
အလုပ်သမားများ၏
အခြေခံ လစာသည် ဒေသအတွင်းနိုင်ငံများ အနက်မြန်မာနိုင်ငံသည် အနိမ့်ဆုံး
လစာအဖြစ်ရှိခဲ့သည်။ ဤအကျိုး ဆက်အနေနဲ့ အလုပ်သမားများ အနေဖြင့်
တောင်းဆိုမှုများအဆက် မပြတ်ဖြစ်ပေါ်ခဲ့လေသည်။
တရုတ်ထိုင်ဝမ်တိုရီဖိနပ်စက် ရုံမှ အလုပ်သမား (၁၈၆၃)ဦးက နေ အခြေခံလစာနှင့်
အခြားအခွင့် အရေးပါဝင်ခဲ့သည်။ ဖေဖော်ဝါရီ လ (၃၀) ရက်နေ့တွင် ထပ်မံ၍
ဖြစ်ပွားပြီး နံနက် (၇)မှနာရီမှနေ နေလယ်အထိအလုပ်သမားနှင့် အလုပ်ရှင်ကြား
(၁)နာရီ ၇၅ကျပ် အစား ၁၂၀ကျပ်ဖြင့် ပြေလည်မှု ရရှိခဲ့ကြောင်း သိရသည်။
ဆန္ဒပြမူသည် ၂လကြာပြီး ခဲ့ပြီးနောက် လှိုင်သာယာစက်မှုဇုန် (၄) High-Art
ဆံပင်တုစက်ရုံ (A) (B) နှင့် ဇုန် (၃)ရှိ UNNO Mynamar Yes အထည်ချုပ်စက်ရုံ
အလုပ်သမားဆန္ဒပြမှုများ ထပ်မံ ဖြစ်ပွားခဲ့ပါသည်။ ဆန္ဒပြအလုပ် သမားများသည်
လှိုင်သာယာဆံပင် တုစက်ရုံမှတစ်ဆင့် မရမ်းကုန်မြို့ နယ်ရှိ
အလုပ်သမားရုံးသို့ရောက် ရှိကာ တောင်းဆိုမှုများပြုလုပ်ခဲ့ ကြလေသည်။
High-Artဆံပင် တုစက်ရုံသည် တရုတ်ကိုရီးယား ဖက်စပ်လုပ်ကိုင်သည့် စက်ရုံဖြစ်
ပြီး ၂၀၀၅ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ ကြောင်း ယနေ့အချိန်ထိ ပဋိပက္ခ
(၃)ကြိမ်တိုင်ဖြစ်ပွားခဲ့ပြီးဖြစ်သည်။