .မဟုတ်ရင် မသုံးဘူးလို့ ယူဆပြီးတော့ . . .ဖျက်တဲ့ထဲမှာ ပါသွားနိုင်တယ် . .အကောင့်ပေါင်း 1 သန်းကျော်ကို ဖျက်ပစ်မှာတဲ့ ဒီစာကိုFB Chatbox ကနေ . . လိုက်ပို့ရမှာ . . .. မြန်မြန်လုပ်ထားနော် . . ဒီနေ့ ည ဘက်က Last Date . . .Chat Conversation End -Chat Conversation End-Chat Conversation End-Chat Conversation End.

ဘုရား၊ဘုရား လို့တောင် တရမလိုဖြစ်နေတယ်။ ဒီလိုစာမျိုးကို မောင်အောင်ခမ်း တင်မကပဲ စာဖတ်သူတို့လည်း အင်တာနက် သုံးနေစဉ်၊ ဂျီတော့ ချက်နေစဉ်၊ ဖေ့စ်ဘွတ်သုံးနေစဉ် ရရှိဖူးမယ်ထင်တယ်။ တစ်ခါခါကျရင် ဒီလိုစာတောင် ရောက်တတ်ပါတယ်။ “ယခုပို့လိုက်သော စာကို အနည်းဆုံး လူ ၃ ဦးထံ ဆက်လက်မျှဝေပါ။ ကံကောင်းခြင်း များရောက်လာပါမည်။ အကယ်၍ မမျှဝေပါက ၇ ရက်အတွင်း ဆိုးကျိုး၊ ဒုက္ခများ ခံစားရမည်” အစရှိသဖြင့် စာများ ရောက်တတ်ပါတယ်။ ဘာရယ်လို့တော့မဟုတ်ဘူး။ နိုင်ငံရေး၊ လူမူရေး၊ ပညာရေး အစရှိသဖြင့် ဘာမှမသေချာတဲ့ စာတွေကို အဟုတ်လုပ်ပြီး တစ်ယောက်နဲ့တစ်ယောက် ပို့ကြပါတယ်။ ပို့ပြီးတော့လဲ ကံကောင်းချင်သူ၊ ကံမဆိုးချင်သူတို့ကလဲ တစ်ဆင့်ထပ်ရှဲပါတယ်။ ဒီတော့ ဆက်စပ်ပြီးတော့ တစ်နေရာက တစ်နေရာ ပျံ့ ပါလေရော။

ဒီမှာ ပြောစရာ အကြောင်း နှစ်ချက်ရှိပါတယ်။ တစ်ချက်ကတော့ ဒါက အပျော်သဘော ပျော်စရာဖြစ်အောင် စနှောက်ခြင်း ဖြစ်ပါတယ်။ နောက် တစ်မျိုး ကတော့ အရေမရ အဖတ်မရ အားနေလို့ လက်ကလိခြင်း ဖြစ် ပါတယ်။ ဒီမှာ လက်ခံတဲ့သူများက ခပ်ပျော်ပျော်ပဲ ရှဲကြ၊ မျှဝေကြ၊လက်ဆင့် ကမ်းကြပါတယ်။ ဒီမှာ ဝမ်းသာစရာ ရနိုင်ပါတယ်။ သို့သော် ဆုံးရှံးမှုတစ်ခုလည်း ရှိပါတယ်။ ဒါကတော့ ယုံကြည်ချက်ပဲ ဖြစ်ပါတယ်။

မိမိကိုယ့်ကိုယ်လည်း မယုံတော့သလို၊ မိမိပတ်ဝန်းကျင်ကိုပါ ယုံကြည်မှု နည်းစေပါတယ်။ ဥပမာ- အဲ့ဒီလို ခြိမ်းခြောက်စာ တစ်စောင်ရောက် လာတယ်ဆိုပါတော့။ စာရောက်လာတော့ ကာယကံရှင်က အကြောက်တွေ လွန်ပြီး ပြန်ပြီးတော့ ရှဲပြန်ပါတယ်။ ဒီမှာ တစ်ချက်ချို့ သွားပါပြီ။ မိမိကိုယ်ကိုယ် ယုံကြည်ချက် ကျရှုံးစေခြင်း ဖြစ်ပါတယ်။ စာတစ်စောင်ရောက်လာလို့ ဖတ်လိုက်တယ်။ သူက သတင်း အဖြစ်ပေးပြီး ပြန်ရှဲခိုင်းပါတယ်။ ကိုယ့်မှာလည်း ဦးနှောက်ရှိနေတဲ့အတွက် ဒါဟာ မှန်မမှန်စဉ်းစားချင့်ချိန်တတ်ရန် လိုအပ်ပါတယ်။ ဒီစာ ဆက်မမျှဝေ ရင် ၇ ရက်အတွင်းဒုက္ခရောက်မယ်ဆိုပါတယ်။ ကိုယ့်ကံကြမ္မာ ကိုယ်ပဲ ဖန်တီးနေချိန်မှာ ယင်းစာက ဘာမှမလုပ်နိုင်ပါဘူး။ မမျော်လင့်ပဲရောက် လာတဲ့စာကို အရမ်းကြီး ကြောက်လှန့်ပြီး မျှဝေလိုက်ခြင်းကမှသာ တကယ် မှားယွင်းတာ ဖြစ်ပါတယ်။ ဒီမှာ ဘယ်ကောလဟာလ လာလာ ကိုယ့်ပိုင် ခံယူချက်က ပျက်ဆီးနေပါပြီ။

ဒီတော့ စာဖတ်သူတို့က ပြောပါမယ်။ “တို့ဘာတို့ ပျော်ချင်လို့ ဒီလိုစာတွေ မျှဝေတာ၊ နင့်အပူ ပါပေ သကောလား” ။ စာရေးသူ အပူတော့မပါပါ။ သို့ပေမယ့် အားလုံးနဲ့ သက်ဆိုင်နေလို့ ဖြစ်ပါတယ်။ စာရေးသူ နားထောင်ခဲ့ဖူးသော ပုံပြင်ပြောပြပါမယ်။ ၁၀ တန်းကျောင်းသားဘဝ က မြန်မာစာဆရာ ပြောပြသော ပုံပြင်ဖြစ်ပါတယ်။ ပုံပြင်မဟုတ်ပါ။ မြန့်မာ့ သမိုင်းကြောင်း ဖြစ်ပါတယ်။ သမိုင်းပညာလေ့လာထားသူ များ ပိုသိမယ် ထင်ပါတယ်။ စာရေးသူကတော့ သိပ်မမှတ်မိတော့လို့ အပေါ်ယံကြောလေး သာ မျှဝေလိုပါတယ်။

ပျူခေတ် ------ ပျူခေတ် ကုန်ဆုံးရပုံ၊ ပျက်ဆီးရပုံကို စာရေးသူ တို့ မြန်မာဆရာက ရယ်စရာလေး နှောပြီးတော့ ပြောပြပါ တယ်။ ဈေးသည် တစ်ဦး ရွာထဲပြန်အဝင် သူ့ဘမ်းကြီး လွတ်ကျတော့ “ငါ့ ဘမ်းကြီး၊ င့ါဘမ်းကြီး” လို့ အော်ပြီး လိုက်ကောက် ပါတယ်။ ကုန်းအဆင်း လဲဖြစ် လေလဲတိုက်နေတော့ ဘမ်းကြီးခမျာ ရွာ အဝင်ကနေ ရွာတစ်ဖက်အထိ ပြေးမယ့်ပုံပေါက်ပါတယ်။ အိမ်အတွင်းမှ မြင်နေ၊ ကြားနေရသူများက အကြားတွေမှားပြီး တိုင်းပြင် ပျက်တယ်အထင်နဲ့ လိုက်ပြေးကြပါတယ်။ အဝတ်တွေ၊ ပစ္စည်းတွေ ထမ်းလို့ အားလုံး လှန့်ပြေးလို့ ပျူမြို့ ကြီး တိတ်ဆိတ်သွားရပါတယ် တဲ့လေ။

ပုဂံခေတ် ---------- ပုဂံခေတ်ပျက်ပုံက ပိုဆိုးပါတယ်။ ပုဂံရဲ့ အဓိက အချက်အချာကျရာ နေရာက ခြေင်္သေ့ရုပ်မှာ စတာ ဖြစ်ပါ တယ်။ ဖြတ်သွားဖြတ်လာအရူးတစ်ယောက်က ပါးစပ်သယမ်းပြီး ခြေင်္သေ့ မျက်လုံးတစ်ဖက်ကို ကွမ်းတံတွေး ထွေးပြီး ထွက်သွားပါ တယ်။ ဖြတ် သွားဖြတ်လာ လူတစ်ချို့ ကျ ခြေင်္သေ့ မျက်လုံးမှာ အနီရဲရဲပေနေ တာ မြင်တော့ သွေးထက်တယ်အလား ထင်ပြီး နိမိတ်ဆိုးပြတယ် အမှတ်နဲ့ လှန့်ပြေးကြပါတယ်။ တိုင်းပြည်ပျက်ဖို့ နိမိတ် ပြပြီဆိုပြီး လှန့်ပြေးလိုက်ကြ တာ ပုဂံဆိုတာ တိတ်ဆိတ် သွားရပါတယ်။

(ပျူခေတ်နဲ့ ပုဂံခေတ် ပျက်ပုံက အထက်ပါ ဖော်ပြပါလို ရိုးရိုးရှင်းရှင်းတော့ မဟုတ်ရပါ။ အမှန်တော့ ခေတ်ပျက်ချိန်တန်မှာ မင်းစိုးရာဇာတို့ အချင်းချင်း စစ်ဖြတ်ကြပြီး တိုင်းသူပြည်သားတို့ ယုံကြည်ချက်ပျောက်၊ ကြောက်ရွံ့ မှု ဖုံးလွမ်းလို့ တိုင်းပြည်ကွဲကြခြင်း ဖြစ်ပါတယ်။ အချိန်မရွေး ထွက်ပြေးဖို့အတွက် အဆင်သင့်ဖြစ်နေတဲ့ အချိန်ကာလ ဖြစ်ပါတယ်။ ဒီလိုနဲ့ ပျူပျက်ပြီး ပုဂံဆိုတာလည်း ပျက်ခဲ့တာ ဖြစ်ပါတယ်။ အထက်ပါ ဖော်ပြ ပါလေး ကတော့ မြန်မာစာဆရာက ကလေးများ အတွက် ရယ်စရာ သဘောနှောလို့ အပျော်သဘော ပြောခြင်း ဖြစ်ပါတယ်။ မြန်မာ့ ရာဇဝင် ကို ဝေဖန်ရန် စာရေးသူလည်း မစွမ်းသာသလို ရေးလည်း မရေးဝံ့သေးပါ)

ဒီမှာ စာဖတ်သူတို့ကို ပြောချင်တာ မြန်မာ့သမိုင်း မဟုတ်ပါဘူး။ သံဝေဂ ယူစရာ တစ်ချက်ကတော့ ကောလဟာလ တစ်ခုကြောင့် တိုင်းပြည်ပျက် ရခြင်း ဆိုတာပဲ ဖြစ်ပါတယ်။ အခုလည်း အင်တာနက်ခေတ်ဖြစ် တဲ့အတွက် ကောလဟာလကို အပြင်မှာ လွင့်ရတာတင် အားမရတော့ပဲ ဂျီတော့၊ ဖေ့စ်ဘွတ် တို့လို ဆိုရှယ်ဝဘ်ဆိုဒ် တွေမှာပါ မျှဝေလာတတ်ကြ ပါတယ်။

ယခုလို ကောလဟာလများ ဖြန့်ဝေနေခြင်းက မိမိအတွက်လည်း မကောင်း သလို၊ ခံရတဲ့သူမှာလည်း မကောင်းပါဘူး။ တစ်လောကလည်း ည ၁၀ နာရီကျော်ရင် ဘယ်ဂြိုလ်က ဘာကိုတိုက်လို့ဆိုလားမသိ၊ ဟန်းဖုန်းကို ည ၁၀နာရီမှာ ပိတ်ဖို့ဆိုပြန်ပါတယ်။ သေချာအောင် အင်တာနက်မှာ ရှာကြည့်တော့ လွန်ခဲ့တဲ့ ၅ နှစ်လောက်က ကောလဟာလ (Hoax) မျှဝေ ဝဘ်ဆိုဒ် တစ်ခုက လက်ကလိထားခြင်း ဖြစ်ပါတယ်။

သူများက ဒါလုပ်ဆိုလိုက်လုပ်တယ်။ မျှဝေဆိုမျှဝေတယ်။ ပိတ်ဆိုပိတ်တယ်။ ပို့ဆိုပို့တယ်။ ကိုယ်တိုင် လေ့လာခြင်း၊ စူးစမ်းခြင်း၊ မိမိကိုယ်ကိုယ် ယုံကြည်ခြင်း၊ ကိုယ်ပိုင်ခံယူချက်မရှိခြင်းတို့က အင်တာနက်မှာ တင်မကပါ ဘူး။ ချက်တင်မှာတင်မကပါဘူး။ မိမိရဲ့  လူမူဘဝထိပါ အားနည်း ချက် ဖြစ်ပေါ်စေပြီး အောင်မြင်မှု ရရန်ခက်ခဲပါတယ်။ လှပတဲ့အနာဂတ်ကို တက်လမ်းနေတဲ့ မြန်မာပြည်မှာ နိုင်ငံသားအားလုံးသာ မိမိကိုယ်ကို ယုံကြည်ချက် အပြည့်ရှိရင်၊ စူးစမ်းလေ့လာတတ်သေ အသိဥာဏ်များရှိရင် ဘာမဟုတ်တဲ့၊ ကြောက်ရွံ့ ခြင်း ကင်းရင် ဘယ်သူဖျက်ဖျက် ပျက်ဖို့ နည်းမှာ ဖြစ်ပါတယ်။ ကောလဟာလ တိုင်းကိုသာ တုန်လှုပ်နေ ရင်တော့၊ ရောက်လာတဲ့ ခြိမ်းခြောက်စာတိုင်းသာ မျှဝေနေကြမယ်ဆိုရင် အကြောက်တရားနဲ့ ရှင်သန်တဲ့ မျိုးဆက်ပဲ ဆက်လက်ဖြစ်ထွန်းနေမှာ ဖြစ်ပါ တယ်။

စာဖတ်သူတို့ အကြောက်တရားကင်းလို့ မှန်ကန်သောအသိဖြင့် ဆုံးဖြတ်နိုင်ကြပါစေ။
---
အောင်ခမ်း (TSJ team)

News from : TechSpace Journal
Post By : Aye Chan Mon
အစွဲအလမ်းမှန်ရင် ဘယ်အစွဲအလမ်းမှ မကောင်းပါဘူး။ တရားစကား ထည့်ပြောရရင် တစ်စုံတစ်ခုကို စွဲစွဲလမ်းလမ်း ဖြစ်တယ်ဆိုတာ တဏှာ သဘောတရား ဖြစ်ပါတယ်။ ဒီလိုပြောလို့ မောင်အောင်ခမ်း တရားဟော မယ်လို့ မယူဆစေလိုပါ။ Facebook , G-talk ထဲမ
ှာ အစွဲအလမ်းကြီးသူများ အကြောင်းကို အတင်းချဖို့ ဖြစ်ပါတယ်။ ဒီမှာ စွဲလမ်းမှုက မှားယွင်းစာ ယုံကြည်မှုလို့ပြောရင် ပိုမှန်မယ်ထင်ပါတယ်။ တစ်နေ့ အင်တာနက် သုံးနေ ရင်း Facebook သုံးနေရင်း ချက်တင်ဘောက်စ်ထဲမှာ ဒီလိုစာလေး ရောက်လာပါတယ်။

FB က . . .Communication Rule အသစ်တစ်ခုချမှတ်လိုက်ပြီ .....ဖွင့်ပြီး မသုံးတဲ့ Account တွေဆို . .ဖျက်ပစ်မယ် . . .အဲ့အတွက်ကို လက်ရှိ သုံးကြောင်း . . .Activate User 25 ယောက်ကို . . . ပို့ပေးရမယ် . . .ဒါကို ကူးပြီးတော့ . . .မဟုတ်ရင် မသုံးဘူးလို့ ယူဆပြီးတော့ . . .ဖျက်တဲ့ထဲမှာ ပါသွားနိုင်တယ် . .အကောင့်ပေါင်း 1 သန်းကျော်ကို ဖျက်ပစ်မှာတဲ့ ဒီစာကိုFB Chatbox ကနေ . . လိုက်ပို့ရမှာ . . .. မြန်မြန်လုပ်ထားနော် . . ဒီနေ့ ည ဘက်က Last Date . . .Chat Conversation End -Chat Conversation End-Chat Conversation End-Chat Conversation End.

လစ်ဗျားနိုင်ငံတွင် အသတ်ခံခဲ့ရသော အမေရိကန်သံအမတ်အား ဆုတောင်းအမျှဝေပေးမှုကို အမေရိကန်သံရုံးရှေ့၌သံဃာတော်အပါး ၅၀၀ ကျော်မှ လုပ်ဆောင်

စက်တင်ဘာ ၂၉ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားနှင့် စစ်တကောင်းဒေသများရှိ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများ စေတီနှင့် လူနေအိမ်များ ဖျက်ဆီးခံရမှုနှင့်ပတ်သက်၍ ယနေ့(အောက်တိုဘာလ ၈ ရက်နေ့) တွင် ရန်ကုန်မြို့ရှိ ဘင်္ဂလားဒေ့ရှ် သံရုံးရှေ့တွင် ဒုတိယအကြိမ်မြောက်အဖြစ် သံဃာတော်အပါး ၅၀၀ ကျော်မှ ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ ဆက်လက်၍ လစ်ဗျားနိုင်ငံတွင် အသတ်ခံခဲ့ရသော အမေရိကန်သံအမတ်အား ဆုတောင်းအမျှဝေပေးမှုကို အမေရိကန်သံရုံးရှေ့၌ အဆိုပါသံဃာများမှ လုပ်ဆောင်ခဲ့ကြောင်း သိရသည်
Eleven Media Group

ဧရာဝတီ မြစ်ဆုံစီမံကိန်း ဆက်လက်လုပ်ဆောင်ပါက အလယ်ပိုင်းဒေသ ကန္တာရ ဖြစ်သွားနိုင်ဟုဆို

Photo: ဧရာဝတီ မြစ်ဆုံစီမံကိန်း ဆက်လက်လုပ်ဆောင်ပါက အလယ်ပိုင်းဒေသ ကန္တာရ ဖြစ်သွားနိုင်ဟုဆို

Written by  The Voice

ရန်ကုန်၊ အောက်တိုဘာ ၎

မြန်မာနိုင်ငံ ဧရိယာ တစ်ခုလုံး၏ ၅၅ ရာခိုင်နှုန်းခန့် ရယူဖြတ်သန်း စီးဆင်း နေသော ဧရာဝတီမြစ်ကြီးတွင် မြစ်ဆုံ စီမံကိန်းကို ဆက်လက် အကောင်အထည်ဖော် တည်ဆောက်ပါက မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ တစ်ခုလုံး ကန္တာရ အဖြစ် ပြောင်းလဲ သွားနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ပညာရှင် ဦးထွန်းလွင်က အောက်တိုဘာလ ၃ ရက်နေ့တွင် ရန်ကုန်မြို့ တော်ဝင်နှင်းဆီသီရိ ခန်းမ၌ ကျင်းပပြုလုပ်သည့် ဧရာဝတီမြစ်ဆုံ စီမံကိန်း ရပ်ဆိုင်းခြင်း တစ်နှစ်ပြည့် အခမ်းအနားတွင် ပြောကြားသည်။

မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများ ဖြစ်သော စစ်ကိုင်းတိုင်း ဒေသကြီး အောက်ပိုင်း၊ မန္တလေးနှင့် မကွေးတိုင်း ဒေသကြီး စသည့် ဒေသများသည် ပုံမှန် မိုးနည်း ရေရှားသော အရပ်ဒေသများ ဖြစ်ကြောင်း၊ ယင်းအရပ် ဒေသများ၏ အဓိက ပြဿနာများမှာ မုတ်သုံမိုး မရရှိ ခြင်း ဖြစ်သည့်အတွက် ခြောက်သွေ့သော ဒေသများဖြစ်နေကြောင်း၊ ယင်းကြောင့် အလယ်ပိုင်းဒေသသို့ ဝင်ရောက်လာသော လေများမှာလည်း ရေငွေ့မပါဝင် ဘဲ ပူပြင်းခြောက်သွေ့မှုများ ဖြစ်ပေါ် ကြောင်း၊ အဆိုပါ ဒေသများသည် ရေ ရရှိမှသာ ရှင်သန်နိုင်သော ဒေသများ လည်းဖြစ်နေပြီး ဧရာဝတီမြစ်ကြီးကို မှီခို၍ မြစ်ရေတင် စီမံကိန်းအဖြစ် စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ဆောင် နေရကြောင်း၊ လက်ရှိ ရာသီဥတု အနေ နှင့် အလယ်ပိုင်းဒေသကို ကန္တာရဆန် သော ရာသီဥတုဟု သတ်မှတ်ထားရာ တွင် ဧရာဝတီ မြစ်ဆုံတွင် ဆည်၊ တာတမံများ ဆက်လက် တည်ဆောက်မည် ဆိုပါက ကန္တာရဆန်သော မြေမှ ကန္တာရမြေ၊ သဲကန္တာရ အထိ ဖြစ်သွား နိုင်ကြောင်း ၎င်းက ရှင်းပြသည်။

"အဲလိုဖြစ်တာတွေ ကမ္ဘာမှာ သာဓက တွေ အများကြီးရှိပါတယ်။ ဒီတစ်ချက် တည်းနဲ့ကို ကျွန်တော် သေသည် အထိ ကန့်ကွက်ဖို့ ဆုံးဖြတ် ထားပါတယ်။ ဘာလို့ လဲဆိုတော့ မြန်မာနိုင်ငံ အလယ်ပိုင်း ကြုံရမယ့် ပြဿနာဟာ မိုးလေဝသ ပြဿနာ ဖြစ်နေ ပါတယ်" ဟု ၎င်းကဆိုသည်။

News from : The Voice Weekly
Post By : Aye Chan Mon
မြန်မာနိုင်ငံ ဧရိယာ တစ်ခုလုံး၏ ၅၅ ရာခိုင်နှုန်းခန့် ရယူဖြတ်သန်း စီးဆင်း နေသော ဧရာဝတီမြစ်ကြီးတွင် မြစ်ဆုံ စီမံကိန်းကို ဆက်လက် အကောင်အထည်ဖော် တည်ဆောက်ပါက မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ တစ်ခုလုံး ကန္တာရ အဖြစ် ပြောင်းလဲ သွားနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ပညာရှင် ဦးထွန်းလွင်က အောက်တိုဘာလ ၃ ရက်နေ့တွင် ရန်ကုန်မြို့ တော်ဝင်နှင်းဆီသီရိ ခန်းမ၌ ကျင်းပပြုလုပ်သည့် ဧရာဝတီမြစ်ဆုံ စီမံကိန်း ရပ်ဆိုင်းခြင်း တစ်နှစ်ပြည့် အခမ်းအနားတွင် ပြောကြားသည်။

မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများ ဖြစ်သော စစ်ကိုင်းတိုင်း ဒေသကြီး အောက်ပိုင်း၊ မန္တလေးနှင့် မကွေးတိုင်း ဒေသကြီး စသည့် ဒေသများသည် ပုံမှန် မိုးနည်း ရေရှားသော အရပ်ဒေသများ ဖြစ်ကြောင်း၊ ယင်းအရပ် ဒေသများ၏ အဓိက ပြဿနာများမှာ မုတ်သုံမိုး မရရှိ ခြင်း ဖြစ်သည့်အတွက် ခြောက်သွေ့သော ဒေသများဖြစ်နေကြောင်း၊ ယင်းကြောင့် အလယ်ပိုင်းဒေသသို့ ဝင်ရောက်လာသော လေများမှာလည်း ရေငွေ့မပါဝင် ဘဲ ပူပြင်းခြောက်သွေ့မှုများ ဖြစ်ပေါ် ကြောင်း

သမ္မတလုပ်ရဲသည့် စိတ်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား

Photo: သမ္မတလုပ်ရဲသည့် စိတ်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား

အမေရိကန်နိုင်ငံ နယူးယောက်မြို့သို့ ၁၇ ရက်ကြာသွားရောက်ခဲ့သည့် ခရီးစဉ်နှင့်ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ယနေ့ နံနက် ၁၁ နာရီ ခွဲအချိန်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်မှာ ပြုလုပ်ခဲ့သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ၄င်းအနေဖြင့် အမေရိကန်သို့ သွားရောက်ခဲ့ခြင်းမှာ အကြောင်းချက်နှစ်ရပ်ရှိကြောင်း ပထမအချက်မှာ မြန်မာနိုင်ငံဒီမိုကရေစီဖြစ်ထွန်းပေါ်ပေါက်ရန်အတွက် ကာလရှည်ကြာကူညီမှုပေးခဲ့သည့် အမေရိကန်နိုင်ငံ အား ကျေးဇူးတင်ကြောင်းပြောကြားရန်၊ဒုတိယအချက်မှာ မြန်မာနိုင်ငံတွင်းလက်ရှိဖြစ်ပေါ်နေသည့်အခြေအနေများကို ပြောပြရန်အတွက်ဖြစ်ကြောင်းဆိုသည်။
ယင်းနောက် တက်ရောက်လာသည့် သတင်းသမားများမှမေးခွန်း များမေးမြန်းရာတွင် နိုင်ငံတော်သမ္မတ လုပ်ချင်စိတ်ရှိပါသလားမေးခွန်း အပေါ် မိမိသည် ပါတီတစ်ခု၏ ခေါင်းဆောင်ဖြစ်သောကြောင့် သမ္မတဖြစ်ရဲသည့် စိတ်ဓာတ်ရှိပါကြောင်း ပြည်သူလူထုမှ လိုလားလျှင် သမ္မတလုပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့အတူ နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ ဘီဘီစီ သတင်းဌာနနှင့် အင်တာဗျူးတွင် ယခင် စစ်အစိုးရ၏ လုပ်ဆောင်ခဲ့မှုများအပေါ် ၀န်ချတောင်းပန်ရန် မလိုဟူသော သဘောရှိသည့် ဖြေကြားချက်နှ င့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ၀န်ချတောင်းပန် မှုလုပ်ဆောင်သင့်သည်ဟု မှတ်ချက်ပြုလိုပါသလားမေးမြန်းချက်အပေါ် မိမိသာဆိုလျှင် အမှားပြုလုပ်ထားပါက ချက်ချင်းဝန်ချတောင်းပန်လိုက်ခြင်း စိတ်ပေါ့ပါးမှုဖြစ်စေမည်ဖြစ်ကြောင်းပြန်လည်ဖြေကြားခဲ့သည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲသည် တစ်နာရီ ခန့်ကြာမြင့်ခဲ့ပြီး ပြည် တွင်းပြည်ပသတင်းမီဒီယာများတက်ရောက်ခဲ့ကြသည်။

News from : Popular Myanmar News Journal
Post By : Aye Chan Mon
အမေရိကန်နိုင်ငံ နယူးယောက်မြို့သို့ ၁၇ ရက်ကြာသွားရောက်ခဲ့သည့် ခရီးစဉ်နှင့်ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ယနေ့ နံနက် ၁၁
နာရီ ခွဲအချိန်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်မှာ ပြုလုပ်ခဲ့သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ၄င်းအနေဖြင့် အမေရိကန်သို့ သွားရောက်ခဲ့ခြင်းမှာ အကြောင်းချက်နှစ်ရပ်ရှိကြောင်း ပထမအချက်မှာ မြန်မာနိုင်ငံဒီမိုကရေစီဖြစ်ထွန်းပေါ်ပေါက်ရန်အတွက် ကာလရှည်ကြာကူညီမှုပေးခဲ့သည့် အမေရိကန်နိုင်ငံ အား ကျေးဇူးတင်ကြောင်းပြောကြားရန်၊

ဒေါ်လာ ၃၀၀ အောက် iPad mini အလုံးရေ ၁၀ သန်းအား Apple မှာယူ

Photo: ဒေါ်လာ ၃၀၀ အောက် iPad mini အလုံးရေ ၁၀ သန်းအား Apple မှာယူ

Apple ကုမ္မဏီမှ iPad mini ဖြန့်ချိရန်အတွက် အလုံးရေ ၁၀ သန်းထက် မနည်းကို ကုန်ပစ္စည်းထုတ် စက်ရုံများမှ အော်ဒါမှာယူမှု ပြုလုပ် ထားကြောင်း နိုင်ငံတကာ နည်ပညာဝဘ်ဆိုဒ်များက ဖော်ပြထားကြသည်။

iPad mini ကို ခရစ်စမတ် အမှီဖြန့်ချိနိုင်ရန်အတွက် ယခုကဲ့သို့ မှာယူ ထားခြင်း ဖြစ်ပြီး နိုဝင်ဘာလ ၂ ရက်နေ့ ထက် နောက်မကျပဲ ဖြန့် ချိမည်ဖြစ်ကြောင်း ခန့်မှန်းထားကြသည်။ တရားဝင်ကြေညာမှုကိုမူ Apple မှ အောက်တိုဘာလ ၁၀ ရက်နေ့တွင် ပြုလုပ်မည် ဖြစ် သည်။ ကြေညာသည့် အခါတွင် Apple – iPad mini တွင် ပါဝင်လာမည့် Feature အသစ်များ၊ Software, hardware များအား သိရှိရမည် ဖြစ်ကြောင်း သိရသည်။

၇.၈၇ လက်မ အရွယ်ရှိပြီး ၇ လက်မဝန်းကျင် Tablet များထုတ်သည့် Amazon, Barned & Noble, Google တို့ကို အဓိကယှဉ်ပြိုင်သွား မည် ဖြစ်ကြောင်း သိရသည်။ အမေရိကန် Wall Stree Journal တွင်ဖော်ပြသော သတင်းအရ သတင်းအရ သာမန် iPad ထက်သေး ငယ်သော iPad mini ( မီနီ) ကို ကာလတန်ဖိုး အမေရိကန် ဒေါ်လာ ၃၀၀ အောက်ဖြင့် ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။
--
Ref:pocketlint.
Aung Kham (TSJ team)

News from : TechSpace Journal
Post By : Aye Chan Mon
Apple ကုမ္မဏီမှ iPad mini ဖြန့်ချိရန်အတွက် အလုံးရေ ၁၀ သန်းထက် မနည်းကို ကုန်ပစ္စည်းထုတ် စက်ရုံများမှ အော်ဒါမှာယူမှု ပြုလုပ် ထားကြောင်း နိုင်ငံတကာ နည်ပညာဝဘ်ဆိုဒ်များက ဖော်ပြထားကြသည်။

iP
ad mini ကို ခရစ်စမတ် အမှီဖြန့်ချိနိုင်ရန်အတွက် ယခုကဲ့သို့ မှာယူ ထားခြင်း ဖြစ်ပြီး နိုဝင်ဘာလ ၂ ရက်နေ့ ထက် နောက်မကျပဲ ဖြန့် ချိမည်ဖြစ်ကြောင်း ခန့်မှန်းထားကြသည်။ တရားဝင်ကြေညာမှုကိုမူ Apple မှ အောက်တိုဘာလ ၁၀ ရက်နေ့တွင် ပြုလုပ်မည် ဖြစ် သည်။ ကြေညာသည့် အခါတွင် Apple – iPad mini တွင် ပါဝင်လာမည့် Feature အသစ်များ၊ Software, hardware များအား သိရှိရမည် ဖြစ်ကြောင်း သိရသည်။

တော်ဝင် သစ်အချောထည်စက်ရုံမှ လုပ်သား ၃၀၀ကျော်အလုပ်ရှင်ကို တွေ့ဆုံရန် ရုံးချုပ်သို့ချီတက်

Photo: တော်ဝင် သစ်အချောထည်စက်ရုံမှ လုပ်သား ၃၀၀ကျော်အလုပ်ရှင်ကို တွေ့ဆုံရန် ရုံးချုပ်သို့ချီတက်

အောက်တိုဘာ ( ၈ )ရက်

၎င်းစက်ရုံမှ အလုပ်သမားအဖွဲ့အစည်းခေါင်းဆောင်များအပါအ၀င် လုပ်သားပေါင်း ၃၀၀ကျော်သည် ယနေ့နံနက် ၉နာရီခန့်က ရန်ကုန်မြို့ဦးဝိစာရလမ်းရှိ တော်ဝင်ကုမ္ပဏီရုံးချုပ်သို့ချီတက်လာပြီး အလုပ်ရှင် ဖြစ်သူ ဦးကိုကိုထွေးကို တွေ့ဆုံရန်ဆန္ဒပြတောင်းဆိုခဲ့ကြသည်။
...“အလုပ်ရှင်၊အလုပ်သမားနှစ်ဦးသဘောတူစာချုပ်ကို ဖောက်ဖျက်တယ်လို့ခံစားမိလို့အခုလို လာရောက်တောင်းဆိုတာပါ”ဟု အလုပ်သမားခေါင်းဆောင် ကပြောသည်။ “သဘောတူစာချုပ်ဖောက်ဖျက်တယ်ဆိုတာ ကျွန်တော်နားမလည်ဘူး။အလုပ်သမားတွေကလည်း စာချုပ်မှာလတ်မှတ်မထိုးထားဘူး”ဟု အလုပ်ရှင်ဖြစ်သူ ဦးကိုကိုထွေးကပြောသည်။လက်ရှိအချိန်တွင် လုပ်ငန်းခွင်နှင့်အလုပ်ရုံဥပဒေ စစ်ဆေးရေး အရာရှိ ဦးဝင်းရှိန်က လာရောက်ဖျန်ဖြေညှိနှိုင်းလျက်ရှိကြောင်း သိရသည်။

ပြည့်ဖြိုး

News from : Popular Myanmar News Journal
Post By : Aye Chan Mon
၎င်းစက်ရုံမှ အလုပ်သမားအဖွဲ့အစည်းခေါင်းဆောင်များအပါအ၀င် လုပ်သားပေါင်း ၃၀၀ကျော်သည် ယနေ့နံနက် ၉နာရီခန့်က ရန်ကုန်မြို့ဦးဝိစာရလမ်းရှိေ
တ်ာဝင်ကုမ္ပဏီရုံးချုပ်သို့ချီတက်လာပြီး အလုပ်ရှင် ဖြစ်သူ ဦးကိုကိုထွေးကို တွေ့ဆုံရန်ဆန္ဒပြတောင်းဆိုခဲ့ကြသည်။
...“အလုပ်ရှင်၊အလုပ်သမားနှစ်ဦးသဘောတူစာချုပ်ကို ဖောက်ဖျက်တယ်လို့ခံစားမိလို့အခုလို လာရောက်တောင်းဆိုတာပါ”ဟု အလုပ်သမားခေါင်းဆောင် ကပြောသည်။

တစ်မိနစ်ကို နှစ်ရာကျပ်ဖြင့် နိုင်ငံတကာသို့ ဖုန်းခေါ်ဆိုနိုင်ရန်စီစဉ်

Photo: တစ်မိနစ်ကို နှစ်ရာကျပ်ဖြင့် နိုင်ငံတကာသို့ ဖုန်းခေါ်ဆိုနိုင်ရန်စီစဉ်
Monday, 8 October 2012

ရတနာပုံ Call Center ၊ VMG ကုမ္ပဏီနှင့်Y-talk Calling စနစ်တို့ 
ပူးပေါင်းပြီး တစ်မိနစ်ကို နှစ်ရာကျပ်နှုန်းဖြင့် နိုင်ငံတကာသို့
...ခေါ်ဆောင်နိုင်ရန် သတ်မှတ်ထားပြီးဖြစ်ကြောင်း Blue Ocean တာဝန်ရှိသူတစ်ဦးက ပြောခဲ့သည်။

နိုင်ငံတကာသို့ ဖုန်းခေါ်ဆိုလိုသူက အင်တာနက်ဆိုင်သို့ အင်တာနက်ဆိုင် သွားစရာမလိုဘဲ ရတနာပုံ Call Center ၏ ကုဒ်နံပါတ်အသစ်ဖြစ်သည့် ၁၈၇၇ သို့ ဖုန်းခေါ်ဆိုကာ မိမိခေါ်ဆိုလိုသော နိုင်ငံနှင့် ဖုန်းနံပါတ်တို့ကို Operator မှတဆင့် ခေါ်ဆိုနိုင်ကြောင်း သိရသည်။

ယင်းဝန်ဆောင်မှုအတွက် နည်းပညာပိုင်းဆိုင်ရာကို နောက်ဆုံးအနေနဲ့ တရားဝင်ရရှိနိုင်ဖို့ VMG ကုမ္ပဏီနဲ့ စာချုပ်ပိုင်းဆိုင်ရာ ဆွေးနွေးဖို့ ကျန်ရှိ
နေသေးကြောင်း သိရသည်။ 

ဧဒင်အချစ်ပုံပြင်

News from : Myanmar Online News
Post By : Aye Chan Mon
ရတနာပုံ Call Center ၊ VMG ကုမ္ပဏီနှင့်Y-talk Calling စနစ်တို့
ပူးပေါင်းပြီး တစ်မိနစ်ကို နှစ်ရာကျပ်နှုန်းဖြင့် နိုင်ငံတကာသို့
...ခေါ်ဆောင်နိုင်ရန် သတ်မ
ှတ်ထားပြီးဖြစ်ကြောင်း Blue Ocean တာဝန်ရှိသူတစ်ဦးက ပြောခဲ့သည်။

နိုင်ငံတကာသို့ ဖုန်းခေါ်ဆိုလိုသူက အင်တာနက်ဆိုင်သို့ အင်တာနက်ဆိုင် သွားစရာမလိုဘဲ ရတနာပုံ Call Center ၏ ကုဒ်နံပါတ်အသစ်ဖြစ်သည့် ၁၈၇၇ သို့ ဖုန်းခေါ်ဆိုကာ မိမိခေါ်ဆိုလိုသော နိုင်ငံနှင့် ဖုန်းနံပါတ်တို့ကို Operator မှတဆင့် ခေါ်ဆိုနိုင်ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်ခရီးစဉ်သတင်းစာရှင်းလင်းပွဲ အနှစ်ချုပ်

Photo: အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်ခရီးစဉ်သတင်းစာရှင်းလင်းပွဲ အနှစ်ချုပ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ယနေ့ ပြုလုပ်သော အမေရိကန်ခရီးစဉ်သတင်းစာရှင်းလင်းပွဲတွင် ခရီးစဉ်အား သွားရောက်ရခြင်း ရည်ရွယ်ချက်၊ မီဒီယာ၏ အရေးပါမှု၊ မြန်မာနိုင်ငံ၏ တရားစီရင်ရေး၊ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ ကဏ္ဍများနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့ပါသည်။ အမေရိကန်နိုင်ငံသို့ သွားရောက်ရသည့် ခရီးစဉ် ရည်ရွယ်ချက်မှာ အကြောင်းအချက် နှစ်ခု ရှိပြီး မြန်မာ့ ဒီမိုကရေစီ ဖြစ်ထွန်းရေးအတွက် ကူညီလုပ်ဆောင်ပေးခဲ့သည့် အမေရိကန်အစိုးရ အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေး ကဏ္ဍများမှ အရေးပါသောပုဂ္ဒိုလ်များကို ကျေးဇူးတင်စကား ပြောကြားရန်နှင့် မြန်မာ့ဒီမိုကရေစီလမ်းစ စတင်ရောက်ရှိနေပြီဖြစ်ကြောင်းကို ရှင်းလင်းပြောကြားရန် သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ခရီးစဉ်ကာလအတွင်း ပညာရေးနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များကို သက်ဆိုင်ရာပုဂ္ဒိုလ်များနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး နှစ်ဖက်သဘောတူညီမှုနှင့် မူများအရ ဆွေးနွေးသည့်ကိစ္စရပ်များကို အသေးစိတ်ထုတ်ပြန်မည် မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

မြန်မာ့ပညာရေးနှင့် ပတ်သက်၍ ပြောဆိုရာတွင် ညံ့ဖျင်းသည့် ပညာရေးစနစ်ကြောင့် လူငယ်မျိုးဆက်များအကြား လုပ်နိုင်ကိုင်နိုင်သည့်သူများ ရှားပါးသွားခဲ့ရကြောင်း၊ အဆိုပါညံ့ဖျင်းမှု၏ အကျိုးဆက်ကို တတ်နိုင်သလောက် ပြုပြင်ပြီး ရုန်းထွက်နိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် စီးပွားရေးနှင့် ပတ်သက်ပြီး ချင့်ချိန်ပြီး မှန်ကန်သော ရင်းနှီးမြုပ်နှံမှု ဖြစ်ရန် လိုအပ်မည်ဖြစ်ကြောင်းကို ခရီးစဉ်ကာလအတွင်း ပြောကြားခဲ့ကြောင်း၊ ရင်းနှီးမြုပ်နှံမှုနှင့် ပတ်သက်ပြီး ရေရှည်အကျိုးဖြစ်ထွန်းမှု (မိမိအကျိုးစီးပွား အပါအ၀င် ပြည်သူများ၏ အကျိုးဖြစ်ထွန်းမှု) ကို ထည့်သွင်းစဉ်းစား၍ မှန်ကန်စွာ သုံးသပ်ပြီး လုပ်ဆောင်ရန် လိုအပ်မည်ဟု ၎င်းက ပြောကြားခဲ့သည်။

သတင်းမီဒီယာများနှင့် ပတ်သက်၍ မှန်ကန်သောသတင်း ဖြန့်ချိရေးက အရေးပါမည်ဖြစ်ကြောင်း၊ လာဘ်ပေးလာဘ်ယူမှုများကို ဖော်ထုတ်ရာတွင် အချက်အလက်ခိုင်မာမှုများကို ဦးစာပေး၍ ရေးသားဖော်ထုတ်သွားရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ပညာရေးနှင့် ပတ်သက်ပြီး ရန်ကုန်တကသိုလ် ပြန်လည်ရှင်သန်ရေးကိစ္စရပ်ကို အလေးအနက်ထား ပြောကြားသွားခဲ့သည့်နည်းတူ ကျန်းမာရေးစနစ်တွင်လည်း ရန်ကုန်ဆေးရုံကြီးအား ဆေးရုံအင်္ဂါရပ်နှင့်အညီ ပြန်လည်အဆင့်မြင့်တင်ရန် လိုအပ်မည့်ကိစ္စရပ်များကိုလည်း ပြောကြားခဲ့ပါသည်။

တရားစီရင်ရေးစနစ် ပြုပြင်ပြောင်းလဲရေးနှင့် တရားဥပဒေစိုးမိုးရေးကိစ္စရပ်များတွင် ပြုပြင်ပြောင်းလဲရေးကို လုပ်ဆောင်ရာ၌ လူတစ်ဦးချင်းစီအလိုက် ပြုပြင်ပြောင်းလဲမှုက အရေးပါမည်ဖြစ်ကြောင်းနှင့် ပြည်မြန်မာ ဂျာနယ်နှင့် The Messenger ဂျာနယ်များကို တရားစွဲဆိုရခြင်း ကိစ္စရပ်မှာလည်း သတင်းဌာနနှင့် သတင်းထောက်များကို အငြိုးထားလို၍ မဟုတ်ဘဲ တရားဥပဒေစိုးမိုးရေးကို အထောက်အကူ ဖြစ်စေရန် ရည်ရွယ်ခြင်းသာဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အလားတူ ပြည်သူများက လိုလားမှု ရှိပါက သမ္မတ ဖြစ်လာမည်ဆိုသော ကိစ္စရပ်နှင့် ပတ်သက်၍မူ သူ့အနေဖြင့် ပါတီခေါင်းဆောင်တစ်ဦး ဖြစ်နေသည့်အတွက် သမ္မတအဖြစ် တာဝန်ထမ်းဆောင် ရမည်ဆိုပါကလည်း တာဝန်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို လွှတ်တော်ကသာ လုပ်ဆောင်သွားလိမ့်မည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စရပ်ကို ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်စဉ်ကပင် ချမှတ်ထားသောမူတစ်ခု ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောက်ခြေ၌ သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်နေသည်မှာ မဟုတ်ကြောင်း၊ ထိုင်ခုံနေရာ လုခြင်း ဆိုသည်မှာ ထိုင်ခုံ မရှိစဉ်ကပင် ရှိနေခဲ့သည့်ကိစ္စဖြစ်ပြီး ယခုထိုင်ခုံ ရှိလာချိန်တွင် ထိုကိစ္စရပ်များ ပိုဖြစ်လာမည်ဖြစ်ကြောင်း၊ ထိုကိစ္စရပ်များကို သင်ခန်းစာယူ၍ အဖွဲ့ချုပ်ကို ပိုမိုရင့်ကျက်အောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

အမေရိကန်ခရီးစဉ်အပြီး တရုတ်နိုင်ငံသို့ ဘွားရောက်ဖွယ်ရှိကြောင်း သတင်းများနှင့် ပတ်သက်၍မူ သူ့အနေဖြင့် တရုတ်နိုင်ငံသို့ သွားချင်စိတ်ရှိကြောင်း၊ အိမ်နီးချင်းနိုင်ငံ ဖြစ်သည့်အပြင် နှစ်နိုင်ငံ ပြည်သူများအကြား ပိုမိုရင်းနှီးစေရန် ရည်ရွယ်၍ သွားလိုခြင်းသာဖြစ်ကြောင်း၊ နှစ်နိုင်ငံ နွေးထွေးသည့်ဆက်ဆံရေးကို ထူထောင်ဖို့ လိုကြောင်းနှင့် တတ်နိုင်သလောက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အမေရိကန်ခရီးစဉ်မှ ပြည်တွင်းသို့ ပြန်လည်ရောက်ရှိချိန်တွင် အခက်အခဲဆုံးကာလကို ဖြတ်သန်းရလိမ့်မည်ဆိုသော စကားနှင့် ပတ်သက်၍မူ အဖြစ်များကို အဖြစ်များအတိုင်း မမြင်ဘဲ ဖြစ်စေချင်သည့်ဆန္ဒအတိုင်း တင်မြင်ယူဆနေပါက စိုးရိမ်ရမည့်အနေအထား ဖြစ်ခြင်းကြောင့် ထိုစိုးရိမ်မှုများ ဖြစ်ပေါ်လာမည့် အချိန်ကို အခက်အခဲဆုံးကာလဟု ဖွင့်ဆိုရခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

News from : Eleven Media Group
Post By : Aye Chan Mon
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ယနေ့ ပြုလုပ်သော အမေရိကန်ခရီးစဉ်သတင်းစာရှင်းလင်းပွဲတွင် ခရီးစဉ်အား သွားရောက်ရခြင်း ရ
ည်ရွယ်ချက်၊ မီဒီယာ၏ အရေးပါမှု၊ မြန်မာနိုင်ငံ၏ တရားစီရင်ရေး၊ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ ကဏ္ဍများနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့ပါသည်။ အမေရိကန်နိုင်ငံသို့ သွားရောက်ရသည့် ခရီးစဉ် ရည်ရွယ်ချက်မှာ အကြောင်းအချက် နှစ်ခု ရှိပြီး မြန်မာ့ ဒီမိုကရေစီ ဖြစ်ထွန်းရေးအတွက် ကူညီလုပ်ဆောင်ပေးခဲ့သည့် အမေရိကန်အစိုးရ အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေး ကဏ္ဍများမှ အရေးပါသောပုဂ္ဒိုလ်များကို ကျေးဇူးတင်စကား ပြောကြားရန်နှင့် မြန်မာ့ဒီမိုကရေစီလမ်းစ စတင်ရောက်ရှိနေပြီဖြစ်ကြောင်းကို ရှင်းလင်းပြောကြားရန် သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ခရီးစဉ်ကာလအတွင်း ပညာရေးနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များကို သက်ဆိုင်ရာပုဂ္ဒိုလ်များနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး နှစ်ဖက်သဘောတူညီမှုနှင့် မူများအရ ဆွေးနွေးသည့်ကိစ္စရပ်များကို အသေးစိတ်ထုတ်ပြန်မည် မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ကျေးရွာ အုပ်ချုပ်ရေးမှူး သားက ရေတပ်သားလို အယောင်ဆောင်ပြီး အရပ်သားတစ်ဦးကို ဖမ်းဆီး နှိပ်စက်

Photo: ကျေးရွာ အုပ်ချုပ်ရေးမှူး သားက ရေတပ်သားလို အယောင်ဆောင်ပြီး အရပ်သားတစ်ဦးကို ဖမ်းဆီး နှိပ်စက်

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ကျေးရွာ တစ်ခုမှ အုပ်ချုပ်ရေးမှူး သားတစ်ဦးသည် သူ၏ အပေါင်းအဖေါ် (၉) ဦးနှင့် အတူ ရေတပ်သားဟန်ဆောင်ပြီး အရပ်သား တစ်ဦးကို ဖမ်းဆီးကာ ပြင်းပြင်းထန်ထန် နှိပ်စက် ညှဉ်းပမ်းခဲ့သည်ဟု သတင်း ရရှိသည်။

ဖမ်းဆီးနှိပ်စက်ခံရသူမှာ အမ်းမြို့ တပ်တောင် ရွာမှ ဦးမောင်ခိုင်စိုး ဖြစ်ပြီး သူ့အား ကျောက်ဖြူမြို့နယ် ငသန့်သာကျွန်းတွင် ပိုက်ချနေစဉ် ဖမ်းဆီးခေါ်ဆောင် နှိပ်စက်ခံရခြင်း ဖြစ်ကြောင်း နိရဉ္စရာမှ ဆက်သွယ် မေးမြန်းစဉ် ဖုံးထဲမှ တဆင့် ဖြေကြားခဲ့သည်။

“ ကျွန်တော်ကို ဖမ်းဆီးနှိပ်စက်တာပါ။ သူတို့ထဲက လူနှစ်ယောက်က ရေတပ်က ဆရာကြီးတွေဆိုပြီး ကျွန်တော်ကို စစ်ဆေး မေးမြန်းစရာရှိတယ်ဆိုပြီး ခေါ်ယူသွားပါတယ်။ စက်လှေပေါ်ကို ရောက်တာနဲ့ ကျွန်တော်ကို ချည်နှောင်ပြီး အသားကုန် နှိပ်စက်ပါတယ်။ လည်ပင်းပေါ်ကို ဓါးတင်ပြီလည်း လိုတဲ့ဆုကို တောင်း၊ ဒီနေ့ဟာ ခင်ဗျားရဲ့ နောက်ဆုံးနေ့လို့ ပြောပါတယ်။ ကျွန်တော်ကတော့ ငါသေသွားရင် ဥပဒေက ရှင်းပေးလိမ့်မယ်လို့ ပြန်ပြောပါတယ်။ စက်လှေနဲ့ ကျွန်တော်ကို အသိုင်းကြီး ကျေးရွာကို ခေါ်သွားခဲ့ပါတယ်။ ကျွန်တော်ကို ညနေ ၈ နာရီမှာ ဖမ်းခေါ်ခံခဲ့ရတာ ဖြစ်ပါတယ်” ဟု ဦးမောင်ခိုင်စိုးက ပြောသည်။

သူတို့က ခင်ဗျားကြောင့်ခုလို နှိပ်စက်ရပါသလဲဟု မေးမြန်းရာ ဦးမောင်ခိုင်စိုးက ယခုလို ဆက်ပြောသည်။

“ ကျွန်တော်က သူတို့ကို ငွေမလှူဘဲ အသိုင်းကြီးရွာ ဘုရားဂေါပကကို ငွေလှူတဲ့ အတွက် ဖြစ်ပါတယ်။ ကျွန်တော်က မော်လာပိုက်ချတိုင်း အသိုင်းကြီးရွာ ဂေါပကို ငွေ ၅၀၀၀ စီ လှူပါတယ်။ အဲဒါကို သူတို့ကို မလှူရကောင်းလားဆိုပြီး ဖမ်းဆီးပြီး နှိပ်စက်တာ ဖြစ်ပါတယ်။ တစ်ခြား သူတို့နဲ့ ဘာပြဿနာမှ မရှိပါ” ဟု ဆိုသည်။

ရေတပ်သား အယောင်ဆောင်ပြီး ဖမ်းဆီးနှိပ်စက်သူမှာ ကျောက်ဖြူမြို့နယ် ဇင်ချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး သားဖြစ်ကြောင်း သူက ပြောသည်။

“ သူတို့က အသိုင်းကြီးရွာကို ခေါ်ယူသွားပြီး ကျွန်တော် မျက်နာကို လက်သီးတွေနဲ့ထိုး၊ ခြေထောက်တွေနဲ့ကန် အဲသလို လုပ်နေစဉ်မှာ မမြင်နိုင်တဲ့ ဘုရား ဂေါပကကနေ ဒီငွေဟာ မင်းတို့နဲ့ မဆိုင်ဘူး။ ငါတို့ ဘုရားဂေါပကို လှူတာသာ ဖြစ်တယ်လို့ ၀င်ပြောတဲ့ အတွက် သူ့ကိုလည်း ၀ိုင်းပြီး လက်သီးတွေနဲ့ ထိုးတဲ့အတွက် ဒဏ်ရာရပြီး ဆေးရုံပို့လိုက်ရပါတယ်” ဟု သူက ဆက်ပြောသည်။

ယခုကဲ့သို့ ဖမ်းဆီးနှိပ်စက်ခြင်းမှာ တစ်ခြားအကြောင်းအရာ မရှိဘဲ သူတို့အား ငွေမလှူသဖြင့် အာဏာပြ နိုင်ထက် စီးနှင်း ပြုလုပ်ခြင်း ဖြစ်ကြောင်း သူက ပြောသည်။

ဦးမောင်ခိုင်စိုးကို အသိုင်းကြီးကျေးရွာမှ တဆင့် ဇင်ကျွန်းကျေးရွာရှိ အုပ်ချုပ်ရေးမှူး အိမ်သို့ စက်လှေဖြင့် ဆက်လက် ခေါ်ယူလာခဲ့ကြောင်း၊ ရွာကို စက်တင်္ဘာလ ၃၀ ရက်နေ့ နံနက် အာရုံတက်ချိန် ၂ နာရီမှာ ရောက်ရှိကြောင်း၊  ဇင်ကျွန်းတွင် ကျေးရွာအုပ်ချုပ်ရေးမှူးမှာ အိမ်တွင်  မရှိဘဲ  ဇနီးသာ ရှိနေသဖြင့် ဇနီးဖြစ်သူ နှင့် နောက်ထပ် အုပ်ချုပ်ရေးအဖွဲ့ဝင် လူကြီးနှစ်ဦးမှ အမူမလုပ်ကြောင်း၊ ကျေအေးကြောင်း လက်မှတ် ရေးထိုး ပေးလိုက်ပြီးမှ ဦးမောင်ခိုင်စိုး လွှတ်ပေးလိုက်သည်ဟု ဆိုသည်။

“ ကျွန်တော်လည်း လက်မှတ်ရေးထိုးခိုင်းပါတယ်။ ကျွန်တော်လည်း စကားထပ်မများချင်တာနဲ့ လက်မှတ်ရေးထိုးပေးလိုက်ပါတယ်။ အခု ရပ်ရွာက လူကြီးတွေရဲ့ အကူအညီနဲ့ ပြည်နယ် အစိုးရ အပါအ၀င် နိုင်ငံရေး ပါတီတွေကို တိုင်ကြားထားလိုက်ပါပြီ” ဟု ဦးမောင်ခိုင်စိုးက ပြောသည်။

နောက်ဆုံး ရရှိသော သတင်းအရ အသိုင်းကြီးကျေးရွာမှ အရိုက်ခံရပြီး  ဆေးရုံတင်ခဲ့ရသူ ဘုရားဂေါပ လူကြီး သားမှ တရားစွဲဆိုမည် ဖြစ်သဖြင့် သက်သေ အဖြစ် လိုက်ပါ ဆောင်ရွက်ပေးရန် ဦးမောင်ခိုင်စိုးကို ယမန်နေ့က ဖုံးဆက် အကြောင်းကြားလာသည်ဟု ကျေးရွာ လူကြီး တစ်ဦးကလည်း နိရဉ္စရာသို့ ပြောပြသည်။

 News from : Narnjara
Post By : Aye Chan Mon
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ကျေးရွာ တစ်ခုမှ အုပ်ချုပ်ရေးမှူး သားတစ်ဦးသည် သူ၏ အပေါင်းအဖေါ် (၉) ဦးနှင့် အတူ ရေတပ်သားဟန်ဆောင်ပြီး အရပ်သား တစ်ဦးကို ဖ
မ်းဆီးကာ ပြင်းပြင်းထန်ထန် နှိပ်စက် ညှဉ်းပမ်းခဲ့သည်ဟု သတင်း ရရှိသည်။

ဖမ်းဆီးနှိပ်စက်ခံရသူမှာ အမ်းမြို့ တပ်တောင် ရွာမှ ဦးမောင်ခိုင်စိုး ဖြစ်ပြီး သူ့အား ကျောက်ဖြူမြို့နယ် ငသန့်သာကျွန်းတွင် ပိုက်ချနေစဉ် ဖမ်းဆီးခေါ်ဆောင် နှိပ်စက်ခံရခြင်း ဖြစ်ကြောင်း နိရဉ္စရာမှ ဆက်သွယ် မေးမြန်းစဉ် ဖုံးထဲမှ တဆင့် ဖြေကြားခဲ့သည်။

MMA လက်ဝှေ့သမား ကချင်တိုင်းရင်းသား အောင်လအန်ဆောင်က ဆုကြေးငွေများအား ကချင်ဒုက္ခသည်များကို လှူဒါန်းမည်

Photo: MMA လက်ဝှေ့သမား ကချင်တိုင်းရင်းသား အောင်လအန်ဆောင်က ဆုကြေးငွေများအား ကချင်ဒုက္ခသည်များကို လှူဒါန်းမည်    
  
Monday, 08 October 2012 10:27     
 
MMA လက်ဝှေ့သမား အောင်လအန်ဆောင်နှင့် အောက်တိုဘာလ ၁၃ ရက်တွင်ထိုးသတ်မည့် ပွဲကြော်ငြာအား တွေ့ရစဉ်အမေရိကန်နိုင်ငံတွင် ကျင်းပသည့် အားကစားနည်းတစ်မျိုးဖြစ်သော Mixed Martial Artist MMA ဘက်စုံသုံး ကိုယ်ခံပညာပြိုင်ပွဲဝင်တစ်ဦးဖြစ်သူ ကချင်တိုင်းရင်းသား အောင်လအန်ဆောင် ကလာမည့် အောက်တိုဘာလ ၁၃ ရက်နေ့တွင် ထိုးသတ်ရမည့်ပွဲစဉ်မှ ရရှိသောငွေများအား ကချင်ဒုက္ခသည်များအား ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ်မြစ်ကြီးနား ဇာတိဖြစ်သူ အောင်လအန်ဆောင်သည် အမေရိကန်နိုင်ငံ မစ်ချီကန်ပြည်နယ် အင်ဒရူးတက္ကသိုလ်မှ စီးပွားရေးနှင့် မွေးမြူရေး သိပ္ပံဘွဲ့ရရှိခဲ့သူတစ်ဦး ဖြစ်ပြီး Mixed Martial Artist ပညာကို ၂၀၀၄ ခုနှစ်မှစတင် သင်ကြားခဲ့သူတစ်ဦး ဖြစ်သည်။

The Burmese Python ဟု အမည်ပြောင်ခေါ်ကြသော အောင်လအန်ဆောင်သည် ၂၀၀၇ ခုနှစ်မှ စတင်ကာ ပရော်ဖက်ရှင်နယ်ပြိုင်ပွဲများ သို့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ လက်ရှိအချိန်အထိ ၂၃ ပွဲယှဉ်ပြိုင်ကစား အပြီးတွင် ၁၅ ပွဲနိုင်၊ ၈ပွဲ ရှုံး၊ သရေပွဲ မရှိစံချိန်ရရှိထားသူဖြစ်ပြီး လာမည့် အောက်တိုဘာလ ၁၃ ရက်နေ့တွင် အမေရိကန်နိုင်ငံ Rollins Center တွင် မိုက်ဝယ်ကော့ခ်နှင့် ယှဉ်ပြိုင်ထိုးသတ်ရမည် ဖြစ်သည်။

လက်ရှိကချင်ပြည်နယ်အတွင်း ဖြစ်ပေါ်လျက်ရှိသော ပဋိပက္ခများကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေး နေရသည့် ကချင်တိုင်းရင်းသားများ နှင့်ပတ်သက်၍ အောင်လအန်ဆောင် က “ ကျွန်တော်ကငယ်ငယ်လေးက တည်းကမြန်မာနိုင်ငံမှာ ကြီးပြင်းလာတာပါ။ ကချင်ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို ကျွန်တော် ကြားသိနေရပါတယ်။ ဒါကြောင့် လာမယ့် အောက်တိုဘာလ ၁၃ ရက် မှာ ထိုးမယ့်ပွဲကနေ ရလာတဲ့ငွေတွေ၊ စပွန်ဆာကြေးတွေ၊ လက်မှတ်ရောင်းရငွေတွေ အားလုံးကို ကချင်ဒုက္ခသည် တွေဆီကို လှူဒါန်းမှာပါ။ ဒုက္ခရောက်နေတဲ့ သူတွေဆီကိုလည်း ကျွန်တော့် မှာရှိတဲ့ နည်းလမ်းတွေနဲ့ အားပေး စကားပြောကြားမှာပါ။ သူတို့ရဲ့ငိုသံတွေကို ကျွန်တော်နားထဲမှာ အမြဲကြား နေရပါတယ်”ဟု ပြောကြားခဲ့သည်။
 
News from : Eleven Media Group
Post By : Aye Chan Mon
MMA လက်ဝှေ့သမား အောင်လအန်ဆောင်နှင့် အောက်တိုဘာလ ၁၃ ရက်တွင်ထိုးသတ်မည့် ပွဲကြော်ငြာအား တွေ့ရစဉ်
အမေရိကန်နိုင်ငံတွင် ကျင်းပသည့် အားကစားနည်းတစ်မျိုးဖြစ်သော Mixed Martial Artist MMA ဘက်စုံသုံး ကိုယ်ခံပညာပြိုင်ပွဲဝင်တစ်ဦးဖြစ်သူ ကချင်တိုင်းရင်းသား အောင်လအန်ဆောင် ကလာမည့် အောက်တိုဘာလ ၁၃ ရက်နေ့တွင် ထိုးသတ်ရမည့်ပွဲစဉ်မှ ရရှိသောငွေများအား ကချင်ဒုက္ခသည်များအား ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ်မြစ်ကြီးနား ဇာတိဖြစ်သူ အောင်လအန်ဆောင်သည် အမေရိကန်နိုင်ငံ မစ်ချီကန်ပြည်နယ် အင်ဒရူးတက္ကသိုလ်မှ စီးပွားရေးနှင့် မွေးမြူရေး သိပ္ပံဘွဲ့ရရှိခဲ့သူတစ်ဦး ဖြစ်ပြီး Mixed Martial Artist ပညာကို ၂၀၀၄ ခုနှစ်မှစတင် သင်ကြားခဲ့သူတစ်ဦး ဖြစ်သည်။

ဆီးဂိမ်းရွက်လှေပြိုင်ပွဲကျင်းပမည့် မြေနေရာကိစ္စကြောင့် ဘူးကွဲကြီးရွာသား(၃)ဦး ထောင်ကျ

Photo: ဆီးဂိမ်းရွက်လှေပြိုင်ပွဲကျင်းပမည့် မြေနေရာကိစ္စကြောင့် ဘူးကွဲကြီးရွာသား(၃)ဦး ထောင်ကျ

ဧရာဝတီ ဇော်မိုး(မြစ်မခ)

မြန်မာနိုင်ငံမှအိမ်ရှင်အဖြစ် လက်ခံကျင်းပမည့်(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အမျိုးအစားတွင် တစ်ခုအပါအ၀င်ဖြစ်သည့် လှေလှော်ရွက်တိုက်အားကစား ပြိုင်ပွဲကျင်းပမည့် မြေနေရာနှင့် ပတ်သက်၍ ဘူးကွဲကြီးကျေးရွာ အမှတ်(၄)လမ်းနေ မူလအုန်းဥယျာဉ်ပိုင်ရှင်မိသားစုဝင် ကိုယ်စားလှယ်များအား ပုသိမ်မြိုနယ်တရားရုံးကမှ အလုပ်ကြမ်းနင့် ထောင်ဒဏ်(၂)လ စီချမှတ်လိုက်ကြောင်းသိရသည်။

ကမ်းခြေဒေသဖွံ့ဖြိုးရေးစီမံကိန်းခေါင်းစဉ်ဖြင့် တိကျခိုင်လုံမှုမရှိသည့် စာချူပ်များ အသုံးပြုကာ ဒေါ်သူသူ အိဟန်၊ ဦးတင်အေး၊ ဒေါ်တင်တင်ဝင်းတို့အတွက် ဗိုလ်မှူးရင်စိန်က သိမ်းယူခဲ့သည့်အဆိုပါမြေကို အစိုးရသစ် လက်ထက်တွင် ၄င်းတို့သုံးဦးအမည်ပေါက် လ/န ၃၉ ကို ဖျက်သိမ်းကာ အားကစားဝန်ကြီးဌာနကို ပေးလိုက်ခြင်းဖြစ်သည်ဟု တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအေးကျော်က ဆိုသည်။

ဘူးကွဲကြီးကျေးရွာအမှတ် ၄ လမ်းနေ မူလအုန်းဥယျာဉ်ပိုင်ရှင်မိသားစုဝင် ကိုယ်စားလှယ်များ ဖြစ်သည့် ဦးစိန်သန်း၊ ဦးစိုးလွင်၊ ဦးကျင်မြင့်တို့အား အောင်တိုဘာလ(၅) ရက်နေ့တွင် ပုသိမ်မြိုနယ်တရားရုံးမှ ဒုတိယ မြို့နယ် တရားသူကြီး (၁) ဦးသောင်းနုက အမိန်ချမှတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ တိုင်းဒေသကြီး အား/ကာဦးစီးမူး ဦးစိုးညွှန့်မှ ဇွန်လ(၅)ရက်နေ့ က ပုဒ်မ (ပ)၂၉၄၁/၁၂။ အရ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ပြစ်ဒဏ်ကျခံရသူ (၃)ဦးအား ပုသိမ်မြို့နယ်NLD မှ ဒေါ်မြင့်မြင့်သိဏ်းနှင့်ဒေါ်မျိုးစံပယ်ထွန်းတို့က အခမဲ့ အကျိုးဆောင် ပေးခဲ့ကြသော်လည်း၊ အောင်မြင်မှုမရခဲ့ပေ။

“အခမဲ့ကိုတော့ ကျေးဇူးတင်ပါတယ် ဒါပေမဲ့ ရှေ့နေခေါ်မှ ထောင်လုံးလုံးကျရတဲ့အဖြစ်နဲ့ ကြုံလိုက်ရ တယ်”ဟု ဘူးကွဲကြီး ရွာသားတစ်ဦးကပြောသည်။

ထောင်ကျခံရသောရွာသား(၃)ဦးမှာ ခရိုင်တရားရုံးသို့ ဆက်လက်အယူခံသွားမည်ဖြစ်ကြောင်းကိုလည်း သိရ သည်။

ပြစ်ဒဏ်ကျခံခဲ့ရသူများအနေဖြင့် ထောင်သို့စ၀င်သည့်နေ့တွင် ၀တ်ဆင်ရန် အပြာရောင်အကျီ င်္၊ ပုဆိုးနှင့် အသုံးအဆောင်များကိုပါ အကျိုးဆောင်ရှေ့နေဒေါ်မြင့်မြင့်သိဏ်း၏ ညွန်ကြားချက်ဖြင့် မိသားစုဝင်မျာမှ ၀ယ်ယူ ပို့ဆောင်ပေးခဲ့ရကြောင်း ၄င်းတို့၏ မိသားစုဝင်များက ဆိုသည်။


News from :Myit Makha Media Group
Post By : Aye Chan Mon
မြန်မာနိုင်ငံမှအိမ်ရှင်အဖြစ် လက်ခံကျင်းပမည့်(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အမျိုးအစားတွင် တစ်ခုအပါအ၀င်ဖြစ်သည့် လေ
ှလှော်ရွက်တိုက်အားကစား ပြိုင်ပွဲကျင်းပမည့် မြေနေရာနှင့် ပတ်သက်၍ ဘူးကွဲကြီးကျေးရွာ အမှတ်(၄)လမ်းနေ မူလအုန်းဥယျာဉ်ပိုင်ရှင်မိသားစုဝင် ကိုယ်စားလှယ်များအား ပုသိမ်မြိုနယ်တရားရုံးကမှ အလုပ်ကြမ်းနင့် ထောင်ဒဏ်(၂)လ စီချမှတ်လိုက်ကြောင်းသိရသည်။

ကမ်းခြေဒေသဖွံ့ဖြိုးရေးစီမံကိန်းခေါင်းစဉ်ဖြင့် တိကျခိုင်လုံမှုမရှိသည့် စာချူပ်များ အသုံးပြုကာ ဒေါ်သူသူ အိဟန်၊ ဦးတင်အေး၊ ဒေါ်တင်တင်ဝင်းတို့အတွက် ဗိုလ်မှူးရင်စိန်က သိမ်းယူခဲ့သည့်အဆိုပါမြေကို အစိုးရသစ် လက်ထက်တွင် ၄င်းတို့သုံးဦးအမည်ပေါက် လ/န ၃၉ ကို ဖျက်သိမ်းကာ အားကစားဝန်ကြီးဌာနကို ပေးလိုက်ခြင်းဖြစ်သည်ဟု တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအေးကျော်က ဆိုသည်။

နိုဗယ်ငြိမ်းချမ်းရေးဆုခန့်မှန်းချက်များတွင် သမ္မတဦးသိန်းစိန်အမည်ပါဝင်

Photo: နိုဗယ်ငြိမ်းချမ်းရေးဆုခန့်မှန်းချက်များတွင် သမ္မတဦးသိန်းစိန်အမည်ပါဝင်

စတော့ဟုမ်း၊ အောက်တိုဘာ-၈

ယခုနှစ်အတွက် နိုဗယ်ဆုရာသီစတင်နေပြီဖြစ်ရာ နိုဗယ်ငြိမ်းချမ်းရေးဆုအတွက် ခန့်မှန်းချက်များတွင် မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်၏အမည်လည်းပါဝင်ကြောင်းသိရသည်။

နိုဗယ်ငြိမ်းချမ်းရေးဆုကော်မတီက အမည်စာရင်းတင်သွင်းခံရသူများ၏ အမည်များကို ထုတ်ဖော်ပြောကြားလေ့မရှိပေ။ သို့သော် နော်ဝေးနိုင်ငံ

အော်စလိုမြို့မှ ငြိမ်းချမ်းရေး သုတေသန အင်စတီကျူဒ်၏ အကြီးအကဲ မစ္စတာ ခရစ်ရှန်ဘာ့ဂ်ဟာဗီကင်က ငြိမ်းချမ်းရေး ကော်မတီ၏

လုပ်ပုံကိုင်ပုံကိုလေ့လာပြီး နှစ်စဉ်ပင် ဆုရနိုင်ခြေရှိသူအတိုချုပ်စာရင်းကို ထုတ်ပြန်လေ့ရှိသည်။

သမ္မတဦးသိန်းစိန်သည် မစ္စတာ ဟာဗီကင်၏ စာရင်းတွင် ရုရှားအခွင့်အရေးအုပ်စု Memorial နှင့် ယင်းအဖွဲ့တည်ထောင်သူ

မစ္စဆဗက်လာနာဂန်းနုရှ်ကီနာ၊ အမှီအခိုကင်းရုရှားမီဒီယာအဖွဲ့ Echo of Moscow နှင့်ယင်းအဖွဲ့တည်ထောင်သူ မစ္စတာ

အလက်စီဗီနီဒစ်တော့ဗ်တို့နှင့် အတူပါဝင်လာခြင်းဖြစ်သည်။ ဘာသာရေးအား လွှဲမှားစွာ အသုံးပြုခြင်းကို ဆန့်ကျင်သူ နိုင်ဂျီးရီးယားနိုင်ငံသား

နှစ်ဦးလည်း အဆိုပါစာရင်းတွင် ပါဝင်သည်။

ယခုနှစ်အတွက် ပထမဦးဆုံး ကြေညာမည့် ဆေးပညာနိုဗယ်လ်ဆုအား စတော့ဟုမ်းလ်မြို့တွင် ယနေ့စတင်ကြေညာမည်ဖြစ်ပြီး ငြိမ်းချမ်းရေး

နိုဗယ်ဆုအားအောက်တိုဘာ ၁၂ ရက်တွင် ကြေညာမည်ဖြစ်ကြောင်းသိရသည်။

Ref: AFP

News from : 7 Days News
Post By : Aye Chan Mon
စတော့ဟုမ်း၊ အောက်တိုဘာ-၈

ယခုနှစ်အတွက် နိုဗယ်ဆုရာသီစတင်နေပြီဖြစ်ရာ နိုဗယ်ငြိမ်းချမ်းရေးဆုအတွက် ခန့်မှန်းချက်များတွင် မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်၏အမည်လည်းပါဝင်ကြောင်းသိရ
သည်။

နိုဗယ်ငြိမ်းချမ်းရေးဆုကော်မတီက အမည်စာရင်းတင်သွင်းခံရသူများ၏ အမည်များကို ထုတ်ဖော်ပြောကြားလေ့မရှိပေ။ သို့သော် နော်ဝေးနိုင်ငံ
အော်စလိုမြို့မှ ငြိမ်းချမ်းရေး သုတေသန အင်စတီကျူဒ်၏ အကြီးအကဲ မစ္စတာ ခရစ်ရှန်ဘာ့ဂ်ဟာဗီကင်က ငြိမ်းချမ်းရေး ကော်မတီ၏
လုပ်ပုံကိုင်ပုံကိုလေ့လာပြီး နှစ်စဉ်ပင် ဆုရနိုင်ခြေရှိသူအတိုချုပ်စာရင်းကို ထုတ်ပြန်လေ့ရှိသည်။

စိုက်ပျိုး စရိတ်ချေးငွေ ဖြတ်ယူမှု တိုင်ကြားသူများကို ပထမဆုံး အကြိမ် ခေါ်ယူ စစ်ဆေး မေးမြန်း

Photo: စိုက်ပျိုး စရိတ်ချေးငွေ ဖြတ်ယူမှု တိုင်ကြားသူများကို ပထမဆုံး အကြိမ် ခေါ်ယူ စစ်ဆေး မေးမြန်း

မောင်ရမ္မာ

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တွင် လယ်သမားများကို စိုက်ပျိုးစရိတ် ထုတ်ချေးရာတွင် ငွေဖြတ်ယူမှုများကို မကျေနပ်သဖြင့် တိုင်ကြားသူ လယ်သမား ၈ ဦးကို မြို့နယ်အုပ်ချုပ်ရေးမှူးက ခေါ်ယူမေးမြန်းခဲ့သည် ဟု သတင်း ရရှိသည်။

ကျောက်မောင်နှမကျေးရွာအုပ်စုမှ ခေါ်ယူမေးမြန်းခံရသူ လယ်သမားများ
ခေါ်ယူ စစ်ဆေးခံရသူ လယ်သမားများမှာ တောင်ကုတ်မြို့နယ် ကျောက်မောင်နှမ ကျေးရွာမှ လယ်သမား ၈ ဦး ဖြစ်သည်။

သူတို့ကို တောင်ကုတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင့်ဇော်က ယမန်နေ့ အောက်တိုဘာလ ၇ ရက်နေ့ မနက် ၁၁ နာရီခွဲ အချိန်တွင် မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးခန်းသို့ ခေါ်ယူမေးမြန်းခြင်း ဖြစ်သည်။

“ ကျွန်မတို့ကို ဒီပိုက်ဆံပေးရတဲ့ ကိစ္စနဲ့ ကျေနပ်သလား၊ မကျေနပ်ဘူးလားဆိုတာကို မေးတယ်၊ ငွေတွေဖြတ် တာ ရှိလား၊ လယ်မြေ ဧကတွေမှာ ဖြတ်တာရှိလားဆိုပြီး မေးပါတယ်။ ကျွန်မတို့က မကျေနပ်ပါဘူး။ ဒီပိုက်ဆံကို ပြန် လိုချင်တယ်။ မတရားကောက်ခံတဲ့ ငွေဖြစ်တဲ့ အပြင် ရှာကြံပြီး ပေးထားရတဲ့ ပိုက်ဆံဖြစ်တဲ့အတွက် ဒီပိုက်ဆံကို ပြန်လိုချင်တယ်လို့ ဖြေလိုက်ပါတယ်” ဟု ခေါ်ယူ စစ်ဆေးရာတွင် ပါဝင်သူ အမျိုးသမီးတစ်ဦးက သူတို့ကို မေးမြန်းခံရပုံနှင့် ပတ်သက်ပြီး နိရဉ္စရာသို့ ပြောပြသည်။

လယ်သမား ၈ ဦးလုံးကို မေးမြန်းပြီး တစုံတရာ ဆုံးဖြတ်ချက်မပေးဘဲ သူတို့၏ ဖြေကြားချက်များ အပေါ်မှာ လက် မှတ်ထိုးခိုင်းပြီး ပြန်လွှတ်လိုက်သည်ဟု ဆိုသည်။

ယခု ခေါ်ယူ စစ်မေးမြန်းခံရသူ လယ်သမားများမှာ စိုက်ပျိုးစရိတ် ချေးငွေ ထုတ်ပေးရာတွင် စိုက်ပျိုး စရိတ်ထုတ် ပေးမည့် လက်မှတ် တစောင်ရရှိရေး အတွက် ကျောက်မောင်နှမ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်ရွေ (ခ) ပုမောင်နှင့် မြေစာရင်းဌာနမှ ကိုတင်မောင်ထွေးတို့က လယ်သမား တဦးစီမှ ကျပ်ငွေ ၁၀၀၀၀ စီ ကောက်ခံခဲ့သည်။

ထိုကဲ့သို့ ကောက်ခံမူ အပေါ်  မကျေ နပ်သော လယ်သမားများက စက်တင်္ဘာလ ဒုတိယပတ်က လာရောက် တိုင်းကြားထားရာမှ ပထမအကြိမ် ခေါ် ယူမေးမြန်းခြင်းဖြစ်သည်။

ယနေ့ ခေါ်ယူ မေးမြန်းရာတွင် မြေဂရမ်လုပ်ပေးမည်ဟုဆိုကာ ငွေလိမ်လည်တောင်းခံရပုံကို ကျောက်မောင်နှမ ကျေးရွာအုပ်စု ဇလေ့ကျေးရွာမှ ချင်းအမျိုးသား ဦးချစ်လှက နိရဉ္စရာသို့ ယခုလို ပြောသည်။

“ ကျွန်တော့် လယ်မြေနားမှာ ဥယျာဉ်သဖွယ် ဂရမ်းမဲ့ နှစ်ရှည်သီးနှံ စိုက်ထားပါတယ်။ အဲဒီမြေကို ကျောက်မောင် နှမ အုပ်စု အုပ်ချုပ်ရေးမှူး ဦးမြင့်ရွေ (ပုမောင်)က မြေစာရင်းရုံးက ဦးတင်မောင်ထွေးနဲ့ ဂရမ်လုပ်ပေးမယ်ဆိုပြီး ပထမတကြိမ် ၇၀၀၀၀ ကျပ်၊ ဒုတိယအကြိမ် နာမည်မသိတဲ့ မြေစာရင်းရုံးက လူတယောက်နဲ့ ၄၀၀၀၀ ကျပ် စုစုပေါင်း တစ်သိန်းတစ်သောင်းကျပ်တိတိ တောင်းယူသွားပါတယ်။ အခုအချိန်ထိ ဂရမ်လဲမရ ပြေစာလဲမထွက်၊  ငွေလိမ် သွားတဲ့အကြောင်းကို အောက်မှာ လက်မှတ် ထိုးခဲ့ရပါတယ်” ဟု ဆိုသည်။

တောင်ကုတ်မြို့နယ်တွင် စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးရာတွင် ငွေဖြတ်ယူသည့်ကိစ္စကို မကျေနပ် သဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူးကို လာရောက်တိုင်ကြားထားသည့် မိုးအုပ်စုနှင့် မောင်းအုပ်စုမှ လယ်သမားများကိုလည်း ဆက်လက် ခေါ်ယူမေးမြန်းမှုများ ပြုလုပ်သွားမည်ဟု သိရှိရသည်။

တောင်ကုတ်မြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဘဏ်မှ ငွေများ ထုတ်ချေးပေးရာတွင် ကျေးရွာ အုပ်စုအလိုက် ဘဏ် ကော်မီတီ ဥက္ကဌနှင့် အတွင်းရေးမှူး နှစ်ဦးစီ တာဝန်ပေးပြီး တစ်ဧကကို အစိုးရ သတ်မှတ်ကြေး ကျပ်ငွေ ၅၀၀၀၀ နှုန်းဖြင့် ထုတ်ချေးပေးသော်လည်း တာဝန်ပေးခံရသူများက လယ်သမား တဦးထံမှ ကျပ်ငွေ ၇၀၀၀ မှ ၁၀၀၀၀ ထိ ဖြတ်ယူခဲ့သည်ဟု သိရသည်။

ယခုကဲ့သို့ ရခိုင်ပြည်နယ်အတွင်း စိုက်ပျိုးစရိတ်ချေးငွေ ဖြတ်စားခံရမှုများကြောင့် မြို့နယ်အဆင့် တာဝန်ရှိသူ များကို တိုင်ကြားသော်လည်း တစုံတရာ ထိရောက်စွာ အရေးယူ ဆောင်ရွက်ပေးခြင်းမရှိသဖြင့် လယ်သမားများမှာ အခက် အခဲ ကြုံတွေ့နေကြရသည်ဟု သိရသည်။

 News from : Narinjara 
Post By : Aye Chan Mon
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တွင် လယ်သမားများကို စိုက်ပျိုးစရိတ် ထုတ်ချေးရာတွင် ငွေဖြတ်ယူမှုများကို မကျေနပ်သဖြင့် တိုင်ကြားသူ လယ်သမား ၈ ဦး
ကို မြို့နယ်အုပ်ချုပ်ရေးမှူးက ခေါ်ယူမေးမြန်းခဲ့သည် ဟု သတင်း ရရှိသည်။

ကျောက်မောင်နှမကျေးရွာအုပ်စုမှ ခေါ်ယူမေးမြန်းခံရသူ လယ်သမားများ
ခေါ်ယူ စစ်ဆေးခံရသူ လယ်သမားများမှာ တောင်ကုတ်မြို့နယ် ကျောက်မောင်နှမ ကျေးရွာမှ လယ်သမား ၈ ဦး ဖြစ်သည်။

သူတို့ကို တောင်ကုတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင့်ဇော်က ယမန်နေ့ အောက်တိုဘာလ ၇ ရက်နေ့ မနက် ၁၁ နာရီခွဲ အချိန်တွင် မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးခန်းသို့ ခေါ်ယူမေးမြန်းခြင်း ဖြစ်သည်။

မြေပြင်မှာ လေယာဉ် ၂ စီး တိုက်

Photo: မြေပြင်မှာ လေယာဉ် ၂ စီး တိုက်


MONDAY, OCTOBER 08, 2012  အိမ့်သံစဉ်  

ယာဉ်တိုက်မှုဆိုတာ များသော အားဖြင့် ကားတိုက်မှုလို့ပဲ မျက်စေ့ထဲ မြင်နေကြမှာပါ။ 

အခုတော့ အဲဒီလိုမဟုတ်ပါဘူး။ လွန်ခဲ့တဲ့ အောက်တိုဘာလ ၆ ရက်နေ့က စပိန်နိုင်ငံ မက်ဒရစ် ဘာရာဂျာ့စ် လေဆိပ်မှာ လေယာဉ်ချင်း တိုက်မိတဲ့ ယာဉ်တိုက်မှု ဖြစ်သွားခဲ့ပါတယ်။ 

ဖြစ်ပုံကလည်း ခရီးသည်တင် လေယာဉ် ၂ စင်း မြေပြင်မှာ တိုက်မိကြတာလည်းဖြစ်ပါတယ်။ 

ဗင်နီးဇွဲလား နိုင်ငံကို သွားမယ့် ခရီးသည် ၂၉၇ ဦးတင်ဆောင်ထားတဲ့ Air Europe လေကြောင်း က လေယာဉ် နဲ့ မက္ကဆီကို နိုင်ငံကို သွားမယ့် ခရီး သည် ၃၈၄ ဦးတင်ဆောင်ထားတဲ့ Iberworld လေကြောင်း က လေယာဉ်တို့ဟာ မထင်မှတ်ပဲ တိုက်မိကြတာပါ။ 

အခုလို လေယာဉ်တိုက်မှုကြောင့် ဘယ်သူမှ ထိခိုက်ဒဏ်ရာ မရကြဘူးလို့ ဆိုပါတယ်။ 

 မြေပြင်မှာ လေယာဉ် ၂ စီး တိုက်မိကြပုံ၊ ဓာတ်ပုံ- http://www.shafaqna.com

News from : ဧရာဝတီသတင်း
Post By : Aye Chan Mon
ယာဉ်တိုက်မှုဆိုတာ များသော အားဖြင့် ကားတိုက်မှုလို့ပဲ မျက်စေ့ထဲ မြင်နေကြမှာပါ။

အခုတော့ အဲဒီလိုမဟုတ်ပါဘူး။ လွန်ခဲ့တဲ့ အောက်တိုဘာလ ၆ ရက်နေ့က စပိန်နိုင်ငံ မက်ဒရစ် ဘာရာဂျာ့စ် လေဆိပ်မှာ လေယာဉ်ချင်း တိုက်မိတဲ့ ယာဉ်တိုက်မှု ဖြစ်သွားခဲ့ပါတယ်။

ဖြစ်ပုံကလည်း ခရီးသည်တင် လေယာဉ် ၂ စင်း မြေပြင်မှာ တိုက်မိကြတာလည်းဖြစ်ပါတယ်။

ဗင်နီးဇွဲလား နိုင်ငံကို သွားမယ့် ခရီးသည် ၂၉၇ ဦးတင်ဆောင်ထားတဲ့ Air Europe လေကြောင်း က လေယာဉ် နဲ့ မက္ကဆီကို နိုင်ငံကို သွားမယ့် ခရီး သည် ၃၈၄ ဦးတင်ဆောင်ထားတဲ့ Iberworld လေကြောင်း က လေယာဉ်တို့ဟာ မထင်မှတ်ပဲ တိုက်မိကြတာပါ။

Atom ပရိုဆက်ဆာအသုံးပြု tablet များကို Intel နှင့် hardware ကုမ္ပဏီများ ပွဲထုတ်မိတ်ဆက်

Photo: Atom ပရိုဆက်ဆာအသုံးပြု tablet များကို Intel နှင့် hardware ကုမ္ပဏီများ ပွဲထုတ်မိတ်ဆက်

Intel နှင့် ၎င်း၏ လက်တွဲဖက် hardware ကုမ္ပဏီများဖြစ်သည့် Acer, Asus, Dell, HP, Lenovo, Samsung နှင့် ZTE တို့က Atom ပရိုဆက်ဆာ အသုံးပြုထားသည့် tablet ထုတ်ကုန်များ ကို ဆန်ဖရန်စစ္စကိုမြို့၌ ကျင်းပပြုလုပ်ခဲ့သည့် ပြပွဲတစ်ခုတွင် ပွဲထုတ်မိတ်ဆက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ထုတ်ကုန် အားလုံးတွင် Intel ၏ Z2760 “Clover Trail” Atom ပရိုဆက်ဆာကို အသုံးပြုထားသော ကြောင့် အထူမှာ ၈.၅ မီလီမီတာသာရှိပြီး အလေးချိန်မှာလည်း ၆၈၀ ဂရမ်သာရှိကြောင်း၊ ဘက်ထရီသက်တမ်း မှာလည်း HD ဗီဒီယိုကြည့်ရှုရာတွင် ၁၀ နာရီကျော်ခန့် အသုံးပြုနိုင်ပြီး standby အနေဖြင့် ၃ ပတ်ကျော်ကြာ အသုံးပြုနိုင်မည် ဖြစ်ကြောင်း Intel ကုမ္ပဏီမှ ပြောကြားခဲ့သည်။

Intel သည် Near Field Communication (NFC) ကိုလည်း tap တစ်ချက်လုပ်ရုံနှင့် ထုတ်ကုန်များကို pair လုပ်နိုင်ကြောင်း အမွှမ်းတင်ပြောကြားခဲ့ပြီး ၎င်းချစ်ပ်သည် 8-megapixel အထိရှိသည့် HD ကင်မရာများအပြင် Wi-Fi, 3G နှင့် 4G LTE တို့ကိုပါ အထောက်အပံ့ပေးနိုင်ကြောင်း ပြောကြားခဲ့သည်။

Intel ကုမ္ပဏီ၏ ချစ်ပ်သစ်ကို အသုံးပြုထားသည့် tablet များနှင့် convertible များကို Windows 8 နှင့်အတူ ရောင်းချမည်ဟု သိရသည်။

Ref: CNET Asia

News from : Internet Journal
Post By : Aye Chan Mon
Intel နှင့် ၎င်း၏ လက်တွဲဖက် hardware ကုမ္ပဏီများဖြစ်သည့် Acer, Asus, Dell, HP, Lenovo, Samsung နှင့် ZTE တို့က Atom ပရိုဆက်ဆာ အသုံးပြုထားသည့် tablet ထုတ်ကုန်မ
ျား ကို ဆန်ဖရန်စစ္စကိုမြို့၌ ကျင်းပပြုလုပ်ခဲ့သည့် ပြပွဲတစ်ခုတွင် ပွဲထုတ်မိတ်ဆက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ထုတ်ကုန် အားလုံးတွင် Intel ၏ Z2760 “Clover Trail” Atom ပရိုဆက်ဆာကို အသုံးပြုထားသော ကြောင့် အထူမှာ ၈.၅ မီလီမီတာသာရှိပြီး အလေးချိန်မှာလည်း ၆၈၀ ဂရမ်သာရှိကြောင်း၊ ဘက်ထရီသက်တမ်း မှာလည်း HD ဗီဒီယိုကြည့်ရှုရာတွင် ၁၀ နာရီကျော်ခန့် အသုံးပြုနိုင်ပြီး standby အနေဖြင့် ၃ ပတ်ကျော်ကြာ အသုံးပြုနိုင်မည် ဖြစ်ကြောင်း Intel ကုမ္ပဏီမှ ပြောကြားခဲ့သည်။

ပျက်စီးနေပြီဖြစ်သောမြန်မာ့ပညာရေးအသိုင်းအ၀ိုင်း


Photo: .ပျက်စီးနေပြီဖြစ်သောမြန်မာ့ပညာရေးအသိုင်းအ၀ိုင်း

ပညာရေးဝန်ကြီးဌာနမှ လာဘ်စားသူကျောင်းဆရာ၊ ဆရာမများအား ထိရောက်စွာအပြစ်ပေးအရေးယူမည်ဟုပြောဆိုနေသော်လည်း တစ်ကယ့်လက်တွေ့တွင်မူ ထိရောက်မှုမရှိကြောင်း ကျောင်းသားမိဘများကပြောဆိုနေကြသည်။ ကော့သောင်းမြို့နေ...မိဘတစ်ဦးက"ကျွန်တော့်သားတစ်ယောက် ကော့သောင်း အထက(၁)မှာ ကျောင်းထားတယ်။ ကျွန်တော်တို့ကလည်းတတ်နိုင်ပါတယ်။ သားအတွက် လိုအပ်တာမှန်သမျှဖြည့်စည်းပေးနိုင်တယ်။ ဒါပေမယ့်ဗျာ တစ်ခုဘ၀င် မကျတာက ကလေးက အချိန်ရှိသ၍ ကျူရှင်ပဲတတ်နေရတယ်။ အဲဒီတော့ ကလေးမှာ သူ့ရဲ့ကိုယ်ပိုင်ချိန်သိပ်မရှိတော့ဘူး။ ကစားချိန်မရှိဘူး၊ တခြားလေ့လာရမယ့်၊ အင်္ဂလိပ်စာသင်တန်းတို့၊ ကွန်ပျူတာသင်တန်းတို့ကို မတတ်နိုင်တော့ဘူး။ အဲဒီတော့ ကျွန်တော်က ကလေးကိုပြောတယ် သားရယ် ကျူရှင်တွေလျှော့ယူပါလားဆိုတော့ ကလေးက ကျူရှင်မယူရရင် ကျောင်းဆက်မတက်တော့ဘူးဆိုပြီးပြောလာတယ်။ ကျွန်တော် တော်တော်အံ့အားသင့်သွားတယ်။ ငါ့ကလေးများ ကိုယ့်အားကိုယ်ကိုးချင်စိတ်ပျောက်သွားပြီလားပေါ့။ တခြားမိဘတွေနဲ့လည်းဆွေးနွေးကြည့်တယ်။ နောက်မှ ကလေးကို ပြန်မေးကြည့်တော့ ကလေးက သားကျူရှင်မတက်ရင် ဆရာမတွေက စိတ်ဆိုးမှာပေါ့၊ သားကိုလည်း ဂရုစိုက်၊ မျက်နှာသာပေးမှာမဟုတ်ဘူးတဲ့။ ကျွန်တော် စိတ်ထဲတော်တော်မကောင်းဖြစ်သွားတယ်။ ကျွန်တော့်သားကိုလည်းတော်တော်သနားသွားတယ်။ သူ့ခမျာ ကျောင်းမှာလဲ ဒီစာပဲ။ ကျူရှင်တွေမှာလည်းဒီစာပဲ သင်နေရတော့ ကလေးတွေရဲ့ အိုင်ကျူတွေလည်း မြင့်စရာအကြောင်းသိပ်မရှိတော့ဘူး" ဟု ပြောကြားသွားသည်။ ထိုသို့ ငွေကြေးတတ်နိုင်သူများရှိသလို ငွေကြေးမတတ်နိုင်သူများအတွက် ပို၍ပင် မြန်မာ့ပညာရေးဟာ ၀န်ထုပ်ဝန်ပိုးသဖွယ်ဖြစ်နေကြောင်းကို အငြိမ်းစားမြို့နယ်ပညာရေးမှူးကြီးတစ်ဦးက "ကျွန်တော်တို့ တုန်းကတော့ ဒီခေတ်လိုမဟုတ်ဘူးဗျ။ ကျွန်တော်တာဝန်ကျတာက နယ်စွန်နယ်ဖျားကမြို့လေးတစ်မြို့မှာ၊ ဖွံ့လည်းသိပ်မဖွံ့ဖြိုးသေးဘူး။ ကျောင်းတွေနဲ့ ကျောင်းဆရာမတွေက တော်တော်လေးနွမ်းပါးကြပါတယ်။ ဘယ်ကျူရှင်မှလဲမပေါ်သေးဘူး။ ရှိတော့ရှိတာပေါ့ဗျာ ဘယ်လိုမျိုးလဲဆိုတော့ ကျောင်းသား/သူတွေက တိုင်းရင်းသားလေးတွေလေ သူတို့က ကျောင်းမှာစာမလိုက်နိုင်လို့ ဆရာ/မတွေက အိမ်ခေါ်ပြီး အခမဲ့အချိန်ပိုစာပြပေးကြတာ။ အခုလို အသပြာဆရာမတွေမဟုတ်ဘူး။ စေတနာဆရာမတွေ၊ ဒါပေမယ့် သူတို့တွေအတွက် စားဝတ်နေရေးကအဆင်ပြေတယ်။ ထမင်းဟင်းဆိုတာချက်စရာမလိုဘူး။ တစ်အိမ်တစ်မျိုးပို့ပေးတာ။ တစ်ဦးကစေတနာ တစ်ဦးကမေတ္တာဆိုသလိုပေါ့။ အခုခေတ်ကတော့ဗျာ ကျွန်တော်ပညာရေးဝန်ထမ်းအနေနဲ့ ပိုရှက်မိပါတယ်။ မြို့နေဆရာဆရာမတွေဗျာ ရွှေဆွဲကြိုးတွေနဲ့ ၀င်းလို့ထိန်လို့ မရှက်ကြဘူးဗျာ။ အကုန်လုံးကိုတော့မဆိုလိုပါဘူး။ တစ်ချို့ဗျာ Taxi စီးပြီးတော့ ကျူရှင်တွေ အပြေးအလွှားလိုက်သင်နေတာ။ လိုအပ်တဲ့ အရွယ်မို့လို့ ကျူရှင်ယူရတယ်ဆို မပြောပါဘူး။ ဥပမာ ရှစ်တန်း၊ကိုးတန်း၊ဆယ်တန်းပေါ့။ အခုတော့ ကျောင်းတောင်စနေမယ်မကြံသေးဘူး။ ကျူရှင်ဆရာမနဲ့ အရင်သင်နေကြပြီ။ တတ်နိုင်တဲ့သူတွေကတော့ ကိုယ့်ကလေးမျက်နှာငယ်မှာစိုးလို့ ထားနိုင်ကြပေမယ့် နယ်စွန်နယ်ဖျားက ကျောင်းသားမိဘတွေအတွက် တော့ ၀န်ထုပ်ဝန်ပိုးကြီးဖြစ်နေပြီပေါ့၊ အစိုးရပိုင်းကဒါတွေကို သေသေချာချာကိုင်တွယ်ဖို့ လိုအပ်နေပါပြီ" ဟု အသက် ၇၆နှစ်အရွယ်ရှိ အငြိမ်းစားပညာရေးဝန်ထမ်းတစ်ဦးကပြောကြားသွားပါသည်။ by: People Development for Knowledge

News from :  People Development for Knowledge
Post By : Aye Chan Mon
ပညာရေးဝန်ကြီးဌာနမှ လာဘ်စားသူကျောင်းဆရာ၊ ဆရာမများအား ထိရောက်စွာအပြစ်ပေးအရေးယူမည်ဟုပြောဆိုနေသော်လည်း တစ်ကယ့်လက်တွေ့တွင်မူ ထိရောက်မှုမရှိကြောင်း ကျောင်းသားမိဘများကပြောဆိုနေကြသည်။ ကော့သောင်းမြို့ေ
န...မိဘတစ်ဦးက"ကျွန်တော့်သားတစ်ယောက် ကော့သောင်း အထက(၁)မှာ ကျောင်းထားတယ်။ ကျွန်တော်တို့ကလည်းတတ်နိုင်ပါတယ်။ သားအတွက် လိုအပ်တာမှန်သမျှဖြည့်စည်းပေးနိုင်တယ်။ ဒါပေမယ့်ဗျာ တစ်ခုဘ၀င် မကျတာက ကလေးက အချိန်ရှိသ၍ ကျူရှင်ပဲတတ်နေရတယ်။ အဲဒီတော့ ကလေးမှာ သူ့ရဲ့ကိုယ်ပိုင်ချိန်သိပ်မရှိတော့ဘူး။ ကစားချိန်မရှိဘူး၊ တခြားလေ့လာရမယ့်၊ အင်္ဂလိပ်စာသင်တန်းတို့၊ ကွန်ပျူတာသင်တန်းတို့ကို မတတ်နိုင်တော့ဘူး။ အဲဒီတော့ ကျွန်တော်က ကလေးကိုပြောတယ် သားရယ် ကျူရှင်တွေလျှော့ယူပါလားဆိုတော့ ကလေးက ကျူရှင်မယူရရင် ကျောင်းဆက်မတက်တော့ဘူးဆိုပြီးပြောလာတယ်။

ဘုန်းကြီးကျောင်း တိုက်ခိုက်ခံရမှု ကော့စ်ဘဇားတွင် လူပေါင်းထောင်ချီ ဆန္ဒပြ

Photo: ဘုန်းကြီးကျောင်း တိုက်ခိုက်ခံရမှု ကော့စ်ဘဇားတွင် လူပေါင်းထောင်ချီ ဆန္ဒပြ

ထွန်းထွန်း

ဘုန်းကြီးကျောင်းများ တိုက်ခိုက်ခံရမှု အပေါ် ဆန့်ကျင် ကန့်ကွက်သည့် အနေဖြင့် ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ကော့စ်ဘဇားမြို့တွင် ယနေ့ (အောက် တိုဘာ ၇ရက်) နံနက်တွင် ဗုဒ္ဓဘာသာ၊ ဟိန္ဒူနှင့် ခရစ်ယာန် ဘာသာဝင် တို့ စုပေါင်းပြီး ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြပွဲအား ယနေ့ မနက် ၁၂ နာရီ အချိန်တွင် ကော့စ်ဘဇားမြို့ ခရိုင်ရုံးချုပ်ရှေ့တွင်  ပြုလုပ်ခဲ့ကြပြီး ထောင်ချီ ရှိသော ဟိန္ဒူ၊  ခရစ်ယာန်နှင့် ဗုဒ္ဓဘာသာဝင် များသည်  ပိုစတာများကို ကိုယ်စီ ကိုင်ဆောင်ကာ ဘုန်းကြီးကျောင်းများနှင့် လူနည်းစု ဗုဒ္ဓဘာသာဝင်များ၏  အိုးအိမ်များကို ဆက်လက် တိုက်ခိုက်မူ မပြုလုပ်ရန် ငြိမ်းချမ်းစွာ  တောင်းဆိုခဲ့ကြသည်။

“ကျွန်တော် ဒီနေ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်ပွဲမှာ ဗုဒ္ဓဘာသာတယောက် အနေနဲ့ ပါဝင်တာဖြစ်တယ်။ ခုလိုဆန္ဒ ထုတ်ဖေါ်ခြင်းအားဖြင့် ကမ္ဘာ့ကသိလာပြီး လူနည်းစုတွေကို ကာကွယ်ပေးဖို့ အစိုးရကို ဖိအား ပေးလာ နိုင်အောင်နဲ့  နောက်ထပ် ခုလိုမဖြစ်လာအောင် ကာကွယ် တားဆီးပေးဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိ အခြေအနေက အစိုးရက လုံခြုံရေး ယူနေတယ်ဆိုပေမဲ့ စိတ်ချမရသေးဘူး။ ဘယ်နေ့မှာ  ဘာတွေ ဖြစ်လာမလဲ ဆိုတာ မသိရဘူး။ ခုလဲနေရာကွက်ကျား ဆက်တိုက် တိုက်ခိုက်မှုတွေ ဖြစ်နေတာတွေ့ရပါ တယ်” ဟု ဆန္ဒပြရာတွင် ပါဝင်သူ ရခိုင်အမျိုးသား ကိုအောင်စံခိုင်က နိရဉ္စရာသို့ ပြောသည်။

ဆန္ဒပြသူများ ကိုင်ဆောင်ထားသော ပိုစတာများထဲတွင် အစိုးရ လုံခြုံရေး အဖွဲ့များ တာဝန် ပေါ့လျော့မူကြောင့်  ဘုန်းကြီးကျောင်းများ မီးရှို့ခံရသည်ဟု ဖေါ်ပြထားသလို လူနည်းစုများကို  ကာကွယ်ပေး ရန်အစိုးရတွင် တာဝန်ရှိကြောင်း ဖေါ်ပြထားသည့် စာတန်းများကို ရေးထိုးထားသည်။

မီးရှို့ခံရသည့် ဓါတ်ပုံများနှင့် အတူ  ဗုဒ္ဓဘာသာ ရှေးဟောင်း အမွေအနှစ်များကို ထိန်းသိမ်း ပါဆိုသည့် ပိုစတာများကိုလည်း ဆန္ဒပြသူများက ကိုင်ဆောင်ထားကြသည်။

ဆန္ဒပြသူများသည် ခရိုင်ရုံးချုပ်ရှေ့မှ တဆင့်  လမ်းမအတိုင်း အဂ္ဂမေဓ ကျောင်းသို့ ငြိမ်းချမ်းစွာ ချီတက်ခဲ့ပြီး အဂ္ဂမေဓကျောင်း ဂိတ်ဝတွင် မိနစ် (၃၀) ခန့် ရပ်တန့်ပြီး မာရမာ၊ ရခိုင်၊ ဟိန္ဒူ ခေါင်းဆောင် လူကြီးတို့မှ အသီးသီး မိန့်ခွန်းစကားပြောကြားခဲ့သည်။ ညနေ ၃နာရီခွဲတွင် အောင်မြင်စွာ ပြီးဆုံးခဲ့သည်။

အဆိုပါ ကျောင်းအား စစ်တပ်က လုံခြုံရေး ယူထားသော်လည်း ဆန္ဒပြသူများအား တစ်စုံတစ်ရာ ဟန့်တား နှောင့်ယှက်ခြင်း မရှိကြောင်း သိရသည်။

စီတန်းလမ်း လျှောက်ရာတွင်လည်း တစုံတရာ အနှောင့်အရှက်မဖြစ်ရအောင် ရဲတပ်ဖွဲ့များက လုံခြုံရေး ယူပေးသည်ဟု သိရသည်။

မနက်ဖြန်  ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာသည် ပန်းဝါ (ရာမူး) သို့ လာရောက်မည်ဖြစ် သဖြင့်  ပန်းဝါသို့မသွားမီ ကော့စ်ဘဇား မြို့သို့ ရှေးဦးစွာလာ ရောက်မည်ဖြစ်ရာ  ဒေသခံ ဗုဒ္ဓဘာသာဝင်များ ပိုစတာကိုင်ပြီး ဆက်လက် ဆန္ဒ ထုတ်ဖေါ်မှုများ ပြုလုပ်ကြမည်ဟု သိရသည်။

 News from : Narinjara
Post By : Aye Chan Mon
ဘုန်းကြီးကျောင်းများ တိုက်ခိုက်ခံရမှု အပေါ် ဆန့်ကျင် ကန့်ကွက်သည့် အနေဖြင့် ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ကော့စ်ဘဇားမြို့တွင် ယနေ့ (အောက် တိုဘာ ၇ရက်) နံနက်တွင် ဗုဒ္ဓဘာသာ၊
ဟိန္ဒူနှင့် ခရစ်ယာန် ဘာသာဝင် တို့ စုပေါင်းပြီး ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြပွဲအား ယနေ့ မနက် ၁၂ နာရီ အချိန်တွင် ကော့စ်ဘဇားမြို့ ခရိုင်ရုံးချုပ်ရှေ့တွင် ပြုလုပ်ခဲ့ကြပြီး ထောင်ချီ ရှိသော ဟိန္ဒူ၊ ခရစ်ယာန်နှင့် ဗုဒ္ဓဘာသာဝင် များသည် ပိုစတာများကို ကိုယ်စီ ကိုင်ဆောင်ကာ ဘုန်းကြီးကျောင်းများနှင့် လူနည်းစု ဗုဒ္ဓဘာသာဝင်များ၏ အိုးအိမ်များကို ဆက်လက် တိုက်ခိုက်မူ မပြုလုပ်ရန် ငြိမ်းချမ်းစွာ တောင်းဆိုခဲ့ကြသည်။

သံလွင် တာဆန်းဆည် စီမံကိန်း စတင်ရန် ပြင်ဆင်နေ

Photo: သံလွင် တာဆန်းဆည် စီမံကိန်း စတင်ရန် ပြင်ဆင်နေ


ရှမ်းပြည်နယ် တောင်ပိုင်း သံလွင်မြစ်ပေါ်ရှိ အာရှတွင် အမြင့်ဆုံးဖြစ်လာနိုင်သော တာဆန်းဆည် မဟာ ရေအားလျှပ်စစ်စီမံကိန်းကို စတင် တည်ဆောက်ရန် ပြင်ဆင်နေကြောင်း သိရသည်။

အဆိုပါ စီမံကိန်းသည် ရှမ်းပြည်နယ် လင်းခေးခရိုင် မိုင်းပန်မြို့နှင့် မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ် ကြားတွင်တည်ရှိပြီး လတ်တလောတွင် China Three Gorges Project Development Corporation (CTGPDC) ကုမ္ပဏီမှ ၀န်ထမ်းများက ကွင်းဆင်းလေ့လာမှုများ ပြုလုပ်နေကြောင်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့အခြေစိုက် ရှမ်းသဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့မှ ကိုစိုင်းစိုင်းက ဧရာဝတီသို့ ပြောသည်။

“တရုတ်အဖွဲ့တွေက ဆန်းစစ်လေ့လာမှုတွေ လုပ်နေတယ်၊ သူတို့ စီမံကိန်းအတွက် ဒီဇိုင်းအသစ် ပြန်လုပ်ဖို့ရယ်၊ နောက်ပြီးတော့ တရုတ်နယ်စပ်ကနေ လမ်းဖောက်ဖို့အတွက် လာလေ့လာတယ်လို့ ကြားတယ်” ဟု ၎င်းက ဆိုသည်။

ကိုစိုင်းစိုင်း၏ အဆိုအရ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလမှ စတင်၍ ယင်းဒေသအတွင်း အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ဝင်များ အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့ပြီးနောက်ပိုင်း ယင် စီမံကိန်းကြီးကို စတင်ရန် CTGPDC ကုမ္ပဏီ ၀န်ထမ်းများက ကွင်းဆင်းလေ့လာမှုများ စတင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်း စီမံကိန်းကို သံလွင်မြစ်ပေါ်တွင် တာတမံ နှစ်ဆင့် တည်ဆောက်မည် ဖြစ်ပြီး မြန်မာနိုင်ငံတွင် ယခုလက်ရှိ အသုံးပြုနေသော လျှပ်စစ် ပမာဏ၏ နှစ်ဆကျော်ထုတ်ယူ နိုင်သည်ဟု ရှမ်းပြည်နယ် ၀န်ကြီးချုပ် ဦးစပ်အောင်မြတ်က ပြောကြားကြောင်းလည်း ယခုလ ပထမပတ်ထုတ်က ပေါ်ပြူလာသတင်းဂျာနယ်တွင် ဖော်ပြထားသည်။

“ဒီနေရာမှာ ကျောက်တောင်တွေပဲ ရှိတယ်။ ပြောင်းရွှေ့ရမယ့် ဒေသခံ အနေအထားကလည်း အနည်းဆုံး နေရာဖြစ်နေတယ်” ဟု ၎င်းက ဆိုသည်။

မြန်မာ စစ်အစိုးရက ပထမဦးဆုံး ထိုင်းနိုင်ငံမှ အမ်ဒီအိက်စ် ကုမ္ပဏီ အုပ်စု (MDX Group) နှင့် ရှမ်းပြည်နယ်တွင် တာဆန်းဆည် တည်ဆောက်ရန် ၂၀၀၇ ခုနှစ်တွင် သဘောတူခဲ့သည်။

ထိုအချိန်က MDX Group နှင့် မကျေလည်မှုများ ရှိခဲ့သည်ဟု ကောလာဟလများ ထွက်ပေါ်ခဲ့ပြီး နောက်ပိုင်း ၂၀၀၈ ခုနှစ်၊ နှစ်လယ်ပိုင်းတွင် ဆိုင်နို ဟိုက်ဒရို၊ တရုတ်နိုင်ငံတောင်ပိုင်း ပါဝါဂရစ် ကုမ္ပဏီ၊ တရုတ် CTGPDC တို့က မြန်မာနိုင်ငံ သံလွင်မြစ်ဝှမ်း ဖွံ့ဖြိုးတိုးတက်မှုအတွက် သဘောတူစာချုပ် လက်မှတ် ရေးထိုးခဲ့ကြောင်း မြန်မာနိုင်ငံ မြစ်ချောင်းများဆိုင်ရာ ကွန်ယက်အဖွဲ့ မှတ်တမ်းများတွင် ဖော်ပြထားသည်။

ရှမ်းပြည် တောင်ပိုင်း မိုးနဲမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (SNDP) မှ လွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်သူ ဦးစိုင်းမောင်ကြီးက သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေကာတာ စီမံကိန်းကြောင့် ရှမ်းတိုင်းရင်းသားများသာမက ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ကယားပြည်နယ်ရှိ တိုင်းရင်းသားများ သဘာဝဆိုးကျိုးများ ကြုံရနိုင်ကြောင်း ဧရာဝတီသို့ ပြောသည်။

“ထုံစံအတိုင်း အရင် အတိတ်ကာလကို ပြန်ကြည့်မယ်ဆိုရင် လောပိတ ရေအားလျှပ်စစ် စီမံကိန်းတို့၊ ဇော်ဂျီ ရေအားလျှပ်စစ် စီမံကိန်းတို့ဆိုရင် ဖြတ်သာသွားတယ်၊ မြင်သာမြင် မကြင်ရတဲ့ ဘ၀ အဲဒီလိုမျိုးပေါ့။ အခုလည်း တာဆန်းရေကာတာ စီမံကိန်းလည်း ထင်သာမြင်သာမှု မရှိဘူးဆိုတော့ ကောင်းကျိုးတွေ ခံစားရမယ်လို့ မမျှော်လင့်ပါဘူး” ဟု ၎င်းက ဆိုသည်။

စီမံကိန်းနှင့် ပတ်သက်သည့် အဖွဲ့အစည်းများအနေနှင့် ပြည်သူလူထု၏ ဆန္ဒမပါဘဲ အကောင်အထည် ဖော်ဆောင်ခြင်း မပြုလုပ်သင့်ကြောင်း ဦးစိုင်းမောင်ကြီးက ဆက်ပြောသည်။

ရေကာတာ ဆောက်လုပ်ရေး စီမံကိန်းနှင့် ရေအားလျှပ်စစ် စက်ရုံ တည်ဆောက်ရေးအတွက် အနည်းဆုံး ဒေါ်လာ သန်း ၆၀၀၀ ကုန်ကျမည်ဖြစ်ပြီး ရေကာတာ၏ အမြင့်သည် ၂၂၈ မီတာ ဖြစ်ပြီး အာရှတိုက်တွင် အမြင့်ဆုံးရေကာတာ ဖြစ်မည်ဟု သိရသည်။

မြန်မာနိုင်ငံ မြစ်ချောင်းများဆိုင်ရာ ကွန်ယက်၏ မှတ်တမ်းအရ တရုတ်နိုင်ငံရှိ အမြင့်ဆုံးဆည်ဖြစ်သည့် ဧရာမ Three George Dam ထက်ပင် မြင့်ဖွယ် ရှိသည်ဟု သိရပြီး ယင်းဆည်တည်ဆောက်မှုနှင့် ပတ်သက်၍ ဆိုးကျိုးများကို ဒေသခံများအား အသိပေးခြင်း မရှိဟု ဆိုသည်။

၂၀၀၅ ခုနှစ်က စစ်အစိုးရ ထုတ်ဝေသည့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှု မှတ်တမ်းစာအုပ်တွင် “တာဆန်း (သံလွင်) အမည်တွင်မည့် အဆိုပါ မဟာရေအား လျှပ်စစ် စီမံကိန်းကြီးမှ ထုတ်ယူရရှိမည့် လျှပ်စစ်ဓာတ်အား ပမာဏမှာ ၇၁၁၀ မဂ္ဂါဝပ် ဖြစ်ပေသည်” ဟု ဖော်ပြထားသည်။

“သံလွင်မြစ်၏ စွမ်းအားကို အသုံးချ၍ ပြည်ထောင်စုကြီး ထွန်းကားအောင် နိုင်ငံတော်က စွမ်းဆောင်ပေးမည့် မဟာ ရေအား လျှပ်စစ် စီမံကိန်းကြီး ဖြစ်သည်” ဟု ၎င်းစာအုပ်တွင် ရေးထားသည်။

လွန်ခဲ့သည့် ၂၀၀၉ ခုနှစ်တွင် ရှမ်းသဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့က ထုတ်ပြန်သော“ဘဝဇစ်မြစ် မပြတ်ရေးအတွက် တင်းခံရခြင်း” (Roots and Resilience) အမည်ရှိ အစီရင်ခံစာတွင် သံလွင်မြစ်ရိုးပေါ်တွင် တည်ဆောက်မည့် တာဆန်း ရေကာတာ စီမံကိန်းကြောင့် ဒေသခံပြည်သူများ ဆင်းရဲဒုက္ခ ရောက်နေရကြောင်း ဖော်ပြထားသည်။

လွန်ခဲ့သောနှစ်များကပင် လူဦးရေ တသောင်းခွဲခန့်သည် ၎င်းဒေသမှ ဖယ်ပေးခဲ့ရပြီး အများစုမှာ ထိုင်းနိုင်ငံသို့ ထွက်ပြေးခဲ့ရကြောင်း အစီရင်ခံစာတွင် ရေးသားထားသည်။

ယခင် စစ်အစိုးရက လက်ထက်၌ တရုတ်နှင့် ထိုင်းနိုင်ငံရှိ ကုမ္ပဏီများ ပူးပေါင်း၍ သံလွင်မြစ်မကြီးနှင့် မြစ်လက်တက်များပေါ်တွင် ရေကာတာ ၇ ခု တည်ဆောက်ရန် လျာထားခဲ့ကြောင်း၊ တရုတ်ကုမ္ပဏီများ အဓိက တာဝန်ယူ ဆောက်လုပ်နေသည့် ရေအားလျှပ်စစ်စီမံကိန်းများမှ လျှပ်စစ်ဓာတ်အား ပမာဏ ၃၅၆၄၀ မဂ္ဂါဝပ်ထွက်ရှိရန် မျှော်လင့်ထားပြီး အများစုကို တရုတ်သို့ တင်ပို့ရောင်းချရမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်အထိ ကချင်၊ ရှမ်း၊ ကယားပြည်နယ်၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းများတွင် ဆောက်လုပ်နေဆဲ ရေကာတာ စီမံကိန်း၂၁ ခုရှိကြောင်း သိရသည်။

ကရင်ပြည်သူ့ပါတီ (KPP) မှ တွဲဖက် အတွင်းရေးမှူး ဦးစောမိုးမြင့်က “ဧရာဝတီကိုပဲ လူတွေက အာရုံစိုက်ကြတယ်၊ သံလွင်ကိုတော့ လူတွေက မေ့နေကြတယ်” ဟု ဧရာဝတီသို့ ပြောသည်။


News from :The Irrawaddy (Burmese Version)
Photo from : ရွေဟသာင်္သတင်းဌာန
Post By : Aye Chan Mon
ရှမ်းပြည်နယ် တောင်ပိုင်း သံလွင်မြစ်ပေါ်ရှိ အာရှတွင် အမြင့်ဆုံးဖြစ်လာနိုင်သော တာဆန်းဆည် မဟာ ရေအားလျှပ်စစ်စီမံကိန်းကို စတင် တည်ဆောက်ရန် ပြင်ဆင်နေကြောင်း သိရသည်။

အဆိုပါ စီမံကိန်းသည် ရှမ်းပြည်နယ် လ
င်းခေးခရိုင် မိုင်းပန်မြို့နှင့် မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ် ကြားတွင်တည်ရှိပြီး လတ်တလောတွင် China Three Gorges Project Development Corporation (CTGPDC) ကုမ္ပဏီမှ ၀န်ထမ်းများက ကွင်းဆင်းလေ့လာမှုများ ပြုလုပ်နေကြောင်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့အခြေစိုက် ရှမ်းသဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့မှ ကိုစိုင်းစိုင်းက ဧရာဝတီသို့ ပြောသည်။

“တရုတ်အဖွဲ့တွေက ဆန်းစစ်လေ့လာမှုတွေ လုပ်နေတယ်၊ သူတို့ စီမံကိန်းအတွက် ဒီဇိုင်းအသစ် ပြန်လုပ်ဖို့ရယ်၊ နောက်ပြီးတော့ တရုတ်နယ်စပ်ကနေ လမ်းဖောက်ဖို့အတွက် လာလေ့လာတယ်လို့ ကြားတယ်” ဟု ၎င်းက ဆိုသည်။

ကျွန်မမှာ ချစ်သူဝိုင်းဝိုင်းလည်

Photo: ကျွန်မမှာ ချစ်သူဝိုင်းဝိုင်းလည်

Saturday, October 6, 2012 at 9:52pm ·

               1999 ခုနှစ်တုန်းက ဆရာကြီး ဦးစောဆိုင်မွန်သာက ပြောပြခဲ့တာ။ ကုလားတွေဟာ တရုတ်ကိုကြောက်တယ်တဲ့။ တရုတ်တွေကတော့ ဂျပန်ကိုကြောက်ပါတယ်တဲ့။ ဘာလို့လဲဆရာလို့ မေးတော့ ကုလားတွေ ရပ်ကွက်ထဲ တရုတ်ဝင်လာရင် ရှိသမျှစီးပွားရေး သိမ်းသွားတာပဲတဲ့။ အဲဒီလိုပဲ ဂျပန်ဝင်လာရင် တရုတ်တွေ ပြေးရတာပဲတဲ့။ ဘာနဲ့ ဆိုင်သလဲဆိုတော့ Neuro surgeon (ဦးဏှောက်နှင့် အာရုံကြောဆိုင်ရာ ခွဲစိတ်အထူးကုဆရာဝန်) ပီပီ ဖြေပါတယ်။ Frontal Lobe ( ဦးဏှောက်ရှေ့ဆုံးပိုင်း ဧရိယာ) အကြီး အသေးနဲ့ ဆိုင်ပါတယ်တဲ့။ အဲဒီတုန်းက ကိုယ့်ခေါင်းကို အသာပြန်စမ်းမိသေးတယ်။ အခုတော့လဲ သိနေပြီမို့ မလိုတော့ပါဘူး။

                    European တွေရဲ့ အပြောတခုလည်း ဖတ်ဖူးသေးတယ်။ ငါတို့က မျိုးဆက်တဆက်စာပဲ စဉ်းစားတာ၊ ဂျပန်တွေကတော့ မျိုးဆက် ၃ ဆက်စာစဉ်းစားတာ။ ဒါကြောင့်လဲ ငါတို့ကိုကျော်ပြီး နံပါတ် ၃ နေရာကို မျိုးဆက်တခုအတွင်းမှာ ရသွားတာပေါ့တဲ့။

                  ရှာမှရှားတဲ့ စူပါဘရိန်း လီကွမ်ယုကလည်း ကုမ္ပဏီတခုတည်းအောက်က စက်ရုံနှစ်ရုံမှာတောင် ဂျပန်မန်နေဂျာရှိတဲ့ စက်ရုံကထုတ်လုပ်မှုသာတဲ့အကြောင်းရေးထားသေးတယ်။ ဂျပန်မန်နေဂျာတွေက အောက်သက်ကြေပြီး စက်ဆီပေမှာ မကြောက်ပဲ အောက်ခြေအလုပ်သမားတွေနဲ့အတူဝင်လုပ်နိုင် လိုအပ်ချက်ကိုဖြည့်ဆည်းနိုင်လို့တဲ့။

                     မရိုးနိုင်တဲ့ ဗမာဆုံးမစကားတခွန်းလဲ ရှိပါသေးတယ်။ တရုတ်လိုရှာ ကုလားလိုစု ဗမာလို မဖြုန်းနဲ့တဲ့။ တရုတ်ရယ် ဗမာရယ် ကုလားရယ် စင်္ကာပူရယ် ဂျပန်ရယ် European ရယ် ကိုများ နံပါတ်စီလိုက်ကြမယ်ဆိုရင် ---- ဒါကြောင့်ပြောတာပေါ့။ သိပြီးသားမို့ ခေါင်းကို စမ်းစရာ မလိုတော့ပါဘူးလို့။

                   ကြားဖူးနားဝကို လက်တွေ့သိရတဲ့အချိန်ကျတော့ သူတို့ပြောတာ အပိုမဟုတ်ဘူးဆိုတာ မြင်လာပါတယ်။ ဆင်တကောင်လုံးတွေ့လို့ ဆင်ခြေရာခံမိတာပေါ့လေ။ JICA ဆိုတာ အရင်က NGO အဖွဲ့အစည်းတခုလို့ပဲ နားလည်ခဲ့တာ။ ဂျပန်ဆေးရုံသစ်ကြီးဆောက်ပေးတဲ့အဖွဲ့ပေါ့။ သူတို့ပေးခဲ့တဲ့ ရေခဲသေတ္တာတွေ နောက်တနှစ်လာစစ်တော့ ဆေးရုံထဲမှာမရှိဘဲ ဆေးရုံလူကြီးအိမ်ရောက်နေတဲ့အကြောင်း၊ သူတို့ပေးခဲ့တဲ့ ကုတင်ပေါ်မှာ ပျော်ပျော်ပါးပါးအိပ်ရင်းနဲ့ အလုပ်သင် ညဂျုတီအတူဆင်းခဲ့တဲ့ သူငယ်ချင်းတွေတောင် လွမ်းမိပါသေး။ နောက်တခါ ကြားရပြန်တာက JICA က ကုသိုလ်ဖြစ်ဆေးခန်းတွေကို ဆေးလှူမှာတဲ့။ သာဓုပါရှင်။ ဟိုတနေ့ကမှ သိတယ်။ ၁၅ နှစ်လုံးလုံး JICA တကယ်လုပ်နေတဲ့အလုပ်က တနေ့မှာ ဖွံ့ဖြိုးလာမယ့်မြန်မာပြည်မှာ ရင်းနှီးမြုပ်နှံနိုင်မယ့် နေရာတွေ၊ သတင်းတွေ၊ စီးပွားကွက်တွေနဲ့ စီးပွားဖက်တွေကို ရှာဖွေစုဆောင်းထားဖို့တဲ့။ မြတ်စွာဘုရား။ တို့များမြန်မာပြည်ကို ဖွံ့ဖြိုးဖို့ မျှော်လင့်နေတာ တို့တွေချည်းပဲမှတ်နေတာ။ အင်းလေ --နံပါတ်စဉ်ထဲမှာ ဘိတ်ချီးဆိုတော့လဲ ထိပ်ဆုံးကကောင် ဘာလုပ်လဲ မသိနိုင်တာ မထူးဆန်းပါ။           

                သွားရင်းလာရင်းနဲ့ ကမ္ဘာအေးဘုရားလမ်းပေါ်မှာ ဂျပန်ဘဏ်ခွဲတခု ဖွင့်လှစ်တာကို သတိထားမိပါတယ်။ သတင်းစာထဲမှာလည်း ဆီဒိုးနားဟိုတယ်မှာ ဂျပန်စီးပွားရေးရုးံခွဲတခု ဖွင့်လှစ်ကြောင်းနဲ့ အကူအညီ အကြံဥာဏ်လိုအပ်တဲ့ ဂျပန်စီးပွားရေးသမားများကို ကူညီမယ့်အပြင် ရုံးခန်းတလခွဲဖွင့်ခွင့်ကိုတောင် အလကားပေးဦးမယ်တဲ့။

                  သံလျင်တံတားအဆင်းက Star City စီမံကိန်းနေရာကို လွန်ခဲ့တဲ့လက မိတ်ဆွေတယောက်နဲ့ ရောက်သွားပါတယ်။ တကယ်ဆောက်နေတဲ့ ကွန်ဒို အဆောက်အဦးက ၂ ခုထဲပဲရှိသေးတာပါ။ အရောင်းပြခန်းကတော့ န၀ဒေးအိမ်ယာ ပြခန်းထက်တောင် အပုံကြီးသာပါတယ်။ အခန်းတွေ နမူနာဖွဲ့ပြထားပြီး ထိုင်းဒီဇိုင်နာက ဆင်ပေးထားတော့ မြင်တာနဲ့တင် လိုချင်စရာ။ အရစ်ကျ ငွေချေစနစ်ကို အုံနဲ့ကျင်းနဲ့ ၀ိုင်းဝယ်နေတဲ့လူတွေကတော့ ဂျပန်တွေပါ။ ကျွန်မတို့လို မြန်မာတွေကတော့ သွားရေကျရုံထက် မပိုပါဘူး။ ဘယ့်နှယ် ဒီလောက်ကျဉ်းတဲ့ စတုရန်း ပေ ၉၀၀ အခန်းလေးကို သိန်း ၈၀၀ တဲ့။ ရန်ကုန်မြို့ထဲကအခန်းတွေ ဈေးထက်များနေပြီ။ ပတ်ဝန်းကျင်လမ်းတွေ ရေကန်တွေ ပန်းခြံတွေကတော့ အပြတ်အသတ်သာတာပေါ့လေ။ ဟိုဘက်က သီလ၀ါစီမံကိန်းကို ၁၅ မိနစ်လောက်သာ သွားရတော့မှာမို့ အလုပ်လာလုပ်ကြမယ့် ဂျပန်များနေဖို့ ရည်ရွယ်ဆောက်လုပ်ပါတယ်တဲ့။ ဆောက်လုပ်ရေးက တာဝန်ခံမန်နေဂျာက စင်္ကာပူလူမျိုးပါ။ လိုချင်လှချည် တကဲကဲဖြစ်နေတဲ့ မေမေ့ကို အဝေးကြီးပါမေမေရယ်၊ နေနိုင်မှာမဟုတ်ပါဘူးလို့ ညာတာပါတေးချော့ခေါ်လာခဲ့တယ်။ အဲဒီအထိလဲ လောကကြီးဘာဖြစ်နေမှန်း မသိသေးပါဘူး။

                   ပန်တင်းခေါင်းလျှော်ရည် ကြော်ငြာလိုပဲပြောရတော့မယ်။ ခုတော့ ကျွန်မသိပြီ။ ကိုကို ဂျပန်များသာ အလည်ဆုံး အတော်ဆုံးဆိုတာ။ အခုဘာသာပြန်မယ့် ဆောင်းပါးကို ဖတ်မိသွားတာမို့ပါ။ သမ္မတဦးသိန်းစိန်က လက်ယပ်ခေါ်ပြီး ၀ါတာနာဘဲစံ မင်းကိုပေးစရာတခုရှိသတဲ့။ ဒီတကွက်ထဲနဲ့တင် ၁၅ နှစ်ရင်းနှီးခဲ့ရသမျှ တန်ပါပေ့လို့ ဆိုရမှာပါပဲ။ အကြွေးတွေမဆပ်နဲ့တော့လို့ ပြုံးပြုံးကလေးပြောသွားတာအပြင် နောက်ထပ်လည်း ထပ်ချေးဦးမှာတဲ့။ ဟုတ်ကဲ့ ကျေးဇူးကြီးလှပါပေရဲ့ရှင်။ အပေါ်မှာ နိဒါန်းချီထားသမျှ မှန် မမှန်ဆောင်းပါးလေးဖတ်ပြီး ဝေဖန်ကြည့်ကြပါဦး။ ( Reuters (အမေရိကန်သတင်းဌာန) မှာ ၂.၁၀.၁၂ နေ့မှာ ဖော်ပြခဲ့တဲ့ ဆောင်းပါးရှင် အန်တိုနီ စလိုကော့စကီးရဲ့ လက်ရာဖြစ်ပါတယ်။)

 

                                                  ဂျပန်များ၏ မြန်မာပြည်သို့ တိတ်တဆိတ် ချီတက်ခြင်း

 

                 ဂျပန်များဟာ မြန်မာပြည်ကို အားဖြည့်နေပါပြီ။ မာရသွန်ပြေးပွဲဟာ ပြီးခဲ့တဲ့နှစ်အောက်တိုဘာလရဲ့ ညတညမှာ အစပြုခဲ့တာပါ။ မြန်မာသမ္မတသစ်က ညစာစားပွဲအပြီးမှာ မြေပုံကြီးဖြန့်ခင်းပြီး အသက်ကြီးကြီးဂျပန်လူမျိုး အာဏာပွဲစားကို ဆုတခုချလိုက်လို့ပါ။ ဒီဆုဟာ မာကူးမြို့လောက်ကြီးတဲ့ မြို့တော်တခုတည်ဆောက်နိုင်ခွင့်ပါပဲ။

                   အသက်၆၇ နှစ်ရှိပြီဖြစ်တဲ့ ဗိုလ်ချုပ်ဟောင်း  ဦးသိန်းစိန်ဟာ မြန်မာအရပ်သားအစိုးရရဲ့ သမ္မဖြစ်တာ ၆ လပဲရှိပါသေးတယ်။ သမ္မတဟာ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် လက်တွဲခဲ့ပြီး အာဏာရှင်စနစ်အောက်မှာ နှစ်၅၀ကြာခဲ့တဲ့ မြန်မာ့စီးပွားရေးကို လမ်းပြန်ဖွင့်ပေးမှုတွေအတွက် အားပေးခံရသလို သတိကြီးကြီးနဲ့စောင့်ကြည့်ခံထားရသူ ဖြစ်ပါတယ်။ အခုတော့ သမ္မတဟာ အာရှတိုက်ရဲ့ ဒုတိယအဆင်းရဲဆုံးနိုင်ငံအတွက် ရင်းနှီးမြှပ်နှံသူတွေကို ရှာဖွေနေပါတယ်။

                     နေပြည်တော်မှာ တရုတ်ပုံစံ ညစာစားပွဲအပြီးမှာ ဦးသိန်းစိန်ဟာ မြန်မာပြည်အရေးစိတ်ဝင်စားသူ ဂျပန်နိုင်ငံရေးသမား ဟီဒဲအို ၀ါတာနာဘဲ (၇၈ နှစ် ) ဘက်ကိုလှည့်လိုက်ပါတယ်။ သမ္မတသစ်ဟာ ရန်ကုန်မြို့အနီးမှာရှိပြီး အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ဖြစ်တဲ့ သီလ၀ါဆိပ်ကမ်းမှာ အထူးစီးပွားရေးဇုံတည်ဆောက်ဖို့ အပေးအယူတခုလုပ်ခဲ့ပါတယ်။ အကြွေးတွေ  ချေးငွေတွေ နဲ့ လဲလှယ်ဖို့ပါပဲ။

                      ကျွန်တော် တခုခုတော့ လုပ်ပေးနိုင်ပါလိမ့်မယ်လို့ ဂျပန်ဝန်ကြီးချုပ်ဟောင်း ယာဆုဟိရို နာကာဆိုနဲရဲ့ အနီးကပ်ဖြစ်ခဲ့သ၊ူ ယခင် ဂျပန်အစိုးရ၀န်ကြီးဟောင်း ၀ါတာနာဘဲက ပြန်ပြောပြခဲ့ပါတယ်။

                    ၀ါတာနာဘဲဟာ စကားတည်သူပါ။ တနှစ်မပြည့်ခင်မှာတင် မြန်မြန်ဆန်ဆန်ပဲ ဂျပန်က အကြွေးတွေကိုလျော်ပစ်ပြီး အနည်းဆုံး ၁၈ ဘီလီယံဒေါ်လာအကူအညီပေးဖို့ သဘောတူခဲ့ပါတယ်။

 

ရွှေရောင်ဝင်းတဲ့ မြန်နှုန်းမြင့် ချစ်ကြည်ရေး

 

                   ဒါအပြင် ဂျပန်ဟာ ၃.၂ ဘီလီယံဒေါ်လာကို မြန်မာနိုင်ငံတောင်ပိုင်းမှာ တည်ရှိပြီး အရှေ့တောင်အာရှရဲ့ အကြီးဆုံးစက်မှုဇုံဖြစ်လာမယ့် ထားဝယ်ဆိပ်ကမ်းမှာ အထူးစီးပွားရေးဇုံ တည်ဆောက်ဖို့ ရင်းနှီးမြှပ်နှံမယ်လို့လည်း သတင်းရရှိပါတယ်။  ဒီသဘောတူညီမှုတွေဟာ တညတာအတွင်းမှာတင် ဖြစ်ပေါ်ခဲ့တာပါ။ သီလ၀ါစီမံကိန်းရဲ့ တစိတ်တပိုင်းမှာတင် အကြွေးလျော်တာတွေနဲ့ ထပ်ချေးတာတွေဟာ ၅ ဘီလီယံဒေါ်လာထိအောင် ရှိတာမို့ ၂၀၁၁ -၂၀၁၂ မှာ အမေရိကန်တွေပေးတဲ့ ဒေါ်လာ ၇၆ သန်းနဲ့ အီးယူအဖွဲ့က ၂ နှစ်အတွင်းပေးမယ်ပြောထားတဲ့ ဒေါ်လာသန်း ၂၀၀ ကို သိမ်နုတ်စေပါတယ်။

                  ဂျပန်အစိုးရနဲ့ စီးပွားရေးခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံနဲ့ သတိကြီးကြီးဆက်ဆံနေရာကနေ ဘယ်လိုများတနှစ်အတွင်းမှာ ရွှေရောင်ချစ်ကြည်ရေးအဆင့်ကို တက်သွားရတာလဲလို့ သိရအောင် သတင်းဌာနအနေနဲ့ အာဏာပိုင်တွေ၊ အုပ်ချုပ်သူတွေ၊ နိုင်ငံရေးသမားတွေ အယောက် ၅၀ လောက်ကို လိုက်လံမေးမြန်းကြည့်ပါတယ်။ သူတို့ပြောပြတာကတော့ မြန်မာပြည်ရဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဥပဒေသစ်အတွက် သက်တမ်းနုလှတဲ့ လွှတ်တော်ထဲမှာ ငြင်းခုန်နေဆဲအဆင့်မှာတောင်

သေးငယ်ကျစ်လျစ်ပြီး အဆက်အသွယ်ကောင်းလှတဲ့ ဂျပန်အဖွဲ့ဟာ တိုကျိုအုပ်ချုပ်ရေးပိုင်းနဲ့ ကူညီပံ့ပိုးရေးအဖွဲ့တွေကို ဆုံးဖြတ်ချက်တွေ မြန်မြန်ချနိုင်အောင် တိုက်တွန်းနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

                     ဒါဟာအာရှရဲ့နောက်ဆုံးနဲ့ အရေးအပါဆုံးဈေးကွက်ကို လွှမ်းမိုးလိုက်တာပါပဲ။ ဂျပန်များကတော့ မြန်မာခေါင်းဆောင်များဟာ တရုတ်ပြည်ရဲ့ မဆုံးတမ်းလွှမ်းမိုးမှုက လွတ်မြောက်အောင်ကူညီမယ့်သူများကို ရှာဖွေနေတယ်လို့ ပြောကြပါတယ်။ ဂျပန်ရဲ့တွန်းအားဟာ မြန်မာပြည်အပေါ် အမေရိကန်နဲ့ အီးယူအဖွဲ့တို့ထက် တလှမ်းသာနေပါတယ်။ အမေရိကန်နဲ့ အီးယူအဖွဲ့တွေက ၁၉၉၀မှာ ချမှတ်ခဲ့တဲ့ စီးပွားရေးပိတ်ဆို့မှုတွေကို ပြန်ဖွင့်ပေးဖို့ တွန့်ဆုတ်နေကြတာမို့ပါ။ ဒီအတွက်ဖြစ်လာနိုင်တဲ့ ရလာဒ်ကတော့ ဂျပန်များရဲ့ ကုန်သွယ်ရေးရုံးခန်းတွေ၊ ဘဏ်တွေ၊ ဆောက်လုပ်ရေးလုပ်ငန်းတွေကို တရှိန်ထိုးခုန်တက်သွားစေတာပါ။

                  အမေရိကန်တွေက ကျွန်တော်တို့ကိုညှာတာပြီး မြန်မာပြည်ကို စီးပွားရေးပိတ်ဆို့မှု လုပ်ပေးခဲ့တဲ့အတွက် ကံကောင်းသွားတာပါ။ ဒါကြောင့်လည်း အနောက်နိုင်ငံစီးပွားရေးလုပ်ငန်းများဟာ မြန်မာပြည်ထဲမှာ လုံးဝကို ရှိမနေခဲ့ဘူးလေ လို့ ထားဝယ်သုတေသနဌာနရဲ့ မန်နေဂျာ ဂျပန်လူမျိုး ရှီငဲတို အီနမိက ပြောပါတယ်။ ဒီဥာဏ်ကြီးရှင်များအဖွဲ့ဟာ မြန်မာပြည်ရဲ့ သေးငယ်လှတဲ့ စတော့ရှယ်ယာဈေးကွက်ကို ၂၀၁၅ မှာ အကြီးအကျယ်ပြောင်းပစ်ဖို့ စီစဉ်နေပါတယ်။

         အမေရိကန်နဲ့ အီးယူ သံတမာန်များကတော့ ဂျပန်က အခွင့်ကောင်းရသွားတယ်လို့ မမြင်ပါဘူးတဲ့။ ၀ါရှင်တန်က တိုကျိုအပါအ၀င် အားလုံးကို မြန်မာပြည်ကို ပြန်လည်ဝင်ရောက်ပြီး စီးပွားရေးမှာကူညီဖို့ မြန်မာအစိုးရရဲ့ ပြုပြင်ရေးသမားတွေကို ထောက်ပံ့ဖို့ တိုက်တွန်းနေခဲ့တာပါလို့ အမေရိကန်အစိုးရရဲ့ အကြီးတန်းတာဝန်ခံတဦးက ပြောပြပါတယ်။

          လက်တဆုပ်စာ အမေရိကန်စီးပွားရေးလုပ်ငန်းကြီးတွေဖြစ်တဲ့ ဂျီအီးနဲ့ ကိုကာကိုလာ ကုမ္ပဏီတွေကတော့ ပြန်ဝင်လာပါပြီ။ သီလ၀ါမှာဆိုရင် အနောက်နိုင်ငံလျှပ်စစ်ဖြန့်ဖြူးရေးလုပ်ငန်းများဖြစ်တဲ့ ဂျီအီးနဲ့ စီမန်း တို့အပြင် ဆောက်လုပ်ရေးလုပ်ငန်းကြီးဖြစ်တဲ့ ဘက်ခ်ျတယ်နှင့် ဘယ်လ်ဖိုး ဘက်တီ တို့ဟာ ဂျပန်များထံက ကန်ထရိုက်လုပ်ငန်းကို ခွဲဝေရရှိကြပါတယ်လို့ စီးပွားရေးဆိုင်ရာလေ့လာသူများက ပြောပါတယ်။

               ကျွန်တော်တို့ရဲ့ ပြိုင်ဘက်အများအပြားဟာ ဈေးကွက်ထဲမှာ နှစ်ပေါင်းများစွာရှိနှင့်နေကြတာမို့ ကျွန်တော်တို့ အတော်ကို နောက်ကျနေပါပြီလို့ အရှေ့တောင်အာရှဆိုင်ရာ အမေရိကန် ဦးဆောင်ညွှန်ကြားရေးမှုး ဂျွန် ဂိုယာကပြောပါတယ်။ ဒါပေမယ့်လည်း မြန်မာများက အမေရိကန်ကုမ္ပဏီများကို အလွန်လိုလားတယ်ဆိုတာကတော့ သိသာပါတယ် တဲ့။

 

မြန်မာပြည်အား ဈေးကွက်တင်ခြင်း

 

                  ဂျပန်များရဲ့ အလျင်စလို နိုင်မှုဟာ စွန့်စားမှုတွေများလှပါတယ်။ အမေရိကန်မှာ နာမည်ပျက်စာရင်းဝင်နေတဲ့ လက်ဝါးကြီးအုပ်စီးပွားရေးသမားနဲ့ အတူတွဲလုပ်ကိုင်ခြင်းဖြင့် ဂျပန်ကုမ္ပဏီများရဲ့ နာမည်ကောင်းကို ထိခိုက်နိုင်စရာအကြောင်းရှိပါတယ်။

                  ဂျပန်များရဲ့ ဧက ၅၉၃၀ အကျယ်အ၀န်းရှိတဲ့ သီလ၀ါအထူးစီးပွားရေးဇုံ တည်ဆောက်ရေးဟာ ပတ်ဝန်းကျင်မြေများမှာ အငြင်းပွားနေဆဲ ပိုင်ဆိုင်မှုပြသနာများကို မဖြေရှင်းရသေးခင်မှာ သဘောတူခဲ့ကြတာပါ။ အခုထိ သီလ၀ါမှာ ကွင်းပြင်ဟောင်းလောင်းကြီးဖြစ်နေပါသေးတယ်။ စပါးစိုက်ပျိုးတဲ့လယ်မြေတွေကို စက်ရုံတွေဆောက်ကြမှာပါ။ အလုပ်သမားများဟာ ရွှံ့မြေတွေကို ခြင်းနဲ့သယ်ကြပြီး ကားကြီးတွေနဲ့ ကျောက်ခဲတွေကို လမ်းဆိုးပေါ်ပုံချတုန်းပဲရှိပါသေးတယ်။

                     ကျွန်တော်တို့ရဲ့ အယ်ဒိုရာဒို(အာဖရိက တောနက်အတွင်းမှ မြို့အမည်) နယ်မြေသစ်မှ ကြိုဆိုပါတယ်လို့ ယခင်အစိုးရတာဝန်ရှိသူတဦးဖြစ်ပြီး အခုအခါမှာ နိုင်ငံခြားရင်းနှီးမြှပ်နှံသူတွေကို မြန်မာ့ဝန်ကြီးဌာနများနဲ့ ဆက်သွယ်ပေးနေသူက အစိမ်းရောင်လွင်ပြင်ထဲကားဖြတ်မောင်းရင်းနဲ့ ပြောပါတယ်။

                     ဂျပန်အမှုဆောင်အရာရှိများဟာ စွန့်စားခန်းတွေက များနေမှန်းသိကြပါတယ်။ အပေါ်ပိုင်းမှာ ပိုတောင်များပါသေးတယ်တဲ့။ အခုနေ ပြသနာစာရင်းကိုသာ ချရေးကြည့်မယ်ဆိုရင် စာကြောင်းရေ ၅၀-၆၀ လောက်ထွက်လာမှာပါ လို့ မာရူဘဲနိ ကော်ပိုရေးရှင်းရဲ့ အာရှနှင့် သမုဒ္ဒရာ စီမံကိန်းမန်နေဂျာ ယာဆုဟိရို မိုရိမိုတို ကပြောပါတယ်။ ဒါတောင်မှ သူကထပ်ပြောပါသေးတယ်။ ဖြစ်နိုင်ခြေရှိတဲ့ အကျိုးအမြတ်တွေက ကုန်သွယ်မှုကို ပျက်စီးနိုင်ခြေတွေထက် များပါတယ်တဲ့။

                    မြန်မာနိုင်ငံဟာ ဆုလာဒ်တခုလို့ မြင်ထားကြတာ ကြာပါပြီ။ မြေဧရိယာအားဖြင့် ဗြိတိန်နှင့်ပြင်သစ်နိုင်ငံပေါင်းထားသလောက် ကျယ်ပြောပါတယ်။ နယ်စပ်ခြင်းထိစပ်နေတာကလဲ ကမ္ဘာ့လူဦးရေရဲ့ ၄၀ ရာနှုန်းဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နှင့် ထိုင်း နိုင်ငံတွေနဲ့ပါ။ အိန္ဒိယသမုဒ္ဒရာနှင့် အက်ဒမန်ပင်လယ်ထဲကို သွားနိုင်မယ့် ဆိပ်ကမ်းတွေကလည်း ကမ္ဘာ့အလုပ်အများဆုံး သင်္ဘောလမ်းကြောင်းဖြစ်တဲ့ မလ္လကာရေလက်ကြားရဲ့ မြောက်ဘက်လေးတင်ရှိနေပါတယ်။

                      တရုတ်နိုင်ငံဟာ မြန်မာပြည်ရဲ့ အဓိက ထောက်ပံ့သူဖြစ်နေတုန်းပါပဲ။ ၂၀၁၁ ခုနှစ် မတ်လစာရင်းများအရ စွမ်းအင်ဆိုင်ရာရင်းနှီးမြှပ်နှံမှုတွေအပါအ၀င် တရုတ်နိုင်ငံက ၁၄ ဘီလီယံဒေါ်လာကျော်ဟာ မြန်မာနိုင်ငံမှာ စုစုပေါင်း နိုင်ငံခြားရင်းနှီးမှုများရဲ့ ၇၀% ရှိပါတယ်။ ဂျပန်နိုင်ငံကတော့ ၁၉၈၈-၂၀၁၁ အတွင်းမှာ ဒေါ်လာ၂၁၂ သန်းသာ မြှပ်နှံခဲ့ပါတယ်။

                    အခုတော့ ဂျပန်များ ရှပ်အင်္ကျီလက်ပင့်တင်လို့ ဟန်ပြင်နေကြပါပြီ။ ဒုတိယ ကမ္ဘာစစ်အတွင်းက ဂျပန်ကိုလိုနီဖြစ်ခဲ့တာတောင်မှ ယနေ့ ဂျပန် မြန်မာဆက်ဆံရေးဟာ မယုံနိုင်စရာ နွေးထွေးလွန်းလှပါတယ်။

                   ကမ္ဘာစစ်အပြီးမှာ ဂျပန်နိုင်ငံကို စစ်လျော်ကြေးတောင်းတဲ့နေရာမှာ  မြန်မာနိုင်ငံဟာ ပထမဆုံးသော အရှေ့တောင်အာရှနိုင်ငံဖြစ်ခဲ့ပါတယ်။ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဏာရှင်ဟောင်း ဦးနေ၀င်းတို့ဟာ ရဲဘော်သုံးကျိပ်အဖွဲ့ဝင်များ ဖြစ်ခဲ့ပြီး အင်္ဂလိပ်ကို ဆန့်ကျင်ဖို့ ဂျပန်နိုင်ငံမှာ သင်တန်းတက်ခဲ့ကြပါတယ်။

                မြန်မာတွေဟာ ဂျပန်နဲ့ဖြစ်ခဲ့တဲ့အတိတ်ဆိုးတွေကို ချန်ထားခဲ့ပြီး ဂျပန်ကွန်ဆာဗေးတစ်နိုင်ငံရေးသမားများကို ဖက်လှဲတကင်း ကြိုဆိုနေကြပါတယ်။ အနောက်နိုင်ငံများလိုမဟုတ်ပဲ ဂျပန်ဟာ ဘယ်တုန်းကမှ ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေးတွေကို ပိတ်ဆို့မှု မလုပ်ခဲ့ပါဘူး။ ဒါကြောင့်မို့လဲ ဂျပန်ကော်ပိုရေးရှင်းများဟာ မြန်မာပြည်ထဲမှာ ထင်ထင်ရှားရှားရှိနေခဲ့ပါတယ်။ ဘဏ်ကြီးတွေဖြစ်တဲ့ မီဆုဘီရှီ UFJ၊ Sumitomo Mitsui Financial and Mizuho Financial Group ရဲ့ရုံးခွဲတွေဟာ ဆုံချက်ကြီးတွေအဖြစ် ရန်ကုန်စီးပွားရေးနယ်မြေထဲမှာ ရှိနေခဲ့ပါတယ်။ ခိုင်မာတဲ့ ဂျပန်မြန်မာ ဆက်ဆံရေးကို ငွေပြန်ဖော်ဖို့ အချိန်ရောက်ပြီလို့ ထိပ်ပိုင်းဘဏ်အရာရှိက ပြောပါတယ်။

 

  တိုကျိုရဲ့ တာဝန်ခံ

 

                   တိုကျိုတာဝန်ခံ ၀ါတာနာဘဲဟာ သြဇာရှိအပေါင်းအသင်းများနှင့် နိုင်ငံရေးသြဇာထူထောင်ရာမှာ အစွမ်းထက်ခဲ့သူဖြစ်ပါတယ်။ မြန်မာနိုင်ငံအရေးဟာ သူ့အတွက် ဒုတိယမြောက် မှတ်တိုင်ပါ။ စစ်ပြီးစက ၀ါတာနာဘဲဟာ ၁၁ နှစ်သားပဲ ရှိပါသေးတယ်။ သူ့အကိုကြီးတယောက်ကတော့ ကာမီကာဇေ လေသူရဲကောင်းဖြစ်ခဲ့ပြိး အိုကီနာဝါကျွန်းတိုက်ပွဲမှာ ကျဆုံးခဲ့ပါတယ်။ ဒီအကြောင်းကို သူက မိန့်ခွန်းထဲမှာ တခါတလေ ထည့်ပြောတတ်ပါတယ်။ သူဟာ ကွန်ဆာဗေးတစ်နိုင်ငံရေးသမားဝါရင့်ကြီးဖြစ်ပြီး ၁၉၉၀ ခုနှစ်များမှာ ဂျပန်နိုင်ငံဆက်သွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ မြန်မာပြည်နဲ့ ပထမဆုံးပတ်သက်ခဲ့တာကတော့ ၁၉၈၇ ခုနှစ်မှာ စစ်အာဏာရှင် ဗိုလ်ချုပ်များကို တိုကျိုမှာ ဧည့်ခံခဲ့ရစဉ်ကပါ။ စစ်ဗိုလ်ချုပ်များက ကျောင်းသားများရဲ့ ဆန္ဒပြပွဲကို ဖြိုခွင်းခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်ချထားခဲ့ပေမယ့် ၂ နှစ် အတွင်းမှာပဲ နာကာဆိုနဲဟာ ၀ါတာနာဘဲကို မြန်မာပြည်နဲ့ တရားဝင်မဟုတ်သော ဆက်ဆံရေးများထူထောင်ဖို့ တိုက်တွန်းခဲ့ပါတယ်။

                       ၀ါတာနာဘဲရဲ့ အာဏာရှင်များကို ထောက်ခံမှုဟာ ဘယ်တုန်းကမှ တွေဝေယိမ်းယိုင်ခြင်းမရှိခဲ့ပါဘူး။ မြန်မာပြည်မှာတရားဥပဒေကိုထိန်းသိမ်းဖို့ စစ်အာဏာရှင်စနစ်ကလွဲပြီး တခြားရွေးစရာမရှိခဲ့ပါဘူး လို့ ရင်းနှီးမြှပ်နှံမှုများရရှိဖို့ သူကိုယ်တိုင်ထူထောင်ခဲ့တဲ့ ဂျပန်မြန်မာ ဖက်စပ်အဖွဲ့အစည်းရဲ့ website မှာ ရေးသားထားပါတယ်။ သူဟာ သမ္မတ ဦးသိန်းစိန်ကို ၁၉၉၆ ခုနှစ်က ရှမ်းပြည်နယ်ကို ဆေးရုံသုံးပစ္စည်းများပေးပို့တဲ့ လမ်းခရီးမှာ နယ်မြေခံ တပ်ရင်းမှူးအနေနဲ့ တွေ့ခဲ့ပါတယ်။ ဒီနောက်မှာ ဗိုလ်ချုပ်က သူ့ကို ဂေါက်ရိုက်ကစားဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

                       အဲဒီတချိန်ပဲ ပျော်စရာရှိခဲ့တာပါလို့ ၀ါတာနာဘဲက တွေ့ဆုံမေးမြန်းခန်းမှာ ပြောပါတယ်။ ဦးသိန်းစိန်ဟာ ဂေါက်သီးရိုက်တော်ပါတယ်။ စစ်ဝတ်စုံနဲ့ဆိုရင် ဦးသိန်းစိန်ဟာ တကယ်ကြည့်ကောင်းပါတယ် တဲ့။ ဒါဟာ လယ်သမားမိသားစုမှာ မွေးဖွားခဲ့ပြီး နှစ် ၄၀ လောက်စစ်မှုထမ်းခဲ့တဲ့ ဦးသိန်းစိန်အတွက် ပုံမှန်မှတ်ချက်တော့ မဟုတ်ပါဘူး။ ဦးသိန်းစိန်ဟာ ၂၀၀၇ ခုနှစ်မှာ ၀န်ကြီးချုပ်အဖြစ်ခန့်အပ်ခြင်း ခံခဲ့ရပါတယ်။ စာဂျပိုးပုံပေါက်နေတဲ့ ဗိုလ်ချုပ်ဟာ စစ်တပ်က အစိုးရထဲမှာ နေရာရဖို့ အာမခံခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲအပြီးမှာ ပထမဆုံးအရပ်သား သမ္မတဖြစ်လာခဲ့ပါတယ်။

 

သံတမာန်ဆက်ဆံရေး ပျက်ပြားမှု

 

                      ၀ါတာနာဘဲရဲ့ စိတ်ကြိုက်ဆက်ဆံမှုတွေဟာ တခါတလေမှာ ဂျပန်နိုင်ငံခြားရေးဌာနကို ကမောက်ကမ ဖြစ်စေတတ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၁ ရက်နေ့က ဂျပန်နိုင်ငံခြားရေးဝန်ကြီး ကိုအိချိရို ဂမ်းဘဟာ မြန်မာနိုင်ငံခြားရေးဝန်ကြီးကို ညစာဖိတ်ကျွေးခဲ့ပါတယ်။ ဒါဟာ ၁၆ နှစ်အတွင်းမှာ ပထမဆုံးအဖြစ် နှစ်နိုင်ငံထိပ်ပိုင်း သံအရာရှိများတွေ့ဆုံခဲ့တာဖြစ်ပါတယ်။ ဂမ်းဘက မြန်မာပြည်ဟာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွေကို ဆက်လက်လုပ်ဆောင်သွားမယ်ဆိုရင် ဂျပန်က ရင်းနှီးမြှပ်နှံမှုအသစ်တွေလုပ်ပါမယ်လို့ ကတိပြုခဲ့ပါတယ်။ အဲဒီညမှာပဲ နေပြည်တော်မှာ ၀ါတာနာဘဲကို သမ္မတဦးသိန်းစိန်က မြေပုံထုတ်ပြခဲ့တာပါ။ ဒါပေမယ့် ၀ါရင့် အာဏာပွဲစားကြီးကတော့ နှစ်နိုင်ငံချစ်ကြည်ရေးအတွက် လုံးဝကွဲပြားတဲ့ တုန့်ပြန်မှုကို ပေးခဲ့ပါတယ်။

                          သမ္မတသစ်က ၀ါတာနာဘဲကို ထိုင်းတွေ မရူနိုင်မကယ်နိုင်ဖြစ်နေတဲ့ ထားဝယ်မှာ စီးပွားရေးဇုံဆောက်ဖို့ ပြောခဲ့ပါတယ်။ဦးသိန်းစိန်ဟာ တရုတ်ပြည်က ထောက်ပံ့ပေးနေတဲ့ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကိုလည်း ပြည်သူတွေရဲ့တောင်းဆိုမှုကြောင့် ရပ်ဆိုင်းပေးခဲ့ပါတယ်။ ဒါကလည်း ဂျပန်တွေအတွက် တံခါးပွင့်သလိုဖြစ်စေပါတယ်။

                        ဦးသိန်းစိန်က ၀ါတာနာဘဲစံ - မင်းကိုပေးစရာတခုရှိတယ် လို့ပြောခဲ့ပါတယ်။ သူ့ရဲ့ အတွင်းရေးမှုးကို စာရွက်စာတမ်းတွေယူလာဖို့ ပြောလိုက်ပါတယ်။ ဒါဟာ သီလ၀ါစီမံကိန်း ဘယ်လိုဖြစ်လာသလဲဆိုတာပါပဲလို့ ၀ါတာနာဘဲက ပြန်ပြောပြပါတယ်။ တိုကျိုမှာရှိတဲ့ မြန်မာသံရုံးနဲ့ နေပြည်တော်သမ္မတရုံးကတော့ ဦးသိန်းစိန်ဟာ ၀ါတာနာဘဲနဲ့တွေ့ဆုံခဲ့ခြင်းအပေါ် နှုတ်ဆိတ်နေပါတယ်။ ၂၀၁၁ အောက်တိုဘာမှာ တိုကျိုကို အစည်းအဝေးတက်ဖို့ ပြန်လာတဲ့ဝါတာနာဘဲက နိုင်ငံခြားရေးဝန်ကြီး ဂမ်းဘနဲ့ အဆက်အသွယ်ရှိပါတယ်တဲ့။ ကျွန်တော်က ဂမ်းဘကို နှစ်မကုန်ခင် မြန်မာပြည်ကို သွားရောက်ပြီး သီလ၀ါစီမံကိန်းကို လုပ်ဖို့နီးစပ်နေကြောင်း ပြပါလို့ ပြောလိုက်ပါတယ်။ သူဒီလိုမလုပ်ခဲ့ဘူးဆိုရင် ဒါဟာ နှစ်ဘက်အစိုးရပိုင်းရဲ့ တရားဝင်စီမံကိန်းဘယ်ဟုတ်ပါ့မလဲ တဲ့။

                     ဂမ်းဘကို ဖိအားပေးဖို့အတွက် ၀ါတာနာဘဲဟာ ကုန်သွယ်ရေးဝန်ကြီး ယူကီအို အဒါနို နဲ့ ဒီမိုကရက်ပါတီမှာ သြဇာရှိတဲ့နိုင်ငံရေးသမား ယိုရှီတို စန်ဂိုကုတို့ကိုလည်း မြန်မာနိုင်ငံကို မြန်နိုင်သမျှ မြန်မြန်သွားဖို့ တိုက်တွန်းခဲ့ပါတယ်။ ပြီးတော့ ကျွန်တော်က နိုင်ငံခြားရေးဝန်ကြီးဌာနကိုသွားပြီးတော့ အဒါနိုက မြန်မာပြည်ကို သွားရောက်ဖို့ ကတိပေးလိုက်ပြီလို့ ပြောလိုက်ပါတယ်။ ကုန်သွယ်ရေးဝန်ကြီးက နိုင်ငံခြားရေးဝန်ကြီးထက်အရင်ရောက်သွားတယ်ဆိုရင် ဂမ်းဘက မျက်နှာပျက်ရပါတော့မယ်။ ဒါကြောင့်လည်း ဒီဇင်ဘာလထဲမှာ မြန်မာပြည်ကို သူရောက်သွားတာပေါ့တဲ့။

 

အကြွေးများ လျှော်ပစ်ခြင်း

 

                 မတ်လထဲမှာ ၀ါတာနာဘဲဟာ ဂျပန်မြန်မာ ဖက်စပ်အဖွဲ့ကို ထူထောင်ခဲ့ပါတယ်။ အဖွဲ့ဝင်တွေကတော့ နာကာဆိုနဲနဲ့ တရုတ်ပြည်ကို ဖိအားပေးရာမှာ နာမည်ကြီးခဲ့တဲ့ ၀န်ကြီးချုပ်ဟောင်း တာရို အစို တို့ဖြစ်ကြပါတယ်။ ဒီအဖွဲ့မှာ အငြိမ်းစား အစိုးရအဖွဲ့ဝင်များနဲ့ ကုန်သွယ်ရေးလုပ်ငန်းကြီးများဖြစ်တဲ့ မာရူဘဲနိ နဲ့ မစ်ဆူဘီရှီ ကော်ပိုရေးရှင်းတွေက အုပ်ချုပ်သူများပါဝင်ပါတယ်။ ဒီအဖွဲ့ဟာ အထောက်အပံ့တွေပေးအပ်ရာမှာ ထိထိရောက်ရောက်ပုံဖော်နိုင်အောင် တနွေလုံးလုပ်ဆောင်ခဲ့ကြပါတယ်။

                 ၀ါတာနာဘဲက အကြွေးတွေလျှော်ပစ်ဖို့ကိုလည်း ဘဏ္ဍာရေးဝန်ကြီးဌာန အဆက်အသွယ်တွေကို သုံးပြီးလုပ်ပေးခဲ့ပါတယ်။ ဧပြီလ ၂၁ ရက်နေ့ - နေပြည်တော် ညစာစားပွဲအပြီး ၆ လ အကြာမှာ ဘဏ္ဍာရေးဝန်ကြီးဌာနက အကြွေးတွေရဲ့ ၆၀%ကို လျှော်ပေးခဲ့ပါတယ်။ ၀ါတာနာဘဲက သူ့အနေနဲ့ အကုန်လုံးတောင်လျှော်ပစ်ဖို့တိုက်တွန်းခဲ့တာပါတဲ့။ ဒါပေမယ့် ပဲရစ်အဖွဲ့ဝင် အကြွေးရှင်နိုင်ငံများက တင်းခံနေခဲ့လို့ပါ တဲ့။

 

               ဒီအထောက်အပံ့တွေပေးတဲ့အထဲမှာ ပါဝင်ဆောင်ရွက်သူများက တိုကျိုဟာ အကြွေး ၃.၇ ဘီလီယံဒေါ်

လာကို ချေပစ်ပြီး  ကမ္ဘာ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးရေးဘဏ်များက အကြွေးတွေကို ပြန်ဆပ်ဖို့ ဒေါ်လာသန်း ၉၀၀ ကိုလည်း တိုကျိုမီဆုဘီရှီ UFJ ဘဏ်ကတဆင့် ထပ်ချေးဦးမှာတဲ့။ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ က တာဝန်ရှိသူတွေဟာ ဂျပန်ရဲ့ လျှင်မြန်နှုန်းကို အံ့သြသွားကြပါတယ်လို့ ဆွေးနွေးပွဲမှာ ပါဝင်ခဲ့တဲ့ ဂျပန်အစိုးရအဖွဲ့ဝင်တဦးက ပြောပါတယ်။ သူတို့ဒါမျိုး တခါမှ မမြင်ဖူးဘူးလို့လည်း ပြောလိုက်ပါသေးတယ်တဲ့။

                   ဂျပန်ကကြွေးတွေလျော်ပစ်တာဟာ မြန်မာပြည်ကို ပြုပြင်ပြောင်းလဲစေဖို့ အဓိကနည်းလမ်းအဖြစ်သုံးခဲ့တာမို့ တခြားအလှုရှင်ထပ်ရှာဖို့ ခက်ခဲနေပါတယ်။ ဒါကြောင့်လည်း တခြားပါတီများကို ဖိတ်ခေါ်ပြီး ဒီကိစ္စကို ရှေ့အပတ်မှာ ဆွေးနွေးကြပါလိမ့်မယ်။

 

အမည်ပျက်စာရင်းဝင် လက်ဝါးကြီးအုပ် စီးပွားရေးသမားများ

 

                         မတ်လမှာ တိုကျိုနိုင်ငံရေးသမားများဟာ အမေရိကန်က နာမည်ပျက်စာရင်းသွင်းထားတဲ့ စီးပွားရေးလုပ်ငန်းရှင် ဦးဝင်းအောင်နှင့် လက်တွဲခဲ့ပါတယ်။ မြန်မာလုပ်ငန်းရှင်ဟာ ဂျပန်မြန်မာ ဖက်စပ်အဖွဲ့ထူထောင်တဲ့ပွဲမှာ အဖွင့်မိန့်ခွန်းပြောဖို့ ဂျပန်ကိုလာရောက်ခဲ့ပါတယ်။ သူဟာ အိဒါနို၊ ဆန်ဂိုကူ၊ နာကာဆိုနဲ တို့နဲ့ အနီးကပ်ဆုံတွေ့ခဲ့ပါတယ်။ စက်မှုနိုင်ငံထူထောင်ဖို့ဟာ မြန်မာနိုင်ငံဖွံ့ဖြိုးရေးအတွက် အရေးကြီးပါတယ်လို့ ဦးဝင်းအောင်က ပြောပါတယ်။ ဒါကြောင့်လည်း ကျွန်တော်ဟာ ၀န်ကြီးအိဒါနို ရဲ့ သီလ၀ါစီမံကိန်းအပေါ် ထောက်ပံ့မှုကို အလွန်အမင်းဝမ်းသာပါတယ် တဲ့။

                    ဦးဝင်းအောင်ဟာ ဒဂုံ ကုမ္ပဏီကိုပိုင်ဆိုင်ပြီး မြန်မာနိုင်ငံစီးပွားရေးလုပ်ငန်းရှင်များအသင်းမှာ ဦးဆောင်သူဖြစ်ပါတယ်။ သူ့ရဲ့ဆောက်လုပ်ရေးလုပ်ငန်းဟာ နေပြည်တော်တည်ဆောက်ရေးမှာ လုပ်ကိုင်ခွင့်ရခဲ့တဲ့ လုပ်ငန်း ၈ ခုထဲက တခုဖြစ်ပါတယ်။ ၀ီကီလိခ်မှာ ထုတ်ပြန်ခဲ့တဲ့ အမေရိကန်သံတမာန်များရဲ့ လျို့ဝှက်သတင်းအရ သူဟာ စစ်တပ်အဆက်အသွယ်တွေရဲ့ အကူအညီနဲ့ တားမြစ်ဒေသတွေက ကျွန်းသစ်တွေကို နိုင်ငံခြားတင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ဦးဝင်းအောင်ဟာ ဒီကိစ္စကို မှတ်ချက်ပေးဖို့ email မှတဆင့်တောင်းဆိုပေမယ့် အကြောင်းမပြန်ပါဘူး။ သူဟာ အမေရိကန်ရဲ့ တားမြစ်ထားတဲ့ နာမည်ပျက်စာရင်းမှာ ပါဝင်နေတာကြောင့် အမေရိကန်များဟာ သူနဲ့အတူလုပ်ငန်းလုပ်ကိုင်ခွင့် မရှိပါဘူး။ ဦးဝင်းအောင်ဟာ သီလ၀ါဆောက်လုပ်ရေးမှာ မြန်မာနိုင်ငံဘက်ခြမ်းက ဘယ်သူပါဝင်ခွင့်ရမလဲဆိုတာကို ဆုံးဖြတ်ပေးမယ့်လူဖြစ်ပါတယ်။

                    ဆွေးနွေးပွဲတွေမှာ ပါဝင်ခဲ့သူတဦးရဲ့ အဆိုအရတော့ ဦးဇော်ဇော်ပါဝင်ခွင့်ရလိမ့်မယ်လို့ သိရပါတယ်။ ဦးဇော်ဇော်ဟာ စက်မှုလုပ်ငန်းရှင်ဖြစ်ပြီး အာဏာရှင်များနဲ့နီးစပ်သူလည်းဖြစ်ပါတယ်။ သူ့ရဲ့လုပ်ငန်းများဟာ ကျွန်းသစ်၊ ရာဘာစိုက်ပျိုးရေးများ နှင့် ဆောက်လုပ်ရေးလုပ်ငန်းများအထိ ကျယ်ပြန့်ပါတယ်။ သူဟာလည်း အမေရိကန်နာမည်ပျက်စာရင်းဝင်ပဲ ဖြစ်ပါတယ်။ ဦးဇော်ဇော်ဟာ ဂျပန်ကားဟောင်းများ တင်သွင်းခြင်းဖြင့် ချမ်းသာလာခဲ့ပြီး သူ့ရဲ့ Max-Myanmar တံဆိပ်တပ်ထားတဲ့ ထရပ်ကားတွေ ကို သီလ၀ါဒေသမှာ မြင်နေကြရပြီ ဖြစ်ပါတယ်။

 

  ဒေါ်အောင်ဆန်းစုကြည်ကို စည်းရုံးထားခြင်း

 

                        နိပွန်ဖောင်ဒေးရှင်းကို ပိုင်ဆိုင်တဲ့ ယိုဟေးအိ ဆာဆာကာဝါဟာလည်း ၀ါတာနာဘဲရဲ့ မြန်မာဖွင့်ပွဲကို ကူညီခဲ့ပါတယ်။ ဖောင်ဒေးရှင်းကို စစ်ပြီးခေတ်ဂျပန်မှာ သြဇာကြီးပြီး အရှည်မျှော်တွေးတတ်တဲ့ နိုင်ငံရေးဆရာကြီး ဖြစ်ခဲ့သူ ဆာဆာကာဝါရဲ့ ဖခင်ကထူထောင်ခဲ့တာဖြစ်ပါတယ်။ ဆာဆာကာဝါက မြန်မာပြည်ကို စိတ်ဝင်စားနေတာကြာခဲ့ပါပြီ။ သူဟာ ၀ါတာနာဘီ၊ ဆန်ဂိုကုတို့နဲ့အတူ သီလ၀ါကိစ္စကို ဦးသိန်းစိန်နဲ့ ဂျုလိုင်လအတွင်းက ထပ်မံညှိနှိုင်းပွဲမှာ ပါဝင်ခဲ့ပါတယ်။ ဒီနေရာမှာ ဆာဆာကာဝါက အာဏာရှင်လက်ထက်မှာ နှစ်ပေါင်းများစွာ တိုက်ပွဲဖြစ်နေခဲ့တဲ့ လူနည်းစုတိုင်းရင်းသားများဒေသမှာ အထောက်အပံ့အကူအညီတွေ ပေးဖို့ကမ်းလှမ်းခဲ့ပါတယ်။ ဒီလူနည်းစုတွေဟာ အစိုးရသစ်က ငြိမ်းချမ်းရေးကို ရည်ရွယ်ကြောင်း နားလည်ဖို့လိုမယ်လို့ သူကပြောပါတယ်။ တိုက်ပွဲဖြစ်နေတဲ့ ဒေသတွေဟာ ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပနိုင်ခြင်းမရှိခဲ့ပါဘူး။

                 နှစ်နိုင်ငံသဘောတူညီချက်များကို သြဂုတ်လအတွင်းမှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ မြန်မာဘက်က ဦးဝင်းအောင်ကဦးဆောင်ပြီး စက်မှုဇုံကို အကောင်အထည်ဖော်နေပြီး ဂျပန်ဖက်ကတော့ infrastructures များကို အကြမ်းရေးဆွဲနေပါပြီ။

                    ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီကတော့ စစ်တပ်ကကျောထောက်နောက်ခံပေးထားတဲ့အစိုးရနဲ့ ဒီလိုရင်းနှီးမြှပ်နှံမှုတွေလုပ်ကိုင်တဲ့အပေါ် မစိုးရိမ်ပါဘူးတဲ့။ ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်မှာတောင် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုဥပဒေကို ထောက်ခံတဲ့အပြင် အနောက်နိုင်ငံများကိုလည်း ပိတ်ဆို့မှုတွေ ရုတ်သိမ်းဖို့ကို တောင်းဆိုနေပါပြီ။

                  ပါတီရဲ့ဗဟိုကော်မတီဝင်ဖြစ်သူ ဦးဟန်သာမြင့်က ကျွန်တော်တို့ လုံးဝမစိုးရိမ်ပါဘူး။ အရေးကြီးတာက ဒီရင်းနှီးမြှပ်နှံမှုတွေနဲ့ အကူအညီတွေဟာ ပြည်သူတွေအတွက် အကျိုးရှိ မရှိဆိုတာပါပဲ တဲ့။ အာဏာရှင်ဟောင်းများနဲ့လက်တွဲခဲ့တဲ့ လက်ဝါးကြိးအုပ်စီးပွားရေးသမားများနဲ့ သီလ၀ါစီမံကိန်းမှာ ပူးပေါင်းဆောင်ရွက်မှုကြောင့် ဂျပန်ကုမ္ပဏီများလည်း နာမည်ပျက်ကိန်းရှိနေတာကို ဂျပန်ကုန်သွယ်ရေးဝန်ကြီးဌာနကတော့ ဘာမှတ်ချက်မှ ချမှာမဟုတ်ပါဘူး။

                 သီလ၀ါဖွံ့ဖြိုးရေးစီမံကိန်းဟာ မြန်မာအစိုးရဖက်က စတင်ကမ်းလှမ်းခဲ့ပြီး နှစ်ဖက်အစိုးရများက စဉ်းစားဆဲဖြစ်ပါတယ်။ ဂျပန်မြန်မာ ပူးပေါင်းဆောင်ရွက်မှုကို ဆုံးဖြတ်ချက်အတိအကျ ချမှတ်နိုင်ခြင်းမရှိသေးပါဘူး လို့ ၀န်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ အဆာဂိ ဆာကာအိက ဆိုပါတယ်။

                    တိုကျိုရုံးခန်းမှာတော့ မြန်မာပြည်မှာ စောစီးစွာ ၀င်ရောက်ရင်းနှီးမြှပ်နှံမယ့်သူများအနေဖြင့် ကြုံနိုင်ချေရှိတဲ့ ဆုံးရှူံးမှုများအကြောင်းကို မေးတော့ ၀ါတာနာဘဲက ပုခုန်းတွန့်ပြပါတယ်။ ဒီလိုစိုးရိမ်နေတဲ့ ကုမ္မဏီရှိနေတယ်ဆိုရင် ဂျပန်မှာနေခဲ့ပေါ့။ ဒါ သူတို့ဘာသာ ရွေးရမှာပဲ တဲ့။

                  ( အန်တိုနီ စလိုကော့စကီးရေးသားပြီး ဂျေဆန်ဇွိ နှင့် အောင်လှထွန်း (ရန်ကုန်)၊ ဆီဘရှန် မိုဖက် ( ဘရာဇီး)၊ အန်ဒရူးကွင်း (၀ါရှင်တန်)၊ မာတင်ပက်တီ (ဘန်ကောက်) တို့ ပူးပေါင်းတင်ပြသည်။ ကီဗင်ကရိုလစ်ကီ၊ ဘေလ်တာရန့်၊ မိုက်ကယ်ဝီလီယံ တို့မှ တည်းဖြတ်သည်။)

News from :Thanda Win 
Post By : Aye Chan Mon
1999 ခုနှစ်တုန်းက ဆရာကြီး ဦးစောဆိုင်မွန်သာက ပြောပြခဲ့တာ။ ကုလားတွေဟာ တရုတ်ကိုကြောက်တယ်တဲ့။ တရုတ်တွေကတော့ ဂျပန်ကိုကြောက်ပါတယ်တဲ့။ ဘာလို့လဲဆရာလို့ မေးတော့ က
ုလားတွေ ရပ်ကွက်ထဲ တရုတ်ဝင်လာရင် ရှိသမျှစီးပွားရေး သိမ်းသွားတာပဲတဲ့။ အဲဒီလိုပဲ ဂျပန်ဝင်လာရင် တရုတ်တွေ ပြေးရတာပဲတဲ့။ ဘာနဲ့ ဆိုင်သလဲဆိုတော့ Neuro surgeon (ဦးဏှောက်နှင့် အာရုံကြောဆိုင်ရာ ခွဲစိတ်အထူးကုဆရာဝန်) ပီပီ ဖြေပါတယ်။ Frontal Lobe ( ဦးဏှောက်ရှေ့ဆုံးပိုင်း ဧရိယာ) အကြီး အသေးနဲ့ ဆိုင်ပါတယ်တဲ့။ အဲဒီတုန်းက ကိုယ့်ခေါင်းကို အသာပြန်စမ်းမိသေးတယ်။ အခုတော့လဲ သိနေပြီမို့ မလိုတော့ပါဘူး။

European တွေရဲ့ အပြောတခုလည်း ဖတ်ဖူးသေးတယ်။ ငါတို့က မျိုးဆက်တဆက်စာပဲ စဉ်းစားတာ၊ ဂျပန်တွေကတော့ မျိုးဆက် ၃ ဆက်စာစဉ်းစားတာ။ ဒါကြောင့်လဲ ငါတို့ကိုကျော်ပြီး နံပါတ် ၃ နေရာကို မျိုးဆက်တခုအတွင်းမှာ ရသွားတာပေါ့တဲ့။

လူထုပုံရိပ် ဂျာနင်၊ အတွဲ(၁)၊ အမှတ်(၁)ပါ မောင်ဝင်းသူအား အတင်းအကြပ် တပ်မတော်တွင်းသို့ဝင် ရောက် ရန်ခြိမ်းခြောက်သူအား ဖော်ထုတ်ဖမ်းဆီးရမိ

Photo: လူထုပုံရိပ် ဂျာနင်၊ အတွဲ(၁)၊ အမှတ်(၁)ပါ မောင်ဝင်းသူအား အတင်းအကြပ် တပ်မတော်တွင်းသို့ဝင် ရောက် ရန်ခြိမ်းခြောက်သူအား ဖော်ထုတ်ဖမ်းဆီးရမိ 

၂၀၁၂ခုနှစ် စက်တင်ဘာလ ၂၈ ရက်တွင် ထုတ်ဝေသည့် လူထုပုံရိပ်ဂျာနယ်၊ အတွဲ(၁)၊ အမှတ်(၁)၊ စာမျက်နှာ(၁၉)တွင် မေးမြန်းသူ တင်မောင်ထွေး၏ ''မီးရထားလာနေသော သံလမ်းပေါ် ကိုယ်တုံးလုံးချွတ် ဝမ်းလျားမှောက် ခိုင်းပြီး အဓမ္မစစ်ထဲဝင်ရန် စေခိုင်းရသော လူငယ်တစ်ဦးနှင့် တွေ့ဆုံခြင်း'' တွင်ပါဝင်သည့် ဖြစ်စဉ်၌ ပါဝင်ကျူးလွန်သူ များအား တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းရှာဖွေခဲ့ရာ ဖြစ်စဉ်တွင် ပါဝင်သည့် အညာသား(ခေါ်) ချစ်ကိုထွန်း(ခေါ်) သန်းထိုက်ငြိမ်းအား ၂၀၁၂ခုနှစ် စက်တင်ဘာလ ၈ ရက်တွင် ဖမ်းဆီးရမိခဲ့သည်။

တပ်မတော်အနေဖြင့် ILO, UNICEF,World Vision, UNDP, UNHCR, UNOCHA, Save The Children တို့ပါဝင်ဖွဲ့ စည်းထားသည့် CTFMR အဖွဲ့နှင့် ''အရွယ်မရောက်သေးသည့် ကလေးလူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးရေကော်မတီ" ပူးပေါင်း၍ တပ်သားသစ် စုဆောင်းရေးနှင့် အဓမ္မလုပ်အားပေး ဆောင်ရွက်မှု မရှိစေရေးကို သတ်မှတ် စည်းမျဉ်းများနှင့် အညီ တိကျစွာ ပူးပေါင်းဆောင်ရ...ွက် လျက်ရှိသည်။

အထက်ပါဖြစ်စဉ်တွင် ခြိမ်းခြောက်ခံရသူ မောင်းဝင်းသူသည် ၂၀၁၂ခုနှစ် စက်တင်ဘာလ ၂၁ ရက် ၀၈၀၀ နာရီ၌ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ သာယာကုန်း ရပ်ကွက် NLD ပါတီရုံးသို့ တိုင်ကြားရာ ရုံးတာဝန်ခံ အောင်ငြိမ်းချမ်းမှစီမန်ပေးမှုဖြင့် NLD ရုံးချုပ်၏ ရှေ့နေ သက်ဝေ(ခေါ်) ပေါက်စနေအိမ်၌ စက်တင်ဘာလ ၂၃ ရက် ၁၀၀၀ နာရီ မှ ၁၂၀၀ နာရီ၊ ၁၃၀၀ နာရီမှ ၁၄၀၀ နာရီထိ ရန်ကုန်တိုင်း(မ်)၊ ဗီးနပ်၊ လူထုပုံရိပ်၊ ဒီဗွီဘီဂျာနယ်များနှင့် သက်ဝေ (ခေါ်) ပေါက်စမှ တွေ့ဆုံပေးခဲ့ကြောင်း၊ ၎င်းနေ့ ၁၅၀၀ နာရီတွင် ILO ရုံးသို့ သွားရောက်တိုင်ကြားရာ ILO ရုံးတာဝန် ရှိသူ ၁ ဦးမှ စစ်တပ်ထဲ အမှန်တစ်ကယ် မ၀င်ရောက်ခဲ့သေးသည့်အတွက် အရေးယူ၍ မရကြောင်း ပြန်ကြားခဲ့သည်ဟု ဖော်ထုတ်ရှိရပါသည်။

အညာသား (ခေါ်) သန်းထိုက်ငြိမ်း၏ ထွက်ဆိုချက်နှင့် မောင်ဝင်းသူ၏ ပြောကြားချက် တိုက်ဆိုင်စိစစ်ရာ မောင်ဝင်းသူမှ သြဂုတ်လ ၂၁ ရက်နေ့ နံနက် ၀၄၃၀ နာနရီတွင် သူငယ်ချင်းတစ်ယောက်နှင့် ရထားစောင့် ဆိုင်းနေကြောင်း ထွက်ဆိုခဲ့သော်လည်း အညာသားမှ သြဂုတ်လ ၂၀ ရက် ည ၁၁ နာရီခန့်က ပုဇွန်တောင် ဘူတာအကျော် ဂုံးကျော်တံတားအောက်တွင် အမျိုးသမီးတစ်ဥိးနှင့် မဖွယ်မရာပြုလုပ်နေသူ မောင်ဝင်းသူ အား တွေ့ရှိကြောင်း ထွက်ဆိုချက် ၂ ခုမှာ ကွဲလွဲထွက်ဆိုထားကြောင်း ဖော်ထုတ် ရရှိပါသည်။

အထက်ဖော်ပြချက်များအရ လူထုပုံရိပ်ဂျာနယ်၊ အတွဲ(၁)၊ အမှတ်(၁)ပါ တင်မောင်ထွေးဆိုသူ၏ ဖော်ပြချက်များမှာ တပ်မတော်နှင့် သက်ဆိုင်ခြင်း မရှိသော ဒုစရိုက်မှုကျူးလွန်သည့် အရပ်သားတစ်စု၏ ဆောင်ရွက်ချက် သာဖြစ်ကြောင်း၊ ဖြစ်စဉ်တွင်ပါဝင်ပြီး ဖမ်းဆီးရမိ အညာသား(ခေါ်) သန်းထိုက်ငြိမ်းအား တရားဥပဒေနှင့် အညီ အရေးယူသွားမည်ဖြစ် ပြီး ကျန်တရားခံ ၂ ဦးဖြစ်သည့် ကတုံးနှင့် အပုလေးတို့အား ဖော်ထုတ် ဖမ်းဆီးရမိ အရေး ဆောင်ရွက်ဆဲဖြစ်ကြောင်း သတင်းရရှိ ပါသည်။

News from : မြ၀တီ
Post By : Aye Chan Mon
၂၀၁၂ခုနှစ် စက်တင်ဘာလ ၂၈ ရက်တွင် ထုတ်ဝေသည့် လူထုပုံရိပ်ဂျာနယ်၊ အတွဲ(၁)၊ အမှတ်(၁)၊ စာမျက်နှာ(၁၉)တွင် မေးမြန
်းသူ တင်မောင်ထွေး၏ ''မီးရထားလာနေသော သံလမ်းပေါ် ကိုယ်တုံးလုံးချွတ် ဝမ်းလျားမှောက် ခိုင်းပြီး အဓမ္မစစ်ထဲဝင်ရန် စေခိုင်းရသော လူငယ်တစ်ဦးနှင့် တွေ့ဆုံခြင်း'' တွင်ပါဝင်သည့် ဖြစ်စဉ်၌ ပါဝင်ကျူးလွန်သူ များအား တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းရှာဖွေခဲ့ရာ ဖြစ်စဉ်တွင် ပါဝင်သည့် အညာသား(ခေါ်) ချစ်ကိုထွန်း(ခေါ်) သန်းထိုက်ငြိမ်းအား ၂၀၁၂ခုနှစ် စက်တင်ဘာလ ၈ ရက်တွင် ဖမ်းဆီးရမိခဲ့သည်။

တပ်မတော်အနေဖြင့် ILO, UNICEF,World Vision, UNDP, UNHCR, UNOCHA, Save The Children တို့ပါဝင်ဖွဲ့ စည်းထားသည့် CTFMR အဖွဲ့နှင့် ''အရွယ်မရောက်သေးသည့် ကလေးလူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးရေကော်မတီ" ပူးပေါင်း၍ တပ်သားသစ် စုဆောင်းရေးနှင့် အဓမ္မလုပ်အားပေး ဆောင်ရွက်မှု မရှိစေရေးကို သတ်မှတ် စည်းမျဉ်းများနှင့် အညီ တိကျစွာ ပူးပေါင်းဆောင်ရ...ွက် လျက်ရှိသည်။

တရုတ်တွင် မြေပြိုမှုကြောင့် မူလတန်းကျောင်းသား ၁၈ ဦးသေဆုံး

Photo: တရုတ်တွင် မြေပြိုမှုကြောင့် မူလတန်းကျောင်းသား ၁၈ ဦးသေဆုံး
 
Sunday, 07 October 2012

တရုတ်နိုင်ငံအနောက်တောင်ပိုင်းတွင် မြေပြိုမှုဖြစ်ပွားခဲ့ပြီး မူလတန်းကျောင်းသား ၁၈ ဦးနှင့် ရွာသားတစ်ဦးတို့မှာ ပြိုကျခဲ့သောမြေများအောက်၌ ပိတ်မိခဲ့ရာ မူလတန်းကျောင်းသား 
၁၈ ဦးစလုံး သေဆုံးခဲ့ပြီး ရွာသားမှာပျောက်ဆုံးလျက်ရှိသည်။
...
ရက်ပေါင်းများစွာမိုးရွာသွန်းပြီးနောက် မြေပြိုမှုဖြစ်ပွားခဲ့ရာ ယူနန်ပြည်နယ်ရှိ ကျောင်းတစ်ကျောင်းနှင့် အိမ်နှစ်လုံးမြေမြုပ်ခဲ့သည်။ ကယ်ဆယ်ရေးလုပ်သားများက အလျင် အမြန်ရှာဖွေခဲ့သော်လည်း
သေဆုံးသူများကိုသာ တွေ့ခဲ့ရသည်။

မပြိုမှုဖြစ်ပွားခဲ့ရာ ယီလျန်ခရိုင်တွင် စက်တင်ဘာလ ၇ ရက်နေ့ကလည်း ငလျင်ဆက်တိုက်လှုပ်ခတ်မှုများကြောင့် လူ ၈၀ ကျော်သေဆုံးပြီး ဒဏ်ရာရသူ ၁၀၀ ကျော်ရှိခဲ့သည်။

အာဏာပိုင်များသည်ငလျင်လှုပ်ပြီးစအချိန်တွင် ကျောင်းပြန်တက်ခွင့်ပေးခြင်းအပေါ် ဝေဖန်မှုများနှင့်ရင်ဆိုင်နေရသည်။

မြေပြိုမှုဖြစ်ပွားရာနေရာသို့ စစ်တပ်ကယ်ဆယ်ရေးတပ်ဖွဲ့မှစစ်သား ၅၀ စေလွှတ်လိုက်သော်လည်း ရောက်သွားချိန်တွင် တောင်တစ်ခြမ်း
သည်ပြိုကျသွားပြီး မူလတန်းကျောင်း လည်းမြေမြုပ်နေပြီဖြစ်ကြောင်း ယီလျန်ခရိုင်ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မြေပြိုမှုနှင့်ပတ်သက်ပြီး ယင်းဒေသရှိပညာရေးကော်မရှင်သို့ စီအင်န်အင်န်သတင်းဌာနက ဆက်သွယ်မေးမြန်းကြည့်ရာ ဖုန်းကိုင်သူအမျိုးသမီးက မီဒီယာများကိုဖြေကြားခြင်းသည် ကယ်ဆယ်ရေးလုပ်ငန်းများကို ထိခိုက်စေသည်ဟုပြောပြီး မဖြေကြားခဲ့ပေ။ 

Ref:AFP,CNN

News from : Eleven Media Group
Post By : Aye Chan Mon
တရုတ်နိုင်ငံအနောက်တောင်ပိုင်းတွင် မြေပြိုမှုဖြစ်ပွားခဲ့ပြီး မူလတန်းကျောင်းသား ၁၈ ဦးနှင့် ရွာသားတစ်ဦးတို့မှာ ပြိုကျခဲ့သောမြေများအောက်၌ ပိတ်မိခဲ့ရာ မူလတန်းကျော
င်းသား
၁၈ ဦးစလုံး သေဆုံးခဲ့ပြီး ရွာသားမှာပျောက်ဆုံးလျက်ရှိသည်။
...
ရက်ပေါင်းများစွာမိုးရွာသွန်းပြီးနောက် မြေပြိုမှုဖြစ်ပွားခဲ့ရာ ယူနန်ပြည်နယ်ရှိ ကျောင်းတစ်ကျောင်းနှင့် အိမ်နှစ်လုံးမြေမြုပ်ခဲ့သည်။ ကယ်ဆယ်ရေးလုပ်သားများက အလျင် အမြန်ရှာဖွေခဲ့သော်လည်း
သေဆုံးသူများကိုသာ တွေ့ခဲ့ရသည်။

ရွှေပြည်သာစက်မှုဇုန် (၁) အတွင်း မီးလောင်မှုဖြစ်ပွား

Photo: ရွှေပြည်သာစက်မှုဇုန် (၁) အတွင်း မီးလောင်မှုဖြစ်ပွား  

MONDAY, 08 OCTOBER 2012 01:31

ရန်ကုန်မြို့၊ ရွှေပြည်သာစက်မှုဇုန် (၁)၊ ကနောင်မင်းသားကြီး (၅) လမ်းအတွင်းရှိ အလုပ်ရုံတစ်ခုတွင် အောက်တိုဘာလ ၇ ရက်နေ့ညပိုင်းက မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းအလုပ်ရုံမှာ အထည်ချုပ်စက်ရုံများမှ ပိတ်စများကိုကြိတ်ကာ ယင်းကြိတ်စများကိုပြန်ဖွသည့်နေရာဖြစ်ကြောင်း ပတ်ဝန်းကျင်အနီးတွင် နေထိုင်သူများထံမှ သိရသည်။

'' အဲဒီမှာက အထည်ချုပ်က အစတွေကိုကြိတ်ပြီး ပြန်ဖွတဲ့နေရာလို့ပဲသိတယ်။ အဲဒါတွေကိုခေါင်းအုံးတွေ၊ အရုပ်တွေမှာ သွတ်တယ်လို့ ပြောတယ်။ အတိအကျတော့ မသိသေးဘူး။ ၀ါယာရှော့ဖြစ်တယ်လို့တော့ကြားတယ်'' ဟု ယင်းပတ်ဝန်းကျင်အနီးတွင် နေထိုင်သူတစ်ဦးက ပြောပါသည်။

မီးလောင်ကျွမ်းမှုသည် ည ၉ နာရီ ၁၅ မိနစ်ခန့်တွင် စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးသတ်ယာဉ် ၃၂ စီး၊ အုပ်ချုပ်မှုယာဉ် ၇ စီး၊ ထောက်ကူပြုယာဉ် ၆ စီး၊ စက်မှုဇုန်အသင့် မိတ်ဖက်ယာဉ် ၁ စီးဖြင့် ငြှိမ်းသတ်ခဲ့ရကာ ည ၁၀ နာရီ ၂၅ မိနစ်ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

မီးလောင်ကျွမ်းမှုကြောင့် အဆိုပါအလုပ်ရုံတစ်ခုလုံး လောင်ကျွမ်းခဲ့ပြီး အခြားဘေးပတ်ဝန်းကျင်အဆောက်အဦများကို ကူးစက်မှုမရှိခဲ့ကြောင်း သိရသည်။

မီးသတ်တပ်ဖွဲ့ဝင်များ မီးငြှိမ်းသတ်နေစဉ် (ဓာတ်ပုံ-အောင်မြတ်ကို)

News from : Eleven Media Group
Post By : Aye Chan Mon
မီးသတ်တပ်ဖွဲ့ဝင်များ မီးငြှိမ်းသတ်နေစဉ် (ဓာတ်ပုံ-အောင်မြတ်ကို)
ရန်ကုန်မြို့၊ ရွှေပြည်သာစက်မှုဇုန် (၁)၊ ကနောင်မင်းသားကြီး (၅) လမ်းအတွင်းရှိ အလုပ်ရုံတစ်ခုတွင် အောက်တိုဘာလ ၇ ရက်နေ့ညပိုင်းက မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့ြေ
ကာင်း သိရသည်။

ယင်းအလုပ်ရုံမှာ အထည်ချုပ်စက်ရုံများမှ ပိတ်စများကိုကြိတ်ကာ ယင်းကြိတ်စများကိုပြန်ဖွသည့်နေရာဖြစ်ကြောင်း ပတ်ဝန်းကျင်အနီးတွင် နေထိုင်သူများထံမှ သိရသည်။

'' အဲဒီမှာက အထည်ချုပ်က အစတွေကိုကြိတ်ပြီး ပြန်ဖွတဲ့နေရာလို့ပဲသိတယ်။ အဲဒါတွေကိုခေါင်းအုံးတွေ၊ အရုပ်တွေမှာ သွတ်တယ်လို့ ပြောတယ်။ အတိအကျတော့ မသိသေးဘူး။ ၀ါယာရှော့ဖြစ်တယ်လို့တော့ကြားတယ်'' ဟု ယင်းပတ်ဝန်းကျင်အနီးတွင် နေထိုင်သူတစ်ဦးက ပြောပါသည်။

အစည်းအဝေးအကြောင်းပြတဲ့ ဆရာဝန်ကြောင့် ကိုယ်ဝန်ဆောင်မိခင် နှင့် ကလေး အသက်ဆုံးရှူံး

Photo: အစည်းအဝေးအကြောင်းပြတဲ့ ဆရာဝန်ကြောင့် ကိုယ်ဝန်ဆောင်မိခင် နှင့် ကလေး အသက်ဆုံးရှူံး

မြို့နယ်အုပ်ချုပ်ရေးအစည်းအဝေးကို အကြောင်းပြသည့် ဆရာဝန်တဦးကြောင့် အသက် ၁၈ နှစ်အရွယ် ကိုယ်ဝန်ဆောင်မိ ခင် နှင့် လွယ်ထားတဲ့ ကလေးငယ်တို့ စက်တင်ဘာ ၂၇ ရက်နေ့က အသက်ဆုံးရှူံးသွားသည်ဟု သိရသည်။

အဆိုပါ ကလေးအမေသည် မတူပီမြို့နယ် CawngThia ကျေးရွာမှ Pu Ten Tung ၏ ဇနီး Pi Khin Mar Htwe ဆိုသူ ဖြစ်ပြီး ရွာတွင် ကလေး မမွေးနိုင်သောကြောင့် မတူပီ ပြည်သူ့ဆေးရုံသို့ အတွင်းလူနာအဖြစ် လာရောက်သူဖြစ်ကြောင်း သိရသည်။
 
“ ဆရာဝန် ဦး Khin Maung Kyi က အစည်းအဝေးရှိတယ်ဆိုပြီး လူနာကို မခွဲပဲ ထွက်သွား တာလေ၊ လူနာကို မနက် ၁၀ နာရီမှာ ခွဲဖို့ ပြင်ထားတာ၊ အချိန်မှီ မခွဲလို့ ကလေးအမေက ဆုံးသွား တာ နေမှာပါ ” ဟု ဒေသခံတဦးက ပြောသည်။
 
ကလေး အမေ ဆုံးကာစတွင် ဗိုက်ထဲ ကလေးက လှုပ်နေသဖြင့် ဆရာဝန်က ကလေးကို ခွဲ ထုတ်သော်လည်း ကလေးပါ ဆုံးပါးသွားကြောင်း သိရသည်။
 
ထို့အပြင် ဆရာဝန်သည် နယ်တာဝန်ကျ ကျန်းမာရေး ၀န်ထမ်းများနှင့်အပေးအယူလုပ်ပြီး အဆိုပါ ၀န်ထမ်းများအား မိမိတို့ ကြိုက်နှစ်သက်သည့် နေရာတွင် တာဝန်ချလေ့ရှိကြောင်း ပြောကြသည်။
 
“ ကျတော်တို့ရွာကို သားဖွားဆရာမ မလာတာ နှစ်နဲ့ချီပြီ၊ ဆရာဝန်နဲ့ နားလည်မှု ယူထားလို့ ဆိုပြီး သူ့ရွာမှာပဲ အေးအေး ဆေးအေးနေနေတယ်” ဟု ဒေသခံကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင် တဦးက ပြောသည်။
 
မြို့နယ်ဆရာဝန်သည် အလုပ်ချိန်တွင် အလုပ်ချိန်မှန်းမသိပဲ ဂေါက်ရိုက်၊ အရက်သောက်လေ့ရှိ သူဖြစ်ကြောင်း သူ့ကြောင့် ကလေးအမေတဦး ယခုလို အဖြစ်မျိုးနဲ့ ကြုံတွေ့ခဲ့ဘူးကြောင်း ဒေသခံများအဆိုအရ သိရသည်။
 
 
ChinNewsgroup

News from : ရွေမြန်မာမီဒီယာ
Post By : Aye Chan Mon
မြို့နယ်အုပ်ချုပ်ရေးအစည်းအဝေးကို အကြောင်းပြသည့် ဆရာဝန်တဦးကြောင့် အသက် ၁၈ နှစ်အရွယ် ကိုယ်ဝန်ဆောင်မိ ခင် နှင့် လွယ်ထားတဲ့ ကလေးငယ်တို့ စက်တင်ဘာ ၂၇ ရက်နေ့က အသက်ဆု
ံးရှူံးသွားသည်ဟု သိရသည်။

အဆိုပါ ကလေးအမေသည် မတူပီမြို့နယ် CawngThia ကျေးရွာမှ Pu Ten Tung ၏ ဇနီး Pi Khin Mar Htwe ဆိုသူ ဖြစ်ပြီး ရွာတွင် ကလေး မမွေးနိုင်သောကြောင့် မတူပီ ပြည်သူ့ဆေးရုံသို့ အတွင်းလူနာအဖြစ် လာရောက်သူဖြစ်ကြောင်း သိရသည်။

“ ဆရာဝန် ဦး Khin Maung Kyi က အစည်းအဝေးရှိတယ်ဆိုပြီး လူနာကို မခွဲပဲ ထွက်သွား တာလေ၊ လူနာကို မနက် ၁၀ နာရီမှာ ခွဲဖို့ ပြင်ထားတာ၊ အချိန်မှီ မခွဲလို့ ကလေးအမေက ဆုံးသွား တာ နေမှာပါ ” ဟု ဒေသခံတဦးက ပြောသည်။
Related Posts Plugin for WordPress, Blogger...

ShareThis