ထောင်တွင်းဆူပူမှုဖြစ်ပွားပြီးနောက်
ကီရိုဘိုကန်အကျဉ်းထောင်ပြင်ပတွင် အင်ဒိုနီးရှားစစ်သားများ
အစောင့်ချထားမှုကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်နေ့က တွေ့ရစဉ်
Kerobokan ထောင်သို့ ခွေးများနှင့် လက်နက်ကိရိယာ အပြည့်အစုံတပ်ဆင်ထားသော ရဲကားများရောက်ရှိလာပြီး နိုင်ငံခြားသားအကျဉ်းသား ၆၀ ဦး နှင့်အမျိုးသမီးအကျဉ်းသား ၁၂၅ ဦးတို့အား ရွှေ့ပြောင်းခဲ့သည်။ |
Sunday, 26 February 2012
ဘာလီကျွန်းထောင်တွင် ထောင်ဆူမှုဖြစ်ပွား၍ နိုင်ငံခြားအကျဉ်းသားများအား လုံခြုံသည့်နေရာသို့ ပို့ဆောင်
လက်တွေ့လုပ်ပြတာပဲ မြင်တွေ့ချင်ကြတယ်(လူထုစိန်ဝင်း)
လူမပြောင်း စနစ်ပြောင်း ပြီးခဲ့တဲ့နှစ်ကစပြီး အစိုးရပုံသဏ္ဌာန်အပြောင်းအလဲ လုပ်လိုက်တယ်။ အရင်ကလည်း ဒီလူတွေ၊ အခုလည်း ဒီလူတွေဖြစ်နေပေမယ့် 'လူမပြောင်း စနစ်ပြောင်း' ဆိုသလို၊ တစ်သွေးတစ်သံတစ်မိန့် အာဏာရှင်ပုံစံကနေပြီး ရွေးကောက်ပွဲတို့၊ လွှတ်တော်တို့ ပုံစံကို ပြောင်းလဲကျင့်သုံးလိုက်တယ်။ |
သန်လျင်တံတား အနီးရှိ လူပေါင်း ၂၅၀၀၀ ခန့် နေထိုင်နိုင်မည့် ကြယ်စင်မြို့တော် အိမ်ရာစီမံကိန်းတွင် စင်ကာပူနိုင်ငံမှ YOMA ကုမ္ပဏီ က စင်ကာပူဒေါ်လာ ၉၁ သန်း မြုပ်နှံမည်
ကြယ်စင်မြို့တော်အိမ်ရာ စီမံကိန်းမှာ သံလျင်တံတားအနီး ရန်ကုန်မြစ်ကမ်းပေါ်ရှိ မြေအကျယ်အ၀န်း ဧက ၄၂၀ ပေါ်တွင် အကောင်အထည်ဖော် တည်ဆောက်နေခြင်း ဖြစ်ပြီး ယင်းစီမံကိန်းတွင် စင်ကာပူ နိုင်ငံရှိ့  YOMA Strategic Holding Ltd. က ရင်းနှီးမြှပ်နှံမှု ၇၀ ရာခိုင်နှုန်းပြုလုပ်မည်ဖြစ်ပြီး FMI ကုမ္ပဏီ က ၃၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်မည်ဖြစ်ကြောင်း သိရှိရသည်။ စီမံကိန်းအား ၂၀၁၁ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး အခန်းပေါင်း ၈၀၀၀ မှ ၉၀၀၀ အကြား ပါဝင်မည်ဖြစ်ကာ လူပေါင်း ၂၅၀၀၀ ခန့် နေထိုင်နိုင်မည်ဖြစ်ကြောင်း၊ စီမံကိန်းအား လာ မည့် ၂၀၂၀ ခုနှစ်တွင် အပြီးသတ် ဆောက်လုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။ |
ခြံနှင့် အိမ်ကို အမွေခွဲပေးစေလိုမှု ဦးအောင်ဆန်းဦးက ဒေါ်အောင်ဆန်းစုကြည် အပေါ်စွဲဆိုမှု စစ်ဆေး
ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ် သာလမ်းရှိ နေအိမ်နှင့် ခြံဝင်းကို မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ အမွေပုံပစ္စည်းအဖြစ် စီမံခန့်ခွဲပေး ရန် တရားမကြောင်းအရ ဦးအောင် ဆန်းဦးကဒေါ်အောင်ဆန်းစုကြည် အပေါ် လျှောက်ထားတရားစွဲဆို ခဲ့မှုကို ရန်ကုန်အနောက်ပိုင်း ခရိုင်တရားရုံးတွင် ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ဆက်လက်စစ်ဆေး ကြားနာခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် တရား ပြိုင်ဒေါ်အောင်ဆန်းစုကြည်ဘက်မှ တင်ပြသောတက္ကသိုလ်လမ်းနေ ဦးအေးဝင်း(ဦးဘ၀င်း၏သား) ကို ဒေါ်အောင်ဆန်းစုကြည်၏ ဥပဒေ အကျိုးဆောင်က မေးမြန်းစစ်ဆေး ခဲ့သည်။ ယင်းသို့ မေးမြန်းရာတွင် မိခင်ကြီးဒေါ်ခင်ကြည်ကွယ်လွန်ပြီး နောက် ဦးအောင်ဆန်းဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦး သဘောတူချုပ်ဆိုခဲ့သော စာချုပ်ကို အဓိကထား၍ မေးမြန်းသည်။
ဧည့်စာရင်း တိုင်ကြားရာတွင် ငွေကြေးကောက်ခံခြင်းမပြုတော့
ဧည့်စာရင်း
တိုင်ကြားရာတွင် ငွေကြေးကောက်ခံခြင်း မပြုရသော ဥပဒေကို နိုင်ငံတော်သမ္မတ သည်
ဖေဖော်ဝါရီ ၂၄ရက်က လက်မှတ် ရေးထိုးအတည်ပြု ပြဌာန်းလိုက်ပြီဖြစ် ကြောင်း သိရသည်။
အဆိုပါဥပဒေကို ဖေဖော်ဝါရီ ၂၄ရက်က
ထုတ်ပြန်လိုက်ပြီး ဥပဒေတွင် ပါသည့်အခန်း ၁၅ အထွေထွေ ပုဒ်မ ၃၃ တွင် ရပ်ကွက်
ကျေးရွာများ၌ ဧည့်စာ ရင်းတိုင်ကြားရာတွင် ငွေကြေးတစ်စုံတစ် ရာကောက်ခံခြင်း
မပြုရကြောင်း ယင်းဥ ပဒေပြဌာန်းချက်အရ သိရသည်။ ယခင်က ဧည့်စာရင်းတိုင်ကြား ရာတွင်
အုပ်ချုပ်ရေးမှူးရုံးအဖွဲ့ ရန်ပုံငွေ အဖြစ်သော်လည်းကောင်း၊ စာရွက်စာ တမ်း
ကြေးအဖြစ်သော် လည်းကောင်း ငွေ ကြေးကောက်ခံ မှုများ ရှိခဲ့ကြောင်းသိရသည်။
ဒေါ်အောင်ဆန်းစုကြည်ကို ကန့်ကွက်ဖို့ အယူခံ ထပ်တင်
လွှတ်တော် ကိုယ်စားလှယ်လောင်း အရည်အချင်းတွေနဲ့ မကိုက်ညီဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ကော့မှူးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်အောင်ဆန်းစုကြည်ကို ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးပါတီ ကိုယ်စားလှယ်လောင်း ဦးတင်ရီက ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင်ရုံးကို ကန့်ကွက် အယူခံလွှာ တင်ထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး NLD ပါတီက ဖြေရှင်းချက်ပေးမယ့်စာကို တနင်္လာနေ့မှာ တင်သွင်းမှာ ဖြစ်ပါတယ်။
AFP
၂ဝ၁၂ ခုနှစ် ဖေဖော်ဝါရီလ
၁၁ ရက်နေ့က ကော့မှူးမြို့နယ် ဝါသိင်္ခကျေးရွာသို့ ပါတီစည်းရုံးရေး ခရီးစဉ်
သွားရောက်သည့် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လူထုက
ကြိုဆိုနှုတ်ဆက်စဉ်။
မြန်မာအစိုးရနဲ့ မွန်ပြည်သစ် အပစ်ရပ် သဘောတူ
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ခု ဖြစ်တဲ့ မွန်ပြည်သစ်ပါတီနဲ့
မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တို့ဟာ
အပစ်အခတ်ရပ်စဲရေး အပါအ၀င် အချက် ၄ ချက်ပါတဲ့ ပြည်ထောင်စုအဆင့်
ငြိမ်းချမ်းရေး ပဏာမ သဘောတူညီချက်ကို ဒီကနေ့ သဘောတူ
လက်မှတ်ရေးထိုးခဲ့ပါတယ်။ နိုင်ငံရေးဆိုင်ရာ သဘောတူညီချက်ကို ဆက်လက်
အကောင်အထည် ဖော်ရမယ့်နေရာမှာ အောင်မြင်မှု အပြည့်အ၀ ရှိမယ်လို့
ယုံကြည်ထားတဲ့အကြောင်းလည်း မွန်ပြည်သစ်ပါတီက ပြောပါတယ်။
ဘင်လာဒင်ရဲ့ အိမ်ခြံဝန်းကို ဖြိုချ ဖျက်ဆီး
ပါကစ္စတန်နိုင်ငံ Abbottabad မြို့က အယ်လ်ခိုင်းဒါး ခေါင်းဆောင် ဘင်လာဒင် နောက်ဆုံးနေခဲ့တဲ့ အိမ်ကို ပါကစ္စတန် လုံခြုံရေးတပ်ဖွဲ့တွေက စတင် ဖြိုချနေပြီလို့ ပါကစ္စတန်ကလာတဲ့ သတင်းတွေက ဆိုပါတယ်။ အဲဒီအိမ်ဟာ အမေရိကန် အထူးတပ်ဖွဲ့တွေ ပြီးခဲ့တဲ့နှစ် မေလတုန်းက ၀င်ရောက် မသုတ်သင်ခင် ဘင်လာဒင် နောက်ဆုံးနေခဲ့တဲ့အိမ် ဖြစ်ပါတယ်။
လုံခြုံရေးတွေ အတင်းအကျပ်ချထားတဲ့ အဲဒီအိမ်ကို ပါကစ္စတန်အစိုးရက စနေနေ့မှာ ယန္တယား အကြီးကြီးတွေ ပို့ပြီး ဖြိုချနေတာလို့ မြို့ခံတွေက ပြောပါတယ်။ ဒီအိမ်ကို ဘာကြောင့် ဖြိုချပစ်တယ်ဆိုတဲ့ အကြောင်းပြချက်တော့ အစိုးရဘက်က မပေးပါဘူး။
ကြားဖြတ်ရွေးကောက်ပွဲ နိုင်ငံတကာ စောင့်ကြည့်ခွင့်ရဖို့ ကုလမျှော်လင့်
မြန်မာနိုင်ငံမှာ မကြာခင်ကျင်းပမယ့် ရွေးကောက်ပွဲတွေ လွတ်လပ်မျှတမှု
ရှိစေရေး ပြင်ပက အကဲခတ်တွေ စောင့်ကြည့်ခွင့်ရမယ်လို့ မျှော်လင့်တဲ့အကြောင်း
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က ပြောလိုက်ပါတယ်။
မြန်မာအစိုးရက ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပါမယ်လို့ ကတိက၀တ် ပြုထားရာမှာ
အဓိကစမ်းသပ်ချက် တစ်ခုအဖြစ် မြင်နေကြတဲ့ ကြားဖြတ် ရွေးကောက်ပွဲတွေကို
လေ့လာသူတွေ ၀င်ခွင့်ပြုဖို့ ကမ်းလှမ်းချက်တွေ ထွက်ပေါ်နေချိန်မှာပဲ ကုလသမဂ္ဂ
အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဘီးယား (Vijay Nambiar)
က ပြောလိုက်တာပါ။
မြအေး(သို့မဟုတ်) နိုင်ငံရေးကို သီချင်းရေး၍ ဘောလုံးကန်သည်
လွိုင်ကော်အပြင်ဆေးရုံကြီးသို့ တက်ရောက်ကုသရသည်။ ကျွန်တော်တို့အားလုံးလည်း သူ့အတွက် စိုးရိမ်နေကြပါသည်။ ခုတော့ စ၀်စံထွန်းဆေးရုံကြီးနှင့် နီးနီးနားနားနေနိုင်အောင် သက်ဆိုင်ရာက စီစဉ်ပေးလိုက်ခြင်း ဖြစ်မည်ထင်သည်။ ကျွန်တော်တို့နှင့်သူ၏ ရေစက်က တော်တော်ပတ်သက်ယှက်နွယ်နေပုံရသည်။ တောင်ကြီးရောက်တော့ သူက တိုက် ၂ မှာ။ ကျွန်တော်တို့တိုက်ကို အလည်မလာပေမယ့် သူ့တိုက်ကို ကျွန်တော် မကြာခဏ သွားလေ့ရှိပါသည်။ ဘာကြောင့်လဲဆိုတော့ သူတို့တိုက်က ဘောလုံးကစားတဲ့ကွင်း ရှိနေတာကိုး။ ဘောလုံးကွင်းက သိပ်အကျယ်ကြီးတော့မဟုတ်။ ဒါပေမယ့် တစ်ဖက်ငါးယောက် ဖူဆယ် ကောင်းကောင်း ကစားလို့ရသည်။ |
မူဆယ်မြို့တွင် အထူးစီးပွားရေးဇုန်တည်ဆောက်ရန် စီစဉ်နေ
''မူဆယ်မှာ အထူးစီးပွားရေးဇုန် တည်ဆောက်မယ့်ကိစ္စနဲ့ပတ်သက်ပြီး ဒုတိယသမ္မတရဲ့ လားရှိုးခရီးစဉ်အတွင်းမှာ ထည့်သွင်းဆွေးနွေးခဲ့ကြတယ်။ အထူးသဖြင့်က ဒီဆင်းရဲမွဲတေမှုကိုလျော့ချဖို့အတွက် စပြီးလုပ်တဲ့သဘောပါ။ စီးပွားရေးဇုန်နဲ့အတူ အများပိုင်ကုမ္ပဏီတွေလည်း ဖွဲ့စည်းခွင့်ပေးမယ်လို့ ပြောတယ်။ အများပိုင်ကုမ္ပဏီတွေရှိခြင်းအားဖြင့် အစုရှယ်ယာ ရောင်းလို့ရတယ်။ဘာပဲဖြစ်ဖြစ် ဘဏ်တိုးနှုန်းတွေထက် မြင့်အောင်တော့ပေးမယ်ဆိုရင် ရှယ်ယာတွေရောင်းလို့ရပါတယ်။ ၂၀၁၅ AFTA အမီ လုပ်သွားဖို့ စီစဉ်နေတာပါ။ ၂၀၁၅ ခုနှစ်မှာ Asean Economic Community နဲ့ Asean Free trade Area အကောင်အထည်ပေါ်လာရင် ကျွန်တော်တို့ အခုလို တရုတ်ကို ကုန်ကြမ်းရောင်းနေရုံနဲ့တော့ မရတော့ပါဘူး။ ဒီအတွက် ပြင်ဆင်တာပါ'' ဟု မူဆယ်နမ့်ခမ်းအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။ |
အမျိုးသား ညီညွတ်ရေးကို ပြဆိုခဲ့သည့် မြစ်ဆုံအရေးနှင့် ပတ်သက်သော ကျေးဇူးပဲ့တင်သံ အခမ်းအနားကို ဧရာဝတီမြစ်ဆုံ အနီးရှိ တန်ဖဲရွာ၌ ပြုလုပ်ခဲ့
အဆိုပါ ကျေးဇူးပဲ့တင်သံ အခမ်းအနားသို့ ကချင်ဒေသခံများ၊ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ကိုမင်းကိုနိုင် အပါအ၀င် အဖွဲ့ဝင်(၁၆)ဦး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့် ရှောက်သူများ၊ ကဗျာဆရာ၊ ဓာတ်ပုံ ဆရာ၊ ဒီဇိုင်းဆရာများနှင့် သတင်းသမားများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနား အစီအစဉ်များတွင် သိက္ခာတော်ရ ဆရာတော် ဘရန်ဒူးက နှုတ်ခွန်းဆက် အမှာစကားပြောကြားပြီး ဘုန်းတော်ကြီး ဆွမ်ရွိုမ်အောင်က ဆုတောင်းဆပ်ကပ်ခြင်းများ ပြုလုပ်ခဲ့ ကာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ဧရာဝတီမြစ်ဆုံနှင့်ပတ်သက်ပြီး ၎င်းတို့၏ သဘောထား အမြင်များကို ပြောဆိုသွားခဲ့သည်။ |
အင်းလေးကန်အတွင်း ရေအရည်အသွေး တဖြည်းဖြည်းကျဆင်းလာမှုကြောင့် သောက်သုံးရေအဖြစ်အသုံးပြုရန် မသင့်လျော်သည့် အခြေအနေတွင် ရှိနေ
အင်းလေးကန်တစ်နေရာကို ၂၀၁၁ ခုနှစ်အတွင်းက တွေ့ရစဉ်
''အင်းလေးကန်ဟာ အားလုံးသိကြတဲ့အတိုင်းပါပဲ။ ကန်ရေပြင် တဖြည်းဖြည်း ကျဉ်းမြောင်းလာသလို ရေအရည်အသွေးကလည်း တဖြည်းဖြည်း ကျဆင်းလာနေပါတယ်။ အရင်နှစ်တွေတုန်းက အခြေအနေက သောက်ဖို့မသင့်တော်ပေမယ့် သုံးလို့ရနိုင်တဲ့ အနေအထားရှိသေးတယ်။ ခုနောက်ပိုင်းမှာ ကျန်းမာရေးရှုထောင့်အရ သုံးဖို့တောင် မသင့်တော်တော့တဲ့ အနေအထားမှာ ရှိနေပါတယ်။ ဒီရေမှမသုံးရင် သုံးစရာရေမရှိလို့ မဖြစ်မနေသုံးနေရတယ်ဆိုရင်လည်း ဒီရေကိုသုံးနေရတဲ့အတွက် အကျိုးသက်ရောက်မှုက တိုက်ရိုက်မဟုတ် ရင်တောင် သွယ်ဝိုက်ပြီးလာနိုင်ပါတယ်။ ဒါတွေကို ဒေသခံတွေ သတိပြုသင့်ပါတယ်''ဟုလည်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်တစ်ဦးက ဆိုပါသည်။ |
အရက်၊ ဘီယာ၊ စီးကရက် အပါအ၀င် ကန့်သတ်ထားသော ကုန်ပစ္စည်းများကို ဈေးကွက်လိုအပ်ချက်ပေါ်မူတည်၍ တင်သွင်းခွင့်ပြုရန်ပြင်ဆင်
စီးပွားရေးနှင့်ကူးသန်းရောင်း ၀ယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၏ အမိန့်ထုတ်ပြန်ထားချက်အရ အရက်၊ ဘီယာ၊ စီးကရက်၊ ကပ်စေးနှဲဖြင့်ပြုလုပ်သော မုန့်များ၊ ကိတ်၊ ချောကလက်၊ ဝေဖာနှင့် တည်ဆဲဥပဒေအရ ကန့်သတ်ထားသော ကုန်ပစ္စည်းများကို လက် ရှိတွင် ကန့်သတ်ထားသည်ဟုဆိုသော်လည်း နောက်ပိုင်းတွင် ဈေးကွက်လိုအပ်ချက်အရ တင်သွင်းခွင့်ပြုရန် ပြင်ဆင်ထားကြောင်း သိရသည်။ |
တိုင်ရီဖိနပ်စက်ရုံရှိ အလုပ်သမား ၁၃၁၁ ဦးက ၀ါဏိဇ္ဇပဋိပက္ခ ကော်မတီခုံရုံးသို့ အလုပ်သမားအခွင့်အရေးများအား တင်ပြတောင်းဆို
'' ခုံရုံးတင်ပြဖို့အတွက် အလုပ်သမား ၁၃၁၁ဦးကိုယ်စားပြု အလုပ်သမားကိုယ်စားလှယ် ၄၅ ဦးကို ဒီနေ့မနက်ပဲ ရွေးချယ်ခဲ့ပါတယ်။ အခု မွန်းလွဲ ၃ နာရီမှာတော့ မြို့နယ် ၀ါဏိဇ္ဇပဋိပက္ခကော်မတီကိုသွားပါ မယ်။ ဒီကနေ ညွှန်ကြားချက်ရတာနဲ့ ညနေဘက်မှာတော့ ရှေ့နေကိုဖိုးဖြူနဲ့ အလုပ်သမားကိုယ်စားလှယ်တချို့ နေပြည်တော်မှာရှိတဲ့ ၀ါဏိဇ္ဇပဋိပက္ခကို သွားပါမယ်'' ဟု အလုပ်သမားကိုယ်စားလှယ်တစ်ဦးဖြစ်သူ ကိုကျော်မျိုးလှိုင်က ဖေဖော်ဝါရီလ ၂၂ ရက်နေ့ တိုင်ရီဖိနပ်စက်ရုံရှေ့တွင် တွေ့ဆုံစဉ်က ပြောကြားခဲ့ပါသည်။ |
Subscribe to:
Posts (Atom)