ကယ်လီဖိုးနီးယားပြည်နယ်မှ Icon Shoes ဟု အမည်ရသည့် ဖိနပ်ကုမ္ပဏီတစ်ခုသည် ဗုဒ္ဓမြတ်စွာ၏ ပုံတော်များအား ကနုတ်ပန်း များဖြင့် အလှဆင် ဒီဇိုင်းရေးဆွဲထားသည့် ဖိနပ်များအား ထုတ်လုပ်ရောင်းချနေသည်ကို အံ့အားသင့်ဖွယ် ရှာဖွေတွေ့ရှိခဲ့ရသည်။
အဆိုပါ ဖိနပ်များအား အမေရိကန်နိုင်ငံ၌ ထုတ်လုပ်ထားပြီး ပုံစံ ၃ မျိုးအား ရောင်းဈေး ဒေါ်လာ ၂၉-၁၄၉ အထိရှိသည်ကို တွေ့ရှိခဲ့ ရသည်။
Icon Shoes အား ၁၉၉၉ ခုနှစ်တွင် အမည်ဖော်ပြထားခြင်း မရှိသည့် ဟော်လီဝုဒ် ဒါရိုက်တာ တစ်ဦးက စတင်တည်ထောင်ခဲ့ သည်ဟု ယင်းတို့၏ အင်တာနက် စာမျက်နှာပေါ်၌ ဖော်ပြထားသည်။