မြို့ပျက်တစ်ခု ကျွန်တော်ရောက်နေတဲ့နေရာက ပူပြင်းခြောက်ကပ် ငြိမ်ဆိတ်နေပါတယ်။ မြို့ပျက်တစ်ခုကို ရောက်နေသလို ခံစားရပါတယ်။ ဆောက်လက်စ အဆောက်အဦတွေဟာ လက်စမသတ်ဘဲ တစ်ပိုင်းတန်းလန်နဲ့ နေသူမရှိ။ ဆောက်လုပ်ရေး အလုပ်သမားတွေလည်း မရှိ။ ငြိမ်ချက်သား ကောင်းနေပါတယ်။ ဘယ်ဘက်ကြည့်ကြည့်၊ ညာဘက်ကြည့်ကြည့် တိုင်တွေ ထိုးထိုးထောင်ထောင်နဲ့ အမိုး မရှိ၊ အကာ မရှိ၊ အုတ်ပုံတွေ ဟိုနားတစ်ပုံ၊ သည်နားတစ်ပုံ၊ သံချောင်းတွေ ဟိုနားတစ်ချောင်း၊ သည်နားတစ်ချောင်း၊ အမှိုက်တွေ၊ ရေသန့်ဘူးခွံတွေ၊ တူးဆွထားတဲ့မြေကြီးတွေ၊ သည်လိုလုပ်ငန်း လက်စမသတ်ဘဲ အဆောက်အဦးပျက်လိုဖြစ်နေတာကို ဘာဖြစ်လို့များ ဆက်ပြီးအောင် မဆောက်ကြတာပါလိမ့်။ |
Sunday, 6 May 2012
ဖြေလျော့ပေးပါ(မောင်တင်ဦး(မြောင်းမြ))
ဥပဒေဆိုတာ ပြည်သူတွေကို ကာကွယ်ဖို့ပါ။
ပြည်သူတွေကို ၀န်ထုပ်ဝန်ပိုး ဖြစ်စေဖို့ မဟုတ်ပါဘူး။ ပြည်သူနဲ့
ထိတွေ့တဲ့နေရာမှာ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ၊ ပြဿနာတွေကို ဘယ်လိုလုပ်ပေးရင်
ပြေလည်မလဲ။ ကောင်းမလဲဆိုတာကို ထည့်သွင်းစဉ်းစားပေးရပါမယ် . . .
ကချင်စစ်ပြေးဒုက္ခသည်တွေ အကူအညီ အထူးလိုအပ်နေ
မိုးရာသီနီးလာတာနဲ့အမျှ ကချင်စစ်ပြေး ဒုက္ခသည်တွေအတွက် အကူအညီ ပိုလိုနေတယ်လို့ အဖြူရောင်တွဲလက်များ အဖွဲ့နဲ့ လိုက်ပါသွားပြီး ကချင်ပြည်နယ်နဲ့ တရုတ်နယ်စပ်က ဒုက္ခသည်စခန်းတွေကို ရောက်ခဲ့တဲ့ မဇင်မာအောင်က ပြောပါတယ်။
Photo courtesy of KIO
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့်
တိုက်ပွဲများကြောင့် ၂ဝ၁၁ ခုနှစ် ဇွန်လအတွင်း တရုတ်-မြန်မာနယ်စပ်
လိုင်ဇာမြို့ကို ဝင်ရောက် ခိုလှုံလာသော မြန်မာနိုင်ငံသား တချို့ကို
တွေ့ရပုံ။
ကျန်းမာရေး စောင့်ရှောက်မှုတွေ အထူးလိုအပ်နေတာလို့ သူကပြောပါတယ်။
" မိုးရာသီရောက်တော့မယ်။ နေစရာထိုင်စရာတွေက ပိုပြီးတော့ အခက်အခဲဖြစ်နေပြီ။ ကျန်းမာရေး အခြေအနေရော၊ လူနေထူထပ်တာရော၊ ခလေးတွေကျောင်းနေဖို့ ကိစ္စက အရေးတကြီး လိုအပ်ချက်ဖြစ်နေတယ်။ နောက်ပြီး တရုတ်ပြည် ဘက်အခြမ်းမှာ၊ တရုတ်ပြည်နယ်စပ်ပေါ့နော်။ အဲဒီက ဖာသာတွေရဲ့ ပြောပြချက်အရ ကုလသမဂ္ဂတို့ ဘယ်တို့က အကူအညီတွေရောက်နေပြီ၊ သတင်းတွေပါပြီးတဲ့ အခါကျတော့ လူတွေက ရနေပြီပဲ၊ မလိုတော့ဘူးပဲလို့ ထင်သွားပုံရပါတယ်တဲ့။
" မိုးရာသီရောက်တော့မယ်။ နေစရာထိုင်စရာတွေက ပိုပြီးတော့ အခက်အခဲဖြစ်နေပြီ။ ကျန်းမာရေး အခြေအနေရော၊ လူနေထူထပ်တာရော၊ ခလေးတွေကျောင်းနေဖို့ ကိစ္စက အရေးတကြီး လိုအပ်ချက်ဖြစ်နေတယ်။ နောက်ပြီး တရုတ်ပြည် ဘက်အခြမ်းမှာ၊ တရုတ်ပြည်နယ်စပ်ပေါ့နော်။ အဲဒီက ဖာသာတွေရဲ့ ပြောပြချက်အရ ကုလသမဂ္ဂတို့ ဘယ်တို့က အကူအညီတွေရောက်နေပြီ၊ သတင်းတွေပါပြီးတဲ့ အခါကျတော့ လူတွေက ရနေပြီပဲ၊ မလိုတော့ဘူးပဲလို့ ထင်သွားပုံရပါတယ်တဲ့။
ပထမဆုံးအကြိမ်အဖြစ် အမျိုးသားမော်ဒယ် ရွေးချယ်ပွဲကြီးကို မန္တလေးမြို့တွင် ကျင်းပသွားမည်
မန္တလေးမြို့တွင် ပထမဦးဆုံးအကြိမ်အဖြစ် အမျိုးသားမော်ဒယ်ပြိုင်ပွဲကြီးကို Myanmar Model Management က
ဦးစီးပြီး မေလ ၃၁ ရက်နေ့ မန္တလေး
ဟေးလ်ရီဆော့ ဟိုတယ်တွင် ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
"အခုပြိုင်ပွဲကို တခြားပွဲတွေနဲ့မတူဘဲ တစ်မူထူးခြားတဲ့ ပွဲလေးဖြစ်အောင် စီစဉ်တာပါ။ ပြိုင်ပွဲရဲ့ အဓိက ရည်ရွယ်ချက်ကတော့ အနုပညာလောကထဲမှာ မြန်မာပြည်အထက်ပိုင်းရဲ့ စံပြမော်ဒယ်များ မွေးထုတ်ပေးချင်တဲ့ စိတ်နဲ့ရည်ရွယ်ပြီး ကျင်းပရခြင်းဖြစ်ပါတယ်။ ဒါကြောင့် ပြိုင်ပွဲမှာ အရည်အချင်းရှိပြီး ခံ့ညားထည်ဝါမှုရှိတဲ့ အမျိုးသားများကို ၀င်ပြိုင်စေချင်ပါတယ်"ဟု Myanmar Model Management မှ ကိုတင်မင်းထွန်းက ပြောသည်။
"အခုပြိုင်ပွဲကို တခြားပွဲတွေနဲ့မတူဘဲ တစ်မူထူးခြားတဲ့ ပွဲလေးဖြစ်အောင် စီစဉ်တာပါ။ ပြိုင်ပွဲရဲ့ အဓိက ရည်ရွယ်ချက်ကတော့ အနုပညာလောကထဲမှာ မြန်မာပြည်အထက်ပိုင်းရဲ့ စံပြမော်ဒယ်များ မွေးထုတ်ပေးချင်တဲ့ စိတ်နဲ့ရည်ရွယ်ပြီး ကျင်းပရခြင်းဖြစ်ပါတယ်။ ဒါကြောင့် ပြိုင်ပွဲမှာ အရည်အချင်းရှိပြီး ခံ့ညားထည်ဝါမှုရှိတဲ့ အမျိုးသားများကို ၀င်ပြိုင်စေချင်ပါတယ်"ဟု Myanmar Model Management မှ ကိုတင်မင်းထွန်းက ပြောသည်။
ဆေးရွက်ကြီးပါသည့် ကွမ်းစားသုံးမှု အများဆုံးနိုင်ငံများတွင် မြန်မာနိုင်ငံသည် ထိပ်ဆုံး၌ ရပ်တည်နေကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ စစ်တမ်းအရ သိရ
ကွမ်းစားသုံးမှုနှုန်း မြင့်မားသည့် နိုင်ငံများဖြစ်သည့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ စသည့် နိုင်ငံများထက် မြန်မာနိုင်ငံ၏ ကွမ်းစားသုံးမှုနှုန်းမှာ ပိုမိုမြင့်မားနေကြောင်းနှင့် အမျိုးသားများ သာမက အမျိုးသမီးများတွင်လည်း စားသုံးမှုနှုန်း များလာကြောင်း သိရသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့တွင် ရရှိထားသည့် စာရင်းများအရမှ ကွမ်းစားသုံးမှု အများဆုံးဖြစ်သည့် နိုင်ငံ ခြောက်နိုင်ငံတွင် မြန်မာအမျိုးသားများ၏ ကွမ်းစားသုံးမှုနှုန်းမှာ ၅၁ ဒသမ ၄ ရာခိုင်နှုန်းဖြင့် ပထမနေရာ တွင်ရှိနေပြီး အိန္ဒိယအမျိုးသားများတွင် စားသုံးမှုနှုန်းမှာ ၃၂ ဒသမ ၉ ရာခိုင်နှုန်း၊ နီပေါအမျိုးသားများတွင် ၃၁ ဒသမ ၂ ရာခိုင်နှုန်း၊ ဘင်္ဂလားဒေ့ရှ် အမျိုးသားများတွင် ၂၆ ဒသမ ၄ရာခိုင်နှုန်း၊ ဆရီလင်္ကာ အမျိုးသားများတွင် ၂၄ဒသမ၉ ရာခိုင်နှုန်းနှင့် ထိုင်းအမျိုးသားများတွင် ၁ ဒသမ၃ ရာခိုင်နှုန်းတို့ အသီးသီးရှိကြောင်း သိရသည်။ |
ကမ္ဘာလှည့် ခရီးသွားများ လည်ပတ်နိုင်ရန် ကန့်သတ်နယ်မြေ ခရီးစဉ်များကိုလည်း ပြန်လည်ခွင့်ပြုပေးမည်ဟု သိရ
အင်းဝမြို့ဟောင်းရှိ ဗားကရာကျောင်းတိုက်သို့ လာရောက်လေ့လာကြသော ကမ္ဘာလှည့် ခရီးသည်များ
မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွားများ ပိုမိုဝင်ရောက်လာသည်နှင့် အမျှ သွားရောက် လည်ပတ်နိုင်သည့် ခရီးစဉ်ဒေသသစ်များ ပိုမိုလိုအပ်သဖြင့် ယခင်ပြည်ထဲရေးဝန်ကြီးဌာန၏ နယ်မြေကန့်သတ်ချက်တွင် ဖော်ပြထားခြင်းမရှိသော ချင်းပြည်နယ်၊ ကယားပြည်နယ်နှင့် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ နယ်မြေအချို့အား ခရီးစဉ်သစ်များအဖြစ် ကြိုတင်ခွင့်ပြုချက်ဖြင့် သွားလာပေးလျက် ရှိကြောင်းလည်း သိရှိရသည်။ |
တောင်မြင့်သုသာန်မီးသဂြိုဟ်စက်အပြီးတိုင်ပိတ်သိမ်းသုသာန်ရွှေ့ဆိုင်းစဉ် ထူးဆန်းမှုများ ကြုံတွေ့ရဟုဆို
မန္တလေးမြို့တော်စည်ပင်သာယာရေးကေ
ပြန်ချက်အရ သိရသည်။
မန္တလေးမြို့ ပြည်ကြီးတံခွန် မြို့နယ်ရှိ တောင်မြင့်သုသာန်အား ပိတ်သိမ်းရာတွင် ဘာသာရေးဓလေ့ထုံးတမ်းစဉ်လာများနှ
ကူးတို့ဆိပ် မီးလောင်မှုတွင် အသက်စွန့် အမှုထမ်းခဲ့သူ မီးသတ်တပ်ဖွဲ့ဝင် ၅ ဦးကို စွမ်းရည်သတ္တိ ဆိုင်ရာ ဆုများချီးမြှင့်
ယနေ့ ကျင်းပပြုလုပ်သည့် ၆၆ နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့ ဂုဏ်ပြုလက်မှတ်နှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား၌ ဇန်နဝါရီ အတွင်းက ဖြစ်ပွားခဲ့သော ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာတောင်ညွန့် မြို့နယ် ကူးတို့ဆိပ် ရပ်ကွက် မီးလောင်မှုတွင် အသက်ပေး ငြိမ်းသတ်ခဲ့သည့် မီးသတ် တပ်ဖွဲဝင် ၅ ဦးတို့ကို စွမ်းရည်သတ္တိ ဆိုင်ရာ ရဲသီဟ တစ်ဆုနှင့်၊ ရဲသူရဆု ၄ ဆု ချီးမြှင့်ရာ သေဆုံးသွားသော မီးသတ် တပ်ဖွဲ့ဝင်များ ကိုယ်စား မိသားစုဝင်များက တက်ရောက်၍ ဆုလက်ခံ ရယူခဲ့ကြသည်။
အိုဘားမား ဒုတိယသမ္မတ သက်တမ်းအတွက် မဲဆွယ်စည်းရုံးရေး စတင်
လာမယ့် နိုဝင်ဘာလ အမေရိကန်သမ္မတ ရွေးကောက်ပွဲအတွက် ဒီမိုကရက်တစ်
(Democratic) ပါတီက လက်ရှိသမ္မတ ဘရက် အိုဘားမား (Barack Obama) ဟာ သူ့ရဲ့
တရားဝင် မဲဆွယ်စည်းရုံးလှုပ်ရှားမှုကို မေလ ၅ ရက်နေ့ စနေနေ့က
အမေရိကန်ပြည်ထောင်စုရဲ့ အနောက်အလယ်ပိုင်းက အိုဟိုင်းယိုး (Ohio) ပြည်နယ်၊
ကိုလံဘတ်စ် (Columbus) မြို့က အိုဟိုင်းယိုးပြည်နယ် တက္ကသိုလ်မှာ
စတင်လိုက်ပါပြီ။
အမေရိကန်ပြည်ထောင်စုဟာ နက်နက်ရှိုင်းရှိုင်း စီးပွားရေးကျဆင်းနေမှုထဲကနေ
ပြန်လည်ရုန်းထဖို့ အခက်အခဲဆုံး အချိန်တချိန်ကို ကျော်ဖြတ်ခဲ့ရတယ်လို့ သမ္မတ
အိုဘားမားက ပြောဆိုလိုက်ပြီးတော့ အခုတော့ ဒီအခြေအနေဆိုးဆီ
နောက်ပြန်လှည့်သွားနိုင်တဲ့ အနေအထားကတော့ သိပ်ကို ဝေးသွားပါပြီလို့လည်း
သူ့ကို ထောက်ခံကြတဲ့ ပရိသတ်ကို မစ္စတာအိုဘားမားက အိုဟိုင်းယိုးပြည်နယ်
တက္ကသိုလ်မှာ ပြောဆိုခဲ့ပါတယ်။
သြစတြေးလျအကူအညီ ထိရောက်ကြောင်း NLD လွှတ်တော်ကိုယ်စားလှယ် ပြောဆို
မြန်မာပြည်ရဲ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ သြစတြေးလျနိုင်ငံက ကူညီဆောင်ရွက်မှုတွေဟာ အကျိုးထိရောက်မှုရှိကြောင်း သြစတြေးလျကို ပြီးခဲ့တဲ့ သီတင်းပတ်က ရောက်ရှိနေတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက မနေ့က ပြောဆိုပါတယ်။
AFP
NLD လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းဖြစ်ပါသည်။
လာမယ့် တနင်္လာနေ့ကျရင် သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးနဲ့
တွေ့ဆုံတဲ့အခါမှာ မြန်မာနိုင်ငံရဲ့ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ
အထောက်အပံ့တွေ၊ လူသားချင်း စာနာကူညီမှုတွေကို လိုအပ်နေတဲ့ ပြည်သူတွေဆီ
တိုက်ရိုက်ရောက်နိုင်တဲ့
နည်းလမ်းတွေ အသုံးပြုဖို့ အကြံပေးတိုက်တွန်းမှာ ဖြစ်တယ်လို့လည်း
ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
ဦးဝိစာရလမ်းအား ချဲ့ထွင်မည်ဖြစ်သောကြောင့် လမ်းချဲ့မည့်နေရာနှင့် မလွတ်ကင်းသည့် ရေတမာပင်များအား ခုတ်ထွင်
''ဦးဝိစာရလမ်းဟာ
ရေတမာပင်တွေနဲ့ ပြည့်နေတဲ့ လမ်း၊ ရေတမာပင်အလှနဲ့ လမ်းအလှဟာ ပြိုင်နေတာ
ဖြစ်ပါတယ်။ ပြီးတော့ ဒီလမ်းဟာ ကားတွေ တစ်နေကုန် ပိတ်နေတာ မဟုတ်ပါဘူး။ အခုက
လမ်းချဲ့ဖို့ဆိုပြီး မိနစ်ပိုင်းအတွင်း ရေတမာပင်တွေကို အလွယ်တကူ
ခုတ်လိုက်တာဟာ မဖြစ်သင့်ပါဘူး''
ဦးဝိစာရလမ်း
Blazon ဘက်အခြမ်း လမ်းချဲ့ထွင်မည့်နေရာ လုပ်ငန်းခွင်နှင့်
လမ်းချဲ့ထွင်မှုနှင့် မလွတ်ကင်းသော ရေတမာပင်များ ခုတ်ထွင်မှုအပြီး
မြင်ကွင်းအား မေလ ၅ ရက်နေ့က တွေ့ရစဉ်
ဦးဝိစာရလမ်းအား မူလလမ်းမှ လမ်းချဲ့ထွင်မည်ဖြစ်သောကြောင့် လမ်းချဲ့ထွင်မည့်နေရာနှင့် မလွတ်ကင်းသော ရေတမာပင်များအား ခုတ်ထွင်ရှင်းလင်းခဲ့ကြောင်း သိရသည်။ လမ်းချဲ့ထွင်သည့်နေရာမှာ ဦးဝိစာရလမ်းနှင့် ဓမ္မစေတီလမ်းဆုံ မီးပွိုင့်အနီးနေရာများဖြစ်ပြီး ဦးစိစာရလမ်းမှာ ယာဉ်သွားလာမှုများပြားကာ ယာဉ်ကြောပိတ်မှုကြောင့် လမ်းအားချဲ့ထွင်ခြင်းဖြစ်ကြောင်း သိရသည်။ လမ်းချဲ့ထွင်မှုကြောင့် လမ်းပေါ်ရှိ ရေတမာပင် အရေအတွက် အပင် ၂၀ ခန့် ခုတ်ထွင်ခဲ့ရကြောင်း၊ အဆိုပါ ရေတမာပင်များမှာ သက်တမ်းအား အတော်ကြာနေပြီဖြစ်သည့် အပင်များဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ |
တရုတ်နှင့် ရေပိုင်နက် အငြင်းပွားမှုများ မြင့်တက်ချိန်တွင် စစ်တပ်အတွက် ရေဒါ၊ ကင်းလှည့်သင်္ဘောနှင့် လေယာဉ်များ ထောက်ပံပေးရန် အမေရိကန်ကို ဖိလစ်ပိုင် တောင်းဆို
အမေရိကန်-ဖိလစ်ပိုင် ပူးတွဲစစ်ရေးလေ့ကျင့်နေစဉ် ငါးဖမ်းနေသည့် ဖိလစ်ပိုင် ငါးဖမ်းသမားတစ်ဦး
အကြီးစား စစ်လက်နက်ပစ္စည်းများသည် ဖိလစ်ပိုင်နိုင်ငံ၏ လုံခြုံရေးအတွက် ကူညီပေးနိုင်မည်ဖြစ်ကြောင်း အမေရိကန် အကြီးတန်းအရာရှိများနှင့် ၀ါရှင်တန်တွင် ပထမအကြိမ် ဆွေးနွေးမှု ပြုလုပ်ရာတွင် ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး Albert del Rosario က ပြောကြားခဲ့သည်။ |
၂၀၀၇ မော်ဒယ်အထက်ကားများကို ပါမစ်မလိုဘဲ တင်သွင်းခွင့်ပေးမည်ဟု သတင်းရရှိ၊ ရှစ်လအတွင်း မူဝါဒ ခြောက်ကြိမ်ပြောင်းလဲခြင်းဖြစ်
၂၀၀၇ မော်ဒယ်အထက်ကားများကို ပါမစ်မလိုဘဲ တင်သွင်းခွင့်ပေးမည်ဟု သတင်းရရှိ၊ ရှစ်လအတွင်း မူဝါဒ ခြောက်ကြိမ်ပြောင်းလဲခြင်းဖြစ်
ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွင် တိုးလာမည့်
သိန်းနှင့်ချီသောကားအစီးရေဖြင့်ကိုက်ညီသည့် အခြေခံအဆောက်အအုံများ အဆင်သင့်
ဖြစ်၊မဖြစ် မူဝါဒချမှတ်သူများ ပြန်လည်တွက်ချက်သုံးသပ်သင့်
ကားပါကင်အခက်အခဲဖြစ်နေသည့် ရန်ကုန်မြို့တွင်းရှိ ဗိုလ်ဆွန်ပက်လမ်းအား တွေ့ရစဉ်
၂၀၀၇ ခုနှစ်မော်ဒယ်အထက် ကားများကို ပါမစ်မလိုဘဲ ကားတင် သွင်းခွင့်ပြုသွားရန် မော်တော်ယာဉ် တင်သွင်းခြင်းဆိုင်ရာကြီးကြပ်မှုကော်မတီမှစီစဉ်ထားကြောင်း သတင်းရရှိပါသည်။ ဘဏ်စာရင်းဖွင့်လှစ်ခွင့်ပြုသည့် အသက်အရွယ်ရောက်ရှိသူ မည်သူ့ကိုမဆို နိုင်ငံခြားငွေဖြင့် ဘဏ်စာရင်းဖွင့်လှစ်ထားပါက အဆိုပါဘဏ်စာရင်းတွင် ရှိသည့်ပမာဏမှာ ကားတင်သွင်းမှုအတွက် ကိုက်ညီသည့်ပမာဏ ရှိပါက ကားတင်သွင်းခွင့်ပြုသွားမည့် အစီအစဉ်ဖြစ်ကြောင်း သိရသည်။ |
မရမ်းကုန်းမြို့နယ်မှ အနုပညာရှင်များ၏ ပြည်သူ့ကိုယ်စားအသံများ
ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော် ကိုယ်စားလှယ်ထံသို့ မိမိတို့မြို့နယ်ရှိ ပြည်သူများခံစားကြုံတွေ့နေရသော အခက်အခဲများနှင့် ပတ်သက်၍ မရမ်းကုန်းမြို့နယ်တွင်နေထိုင်သော နာမည်ကျော်အနုပညာရှင်များက ပြည်သူများကိုယ်စား ယခုလို ပြောဆိုခဲ့ကြသည်။
ကျမတို့နိုင်ငံလို ဖွံ့ဖြိုးစ တိုင်းပြည်မှာ လိုအပ်ချက်တွေ အများကြီးရှိပါတယ်။ ဒါတွေတစ်ခုခြင်း ဖြေရှင်းနေမယ့်အစား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ရည်ရွယ်ချက်သုံးချက်ရှိတယ်။ အဲဒီရည်ရွယ်ချက်သုံးချက်ကို အကောင် အထည်ဖော်နိုင်ရင် ကျန်တာတွေဖြေရှင်းပြီးသွား ဖြစ်သွားမှာပါ။ တစ်ခုနဲ့တစ်ခုဆက်စပ်နေတော့လေ။ အချိန်တော့ပေးရမှာပေါ့ ပြီးရင်တော့ကောင်းသွားမှာပါ အလုပ်တွေလည်း အများကြီးလုပ်ရမှာပေါ့။
အဓမ္မခိုင်းစေမှု လုံးဝပပျောက်ဖို့ မြန်မာအစိုးရနဲ့ ILO သဘောတူ
Photo courtesy of ILO
ILO အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ Mr. Greg Vines (ယာ) ဖြစ်ပါသည်။
Nation Multimedia Group မှ Chairman Mr. Suthichai Yoon နှင့်တွေ့ဆုံခြင်း
ကျွန်တော်မြင်တာတော့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ တစ်ဦးကအစိုးရခေါင်းဆောင်၊ တစ်ဦးက အတိုက်အခံ ခေါင်းဆောင်ဆိုပေမယ့် ကျွန်တော့်စိတ်ထဲမှာတော့ သမ္မတနှစ်ယောက် အလုပ်လုပ်နေသလိုပါပဲ . . . | |
အမေရိကန် သမ္မတ ဂျော့ဒဗလျူဘုရှ်၊ ဗြိတိန်ဝန်ကြီးချုပ် တိုနီဘလဲ၊ ဒလိုင်းလားမား၊ ဟီလာရီကလင်တန်၊ ဒေါ်အောင်ဆန်းစုကြည် အစရှိသည့် နာမည်ကျော်ပုဂ္ဂိုလ်များ နှင့် တိုက်ရိုက်တွေ့ဆုံ မေးမြန်းမှုများ ပြုလုပ်ခဲ့သလို၊ ဂျာနယ်လစ်အဖြစ် ၄၂ နှစ်ကြာ လုပ်ကိုင်ခဲ့သော အသက်(၆၅)နှစ်အရွယ်ရှိ Nation Multimedia Group ၏ Chairman Mr.Suthichai Yoon နှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ပြန်လည်ဖော်ပြ အပ်ပါသည်။ |
Subscribe to:
Posts (Atom)