menu

Sunday, 21 October 2012

ကားတိုက်မှုမှာသေဆုံးတဲ့ မြန်မာကျောင်းသူအတွက် လျော်ကြေး

 
 ယနေ့မွန်းလွဲပိုင်းက ပြုလုပ်သည့် နန်းဖလောဟိလာ၏ဈာပန (ဓာတ်ပုံများ- ပြည်တော်မြင့်/ဧရာဝတီ)

ယာဉ်တိုက်မှုကြောင့်
မြန်မာကျောင်းသူတဦး ပွဲခြင်းပြီး သေဆုံးသွားရာ ထိုင်းယာဉ်မောင်းသူက သင့်တင့်သည့် တာဝန်ယူမှု မရှိသည့်အတွက် ထိုင်းနိုင်ငံဥပဒေအရ အမှုရင်ဆိုင်သွားမည်ဟု သေဆုံးသူ တက်ရောက်ခဲ့သည့် ကျောင်း၏ ဒါရိုက်တာ ဦးမန်းဗလစိန်က ပြောသည်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ယခုလ ၁၆ ရက်နေ့ နံနက်က ခွဲကဘောင် မြန်မာရွှေ့ပြောင်းအထက်တန်းကျောင်းမှ ၁၀ တန်းကျောင်းသူ နန်းဖလောဟိလာကို ထိုင်းယစ်မျိုးဝန်ထမ်းတဦး၏ ကားဖြင့် တိုက်မိခဲ့ခြင်းဖြစ်သည်။

ဦးမန်းဗလစိန်က ”ဒီကလေးအတွက် နစ်နာကြေးအတွက် ထိုင်းဘတ် ၂ သောင်းပဲ ပေးနိုင်မယ်လို့ပြောတယ်။ တိုက်တာက ထိုင်းယစ်မျိုးဌာနက၀န်ထမ်းရဲ့ကားဖြစ်တယ်။ ထိုက်သင့်တဲ့ညှိနိုင်းမှုကို သူတို့ဘက်က လုံးဝ လက်မခံတဲ့အတွက် ကျွန်တော်တို့ဘက်က တရားဥပဒေအတိုင်း ဆောင်ရွက်ဖို့အတွက် ဆုံးဖြတ်လိုက်ရတာဖြစ်တယ်
ဟု ဧရာဝတီ သတင်းဌာနသို့ ပြောသည်။

နန်းဖလောဟိလာသည် ထိုင်းနိုင်ငံက ထုတ်ပေးထားသည့် ၁၀ နှစ် တကြိမ် သက်တမ်းတိုးနိုင်သော  ဧည့်နိုင်ငံသားလက်မှတ် ရရှိထားသူဖြစ်သောကြောင့် ယခု ဖြစ်ရပ်တွင် ဥပဒေကြောင်းအရ အထောက်အကူ ဖြစ်စေသည်ဟု ထိုင်းရှေ့နေတဦးကပြောသည်။

အမှုအတွက် လိုက်ပါဆောင်ရွက်ပေးမည့် ထိုင်းရှေ့နေအဖွဲ့မှ ရှေ့နေတဦးက ”တရားဥပဒေအတိုင်းသာ ဒီအမှုကို ရင်ဆိုင်မယ်ဆိုရင် တရားဥပဒေပါအတိုင်းသူမရှိတော့ပေမဲ့ မိဘနဲ့ ညီအကိုမောင်နှမတွေ ခံစားခွင့်ရှိ တယ်” ဟုဆိုသည်။
ယနေ့မွန်းလွဲပိုင်းက မဲဆောက်မြူနီစပယ် သုဿန်တွင် ပြုလုပ်သည့် နန်းဖလောဟိလာ၏ ဈာပနသို့ မြန်မာ ရွှေ့ပြောင်းကျောင်းများမှ ကျောင်းသားကျောင်းသူများ ဆရာဆရာမများ အပါအ၀င် ပရိသတ် ၃၀၀ ကျော် တက်ရောက်ခဲ့ကြသည်။

 သေဆုံးသူသည်  မြန်မာနိုင်ငံ မြ၀တီခရိုင်တွင် လာမည့် ၂၀၁၃ ခုနှစ်မတ်လတွင်ပြုလုပ်မည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဖြေဆိုရန်အတွက် ရွေးချယ်ခံထားရသည့် မဲဆောက်ရှိမြန်မာရွှေ့ပြောင်းကျောင်းများမှ ကျောင်းသူ ကျောင်းသား ၇၂ ဦးတွင် တဦး အပါအ၀င်ဖြစ်သည်။

မဲဆောက်အခြေစိုက် မြန်မာရွှေ့ပြောင်း အလုပ်သမားများပညာရေး ကော်မတီ (BMWEC) လက်အောက်ခံ ကျောင်းများမှ ထူးချွန်ကျောင်းသားများကို ယခုလကုန်တွင် ဆာသူးလေအထက်တန်းကျောင်း၌ စခန်းသွင်း လေ့ကျင့်မှုများပြုလုပ်မည်ဖြစ်သည်။

  ၎င်းအစီအစဉ်အတွက် BMWEC ဥက္ကဋ္ဌ နော်ဖောရေ ဦးဆောင်သည့်အဖွဲ့သည် ယခုလဆန်းပိုင်းတွင် ကရင်ပြည်နယ် ၀န်ကြီးချုပ်ဦးဇော်မင်း အပါအ၀င် ပြည်နယ်ပညာရေးဌာန တာဝန်ရှိသူများနှင့် ဘားအံမြို့တွင် သွားရောက် ဆွေးနွေးခဲ့ပြီး သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်။

  Irrawaddy Blog


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis