၂၀၁၂၊ မေလ ၄ ရက်နေ့တွင် ကျင်းပမည့် သမ္မတ ရွေးကောက်တင်မြှောက်ပွဲတွင် ၂၀၀၀-၂၀၀၈ ကာလများ အတွက် သမ္မတ လုပ်ခဲ့သူ ပူတင်သာလျှင် သမ္မတအသစ် ပြန်ဖြစ်မည်ဟု ကျိန်းသေပေါက် ဟောကိန်းထုတ် နေကြသည်။
"တစ်ဆယ်၊ ဆယ့်တစ် ရာခိုင်နှုန်းသော ပြည်သူတွေဟာ အကြောင်းအမျိုးမျိုးကြောင့် ဆင်းရဲမွဲတေမှုလိုင်းအောက်ကို ရောက်နေကြတယ်။ ဒီဆယ်စုနှစ် အကုန်မှာ ဒီပြဿနာကို ဖြေရှင်းကြရမယ်။ ဖွံ့ဖြိုးပြီးတိုင်းပြည် တစ်ပြည်အတွက် လက်မခံနိုင်စရာ ဆင်းရဲမွဲတေမှု ပြဿနာကို ကျော်လွှားကြရမယ်။" ရွေးကောက်ပွဲ ၀ဘ်ဆိုက်တွင် ပူတင်က ရေးသားတင်ပြခဲ့သည်။